← Chapters

အားနည်သူ၏ထိုးနှက်မှု

Vol. 7 Ch. 114

အားနည်သူ၏ထိုးနှက်မှု

Vol. 7 Ch. 114

ရှဲ့ချောင်ကို လူအချို့ကဝိုင်းရံထားသည်။

"ကျောက်စိမ်းပျောက်သွားတာလား ဘယ်လိုပျောက်သွားတာလဲ" တစ်စုံတစ်ယောက်မေးသောအခါ ရှဲ့ချောင် ဖုံးကွယ်မထားပေ။ သို့သော်လည်း ခိုးယူခံရသည်ဟု သူမ မပြောခဲ့။

ရှဲ့ဖင်းဟွိုက်၏ခြံထဲမှာ ကျောက်စိမ်းအခိုးခံရသည့်သတင်းပျံ့သွားလျှင် အရှက်ရစရာဖြစ်လိမ့်မည်။

ပြင်ပလူများက လှောင်ပြောင်ရုံသာလုပ်ပြီး

ကျောက်စိမ်းရှာဖို့ တတ်နိုင်သလောက်ကူညီကြမှာမဟုတ်ပေ။

“ငါ့မောင်က ပေါ့ဆလို့လေ သူအထားမှားပြီး ပျောက်သွားတယ်ပြောတာပဲ”ရှဲ့ချောင် က တည်ငြိမ်စွာပြောသည်။

“ပေါ့ဆလိုက်တာ..အဲ့ကျောက်စိမ်းနဲ့ဆို ကျောင်းအုပ်ကြီးကိုတောင် ဆရာအဖြစ် ခံယူဖို့တောင်းဆိုလို့ရနေပြီ…” ပြင်ပလူများက ဘယ်လိုမှမတတ်နိုင်ပဲ ကိုယ်စား ရင်နာနေကြသည်။ ရှဲ့ချောင်ကို စာနာစိတ်ဖြင့် ကြည့်နေကြသည်။

ရှဲ့ချောင်သည် ထိုအရာကိုရယူရန် ပြင်းစွာအားထုတ်ခဲ့သည်။ ထို့အတွက်ပင် မူးမေ့လဲသွားခဲ့သေးသည်။ယခုလိုပျောက်သွားချိန်၌ သူမဘယ်လောက်တောင် ပူဆွေးနေမလဲ။

သို့ရာတွင် ရှဲ့ချောင်မှာအားနည်းသောသူမှန်း သိသွားသောအခါ ရန်လိုမုန်းတီးမှုများ သိသိသာသာ လျော့ကျသွားခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က မနှစ်သိမ့်နိုင်ဘဲ "ပျောက်သွားပြီပဲ မေ့လိုက်ပေါ့။အဲ့ဒါကျောက်စိမ်းတုံးလေးတစ်ခုသာသာလေးပဲကို။နင့်မောင်လေးက အစတည်းက ဉာဏ်မှ မကောင်းတာ တကယ်လိုအဲ့ကျောက်စိမ်းကြောင့် ဆရာရသွားရင်တောင် ဘာမှသေချာကြီးပြောင်းလဲမှာမဟုတ်ဘူး ဝမ်းနည်းမနေနဲ့။”

ရှဲ့ချောင်၏ မျက်လုံးများ ရွေ့လျားသွားသည်။

သူမအရှက်ရသလိုခံစားလိုက်ရသည်။

"ဟုတ်တယ် ဒုတိယသခင်လေးရှဲ့သာ ဆရာရသွားရင် နောက်များကျ ဒီထက်ပိုဆိုးလာလိမ့်မယ်။ ဒီလိုမျိုးဆိုရင်တော့ မဆိုးပါဘူး သူဘယ်သွားသွားကျောက်စိမ်းကို မကြွားနေတော့ဘူးပေါ့” ဟု အခြားသူတစ်ဦးမှ ပြောလိုက်သည်။

“အဲ့ဒါဖြစ်နိုင်ချေများတယ် တွေးကြည့်နော်။ ကျောင်းမှာ ဒီလောက်အရည်ချင်းရှိတဲ့သူတွေများတာ။ သူတို့တောင် ဆရာလိုချင်တိုင်း မရဘူး။တကယ်လို့ အဲ့ဘာမှသုံးစားမရတဲ့ ရှဲ့ဖင်းဟွိုက်သာ ရသွားလို့ကတော့ လူတွေဘယ်လောက်စိတ်ပျက်လိမ့်မလဲ…”

ရှဲ့ချောင် မဲ့သွားသည်။

ဒီလူတွေက သူတို့၏စကားများက မသင့်တော်ကြောင်း နားလည်ပုံမရ။ ရှဲ့ဖင်းဟွိုက်၏ ဂုဏ်

သတင်း မည်မျှဆိုးရွားကြောင်းသာ အပြိုင်ပြောနေကြလေသည်။

"ငါလည်း ဝမ်းနည်းနေတယ်လို့မပြောမိပါဘူး"ရှဲ့ချောင် က တည်ငြိမ်စွာပြောသည်။ သူမ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ရှိနေသည်။

လူနည်းစုက အံ့အားသင့်သွားကြသည်။

'ဝမ်းနည်းနေမှာပဲနော် ဒါမှမဟုတ် တွေးဖို့တောင်မလိုတာလား'

“နင်တို့ ကျောက်စိမ်းအကြောင်း မေးလို့ရှင်းပြလိုက်ရုံပဲလေ။အရမ်းကြီး အရေးပါတာမျိုးတော့ ငါ မပြောမိဘူးနော်။ငါ့မိသားစုက အဲ့လောက်ဆင်းရဲနေတာလည်းမဟုတ်ဘူး။ အရမ်းရှားတဲ့

ရတနာလည်းမဟုတ်ဘူးလေ။ နင်တို့က ငါ့ကို ငိုစေချင်တာလား။ စိတ်ပူပေးတာကိုတော့လက်ခံပါတယ်၊ ဒါပေမယ့် နင်တို့ ပြောတဲ့စကားတွေကိုတော့ ငါ သိပ်မကြိုက်ဘူး။ရှဲ့ဖင်းဟွိုက်က ငါ့ရဲ့မောင်လေး။သူကဆိုးတယ်လို့ ငါက ပြောလို့ရတိုင်း လူတကာပြောလို့ရနေတာမဟုတ်ဘူးလေ”ရှဲ့ချောင် ကထပ်ပြောလိုက်သည် “နည်းနည်းဖယ်ပေးကြပါလား နေရောင်ကို ကာနေပြီ"

သူမက လူတိုင်းကိုဆွံ့အသွားစေခဲ့သည်။

စကားစမြည်ပြောကြရင်တောင် ရှဲ့ချောင်နှင့် ရှဲ့ဖင်းဟွိုက်တို့၏ ဆက်ဆံရေးကို မောင်နှမများအဖြစ် တစ်ခါမျှ မယူဆခဲ့ကြပေ။

ထိုကလေးက အလွန်ပေါ့ဆသည်ဟုထင်ကြသဖြင့် အားလုံးက ပြောကြခြင်းပင်။

ရှဲ့ချောင်စိတ်ဆိုးသွားမည်ဟု မထင်ခဲ့ကြပေ။

"နင်က ငါတို့ရဲ့ကြင်နာမှုကို အလေးမထားဘူးဘဲ"ရှားယာ့ယွင် ကပြောသည်။ "နင့်မောင်ကဘယ်လိုလဲဆိုတာကိုလည်း သိတယ် အဲ့ဒါတောင်မှ လူတွေပြောတာကို လိုက်စိုးရိမ်နေတာလား? သူကပစ္စည်းပျောက်တယ်လို့လည်း နင်ကပြောသေးတယ် သူတိတ်တိတ်လေး အပေါင်ထားလိုက်တာလည်း ဖြစ်နိုင်တာပဲလေ! နင့်မောင်က ဘယ်အရာမှ အလေးမထားတတ်ပဲ လောင်းကစားစွဲနေတာ ဒီမှာ မသိတဲ့သူမရှိဘူး”

ရှဲ့ချောင်မော့ကြည့်လိုက်သည်။ အေးစက်သော မျက်လုံးများက ကြောက်စရာအတိပင်။

ရှားယာ့ယွင်က အရှုံးမပေးလိုသဖြင့် ပေကပ်ကပ်ကြည့်လိုက်သည်။ "ငါပြောတာ ဘာမှားနေလို့လဲ င

ကြောက်ရဲ့”

ရေပက်သံကြားလိုက်ရသည်။ရှဲ့ချောင်က သူမ သွေးထားသော မှင်ကို ကောက်ယူလိုက်ပြီး သူမကိုလှမ်းပက်ဖြန်းလိုက်ခြင်းဖြစ်သည်။ “နင့် ပါးစပ် ညစ်ပတ်သွားပြီနော် ဆေးသင့်ပြီ”

“အား…” ရှားယာ့ယွင် အော်လိုက်သည်။

တောက်ပြောင်နေသောအဝတ်အစားပေါ်တွင် အနက်ရောင်အကွက်တစ်ကွက်ပါ ပေါင်းစပ်ပါဝင်သွားပြီဖြစ်သည်။ သူမမျက်နှာမှာလည်း မှင်များဖြင့် ရွှဲနေသည်။

ရှဲ့ချောင်က ခနဲ့တဲ့တဲ့ပြုံးပြလိုက်ပြီး မူပိုကာ ကြင်နာဟန်ဖြင့် ကြည့်လိုက်သည်။ "ကြည့်စမ်းပါဦး၊ပိုလှသွားပြီ ဘာလို့လဲ သိလား’’

"ဘာလို့လဲဆိုတော့ အနက်ရောင်က နင့်လိုစက်ဆုပ်ရွံရှာဖွယ်လူတွေကို ဖုံးကွယ်နိုင်လို့လေ။နင်က စိတ်ပျက်ဖို့ကောင်းပြီး ဘယ်အချိန်မှာ ဘာကိုဆက်ပြောသင့်လဲ နားမလည်တဲ့လူမျိုးပဲ သိပ်ရွံဖို့ကောင်းတာပဲ"

လူတိုင်းက သူမကို ကြည့်နေကြသည်။

ဒီတော့ ဒါက…

နန်းတွင်းသမားတော်ပြောခဲ့တဲ့ နှစ်အနည်းငယ်ကြာမျှသာ အသက်ရှင်နိုင်တော့မည့် ခန္ဓာကိုယ်ဆိုတာလား။ ထင်ရက်စရာပင် မရှိချေ။ ရှဲ့ချောင်နှင့် ရှားယာ့ယွင် က ခပ်လှမ်းလှမ်းတွင် ရပ်နေသည်မှန်သော်လည်း မျက်နှာတည့်တည့်ကိုမှင်တစ်စက်တောင် မကျန်အောင် ပက်လိုက်သည်တဲ့လား။

••••••

All Chapters