← Chapters

ညစ်ညမ်းသော

Vol. 7 Ch. 103

ညစ်ညမ်းသော

Vol. 7 Ch. 103

ရှဲ့ချောင် ချင်းကျီ ကိုစစ်ဆေးဖို့ရှေ့ကိုလျှောက်သွားစဉ်မှာလေးနက်နေပုံရသည်။ သူ့နှလုံးခုန်နှုန်း

ကိုစစ်ဆေးဟန်ဆောင်လိုက်၏။

သူမ ခေါင်းကိုလှည့်ကာ ကဗျာတစ်ပုဒ် ရွတ်ဆိုနေသလိုမျိုး ပြောလိုက်သည်။ "ရောဂါတစ်ခုဟာပြိုကျသွားတဲ့တောင်တစ်တောင်လိုဖြစ်ပြီးတော့ ရောဂါပျောက်သွားရင်တော့ အပ်ချည်မျှင် တစ်ခုဖယ်လိုက်သလိုခံစားရတယ်။ ကံအညံ့တွေကို နှင်ထုတ်ဖို့ကျွန်မ အခမ်းအနားကိုလုပ်ခဲ့တယ်။ သူ့ရောဂါအတွက်ဆေးဝါးတွေသောက်သုံးဖို့ လိုနေတုန်းပဲ။ နန်းတွင်းသက်တော်စောင့်ကျို့ သမားတော်တစ်ယောက်ကို ပင့်လိုက်ပြီးတော့၊ သူ့အတွက် ဆေးတချို့ ညွှန်းခိုင်းလိုက်ပါ။ အဲဒါတွေကိုစနစ်တကျနဲ့အဆက်မပြတ်စားသောက်မှီဝဲမယ်ဆိုရင် သူသက်သာသွားပါလိမ့်မယ်။”

နန်းတွင်းသက်တော်စောင့်ကျို့မှာ နည်းနည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ "ခုလေးတင် လုပ်ခဲ့တာ မဟုတ်…."

"လူကြီးမင်းရှင့် လူတစ်ယောက်က နေမကောင်းဖြစ်ရင် သမားတော်နဲ့ ပြရတယ်။ ကျွန်မတို့က ကိုယ့် အလုပ်ကိုယ်လုပ်နေကြတာ" ရှဲ့ချောင်မှာ အလွန်ကို ကျွမ်းကျင်နေပုံပေါ်သည်။

သူမပြောနေတာ အမှန်တွေပဲလေ။ ဓားတစ်လက်နဲ့ ဘေးနားမှာ ကပေးနေရုံလောက်နဲ့ ဘယ်လိုပြီး ရောဂါကုလို့ ရမှာလဲ။

ဒါက အစွဲအလမ်းအမှားကြီး သက်သက်ပင်။

နန်းတွင်းသက်တော်စောင့်ကျို့က အလိုလိုပြောထွက်သွား၏။ " ရွှေ…." ပြောပြီးတဲ့နောက် သူ စိတ်မလုံသလို ဖြစ်သွားခဲ့သည်။

မျှော်လင့်ထားသလိုပင်၊ ရှဲ့ချောင် ရဲ့မျက်နှာသေးသေးလေးမှာ ဝမ်းနည်းသွားတဲ့ပုံရသည် "ရှင် အကြွေးတင်မခံသင့်တဲ့ ငွေဆိုတာ ရှိတယ်။ နတ်ဘုရားတွေက စိတ်မချမ်းမသာ ဖြစ်လိမ့်မယ်၊ နားလည်ရဲ့လား"

"ကျ- ကျွန်တော် နားလည်ပါတယ်" နန်းတွင်းသက်တော်စောင့်ကျို့မှာ တံတွေးမျိုချမိကာ၊ မျက်ခွံပင် လှုပ်သွားခဲ့သည်။

"ကောင်းတယ်" ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင်တော့ မှိန်ဝါးနေတဲ့ အခန်းရဲ့ အပြင်ကို ထွက်သွားတော့သည်။

ယခုချိန်တွင် ကောင်းကင်မှာ အတော်လေး မှောင်မိုက်နေပြီဖြစ်သည်။

ကံကောင်းစွာဖြင့် အစာပြေမုန့်တွေက သိပ်မကြာလိုက်ဘဲ ရောက်လာခဲ့သည်။ ရှဲ့ချောင်က ဝါးခြင်းကိုလှန်လှောကြည့်ပြီးဆီစက္ကူအနည်းငယ်ကို ယူလိုက်သည်။ သူမကမုန့်တွေကိုထုပ်ပိုးပြီး ခြင်းတောင်းထဲထည့်ကာ သာ့ရှုန်း နဲ့အတူထွက်ခဲ့သည်။

သူမဒီကိုလာတုန်းက ရှဲ့ မိသားစုရဲ့လှည်းကို မစီးလာခဲ့။ အခုတော့သူမ အိမ်ကိုပြန်ဖို့ဝေါယာဥ်တစ်ခု ငှားရန် အတွက် သူမရဲ့ ကြေးနီပြားတွေကိုသာ သုံးရတော့မည်။

ရှဲ့ရှောင်ကထွက်သွားသည်နှင့် လူတစ်စုမှာ စုဝေးလိုက်ကြသည်။ သူတို့ တွေဝေနေခဲ့သည်။

" မင်းတို့ထင်လား…. ချင်းကျီ ရဲ့ အသားရောင် တစ်ခုခုပြောင်းသွားတယ်လို့"

"ငါထင်တယ်…. ခုနက နည်းနည်း အစိမ်းပုပ်ရောင် ဖြစ်နေတာ။ အခုအများကြီးပိုကောင်းလာတယ်။”

"တကယ်လား။ ငါကတော့ သူသေတော့မယ်လို့ဘာလို့ခံစားရတုန်းလဲ။တပ်မှူး၊ အလိမ်ခံလိုက်ရပြီလား"

"အဓိပ္ပာယ်မရှိတာတွေ၊ အမတအရှင် ရှဲ့ က ဘာလို့ ငါ့ကို လှည့်စားမှာလဲ" ကျို့ဝေ့ကျုံး လုံးဝ မယုံကြည်ပေ။သူ ငွေ အများကြီးသုံးခဲ့တာ– အလဟဿသုံးခဲ့တာ မဟုတ်ဘူး။

ချင်းကျီရဲ့ရောဂါကိုကုသဖို့သမားတော်တွေကို ငှားရမ်းထားခဲ့ပြီး တစ်ယောက်ကို ချက်ချင်း ခေါ်လာနိုင်ခဲ့သည်။

သမားတော်က သူ့နှလုံးခုန်နှုန်းကို ဂရုတစိုက်နဲ့ စစ်ဆေးလိုက်၏။ သူ့ မျက်မှောင်ကြုံ့ကာ အနည်းငယ် ရှုပ်ထွေးနေ၏။

"သူ့ရဲ့သွေးခုန်နှုန်းကအရင်ကထက်နည်းနည်းပိုအားကောင်းလာတယ်။ ကောင်းပြီ၊သူ့ကိုဆေးညွှန်းတစ်ခု ပေးလိုက်မယ်။ သူသောက်နိုင်တယ်ဆိုရင်၊ ပြန်သက်သာ လာဖို့က အချိန်တစ်ခုပဲ လိုတယ်"

သူ မနက်က လာတုန်းက ဒီလူဟာ သေတော့မည့်လူလိုပင်။ သူရဲ့ အသက်ရှူနှုန်း ပိုကောင်းလာလိမ့်မယ်လို့ သူတစ်ခါမှ မတွေးခဲ့ဖူးပေ။

ကျို့ဝေ့ကျိုး နဲ့ကျန်တဲ့လူများမှာ သမားတော်ရဲ့

စကားကိုကြားတော့အလွန်ပျော်သွားကြသည်။

အမတအရှင်ရှဲ့ တကယ်ကိုတော်တာပဲ!

ချင်းကျီမှာ သေတော့မလို ခံစားနေရသည်။ သူဟာ ရေအောက်ထဲ၌ အဆုံးမရှိ ကူးခတ်လို့နေသည်။ သူအသက်ရှူကျပ်ပြီးရေနစ်သွားကာ ၊ကမ်းခြေကိုမမြင်နိုင်ခဲ့ပေ။

သူ့စွမ်းအားတွေဆုံးရှုံးခဲ့ရကာ အခုလက်လျှော့ချင်နေပြီဖြစ်သည်။ ရုတ်တရက်"ရေ"ရဲ့မျက်နှာပြင်ကနေအလင်းတစ်ခုထွက်ပေါ်လို့လာ၏။ သူ့ခန္ဓာကိုယ်ဟာ အရင်ကလိုလေးလံမနေတော့ပေ။ သူ အလင်းဆီကို ရုန်းကန်ပြီး ပြေးသွားလိုက်သည်။

"သူသတိရလာပြီ!" လူများ အံ့ဩသွားကြသည်။

"တပ်- တပ်မှူး ၊ကျွန်တော်" ချင်းကျီရဲ့ အသံမှာ ကွဲအက်နေ၏။ သူ့အတွက်စကားပြောဖို့ခက်ခဲနေသည်။

"ဘာလဲ!? မင်းနောက်တစ်ခါရှုပ်ရှုပ်ယှက်ယှက် ဖြစ်အောင်လုပ်ရင်၊ ငါတို့ မင်းရဲ့ အလောင်းကိုပဲကောက်ရလိမ့်မယ်။"

ကျို့ဝေ့ကျိုး စိတ်သက်သာရရသွားခဲ့သည်။

"မင်း အသက်ရှင်နေတာကောင်းတယ်။ ကောင်းကောင်း ပြန်သက်သာအောင်လုပ်။ သမားတော်က မင်း ဆယ်ရက်ကနေတစ်လခွဲလောက်အနားယူပြီးရင် အိပ်ယာထဲက ထလို့ရပြီတဲ့။ မင်း လုံးဝ သက်သာ သွားတဲ့ အခါကျရင်၊ အိမ်ရှေ့စံမင်းသားရဲ့ အိမ်တော်ကို စောင့်ကြပ်ရမယ်"

ချင်းကျီမှာ ဆွံ့အ သွားပြီး အချိန်မီ ပြန်မတုံ့ပြန်နိုင်ခဲ့ပေ။

ဘာလို့သူ့ကိုအိမ်တော်ကိုစောင့်ကြပ်ခိုင်းရတာလဲ။နောက်ပြီး သူ မသေခဲ့ဘူးလား။

ကျန်တဲ့လူတွေက ဂရုဏာသက်စွာနှင့် ရှင်းပြလိုက်သည်။ "ချင်းကျီ မင်းဒီတစ်ခါကံကောင်းသွားတယ်။ ကံကောင်းချင်တော့ အရှင့်သားက အမတအရှင်ရှဲ့ကို အကူညီတောင်းခဲ့လို့၊ မဟုတ်ရင် မင်းသေနေလောက်ပြီ"

"မင်းဘာလို့နေမကောင်းဖြစ်လဲသိလား။ အဲဒါ မြစ်အောက်ကနေ မင်းယူခဲ့တဲ့ အရိုးပိုင်းကြောင့်။ အဲဒါက ညစ်ညမ်းတဲ့ အရာပဲ"

••••••••

All Chapters