ငါ့ကျောက်စိမ်း ဘယ်ရောက်သွားတာလဲ
Vol. 7 Ch. 111
ထိုစကားကိုကြားသောအခါ ထိန်းချိန်မရလိုက်ပဲ ရှဲ့ချောင် ပြုံးလိုက်မိသည်။
ရှဲ့ဖင်းဟွိုက် သူမအား မုန်းတီးမှာ သေချာပါသည်။သူသည် ချမ်းသာပြီး မဆင်မခြင် လုပ်တတ်သော သခင်လေးဖြစ်သည်။
"အိမ်မှာ တိတ်လွန်းအားကြီးလို့လေ ဒါက ပိုအသက်ဝင်လားမလားလို့ပေါ့"ရှဲ့ချောင် မျက်စပစ်ပြလိုက်သည်။ “သူဘယ်လောက်ချမ်းသာလဲ ကြည့်လိုက်လေ။ တစ်လကို ငွေစငါးဆယ်တောင်ဖြတ်ခနဲပေးလိုက်နိုင်တာပဲ။ ကြည့်ရတာ အမေကသူ့ကို လတိုင်းပိုက်ဆံအလုံလောက်ပေးထားလို့နေမယ်။အစ်ကိုကြီးရဲ့ အပြုမူကိုကြည့်လိုက်ရုံနဲ့ အဲ့ကောင်လေးက ဘယ်လောက်ထိန်းချုပ်ခံနေရမလဲ သိသာနေတာပဲလေ။အခုတောင် အသက်၁၂နှစ်ရှိနေပြီဆိုပေမယ့် အချိန်ရပါသေးတယ်။ နောက်မှဆို အရမ်းနောက်ကျသွားလိမ့်မယ်။"
"သခင်မလေးက သခင်လေးတွေအပေါ်အရမ်းကြင်နာတာပဲ "ရှဲ့ချောင် အစား ချွင်းအာက ကျေးဇူးအတင်မခံရသည်ကို ခံစားနေရသည်။
ခြံဝင်းမှာ အလွန်သီးခြားဆန်နေပြီး အကြီးဆုံးသခင်လေးမှလွဲ၍ ကျန်ရှဲ့မိသားစုဝင်များမှာ လာလည်ခဲသည်။
အကြီးဆုံးသခင်လေးမှာလည်း ရေတွင်းတူးရန်သာ လာခဲ့ခြင်းဖြစ်သည်။
သူများ ပြောနေသည်များကို ရှဲ့ချောင် ဂရုမစိုက်။
သူမပေးလိုက်သော ကျောက်စိမ်းဖြူမှာ သူမတွက်တော့ သာမန်ပင်ဖြစ်သည်။အရမ်းကြီးကျယ်သော အရာလို့လည်း မခံစားရ၊ အနေချောင်အောင် ပေးလိုက်ခြင်းသာဖြစ်သည်။
သူမတို့၏ဖခင်မှ သခင်မလုအားလက်မထပ်ခင်က သူမ၏မွေးချင်းများကို လှစ်လျူရှုထားခဲ့သည်။ ထုံးစံတိုင်းပြောရလျှင် အစ်မကြီးအမိရာ ဖြစ်နေသည်။သို့အတွက် သူမကမိခင်တာဝန်ကို အလိုလျောက်ထမ်းဆောင်ရမည် မဟုတ်လော။ သူမ၌ အားမရှိ၍သာ ဘာကိုမျှ မတောင်းဆိုခြင်းဖြစ်သည်။
ရွှေယွဲ့တာအိုဘုရာကျောင်း၌ နေထိုင်ခဲ့ရပြီး ပညာသင်ယူနေသည်ဖြစ်သော်လည်း အမှန်
တကယ်ကိုပင် စိတ်ထဲတေးမှတ်မထားတတ်သူဖြစ်သည်။
အထူးသဖြင့် မောင်နှစ်မများကို ပထမဆုံးမြင်လိုက်ကတည်းကပင် သွေးကစကားပြောခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ ရှဲ့ချောင်မှအေးစက်စွာပြောသည်။"မနက်ဖြန်ကျရင် ဖင်းဟွိုက်သေချာပေါက်ဆရာရမှာ မဟုတ်ဘူး။"
ထိုစကားကိုကြားလိုက်ရသော ချွင်းအာ အံအားသင့်သွားသည်။
သူ့အပေါ်၌ ရှဲ့ချောင်မှာ ရုပ်လက္ခဏာ မဖတ်ထားသော်လည်း ကြည့်လိုက်ရုံနှင့် တစ်ခုခုခံစားမိသည်။ရှဲ့ဖင်းဟွိုက်၏ ကံတရားမှာ အများကြီး မပြောင်းလဲချေ အနည်းငယ်ပင်မှိန်သွားသေးသည်။ ထို့ကြောင့် သေချာပေါက် ဆရာ မရဟုပြောနိုင်ခြင်းပင်။
"ဒါဆိုသူ့ကို ဘာလို့အဲ့ဒါပေးလိုက်တာလဲ သခင်မ
လေး။"ချွင်းအာ ခေါင်းရှုပ်သွားသည်။
"အရိုက်ခံရမလားဆိုတာ ကြည်ချင်လို့ဆိုရင်ရော" မဲ့ပြုံးပြုံးကာ ရှဲ့ချောင်ရယ်မောလိုက်သည်။
ထိုစကားကိုကြားသောအခါ ချွင်းအာအံ့ဩသွားပြန်သည်။
နောက်တစ်နေ့မနက်တွင် နေရောင်မှာ တောက်ပနေသည်။
ကျောင်းတော်သို့ ရှဲ့ချောင်အလျင်စလို မသွားခဲ့ပေ။ ထိုအစား ပင်မခြံဝန်းထဲတွင် မနက်စာစားနေလိုက်သည်။
“ဆရာကိုတွေ့ရင် ရိုသေဖို့မမေ့နဲ့နော် ဆရာနဲ့ အတူရှိတဲ့အခါတိုင်း တပည့်အဖြစ်လက်မခံမခြင်း တတ်နိုင်သမျှ ရို့ကျိုုးနော်ကြားလား ” ထမင်းစားပွဲရှိ ရှဲ့ဖင်းကန်းမှာ ကြောက်စရာကောင်းနေသည်။
“ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်နားလည်တယ်" ရှဲ့ဖ
င်းဟွိုက်မှာ စိတ်မရှည်တော့ပေ။
"အော် ဟုတ်သား ဒုတိယတစ်ယောက်ရော ဘယ်မှာလဲ"သခင်မလုရှိနေသဖြင့် ဖေဝမ်ယွဲ့အကြောင်း ကောင်းမွန်စွာ ရှဲ့နျိုရှန်းမေးလိုက်သည်။
သခင်မလုပြုံးလိုက်သည်။ "အိမ်စာတွေ နားမလည်လို့တဲ့ ဆရာနဲ့ စကားပြောလို့ရအောင်ဆိုပြီး မနက်စောစောထဲက ကျောင်းတော်ကိုသွားပြီ"
ရှဲ့နျိုရှန်း ခေါင်းညိတ်လိုက်သည်။
"မောင်လေးကို အစ်မဆရာကြီးရှောင်းဆီ လိုက်ပို့ပေးမယ်နော်" ရှဲ့ဖင်းဟွိုက်အား ကြင်နာမှုအပြည့်ရှိသော မျက်နှာဖြင့် ရှဲ့ချောင်ကြည့်လိုက်သည်။
"နှိမ့်ချတတ်ပြီးလေးစားမှုနဲ့ ပတ်သက်လာရင် အစ်မကအရည်ချင်းအရှိဆုံးပဲမဟုတ်ဘူးလား လမ်းတစ်လျှောက် အစ်မဆီက သင်ပေါ့"
ရှဲ့ဖင်းဟွိုက် စိတ်တိုသွားသည်။ "မလိုအပ်ဘူး ထင်တာပဲ"
သူစဉ်းစားထားပြီးသားဖြစ်သည်။ ယနေ့ ဆရာ့ကို သွားတွေ့လျှင် စာသင်၍မရပုံသို့မဟုတ် အနည်းငယ် ထုံသည့်ပုံမျိုး လုပ်ပြမည်။ ဆရာက ရှေးဟောင်းအယူအဆကို နှစ်သက်သည့်သူဖြစ်သည်။ ရှဲ့ဖင်းဟွိုက် အနည်းငယ်မျှ ထိုသို့ပြုမူလိုက်သည်နှင့် နှင်ထုတ်မည်မှာ သေချာသည်။
သို့သော် သူ၏အစ်မအကြီးဆုံးက လိုက်ပို့ရသည်ထိ သူဘာများလုပ်ခဲ့မိလဲ မသိပေ။
ရှဲ့ချောင်မှာ သူ့အားကြည့်တောင်မကြည့်ပေ။ စားနေရင်းနှင့်ပင် အေးဆေးမေးလိုက်သည်။” ဘာလို့လဲ မောင်လေး အစ်မကို ဖုံးကွယ်ထားတာများရှိလို့လား”
ရှဲ့ဖင်းဟွိုက် တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလို ခေါင်းခါလိုက်သည်။ “မဟုတ်ပါဘူး”
“ကောင်းတာပေါ့ အစ်မလိုက်ပို့ပေးမယ် မောင်နှမတွေပဲကို စကားလေး နည်းနည်းပြောသင့်တာပေါ့
မဟုတ်ဘူးလား” ရှဲ့ချောင် က ဆက်ပြောသည်။
ရှဲ့ဖင်းဟွိုက်၏ မျက်ခွံများ လှုပ်သွားသည်။
ရှဲ့ဖင်းကန်းမှာမူစိတ်ပူသွားသည်။ ဤကောင်လေးမှာ ထူးထူးခြားခြား တိတ်ဆိတ်နေသဖြင့် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သူသိလိုက်သည်။ ခဏစဉ်းစားလိုက်ပြီးပြောလိုက်သည်။ “ကျောက်စိမ်း ဘယ်မှာလဲ ပြစမ်း”
“အိုး…”ရှဲ့ဖင်းဟွိုက် ကူကယ်ရာမဲ့သွားသလို ကြောက်လန့်နေသည်။ လက်ကို အဝတ်ထဲသို့ ထည့်ကာ စမ်းနေသည်။
စမ်းလိုက်သည်နှင့် တုန်လှုပ်သွားသည်။
သူအလွန်ထိတ်လန်နေပြီ ဖြစ်သည်။
"ငါ့ကျောက်....ကျောက်စိမ်း..ဘယ်ရောက်သွားတာလဲ။......
ငါ့ကျောက်စိမ်းဘယ်ရောက်သွားတာလဲလို့”
•••••