ရောင်းလိုက်ပါဦး လူကြီးမင်းတို့ရေ
Vol. 7 Ch. 105
ထိုကိစ္စသည် အလွန်လေးနက်လှသည်။ ထိုသို့ ဆက်သွားပါက သူမ ဘယ်လိုလုပ် လိုနေသည့် ငွေပဲစေ့၅၀၀ကိုရတော့မည်နည်း?
"စာအုပ်တွေ ဖတ်ဖို့ စာကြည့်တိုက်ကို သွားမလား?" ပိုက်ဆံအား စိတ်ပူနေသည့် ရှဲ့ချောင်အား ချင်လျို့က မေးလိုက်သည်။
"စာအုပ်တွေ ကူးပေးရင် ငါ ဘယ်လောက် ရမှာလဲ?" ရှဲ့ချောင် မေးလိုက်သည်။
"နင်က သက္ကတဘာသာ ကို သိတော့ အများကြီး လုပ်ပေးနိုင်တာပဲ။" ချင်လျို့က သတိပေးလိုက်ကာ "ကျောင်းတော်မှာ သက္ကတစာနဲ့ရင်းနှီး
တဲ့ ငါတို့လိုလူက နည်းနည်းပဲ ရှိတယ်။ သက္ကတကျမ်းတွေကတော့ အများကြီး ရှိတယ်။ အများစုက ဘာသာပြန် ဒါမှမဟုတ် ကူးဖို့ လိုအပ်နေတာ။ နင့်လို ပါရမီထူးတဲ့ လူတွေ ကင်းမဲ့နေတယ်။...စာပိုဒ်တစ်ပိုဒ်ကို ကူးပေးရင် ငွေပဲစေ့ ၁၀စေ့ရမှာ၊ ဘာသာပြန်နိုင်ရင်တော့ ဒီထက် ပိုများများ ရလိမ့်မယ်။" ဟု ပြောလိုက်သည်။
သဘာဝအတိုင်းပင် ရှဲ့ချောင်သည် နောက်ဆုံးစကားကို ကြားသည့်အခါတွင် သူမ၏ မျက်လုံးများသည် တလက်လက် လင်းလက် သွားတော့သည်။ သူမ ဘာသာပြန် နိုင်တယ်။
"ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဘာလို့ ဒါကို ပြောပြတာလဲ?" ရှဲ့ချောင် အရမ်း သိချင်သွားသည်။
ချင်လျို့က "ငါ့အကြောင်းကို နင် မကြားမိဘူးလား?" ရှုပ်ထွေးနေသည့် မျက်နှာထားနှင့် သူမကို ပြန်မေးလိုက်သည်။
ရှဲ့ချောင် ခေါင်းခါလိုက်သည်။ ချင်လျို့သည် ဘာ
မှ မတတ်နိုင်သလို ခံစားလိုက်ရပြီး ရှင်းပြလိုက်သည်။ "ငါ့အဖေက အဲဒီတုန်းက နယ်စပ်က စစ်သူကြီး။ လွန်ခဲ့တဲ့ ငါးနှစ်က သူစစ်ရှုံးလာတော့ သူနဲ့အကို့ကို သေတဲ့အထိ နယ်စပ်ကို စောင့်ကြပ်ရမယ်လို့ အမိန့်ပေး ခံလိုက်ရတယ်။ ဒါပေမဲ့ သူတို့ လုပ်ကြံခံခဲ့တယ်။ အဲ့အချိန် မြို့တံခါးကို ဖောက်ထွင်းပြီး နင့်အဖေက ငါ့အကိုနဲ့ အမေကို ကယ်ဖို့ လာခဲ့တာ။"
သူမအဖေသည် ဆိုးဝါးသည့် လုပ်ကြံခံရမှုနှင့် သေဆုံးခဲ့ရပြီး ရှဲ့နျိုရှန်းသည် လက်စားချေပေးခဲ့သည်။ ထို့ကြောင့် သူမသည် ရှဲ့ မိသားစုကိုကျေးဇူးတင်ပြီး နှစ်သက် သဘောကျသည်မှာ သဘာဝကျလှသည်။ သူမအဖေ၏ ရာထူးသည် သိပ်မမြင့်ပေ။ သူသေပြီးနောက်တွင် သူ့အကိုသည် စစ်သူကြီးရှဲ့နှင့်အတူ စစ်မြေပြင်ကို ထွက်သွားခဲ့သည်။ သူမအကိုသည် အဆင့်ခုနှစ် တပ်မှူးတစ်ဦးပင်။ သူက ကောင်းမွန်သည့် အပြုအမှုများကို ပြုလုပ်ခဲ့သည့်အတွက် အဆင့်ငါး စစ်သူကြီးအဖြစ် ရာထူးတိုးပေးခံခဲ့ရတယ်။ ကျောင်းတော်က သူမအဖေသည် ကြောက်မက်ဖွယ်ရာ သေဆုံး
ခဲ့သည်ကို သိသွားသည့်အခါ ကောင်းမွန်စွာ ဆက်ဆံခြင်း ခံခဲ့ရသည်။
သူမအစ်ကိုနှင့် ရှဲ့နျိုရှန်းတို့သည် လုပ်ဖော် ကိုင်ဖက်တွေပင်။
ရှဲ့ရှောင်သည် ထိုအကြောင်းကို ကြားသည့်အခါအံ့ဩသွားသည်။ ဟိုတစ်နေ့က သူမနှင့် စကားပြောသည့်အခါက ချင်လျို့သည် ခေါင်းအား ငုံ့ထားခဲ့သည်။ သူမနှင့် စကားပြောပြီးသည်နှင့် ချက်ချင်းပင် ထွက်ပြေးသွားသဖြင့် ရှဲ့ချောင်သည် သူမ မျက်နှာအား ကောင်းကောင်း မမြင်လိုက်ရပေ။
ယခု သူမ မျက်နှာကို ကြည့်လိုက်သည့်အခါ သူမ၏ မိဘများတွင် စိတ်ထိခိုက်ကြေကွဲ
ဖွယ်ရာ ကံကြမ္မာတစ်ခု ရှိကြောင်း တွေ့လိုက်ရသည်။
"ငါသိပြီ။" ရှဲ့ချောင် ပြန်ပြောလိုက်သည်။ သို့သော် သူမသည် လူများနှင့် ဆက်ဆံရာတွင် မ
တော်ပေ။ ထို့ကြောင့် သူမသည် စကားလမ်းကြောင်းအား လွှဲလိုက်သည်။ "မွန်းလွဲပိုင်းမှာ မြားအိုးပစ်အတန်းကို မသွားတော့ဘူး။ အဲ့အစား စာအုပ်တွေကို ကူးလိုက်မယ်။ အတူတူ သွားချင်လား?" ဟု မေးလိုက်သည်။
[TN/မြားအိုးပစ် အတန်းဆိုတာ အိုးထဲမြားတွေလှမ်းပစ်ထည့်ကြတဲ့ကစားနည်းကိုဆိုလိုတာပါ]
"ဒါပေါ့!" ချင်လျို့ ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။ စာကြည့်တိုက်ကို ရှဲ့ချောင် ရောက်ဖူးသည်မှာ ဒါပထမဆုံးအကြိမ်ပင်။ နှစ်ထပ်ပါသည့် ခြံဝင်းကြီး တစ်ခုပင်။ ခြံဝင်းတစ်ဝိုက်တွင် ရေကန်တစ်ခုရှိပြီး သစ်ပင်ရှည်များကို စိုက်ထားသည်။ ထိုသစ်ပင်များကြောင့် စာကြည့်တိုက်ဝန်းကျင်သည် အရိပ်ကျကာ အေးမြနေသည်။ စာကြည့်တိုက်သည် မီးလောင်နိုင်ခြေ အလွန်နည်းပါးလှသည်။
"ရှဲ့သခင်မလေး"
ရှဲ့ချောင် အထဲဝင်ဝင်ချင်းမှာပင် နန်းတွင်း သက်
တော်စောင့်ကျို့ ရောက်လာခဲ့သည်။
သူမအားခေါ်ပြီးနောက် သူသည် ချင်လျို့အား သံသယရှိနေသောအမူအရာဖြင့်ကြည့်လာခဲ့သည်။ ချင်လျို့သည် ထက်မြတ်သောကြောင့် ချက်ချင်းပင် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။
"ကျွန်မကို ပိုက်ဆံပေးဖို့ လာတာလား? အခု ဒါတွေကို လက်ခံဖို့ ကျွန်မအတွက် အဆင်မပြေသေးဘူး။ ဒါတွေကို ကျွန်မလှည်းဆီ ပို့ပေးထားလို့ရလား?" ဟု ရှဲ့ချောင် ပြောလိုက်သည်။
ကျို့ဝေ့ကျုံး စိတ်ပူပန်လာပြီး ငိုချင်သွားသည်။ "ဟင့်အင်း၊ ကျွန်..ကျွန်တော် ကျေးဇူးတင်ချင်လို့ပါ။...အဲ့အပြင် ရှဲ့သခင်မလေးမှာ အဖြူရောင် ကျောက်စိမ်းရထားတာ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲ မေးချင်လို့ပါ။" ဟု ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျောက်စိမ်း..." ရှဲ့ချောင်သည်
သံသယဝင်စွာဖြင့် ပြန်ဖြေလိုက်သည်။ "လောလောဆယ် ကျွန်မ သဘောကျနိုင်လောက်တဲ့ စာအုပ်တစ်အုပ်အုပ်များ ရှိမလားလို့ စာကြည့်တိုက်မှာ လာကြည့်တာ။"
ကျို့ဝေ့ကျုံး၏ မျက်ခွံများ တွန့်သွားခဲ့သည်။
'အဖိုးတန်တာ တစ်ခုခုဖြစ်နိုင်လား?'
"အင်း၊ ကိုယ့်ကိုယ်ကို သခင်တစ်ယောက်လို ကျောက်စိမ်းကိုသုံးတာ ပိုကောင်းပါတယ်။ အိုး ဟုတ်သား၊ အခု အရှင့်သားက တပည့်တွေကို လက်ခံနေပြီ။ လေးပစ်သင်ချင်လား? အရှင့်သားက နန်းမြို့တော်မှာ အကောင်းဆုံး လေးပစ်သမားလေ။"
"ကျွန်မ မသင်ချင်ဘူး။ ရှင် ကျွန်မကို လက်စားချေဖို့ ကြိုးစားနေတာလား?" ရှဲ့ချောင်၏ မျက်နှာမှာ ခါးသီးနေလျက် ပြန်ပြောလိုက်သည်။ သူမ၏ အတွေးမှာ မှားယွင်းသွားခဲ့သည်။
သူမကျန်းမာရေးကို ဂရုမစိုက်ဘဲ မြင်းတစ်ကောင်ရဲ့ ကျောကုန်းပေါ်မှာ လေးပစ်သင်ဖို့ သူ့ကိုတောင်းဆိုမိလို့လား? နန်းတွင်း သက်တော်စောင့်ကျို့က သူမကိုအသေ သတ်ချင်နေတာလား ဟု သူမ သံသယ ဝင်သွားသည်။
နန်းတွင်း သက်တော်စောင့်ကျို့သည် အကူအညီမဲ့သွားပြီး စကားပင် မပြောနိုင်တော့ပေ။ "အနုပညာရပ် လေးခုရော။ အရှင့်သားက အဲဒါတွေကိုလည်းအကျွမ်းဝင်..." သူပြော၍ မပြီးသေးခင်မှာပင်
"မသင်ဘူး။" ဟု ရှဲ့ချောင် ချက်ချင်း ဖြေလိုက်သည်။
သူမ ပုံစံမှာ စိတ်ပိုင်းဖြတ်ထား ပြီးသားပုံစံပင်။
"အရှင့်သားက သူ့မှာရှိတဲ့ အဖြူရောင်ကျောက်စိမ်း ကို ကျွန်မကိုပေးခဲ့ပြီးမှ အခုကျ သူကျွန်မဆီကနေ ပြန်လိုချင်နေတာလား? အဲ့ဒါဆိုရင်တော့..." ဟု ပြော၍ မဆုံးသေးခင် ရှဲ့ချောင်သည် အကြံတစ်ခုရသွားတယ်။
သူမသည် ကြင်နာကာ နားလည်မှုရှိသည့် ပုံစံဖြင့် "ဒါဆိုလည်း ကျောက်စိမ်းကို ငွေစ၅၀၀၀နဲ့ ရောင်းပေးမယ်။"
ဒါက အသိမိတ်ဆွေတစ်ဦးကို ပေးသည့်စျေးနှုန်းပင်။
တကယ်ဆို သူမဒါကို အင်အားကြီးတဲ့ သခင်ကြီးတစ်ယောက်ယောက်ကို စျေးနှုန်းမြင့်မြင့်နဲ့ ရောင်းနိုင်မှာ။ ငွေစ၈၀၀၀နဲ့ ဝယ်ချင်တဲ့သူတွေတောင် ရှိလောက်တယ်။ ကြွယ်ဝတဲ့ မိသားစုကြီးတွေက ဒီလိုအများကြီး စုဆောင်းထားသင့်တယ်လေ။
•••••••