← Chapters

အစီအစ်

Vol. 7 Ch. 106

အစီအစ်

Vol. 7 Ch. 106

ကျို့ဝေ့ကျုံးသည် ရှဲ့ချောင်၏ စကားကို နားထောင်ရင်း မှင်တက်နေသည်။ သူ ရည်ရွယ်ချက်ကို ဖုံးကာ ပြောလိုက်သည့်

စကား၏ အဓိပ္ပါယ်မှာ အလွန်သိသာလှသည်ဟု သူထင်ထားခဲ့သည်။ သူသည် မိန်းကလေးရှဲ့အား အရှင့်သားကို သူမ၏ ဆရာသခင်ဖြစ်စေချင်သည့်သဘောဖြင့် မေးမြန်းလိုက်ခြင်းပင်။

အရှင့်သားသည် အဘယ်ကြောင့် ရုတ်တရက်ကြီး ရှဲ့သခင်မလေး၏ ဆရာသခင် ဖြစ်ချင်သွားမှန်း သူ မသိသော်လည်း သူသည် အမိန့်အား မဖြစ်မနေ နာခံရပေမည်။ ပါရမီရှိခြင်း မရှိခြင်းကို ဘေးဖယ်လိုက်လျှင်တောင် အိမ်ရှေ့စံမင်းသား ဟူသော အရှိန်အဝါသည် ကြီးမားလှသော အားကိုးရာ တစ်ခုပင် မဟုတ်လား? သဘာဝအတိုင်းပင် ကျို့ဝေ့ကျုံးသည် အပြစ်ရှိသလို ခံစားလိုက်မိသည်။

အရှင့်သား၏ ညာဘက်လက်မောင်းသည် ချွတ်ယွင်းချက် ဖြစ်နေသောကြောင့် သူသည် ကြမ်းတမ်းသည့်မုန်တိုင်းအစွယ်ကဲ့သို့သော ကံကြမ္မာအား ခံစားခဲ့ရသည်။ အရင်အချိန်တွေကတည်းက ဧကရာဇ်နေရာအား မည်သည့်မသန်စွမ်းသူမှမရယူနိုင်ခဲ့....

သူ အရှင့်သားအားဝန်ခံရလျှင်....

အနာဂတ်တွင် စွန့်ပစ်ခံရသည့် အိမ်ရှေ့စံမင်းသားတစ်ယောက်ပင် ဖြစ်လာနိုင်ပေသည်။

သို့သော် ယခုအချိန်ထိတိုင် အရှင့်သား၏ သြဇာအာဏာမှာ အရှိန်အဝါ တောက်ပနေဆဲပင်။ အထူးသဖြင့် သူသည် ကြီးမားသည့် အမှုတစ်ခုကို ဖြေရှင်းနိုင်ခဲ့သည့်အတွက် မည်သူမှ အိမ်ရှေ့စံမင်းသား၏အရှိန်အဝါအား ကျော်လွှားနိုင်ခြင်း မရှိပေ။

"သခင်မလေးရှဲ့ ဒီကျောက်စိမ်းကို ငွေနဲ့ မလဲလှယ် သင့်ဘူးလားလို့။"

ကျို့ဝေ့ကျုံးအနေဖြင့် အတင်းအကြပ်တိုက်တွန်းရန် မသင့်လျော်ပေ။ မဟုတ်လျှင် အရှင့်သားသည် တန်ဖိုးနည်းတာပေးသည်ဟု ထင်သွားစေနိုင်သည်။

သူအကြံပြုစကား ဆိုလိုက်သည်။

"ကမ္ဘာပေါ်မှာ ဒီလိုကျောက်စိမ်းပြား အနည်းငယ်

ပဲ ရှိတာပါ။ အခု မင်းမှာရှိနေပြီ။ မင်းအရှင့်သားကို တကယ် ပြန်မပေးချင်ရင်တော့ မင်းဘာမင်း သိမ်းထားသင့်တယ်။ သခင်မလေးရှဲ့မှာ ဒီကျောက်စိမ်း ရှိနေတာကို နန်းမြို့တော်မှာ ရှိတဲ့လူတိုင်း သိလိမ့်မယ်။ တစ်နေ့ကျ မင်း လက်ထပ်တဲ့အခါ ဒါကို ခန်းဝင် ပစ္စည်းထဲ ထည့်လိုက်တာ ပိုကောင်းမယ်။"

ကျောက်စိမ်း၏ ထူးခြားသည့် အဓိပ္ပါယ်ကို ဘေးချိတ်ထားလျှင်တောင် ကျောက်စိမ်း၏ တန်ဖိုးသည် အလွန် တန်ဖိုးကြီးလှသည်။

"ဒါကို တွေးကြည့်၊ ကျောင်းအုပ်ကြီးက ငတုံးမဟုတ်ဘူးလေ။ တစ်သန်းတန်တဲ့ ဒီ တစ်ခုတည်းရှိတဲ့ ကျောက်စိမ်းကို လဲလှယ်ဖို့ သူဘယ်လိုလုပ်တတ်နိုင်မှာလဲ? ဒီလိုပစ္စည်းတွေက ကျောင်းတော်ရဲ့ ကျောင်းသားတွေကို ပေးတဲ့ လဲလှယ်လို့မရတဲ့အရာတွေလေ။" ဟု ကျို့ဝေ့ကျိုးက ရှင်းပြသည်။

သဘာဝအတိုင်းပင် လက်ဆောင်များသည် စျေးကြီးကာ ထူးခြားလှသည်။ သို့သော် ထို

ကျောက်စိမ်းနှင့် နှိုင်းယှဉ်ကြည့်ပါက ထိုလက်ဆောင်များ၏ တန်ဖိုးမှာ ဘာမှ မပြောပလောက်တော့ပေ။

ရှဲ့ချောင် အံ့အားသင့်သွားခဲ့သည်။

"ကျောင်းအုပ်ကြီးက သူ့ကတိကို ဘာကြောင့် မလိုက်နာ နိုင်တာလဲ?" ရှဲ့ချောင် ဘဝင်မကျဖြစ်စွာ ပြောလိုက်သည်။

"ကိုယ်လိုချင်တဲ့ အရာကို ကိုယ်ကိုတိုင် ရွေးချယ်လို့ရတယ် လို့ သူပြောခဲ့တာ။"

နန်းတွင်း သက်တော်စောင့်ကျို့သည် မပြုံးပဲ မနေနိုင်တော့ပေ။ "မင်းကြိုက်တာကို ရွေးလို့ရတယ်။

ကျောင်းတော်မှာ ဘဏ္ဍာတိုက် အနည်းငယ် ရှိတယ်လေ။"

ရှဲ့ချောင်၏ စိတ်ထဲတွင် အလွန်တောက်လောင် ပြင်းပြနေသည်။

'ဒါက လုံးဝ အသုံးမဝင်တဲ့ ကျောက်စိမ်း အပိုင်းအစလေး တစ်ခုပဲကို'

"ဒါကို အခြားသူတစ်ယောက်ကို ပေးလို့မရဘူးလား?" ရှဲ့ချောင် မေးလိုက်သည်။

"ဘာလို့ မရရမှာလဲ? ရတာပေါ့၊ ဒီကျောက်စိမ်းကို ကျောင်းတော် အပြင်က လူတွေကို ပေးလို့ရတယ်လေ။ ကျောင်းတော် မှာ စာရင်းသွင်းဖို့ စိတ်ဝင်စားတဲ့ဆွေမျိုးတွေရှိရင် ဒီကျောက်စိမ်းက အဆင်ပြေအောင် လုပ်ပေးလိမ့်မယ်။" ဟု ကျို့ဝေ့ကျိုးက ချက်ချင်း ပြန်ပြောသည်။

"မဟုတ်ဘူး။" ရှဲ့ချောင် ချက်ချင်းပဲ ခေါင်းခါကာ အရိပ်အကဲ ပြလိုက်သည်။ သူမ ပေးချင်တဲ့ လူတွေကိုပဲ ပေးမှာ။ ဆွေမျိုးတွေ မဟုတ်ပဲ မိသားစုဝင်တွေပဲ။ သူမမှာ မောင်နှမနှစ်ယောက် ရှိတယ်။ အခု သူမ တွေးမိသည်က သူမ၏ အစ်ကိုနဲ့ ညီမကို စိတ်ချရသည့် ဆရာကောင်းတစ်ယောက် ရစေချင်ခြင်းပင်။ သူမသည် အားနည်းသည့်အတွက် မသင်ယူနိုင်ပေ။ သို့သော် သူ့မောင်နှမများသည်တော့ သင်ယူနိုင်မည် မဟုတ်လား။ သူတို့ ပိုသိချင်ကြမှ ကျိန်းသေပေါက်ပဲ။

ရှဲ့ချောင် ကျောက်စိမ်းကို ထုတ်လိုက်သည်။ "အရှင့်သား ကျွန်မကို ပေးထားတဲ့ ပစ္စည်းတွေကို ပြန်မပေးနိုင်ပါဘူးလို့ ပြန်ပြောပေးပါ။ ကျွန်မမှာ အစီအစဉ်တစ်ခု ရှိပြီးသားပါ။" ရှဲ့ချောင် ကျို့ဝေ့ကျိုးကို ပြောလိုက်သည်။

"အရှင့်သားက အဲ့လို ဆိုလိုတာ မဟုတ်ဘူးလေ...." ကျို့ဝေ့ကျိုးသည် တုန်ရီလျက် ပြောသည်။

ရှဲ့ချောင်သည် သူ့ကို လျစ်လျူရှုကာ ချင်လျို့နှင့်အတူ စာကြည့်တိုက်ထဲဝင်ရန် လှည့်လိုက်သည်။ စာကြည့်တိုက်တွင် အလွန်သန့်ရှင်းနေသည်။ အခန်းတစ်ခန်းစီတွင် စာအုပ်များကို စောင့်ရှောက်ရန် တာဝန်ရှိသည့် စာအုပ်ထိန်းအစောင့်နှင့် တာဝန်ကျသည့် ဆရာတစ်ယောက် ရှိသည်။

"အကယ်ဒမီက စာကြည့်တိုက်မှူး အများစုက ပါရမီရှင်တွေ။ စာအုပ်တွေကို နှစ်သက်တာမို့ ဒီကိုလာရင် သူတို့နဲ့ စကားပြောတဲ့အခါ လေးစားမှု ရှိဖို့လိုတယ်။ သူတို့ကို ဒေါသထွက်စေရင် စာအုပ်တွေ

ကို ရှာဖို့ခက်ခဲလိမ့်မယ်။" ဟု ချင်လျို့က သတိပေးသည်။

ရှဲ့ချောင် ခေါင်းညိတ် ပြလိုက်သည်။ "ဟုတ်ပြီ။ နေရာတိုင်းမှာ စည်းမျဉ်းတွေ ရှိကြတယ်။ တာအိုကျင့်ကြံသူ ဘုရားကျောင်းက ပိုလျော့ရဲရုံပဲ။"

ချင်လျို့သည် ရှဲ့ချောင်အား စာအုပ်တွေ ကူးရန် ခေါ်သွားသည်။ စာကြည့်တိုက်သည် ကျယ်ဝန်းပြီး လင်းထိန်ကာ အခန်းထဲတွင် ထိုင်ခုံများ ပါရှိသည်။ တချို့ဆရာများသည် မှင်ကို ဘေးသို့ ချထားပေးသည်။ လောလောဆယ်တွင် စာအုပ်များကို ကူးယူနေသည့် မိန်းကလေးများနှင့် ယောကျာ်းလေးများ ရှိနေသည်။ ထိုသို့ ခွဲခြားမှုသည် သိပ်တင်းကျပ်နေခြင်း မဟုတ်ပေ။ သဘာဝအတိုင်းပင် လူများသည် နှုတ်ဆိတ် နေရသည်။ ထိုနေရာသည် အများသုံးနေရာ ဖြစ်သည့်အတွက် မိန်းကလေးများနှင့် ယောက်ျားလေးများအတူတူထိုင်နေလျှင်တောင်မှ သူတို့ ပူပန်စရာ မလိုပေ။

"ဆရာရှင့်၊ ကျွန်မတို့ စာအုပ်တွေကို ကူးယူချင်ပါတယ်။" ချင်လျို့က ပြောကာ ရှဲ့ချောင်အား ဆွဲခေါ်ပြီး ထိုင်ခုံတွင် ထိုင်စေသည်။

••••••

All Chapters