စာအုပ်များကူးယူခြင်း
Vol. 7 Ch. 107
ချင်လျို့မှာ ယုန်သူငယ်လေးလိုပင် အလွန်ဆင်ခြင်တုံတရားရှိပြီးဖြူစင် ရိုးသားပုံပေါ်သည်။
ရှဲ့ချောင်က သူမကို အတုယူကာ ခေါင်းကိုအနည်းငယ်နိမ့်လိုက်ပြီး လေးစားမှုပြလိုက်သည်။
"နောက်ဆုံးစာမေးပွဲလာတော့မှာဆိုတော့ ကျောင်းသားတွေကစာအုပ်တွေ ကူးနေကြတယ်။ အခုဒီအမျိုးအစားတွေကိုပဲ ကူးယူလို့ရတယ်။" ဆရာက အမျိုးအစားတွေပါတဲ့ စာရွက်တစ်ရွက်
ကို ထုတ်ယူလိုက်သည်။
ချင်လျို့က အခက်တွေ့နေပုံပင်။ "သတင်းဆိုးပဲ ညီမအစ်မရှဲ့။ ဒါတွေကို ကြည့်လိုက်။ လွယ်တာတော့မဟုတ်ဘူးနော်..."
"ဒါက ဘာတွေလဲ" ရှဲ့ချောင်လည်း အတော်အံ့ဩသွားခဲ့သည်။
"တိုင်းတစ်ပါးက စာတွေလား။ ဒါကိုကြည့်ပါဦး။ ဒါက ကျိုးလဲ့က ဖြစ်မယ်။ ဒါက ချိုးယောင် က။ ဒါလဲ သုန့်ရယ် က။ ဒါက နန့်မန်လူတွေ ရဲ့စာသားတွေပဲ။ ဒီဟာတွေက ခက်တယ်!"
ခက်ခဲတယ်တဲ့လား။
ရှဲ့ချောင် နှုတ်ခမ်းတွေကို စုဝိုင်းလိုက်သည်။
"ဒါကို ဘာသာပြန်ဖို့က….. ငွေပဲစေ့ ဘယ်လောက်ရမလဲ" ရှဲ့ချောင် မေးလိုက်၏။
ဆရာက ထိုအမေးကိုကြားတော့ စာဖတ်တာရပ်လိုက်ပြီး ခေါင်းမော့ကာ သူမကို ကြည့်လိုက်သည်။သူပြုံးနေလားဆိုသည်မှာ မသေချာခဲ့ပေ။ "တစ်မျက်နှာကို ငွေပဲစေ့ ငါးစေ့ ”
ရှဲ့ချောင် မျက်မှောင်ကြုံ့လိုက်ကာ "ဒါတွေကိုဘာသာပြန်တာက အကျိုးအမြတ်များတယ်လို့ မပြောခဲ့ဘူးလား။”
ချင်လျို့မှာ ပြောစရာစကားပျောက်ဆုံးသွားခဲ့ရသည်။ ဘေးမှာ ရှိ နေတဲ့ လက်ကမ်းစာစောင်ကို
ညွှန်ပြလိုက်ကာ "ဒါကိုကြည့်ပါဦး။ ဒီလိုစာအုပ်တွေမှာ စာမျက်နှာတစ်မျက်နှာမှာ စကားလုံးနည်းနည်းလောက်ပဲပါတာ...တကယ်လို့ နင် ရင်းနှီးတဲ့ဟာဆိုရင် မြန်မြန်ဘာသာပြန်လို့ရတယ်။”
ရှဲ့ချောင်ရဲ့မျက်လုံးများ ဝင်းလက်သွား၏။
ဘယ်ဟာကို ရွေးရမှန်း သူမသိတော့ပေ။
ရှဲ့ချောင်က ဆရာကို ကြည့်ပြီး မေးလိုက်သည်၏ "ကျိုးလဲ့ကို ရွေးလို့ရလား"
ကျိုးလဲ့သည် ချန်ယွမ်နှင့် ဝေးကွာသည်။ နှစ်နိုင်ငံကြားမှာ ပင်လယ်တစ်ခု ခြားနေပေမဲ့ မကြာခဏကုန်သွယ်ကြကာ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ကြသည်။ လူတစ်ယောက်က ထိုဘာသာစကားနှင့်
ရင်းနှီးနေတာက ပုံမှန်ပင်။
"ဟုတ်တယ်၊ မင်း ရွေးလို့ရတယ်။ ဒါပေမဲ့ အချိန် သတ်မှတ်ချက်တစ်ခု ရှိတယ်။ နောက်ပြီး စရံအနေနဲ့ ငွေပဲစေ့ ၁၀ စေ့ လိုတယ်။ မင်းတာဝန်ကို မပြီးမြောက်ရင် စရံငွေက အသိမ်းခံရလိမ့်မယ်။ စာအုပ်ပျက်စီးသွားရင်ငွေပဲစေ့ ၁၀၀၀ ကို လျော်ကြေးအဖြစ် ပေးရမယ်။”
ရှဲ့ချောင်တစ်ယောက် ရင်ဘတ်ထဲ မသက်မသာဖြစ်သွားခဲ့သည်။ ဒီငွေပဲစေ့ တွေက အလွယ်တကူ သုံးလို့ရပုံပဲ…
သူမရဲ့ခေါင်းက ထို စျေးကြီးတဲ့ငွေပဲစေ့များနှင့်ပြည့်လို့နေသည်။
ချင်လျို့လည်း နည်းနည်းတော့ မှင်တက်သွားခဲ့
သည်။ "နင်ဒါကို ကောင်းကောင်း ကျွမ်းကျင်တယ်မလား။စာသားကအရမ်းခက်ခဲတော့ ကျောင်းတော်က လူ နည်းနည်းလောက်ဘဲ ဒီဘာသာစကားကို သိကြတာ ."
"ဘာလို့လဲ။ ကျိုးလဲ့က လာတဲ့လူ အများကြီးမရှိဘူးလား။"ရှဲ့ချောင်က ခေါင်းရှုပ်သွားသည်။
"အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျိုးလဲ့ကလူတွေက တွန့်တိုကြတယ်။ သူတို့က အရမ်းစီးပွားရေး ဆန်ပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုတွေကို မမျှဝေချင်ကြဘူး။ သူတို့က ငါတို့ တိုင်းပြည်ရဲ့ ဘာသာစကားနဲ့ စာသားတွေကို သိပြီးတော့ ဒီကိုလာတဲ့အခါ ငါတို့နဲ့ရောထွေးကြတယ်။ ဒါပေမဲ့ ငါတို့ကတော့ သူတို့ အကြောင်းကို နည်းနည်းပဲသိတယ်" ချင်လျို့ကရှင်းပြလိုက်သည်။
သူတို့ဆီက ဝယ်ထားတဲ့စာအုပ်များမှာ စျေးကြီး
သည်။ ကျိုးလဲ့ကနေ သင်ယူထိုက်တဲ့အရာများစွာရှိ၏။
ထို့ကြောင့် ဘာသာပြန်ခြင်းနဲ့ ကူးယူခြင်းကနေအသုံးဝင်တာတစ်ခုခုကို တွေ့ရှိတဲ့အခါ သူတို့ရဲ့ ဗဟုသုတကို တိုးပွားစေလိမ့်မည်။
သူမရောက်နေတဲ့ခေတ်သည် သူမရဲ့အရင်ဘဝက ရှေးခေတ်ကာလနဲ့ ကွာခြားတာကို ရှဲ့ချောင် သိလိုက်ရသည်။
အနည်းဆုံးတော့ တိုင်းတစ်ပါး ယဉ်ကျေးမှုအကြောင်းသင်ယူခြင်းရဲ့ရှုထောင့်သည် အများကြီးပိုထူးခြားခဲ့သည်။
ဆရာက ထပ်မေးလိုက်သည် "ဒါဆိုမင်းကူးမှာလား၊ မကူးဘူးလား"
"ကျွန်မကူးမှာပါ" ရှဲ့ချောင်က ခေါင်းညိတ်၏ ။သူမ ငွေပဲစေ့ ရဖို့လိုသည်။
သူမ စကားဆုံးတာနဲ့ဆရာက စာအုပ်တစ်အုပ်ကိုချက်ချင်းထုတ်ပြီး သူမလက်ထဲ ထည့်ပေးလိုက်သည် "ဒီစာအုပ်မှာ စာမျက်နှာ ၄၀ ရှိတယ်။ ဘာသာပြန်ပြီးရင်ငွေပဲစေ့ ၂၀၀ ရမယ်။ သတ်မှတ်ရက်က ခုနှစ်ရက်အတွင်းနော်။ မင်းလုပ်နိုင်ရဲ့လား။”
"ဟုတ်၊ကျွန်မလုပ်နိုင်တယ်"ရှဲ့ချောင်ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်မရဲ့ဘာသာပြန်က တိကျရဲ့လား မတိကျဘူးလားဆိုတာကို ဆရာတို့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"
"မင်းပြီးသွားရင် တစ်ယောက်ယောက်ကစာမျက်နှာ အနည်းငယ်လောက် စစ်ဆေးကြည့်လိမ့်မယ်။ အမှားတစ်ခုခုရှိနေမယ်ဆိုရင်တော့ စရံငွေ အသိမ်းခံရမယ်။ ဘာသာပြန်ထားတဲ့စာအုပ်ထဲမှာ မင်းရဲ့နာမည်ကိုရေးထားမယ်။ဒါကို နောင်တစ်ချိန်မှာ ဖြန့်ဝေမယ်။ အမှားတွေ ရှိမယ်ဆိုရင်တော့..." ဆရာက ပြုံးလိုက်၏။
ရှဲ့ချောင် အမြင်မှန်ရသွားသည်။ အမှားတွေရှိခဲ့မယ်ဆိုရင် သူမ အရှက်ရရလိမ့်မယ်။
သူမကိုယ်သူမတော့ ဒီလို အရှက်တကွဲ အဖြစ်မခံနိုင်။ ဒီနှစ်တွေမှာ သူမမှာ တခြားအရည်အချင်းမရှိခဲ့ပေ။ သို့သော်လည်း စာအုပ်တွေကို အေးအေးချမ်းချမ်း ကူးယူတဲ့နေရာမှာတော့ သူမကိုယ်သူမ နံပါတ်တစ်လို့ ပြောရဲသည်။
ထို့ကြောင့် သူမ တာဝန်ကို တန်းပြီး လက်ခံလိုက်
သည်။
ချင်လျို့လည်း သူမနဲ့ သင့်တော်တဲ့ တစ်ခုကို ချက်ချင်း ရွေးလိုက်သည်။ ရှဲ့ချောင် သူမကို တစ်ချက်ကြည့်လိုက်တယ်။ ချင်လျို့က ဆေးဘက်ဆိုင်ရာဂန္တဝင်စာပေတစ်ခုကို ကူးယူဖို့ ရွေးချယ်ခဲ့သည်။ ဒီလိုစာအုပ်မျိုးက အတော်လေး မထင်ရှားသလို နားလည်ဖို့လည်း ခက်သည်။
သို့သော်၊ တခြား သူမရွေးချယ်လို့ရတာ မရှိခဲ့ပေ။
••••••••