နင့်ကိုယ်စား ငါသွားမယ်
Vol. 7 Ch. 109
ရှောင်ယွိရုန်ဆိုသည့် နာမည်ကိုကြားလိုက်သောအခါ ရှဲ့ချောင် အံ့ဩသွားသည်။သူက သူမရဲ့နှာခေါင်းကို ကုတ်ခြစ်လိုက်သည်။
တစ်ချိန်တည်းမှာ ရှဲ့ဖင်းဟွိုက်က ခါးသီးနေပုံပေါ်သည်။
သူက ဘယ်လိုတောင် ကံဆိုးနိုင်ရတာလဲ။?
ရှောင်းယွိရုန် ဆိုတာက တော်ဝင်ကျောင်းတော်တွင် ကြောက်စရာအကောင်းဆုံး ဆရာတစ်ယောက်ဖြစ်သည်!
သူက တော်ဝင်မင်းသားများနှင့် တော်ဝင်မြေးတော်တို့ကိုတောင် အော်ဟစ်နိုင်ပြီး သူတို့ကို ကြောက်စရာခံစားချက်ရအောင် လုပ်ပေးနိုင်သည့် တစ်ဦးတည်းသောသူပင်။
သူ့ရည်မှန်းချက်က အရာရှိဖြစ်ဖို့မဟုတ်ပေ။ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ ပညာသင်ကြားပေးတဲ့ဆရာဖြစ်ဖို့ပဲ ဆန္ဒရှိတယ်လို့တောင် ဝင့်ကြွားခဲ့
သေးသည်။ ဒီတော့ ဒီလူက နောက်နှစ်များစွာကြာလျှင် တော်ဝင်ကျောင်းတော်ရဲ့ နောက်ထပ်ကျောင်းအုပ်ကြီး ဖြစ်လာလောက်သည်။…
"အကြီးဆုံးညီမ၊ ညီမလေးလုပ်ခဲ့တာကောင်းတယ်။ ဒီပစ္စည်းက ငွေစအမြောက်အမြား တန်မယ်ဆိုတာ သေချာတယ်။ ငွေစ ၁၀၀၀၀ လို့ ယူဆလိုက်ရအောင်။ ဒီကောင်လေးက ညီမလေးကို ပေးလိမ့်မယ်။ သူ လတိုင်း အနည်းဆုံးငွေစ ၅၀ ပေးလိမ့်မယ်။ သူ့ကို ငွေပေးချေဖို့ နောက်ဆုံးသတ်မှတ်ရက်ကိုသာ သတ်မှတ်ပေးလိုက်။ သူ မပေးရင် သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်"
ရှဲ့ဖင်းကန်းပြင်းပြင်းထန်ထန်ထပ်ပြောလေသည်။
ရှဲ့ချောင်က စိတ်တွင်းမှ တွက်ချက်ကြည့်လိုက်သည်။
တစ်လကို ငွေ ၅၀ ကျပ်ဆို ရှဲ့ဖင်းဟွိုက်က ၁၆ နှစ်ကြာ သူမကို ပြန်ဆပ်ရမယ်လို့ ဆိုလိုတာ
ပဲ။ အဲဒီအချိန် သူ့မှာ မကျေနပ်ချက်တွေ
ဘယ်လောက်တောင် ရှိနေလိမ့်မလဲ?!
"ကောင်းပြီ"
ရှဲ့ချောင်က ပျော်ပျော်ကြီး ပြန်ပြောလိုက်သည်။
"အကိုကြီး၊ ငွေချေးကြောင်းဝန်ခံလက်မှတ်လေး ရေးပေးနိုင်မလား? တကယ်လို့ မေ့သွားခဲ့သည်ရှိသော်ပေါ့နော်။ “
ရှဲ့ဖင်းဟွိုက်က ရှဲ့ချောင်ကို ထိတ်လန့်စွာ ကြည့်မိလိုက်သည်။
သူမက သူ့ရဲ့ သိမ်မွေ့ပြီးအားနည်းတဲ့အစ်မ မဟုတ်တော့ဘူးလားဟင်။
မျှော်လင့်ထားသလိုပဲ ဒါက အလိမ်အညာတွေ!
ရှဲ့ဖင်းဟွိုက်က သူ့ဘာသာ တွေးနေတုန်း ရှဲ့ရှီက သူ့ဆီ ပြေးလာသည်။ သူ့ကို မှင်နဲ့စက္ကူပေးလာလေသည်။
ဒါက ရှဲ့ဖင်းဟွိုက် သူ့ရင်ဝ မြှားနဲ့စိုက်ခံလိုက်ရသလို ခံစားရလေသည်။ စာရေးပြီးသွားတော့ သူ့အတွက် တောက်တိုမည်ရလုပ်ပေးခဲ့လို့ ရှဲ့ရှီကို ကြေးနီပြားနှစ်ပြားပေးခဲ့ရသည်။…
အကြောင်းရင်းက သူ့ညီမကို သူ့အတွက် အလုပ်တွေ လုပ်ခိုင်းဖို့ လှည့်စားတဲ့အခါ သူချမှတ်ခဲ့တဲ့စည်းမျဉ်းဖြစ်လို့ပင်။…
ဒီလိုဖြစ်လိမ့်မယ်ဆိုတာ သူသိခဲ့ရင် ပိုကောင်းခဲ့မှာပေါ့။…
ရှဲ့ချောင်က ဝန်ခံချက်ကို ပျော်ပျော်ကြီး လက်ခံခဲ့တယ်။
ဒါက အရစ်ကျဖြစ်ပေမဲ့လို့ အမြတ်ရသည်လို့ ယူဆ၍ရသည်။ အပြင်ကတစ်ယောက်ယောက်ဆီကအမြတ်အစွန်းရတာထက်စာရင် မိသားစုအတွင်းကနေရတယ်ဆိုတာက အားလုံးအတွက်ကောင်းသည်။
ဒါက သူမအတွက် ကြီးမားတဲ့အကျိုးအမြတ်တစ်ခုပဲ။
ရှဲ့ချောင်က ကျေနပ်စွာနဲ့ အနားယူဖို့ သူ့အိမ်ဝင်းထဲကိုပြန်သွားခဲ့သည်။
ရှဲ့ဖင်းကန်းက ဘာမှမပြောခဲ့ဘူး။ သူက ပြီးခဲ့တဲ့ရက်အနည်းငယ်ကအမှုတွေကို စုံစမ်းစစ်ဆေးနေခဲ့တာနဲ့ အလွန်ပင်ပန်းနေပြီဖြစ်သည်။
အစ်ကိုကြီးနဲ့အစ်မကြီးတို့ ထွက်သွားပြီးသည်နှင့် ရှဲ့ဖင်းဟွိုက် သခင်မလု၏ ခြံဝင်းထဲကို နှစ်သိမ့်ဖို့ပြေးဝင်လာပြီး သူ့ကိုကြည့်ရသည်မှာအလွန်အမင်းကြောက်ရွံ့ထိတ်လန့်နေ၏။
သူက အရာရာတိုင်းကို ရင်ဖွင့်လေသည်။
"အဲဒီဆရာရှောင်း ကအရမ်းတော်တယ်။ သူ့ဆီက သင်ယူနိုင်ရင် သိပ်ကောင်းမှာပဲ။ ဒါပေမဲ့ မင်းရဲ့အစ်မကြီးက မင်းဆီကပိုက်ဆံတောင်းတာတော့
မှားတယ်။ မင်းအဖေအိမ်ပြန်ရောက်ရင် ငါပြောလိုက်မယ်။"
"ကျွန်တော် ဝန်ခံလက်မှတ်ရေးပြီးပြီ။ လူကြီးလူကောင်းတစ်ယောက်က သူ့စကားလုံးတွေကို ထိန်းထားရမယ်လေ။ အဖေ့ကိုတိုင်လိုက်ရင် အကိုကြီးကကျွန်တော့်ကိုမသတ်လောက်ဘူးလား။ အဲ့လိုမလုပ်ပါနဲ့။"
ရှဲ့ဖင်းဟွိုက် ခေါင်းကိုတွင်တွင်ခါလေသည်။
သူ့ကို သူ့အမေက နှစ်သိမ့်ပေးစေချင်ရုံပဲ။
"အမေ၊ အကိုကြီးက ဒီနေ့ ကျွန်တော့်ခေါင်းကို ထပ်ရိုက်တယ်။ ဒီလိုသာဆက်ဖြစ်နေရင် သူရိုက်နှက်လို့ ကျွန်တော်နုံချာချာတစ်ယောက်
ဖြစ်တော့မယ်ထင်တယ်။"
မျှော်လင့်ထားသလိုပဲ သခင်မလုက အားကိုးရာမဲ့စွာ ပြုံးပြီး သူ့ခေါင်းကိုပွတ်ပေးလာသည်။
သူမက သူ့ကို ငါးနှစ်ကြာပျိုးထောင်ပေးခဲ့သည်။ ဒီကလေးရဲ့အပြုအမူကို သူမကောင်းကောင်းသိသည်လေ။
သူမက သူ့မိခင်မဟုတ်တာတော့ ကံမကောင်းတာပင်။
ချစ်ခင်နေကြတဲ့ အမေနဲ့သားကို တွေ့တော့ ဖေဝမ်ယွဲ့ စိတ်ဆိုးသွား၏။
"မောင်လေးက မသွားချင်ဘူးလား? ဒါဆိုမောင်လေးအစား အစ်မပဲသွားပေးမယ်လေ"
ဖေဝမ်ယွဲ့ ကတိုက်ရိုက်ပြောချလိုက်သည်။
ရှဲ့ဖင်းဟွိုက် အံ့အားသင့်သွားခဲ့သည်။ သူမကိုကြည့်ရန် သူ၏ခေါင်းအားမော့ကာ မျက်လုံးများ တဖျက်ဖျပ်လှုပ်ရှားသွား၏။
"မသွားချင်ဘူးလို့မပြောခဲ့ဘူးလား? တော်ဝင်
ကျောင်းတော်ကို သွားချင်ပေမဲ့ အစ်မကအရာရှိရဲ့သမီးမဟုတ်ဘူး၊ငွေလည်း သိပ်မရှိဘူး။ ဒီကျောက်စိမ်းသာမရှိခဲ့ရင် အစ်မရဲ့ဘဝက မျှော်လင့်ချက်မဲ့သွားလိမ့်မယ်။ မနေ့ကပဲ အစ်မက မင်းရဲ့အစ်မအရင်းပါလို့ မပြောခဲ့ဘူးလား? အစ်မကို ကူညီချင်လား?"ဖေဝမ်ယွဲ့ က ရုတ်တရင်ထပြောလိုက်သည်။
သခင်မလု အနည်းငယ်လန့်သွားခဲ့ကာ
"ဒါကအကြံကောင်းလို့ မထင်ဘူး။ ဒါကို ရှဲ့ချောင် ပိုင်ပြီး ဖင်းကန်း ကလည်း ဖင်းဟွိုက် အတွက်လို့ပြောတယ်။”
အဲ့ဒီနတ်ဆိုးသာသိသွားရင် ကြီးမားတဲ့အရှုပ်တော်ပုံကြီး မဖြစ်သွားနိုင်ဘူးလား?
သူမ ရှဲ့ဖင်းကန်းကို အပြစ်မပြုရဲပေ။
အဲဒီကလေးက ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ? ဝက်ဝံတစ်ကောင်လိုပဲကြီးမားနေတာ။
"အမေ၊ သမီးတကယ်ကို သွားချင်တာပါ။ အမေက သမီးကို တစ်ယောက်ယောက်ရဲ့အရိပ်ထဲမှာ ထာဝရနေနေရတာကို မြင်ချင်တာလား? အမေပဲ သမီးကို နန်းမြို့တော်ကိုကောင်းမွန်တဲ့ ဘဝတစ်ခုရဖို့အတွက် ခေါ်လာတယ်လို့ပြောတယ်။ အခုကျတော့ရော? ဒီအိမ်က သမီးအိမ်မဟုတ်ဘူး၊ သမီးမှာ ကျောက်စိမ်းလည်း မရှိဘူး။ လုပ်ငန်းအကြောင်း ပြောတဲ့အခါ သမီးကို အမြဲချန်ထားကြတယ်။” ဖေဝမ်ယွဲ့ မတရားဘူးဟု ခံစားရ၍ ငိုနေခဲ့သည်။
•••••