← Chapters

အရမ်းဒေါသထွက်တယ်

Vol. 7 Ch. 113

အရမ်းဒေါသထွက်တယ်

Vol. 7 Ch. 113

ရှဲ့ချောင်က သူ့အတွက် မတောင်းပန်ပေးဘူးလား?

ဘာကြောင့် သူ့အစ်မအကြီးဆုံးက အဲ့လိုဖြစ်နေရတာလဲ?

ရှဲ့ဖင်းဟွိုက် မငိုရသေးခင် အပြင်သို့ ဆွဲထုတ်သွားခြင်းခံလိုက်ရသည်။

ရှဲ့ဖင်းကန်း အမှန်တကယ်ပင် ဒေါသထွက်နေခြင်းဖြစ်သည် ။ရှဲ့အိမ်တော်၏ခြံဝင်းအရှေ့တွင် လေ့ကျင့်ရေးကွင်းငယ်တစ်ခုရှိသည်။ သားအဖနှစ်ဦးသား ထိုနေရာတွင် စစ်ရေးကျင့်နေကြ

ဖြစ်သည်။ ၎င်း၌ ရှဲ့ဖင်းကန်းမှ ရှဲ့ဖင်းဟွိုက်အားချိတ်ဆွဲထားတတ်သော ထုထည်တောင့်တင်းသည့်သစ်ပင်ကြီးတစ်ပင်ရှိသည်။

“အခုလောလောဆယ် ကျောင်းတော်ကို သွားစရာမလိုတော့ဘူး။ မင်းအတွက် ခွင့်ယူပေးဖို့ အစေခံလွှတ်ပေးလိုက်မယ်။ မကြာပါဘူး၊ အလွန်ဆုံးတစ်လပေါ့ကွာ”ရှဲ့ဖင်းကန်း၏အသံမှာ ငရဲခန်းတွင် စစ်ဆေးရေးရောက်နေသည်နှင့်ပင်တူနေသည်။

ရှဲ့ဖင်းဟွိုက်ငိုရင်းပြောလိုက်သည်။ "ဖျောက်လိုက်တာ ကျွန်တော်မဟုတ်ဘူးလေ"

'အဲ့ကျောက်စိမ်းက ဘယ်ရောက်သွားတာလဲ!'

“အခုကစပြီး မင်းဒီမှာ တစ်ရက်ကို ရှစ်နာရီလောက် ချိတ်ထားခံရမယ်။အရင်တုန်းက

အပြစ်ပေးခံရတုန်းကအတိုင်း ထမင်းခွဲစားရမယ်။မင်းကိုထမင်းကျွေးတဲ့သူ၊ အနားယူခိုင်းတဲ့သူအကုန်သတ်ပစ်ခံရမယ်”ခြံဝင်းထဲက လူတိုင်းကို လှမ်းကြည့်ရင်း ရှဲ့ဖင်းကန်းက ပြောလိုက်သည်။

ဘာလို့လဲ?ကျောက်စိမ်းက ဘယ်ရောက်သွားတာလဲ?သူ့ကို ဘာကြောင့် ဒီလိုလုပ်ရက်ရတာလဲ?

ရှဲ့ဖင်းကန်းက သူ့ကိုဘဝ့နှင့်ချီပြီးနောင်တရအောင် လုပ်လိမ့်မည်။

တစ်ချိန်တည်းမှာပင် သခင်မလုလည်း ကြောက်နေသည်။သူမဘာတွေတွေးနေလဲ မည်သူမှမသိပေ။ သူမ၏ မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏ ခန္ဓာကိုယ် တုန်ခါနေသည်မှာ နှစ်ခါတိုင်တိုင်ပင်ရှိခဲ့ပြီး ဒယီးဒယိုင်ဖြစ်နေလေပြီ။

အမှန်တရားက သူမတွေးထားတဲ့အတိုင်းမဟုတ်ပါစေနဲ့လို့ တွေးနေသည်။

ရှဲ့ဖင်းဟွိုက်မှာလည်း သစ်ပင်ပေါ်၌တွဲလောင်းကျနေသည်။

ရှဲ့ဖင်းကန်းနှင့် ရှဲ့နျိုရှန်း အိမ်မှ ထွက်သွားပြီးနောက် ကျန်သူများကရှဲ့ဖင်းကန်း၏အမိန့်ကို မလွန်ဆန်ဝံ့ကြပေ။

ရှဲ့ချောင် နှင့် ရှဲ့ရှီကသစ်ပင်အောက်တွင် ရပ်နေသည်။ သူတို့က ခေါင်းမော့ကာ လေထဲတွင် ယိုင်ထိုးနေသည့် ရှဲ့ဖင်းဟွိုက်အား အတူတူကြည့်နေကြသည်။လူအများက ရှဲချောင်၏အတွေးများကို မသိသကဲ့သို့ ရှဲ့ရှီမှာတော့ စိတ်တိုနေပုံရသည်။ “အစ်ကို၊ငွေစတွေ အများကြီး ဆုံးရှုံးသွားပြီ”

"ငါ့ဖျောက်ပစ်တာမဟုတ်ဘူး"ဒေါသထွက်လွန်းသဖြင့် သွားများကိုပင်ရှဲ့ဖင်းဟွိုက်ကြိတ်နေမိသည်။ တံတွေးတောင် ထွေးလိုက်သေးသည်။ “လောဘကြီးတာ ဘယ်ခွေးလဲဆိုတာ ငါကိုယ်တိုင်ရှာပြီး ရအောင်သတ်ပစ်ဦးမယ်"

ထိုစကားကိုကြားသောအခါရှဲ့ချောင် ရယ်မောလိုက်သည်။

“အစ်မကြီး၊ ကျွန်တော်တကယ် ကျောက်စိမ်းကိုဖျောက်ပစ်လိုက်တာမဟုတ်ဘူး။ ငွေးချေးလက်မှတ်စာရွက် ပြန်ပေးပါလား" ရှဲ့ဖင်းဟွိုက်

စောဒကတက်ပြန်ပြီ။

အခုပဲ တွဲလောင်းချိတ်ခံထားရတာမဟုတ်ဘူးလား?

ဒါက ဘယ်လိုအပြုအမူလဲ?

ဒီကနေ့ည ရှဲ့ဖင်းကန်း ပြန်လာလျှင် သူသေချာပေါက် ကြိမ်ဒဏ်ပေးခံရလိမ့်မည်။သူက ချေးငွေလက်မှတ်စာရွက်ရလျှင် အဆင်ပြေမည့်သူမျိုးမဟုတ်ပေ။

“မလုပ်နိုင်ဘူး ချစ်မောင်လေးရဲ့” ရှဲ့ချောင်ညင်သာစွာပြောလိုက်သည်။

ရှဲ့ဖင်းဟွိုက်က သူ့အစ်မကြီး၏ အေးစက်ပြီး တုန်လှုပ်နေသည့် အပြုံးကို ရုတ်တရက်ခံစားမိလိုက်သည်။” အစ်မကြီးပြန်ယူလိုက်တာလား"

"ဘာလို့အဲ့လိုတွေးရတာလဲ?"ရှဲ့ချောင် က သူ့ကို နူးညံ့စွာ စိုက်ကြည့်နေပြီးပြောသည်။ “ဘာမှလည်းမဟုတ်တာကို ဘာလို့ပြန်ယူရမှာလဲ"

ရှဲ့ဖင်းဟွိုက် သက်ပြင်းချလိုက်သည်။ဖြစ်နိုင်သည်။ သူ့အစ်မအကြီးဆုံးက သူ့ကို ဒုက္ခပေးမည့်သူမဟုတ်ပေ။

ဒုတိယအစ်မများ ဖြစ်နိုင်မလား။

ရှဲ့ဖင်းဟွိုက်မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ရာမပြောဝံ့ပေ။ သူ့ခြံထဲမှာ မည်သူမှမရှိပေ။ တစ်စုံတစ်ယောက်က သူ့ထံမှ တစ်စုံတစ်ခုကို ခိုးယူရန် လွယ်ကူလှသည်။

သို့သော် သူ၏ ဒုတိယအစ်မမှာ မတူတဲ့ ပုံစံတစ်ခုရှိသည်မဟုတ်လား။ သူမဖြစ်နေခဲ့ရင်တောင် ထုတ်ပြောလို့မရနိုင်ဘူးလေ။သူက အသက်၁၂ ရောက်နေပြီဖြစ်၍ အတန်သင့်နားလည်နေပြီဖြစ်သည်။ သန်းခေါင်တွင် သူ့အစ်မကကျောက်စိမ်းခိုးတဲ့ သတင်းသာ ပြန့်သွားရင် သူ

တို့ အရှက်ရလိမ့်မည်ဖြစ်ကြောင်း ကောင်းကောင်းနားလည်ထားသည်။

ရှဲ့ဖင်းဟွိုက် ဗျာများနေပုံရသည် ။အရမ်းစိတ်ဆိုးပြီး ဒေါသထွက်နေသည်။

ဘာပဲပြောပြော ညနေအိမ်ပြန်ရောက်တာနဲ့ သူမဟုတ်မဟုတ် သိရမှာပဲမဟုတ်လား?

တကယ်တော့ ကျောက်စိမ်းသည် တပည့်ဖြစ်လာရန် အသုံးချဖို့တွက် လိုအပ်သော အရာတစ်ခုသာဖြစ်သည်မဟုတ်လား။ သိမ်းထား၍လည်း အသုံးဝင်တာမျိုးမဟုတ်ပေ။

ထိုသို့သောအပြုအမူမျိုးကို ရှဲ့ဖင်းဟွိုက်က ပြုနေသောအခါ ရှဲ့ချောင်က ဖေဝမ်ယွဲ့အားအမှတ်ရသွားသည်။ သို့သော် သူမကထိုအချက်ကို

သက်သေပြရန်လိုသည်။သက်သေမခိုင်လုံသေးခင်တော့ တစ်ပါးသူအား သံသယစိတ်ဖြင့်ကြည့်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ အမှုကအတော်အတန်ကြီးသည် မဟုတ်လား။

ရှဲ့ချောင် တက္ကသိုလ်သို့သွားချိန် လူအများကရည်ရွယ်ချက်ရှိရှိ ဝိုင်းမေးကြသည်။ကျောက်စိမ်းဖြူဖြင့် ကျောင်းဝင်ခွင့်ရခဲ့သည်တစ်ယောက်မှအကြောင်း မကြားခဲ့ပေ။

အဖြူရောင်ကျောက်စိမ်းထံ၌ အထူးအဓိပ္ပါယ်တစ်ခုရှိသည်။ တစ်စုံတစ်ယောက်က အမှန်တကယ်ပေးလိုက်သည်နှင့် တစ်ကျောင်းလုံးက သိမည့်ဖြစ်ရပ်မျိုးပင်။

ယခုဖြစ်ပျက်နေသည့်အတိုင်းပင် သစ်ခွခြံဝင်းရှိ လူအများက ရှဲ့ချောင်ထံတွင် ကျောက်စိမ်းကျန်နေသေးသည်ဟုထင်ကြသည်။ရှဲ့ချောင်၏ ဆရာ ဖြစ်လာမည့်သူကိုအလွန်စိတ်ဝင်စားနေကြသည်။

••••••

All Chapters