← Chapters

သူ့နာမည်က ဘာလဲ?

Vol. 7 Ch. 108

သူ့နာမည်က ဘာလဲ?

Vol. 7 Ch. 108

သူတို့၏ကျောင်းတော်၌ စာအုပ်များကို ဘာသာပြန်ပြီးကြည့်နိုင်သလို အိမ်ကိုလည်း ယူလာ၍ရသည်။

ရှဲ့ချောင်က စာကြည့်တိုက်ထဲမှာ ထိုင်ပြီး ရှိတဲ့အကြောင်းအရာတွေကို အကြမ်းဖျင်းလေ့လာကြည့်ခဲ့သည်။

နောက်ကျနေပြီဖြစ်၍ ဘာသာပြန်ဖို့ရာအတွက် အိမ်ကိုသာယူလာခဲ့လိုက်သည်။

အိမ်ပြန်ရောက်သောအခါတွင်လည်း သူမကသူမ အလုပ်တာဝန်ပြီးဖို့ကို အလောတကြီးဖြစ်မနေခဲ့ချေ။ ထိုအစား သူမက ရှဲ့ဖင်းကန်းအိမ်ပြန်ရောက်လာတဲ့အခါ အဓိကအိမ်ဝင်းထဲကိုသွားပြီး သူမ၏မောင်နှမများကို ဆွဲထုတ်လာခဲ့သည်။

သူမက ကျောက်စိမ်းကို ထုတ်ယူလိုက်ပြီး သူတို့ရှေ့ထားလိုက်ကာ

" ဒါကို ဘယ်သူ လိုချင်လဲ?"

ဆိုပြီး ရှဲ့ချောင်က မေးတယ်။

"အဲ့ဒါကိုငါလိုချင်တယ်လေ။ ဘာဖြစ်လို့ သူတို့ကို ပေးရတာလဲ?!"

ဆိုပြီး ရှဲ့ဖင်းကန်းက ဖမ်းလိုက်တယ်။

ရှဲ့ချောင်၏ မျက်ဝန်းများက ရှဲ့ဖင်းကန်းကို မကြည့်ခင် မျက်ခွံများက အရင်တွန့်သွားသည်။

"အကြီးဆုံးအစ်ကို၊ အကိုကြီးအတွက် ကျောင်းတော်မှာ ဆရာတစ်ယောက်လိုချင်လား?”

ဆိုပြီး ဝေ့ပတ်ကြောင်ပြီး မေးလိုက်တယ်။

ရှဲ့ဖင်းကန်း မှာကြောင်အသွားပြီး မေးလိုက်သည်။

"ဘာကို ဆိုလိုချင်တာလဲ?"

ဒီလိုကျောက်စိမ်းတုံးကြီးကို ငွေတွေအများကြီးနဲ့ရောင်းလို့ရတယ်။ ဘာလို့ ကလေးနှစ်ယောက်ကို ပေးရမှာလဲ? ဒါက ဖြုန်းတီးတာပဲ ဖြစ်လိမ့်မှာပေါ့။

"ဒီကျောက်စိမ်းအပိုင်းကို ဓားရေးအကကျွမ်းကျင်မှုအတန်းမှာ နိုင်လာခဲ့တာ။ အဲ့ဒီမှာ ဘယ်ဆရာကိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဆရာတွေဖြစ်အောင် လုပ်လို့ရတယ်လို့ ပြောတယ်။ အဲ့ဒါနဲ့ ဖင်းဟွိုက် နဲ့ ရှီအာ ကို ရွေးချယ်ဖို့ ပြန်ပြောကြည့်တာ။ တကယ်လို့များ အဲ့ဒီမှာ သူတို့ ကြိုက်တဲ့ဆရာတစ်ယောက်ရှိရင် သူတို့အိပ်မက်ကို အကောင်အထည်ဖော်လို့ရနိုင်အောင်။"

ရှဲ့ချောင်က ရှင်းပြလိုက်သည်။

သူမက အခုကိစ္စကို ရှင်းပြနေချိန်မှာ ရှဲ့ဖင်းကန်းက တည်ငြိမ်နေပုံရသည်။

"အဲ့ဒီလိုမျိုး ရှိသေးတာလား? "

သူက ရယ်လိုက်ပြီး ပြောခဲ့သည်။

"ဒီဟာကို ဓားနဲ့ကစားရင်း ရခဲ့တာလား? ဒါက သိပ်လွယ်လွန်းတာပဲ။ "

သူလည်း ဓားနဲ့ကစားနိုင်တာပဲလေ!

ဒါကိုကြားတော့ ရှဲ့ချောင်က စိတ်မသက်မသာဖြစ်ခဲ့တယ်။

'ဓားတစ်လက်နဲ့ ကစားတယ်ဆိုတာက...."

ကြမ်းကြမ်းတမ်းတမ်းရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ အနုပညာစိတ်ကူးသဘောအကြောင်း မပြောသင့်ပါဘူးထင်ပါရဲ့။ ဒါက သူ့အကိုကြီး သူ့ကိုယ်သူ ဘယ်လိုဖော်ပြနိုင်လောက်မလဲဆိုတာကို ကောင်းကောင်းနီးစပ်ပါတယ်။

ရှဲ့ဖင်းဟွိုက်က ကျောက်စိမ်းက သူ့ကိုအကြီးအကဲဆရာ ရစေတော့မယ်လို့ ကြားတာနဲ့ ချက်ချင်းနောက်ကိုပြန်ဆုတ်လိုက်တယ်။

" မဟုတ်ပါဘူး၊ မဟုတ်သေးဘူး။ ဘာလို့တစ်ယောက်ယောက်က ကျွန်တော့်ကို ဘာအတွက်မှမဟုတ်ပါပဲ ထိန်းချုပ်ခိုင်းရမှာလဲ?

———"

ဖက်!

ရှဲ့ဖင်းဖွိုက် ၏ခေါင်းမှာ တစ်ချက်အရိုက်ခံလိုက်ရသည်။

လုပ်သည့်သူကတော့ ရှဲ့ဖင်းကန်းပင်။

ရှဲ့ဖင်းဟွိုက် ကသူ့ခေါင်းကို ငုံးတစ်ကောင်လိုဝှက်ထားလိုက်သည်။ သူလုံးဝကို မလှုပ်ရဲပေ။

"ဒါကို ဖင်းဟွိုက်ကို ပေးလိုက်ပါ။ သူ့ကို ပိုပြီးလေ့လာလို့ရအောင် ဆရာကောင်းတစ်ယောက် ရှာပေးလိုက်ပါ။ ရှီအာ မှာက ဆရာတစ်ယောက်ရှိလည်း အသုံးဝင်တာမဟုတ်ဘူး။"

ရှဲ့ဖင်းကန်းက တိုက်ရိုက်ပင် ပြောချလိုက်သည်၊ သို့သော်လည်း သူပြောတာတွေသည် အမှန်ပင်ဖြစ်သည်။

ရှဲ့ဖင်းဟွိုက်က မတုန်မလှုပ်နဲ့ဖြစ်ပေမဲ့ ဉာဏ်ကောင်းသည်။ သူ့ကိုသင်ကြားပေးမည့်သူသာရှိခဲ့ရင် သူက ပိုအားတက်ပြီးစိတ်ပါဝင်စားလာနိုင်သည်။

မည်သို့ပင်ဖြစ်ပါစေ ဒါက ရှဲ့ရှီနဲ့ မတူညီတဲ့ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်။ သူမက ဒီအတိုင်း.…..ငတုံးမလေးတစ်ယောက်ပဲလေ။

တကယ်လို့များ သူမသာ အဲဒီကျောက်စိမ်းတုံးကိုဆရာတစ်ယောက်နဲ့ လဲလှယ်ခဲ့ရမယ်ဆိုရင်၊ သူမ၏တုံးအမှုကြောင့် ဆရာက စိတ်ညစ်မှာကို သူတို့စိုးရိမ်ခဲ့ကြတာဖြစ်သည်။ သူမက တစ်စုံတစ်ယောက်ကို ဘာမဟုတ်တာလေးအတွက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မည်။

" မဟုတ်ဘူး! အကြီးဆုံးအကို၊ အဲ့ဒါကို ဒုတိယအစ်မကို ပေးလိုက်ပါ! သူမက တော်ဝင်

ကျောင်းတော်ကို တက်ချင်နေတာလေ။ ဒီအရာနဲ့ဆို သူမက တက်နိုင်တော့မှာ မဟုတ်ဘူးလား?! ကျွန်တော်ကတော့ ငွေဆိုရင်တောင်မလိုချင်ဘူး!"

ရှဲ့ဖင်းဟွိုက်ကချက်ချင်းအော်ဟစ်ပြီး ပြောလိုက်သည်။

ရှဲ့ဖင်းကန်းက အံ့အားသင့်သွားခဲ့တယ်။ သူ့ခြေထောက်ကို မြှောက်ပြီး ရှဲ့ဖင်းဟွိုက်ရဲ့ခေါင်းကိုရိုက်ဖို့ စိတ်အားထက်သန်နေခဲ့သည်။

ဒီငတုံးကတော့!

"ဘယ်က ဒုတိယအစ်မလဲ? သူမနာမည်က ဆွေစဉ်မျိုးဆက်စာအုပ်ထဲမှာ မရှိဘူးဆိုရင် ဘာဖြစ်လို့ မင်းက သူမကို အဲဒီလိုခေါ်နေမှာလဲ?"

ရှဲ့ဖင်းကန်းက အံကိုကြိတ်ထားသည်။

"ဖေဝမ်ယွဲ့က ကုလန်ကျောင်းတော်မှာ ဒီဟာတောင်မရှိပဲနဲ့ကို သေချာပေါက် လေ့လာနိုင်

တယ်။ သူမရဲ့စရိုက်အတိုင်းဆိုရင် သူမက အဲ့လိုပဲလုပ်လိမ့်မယ်။ မင်းမှာတော့ ဒီအရာမရှိဘူးဆိုရင် မင်းက ကျောင်းတော်ထဲမှာ လူတိုင်းရဲ့လျစ်လျူရှု

ခံရတဲ့ အသုံးမကျတဲ့သူတစ်ယောက်သာသာပဲဖြစ်နေလိမ့်မယ်။ “

သူတို့က ဘယ်လိုလုပ်တူနိုင်မှာလဲ?

သူက တွန့်တိုတတ်တဲ့သူတစ်ယောက်တော့မဟုတ်ပေ။ သူက ဖေဝမ်ယွဲ့ ကျောင်းတော်သွားတက်ဖို့ ငွေသုံးတာကို မတားဆီးခဲ့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သူမက အမေတစ်ယောက်တည်းမှမွေးသော ညီမတစ်ယောက်မဟုတ်သလို ငယ်ငယ်ကတည်းက သူပြုစုစောင့်ရှောက်ပေးခဲ့ရတဲ့ ညီမလည်း မဟုတ်ဘူး။ ဒီမိန်းကလေးအတွက် သူ့စိတ်ကို လုံးဝပုံအောပေးဖို့က လုံးဝမဖြစ်နိုင်ပေ။

သူမ၏ အိပ်မက်ထဲတွင် ဘယ်တော့မှဖြစ်လာနိုင်စရာအကြောင်းမရှိပေ။

" ကျွန်တော် အခုလည်း ကောင်းကောင်းလုပ်နေပါတယ်။ “

ရှဲ့ဖင်းဟွိုက်က တွန့်ဆုတ်ပြီးဝန်လေးနေတယ်။

"မင်းဒါကိုလိုချင်တာလား? ဟင်? "

ရှဲ့ဖင်းကန်းရဲ့အသံက ရုတ်တရက်လေးနက်သွားတယ်။

သူ ထရပ်လိုက်သည်၊ ပြီးတော့ သူ၏ရှည်လျားသောအရပ်အမောင်းနှင့်ခန္ဓာကိုယ်က ရှဲ့ဖင်းဟွိုက်ကိုပိတ်ဆို့ထားတဲ့ နံရံတစ်ခုနဲ့တူနေတယ်။ သူက ရှဲ့ဖင်းဟွိုက်ကို အချိန်မရွေး အစိမ်းလိုက်ဝါးစားတော့မတတ် စိုက်ကြည့်နေခဲ့တယ်။

ရှဲ့ဖင်းဟွိုက်က ကြောက်ရွံ့မှုကြောင့်တုန်ယင်နေခဲ့ပြီး ရှဲ့ချောင်တောင်မှ တုန်ယင်ခဲ့တယ်။

သူက ယောက်ျားဆန်လွန်းနေတာပဲ။

သူက ကြောက်ဖို့ကောင်းနေသည်။

"ဟုတ်ကဲ့ပါ….…"

ရှဲ့ဖင်းဟွိုက်ရဲ့မျက်လုံးတွေက နီသွားခဲ့တယ်။ သူ့လက်မောင်းကို ချက်ချင်းဆန့်ထုတ်လိုက်တယ်။ သူက နောက်ထပ်တစ်ခါ မငြင်းရဲတော့ဘူး။

" ကောင်းတယ်။ မင်းတို့ ကျောင်းတော်မှာ ဉာဏ်ပညာဗဟုသုတနဲ့ သိုင်းပညာနှစ်ခုလုံးမှာ ကျွမ်းကျင်နှံ့စပ်တဲ့ ဆရာတစ်ယောက်ရှိတာမှတ်မိတယ်။ သူ့နာမည်ကဘာပါလိမ့်..."

ရှဲ့ဖင်းကန်းက စဉ်းစားလိုက်သည်။

"ရှောင်ယွိရုန်၊ အဲ့ဒါ သူပဲ။ မနက်ဖြန်မှာ ဒီကျောက်စိမ်းကိုယူသွားပြီး သူ့ကို မင်းရဲ့ဆရာအဖြစ်လုပ်ခိုင်းလိုက်။ “

•••••••

All Chapters