← Chapters

သူမသည် ရက်စက်သည့်သူဖြစ်သည်

Vol. 7 Ch. 115

သူမသည် ရက်စက်သည့်သူဖြစ်သည်

Vol. 7 Ch. 115

ရှားယာ့ယွင်မှာ စောစောကအော်ဟစ်နေခြင်းကြောင့် နှုတ်ခမ်းပေါ်မှ မှင်အချို့ကို မျိုချလိုက်မိသည်။

"ဆရာကြီးလာပြီ!" လူတစ်ယောက်က ထအော်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အားလုံးက ထိုင်ခုံသို့ပြန်ရောက်နေကြပြီဖြစ်သည်။

ရှားယာ့ယွင်က မျက်နှာကို အုပ်ကာ ငိုနေသည်။

၎င်းကိုမြင်တော့ ရှဲ့ချောင် က မျက်မှောင်ကြုတ်သွားသည်။သူမတွေးပြီး မျက်လုံးမှိတ်ထားလိုက်သည်။ သူမလည်း မျက်ရည်များကျလာသည်။ရင်ဝကို ဆုပ်ကိုင်ထားလိုက်ပြီး စကားမပြောနိုင်တော့သည်အထိ ဝမ်းနည်းပက်လက်ဖြစ်နေ

ရှာသည်။

ရှားယာ့ယွင်က သူမကို ထိုကဲ့သို့မြင်ရသောအခါ ပို၍ပင် ဒေါသထွက်သွားသည်။ သူမကို လက်ညှိုးထိုးလိုက်ပြီး “သူဟန်ဆောင်နေတာ ဆရာ တရားမျှတအောင်လုပ်ပေးပါ သူသမီးကိုအနိုင်ကျင့်တာ သမီးအဝတ်စားနဲ့မျက်နှာကိုကြည့်ပါဦး”

တံခါးပေါက်ကို ဝင်လာသည်နှင့် အော်ဟစ်ငိုယိုနေသံကို ဆရာကြီးလုကြားလိုက်ရသည်။ အလန့်တကြားဖြင့် ကြောက်သွားခဲ့သည်။

ရှဲ့ချောင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး မျက်ရည်များ စီးကျနေသည်။ သူမက ရှားယာ့ယွင်ကို ညွှန်ပြပြီး သူမ၏လက်များ တုန်နေသည်။ သူမကိုကြည့်ရတာ တမျိုးဖြစ်နေပြီး စကားမပြောနိုင်သလိုပင်။

ရှဲ့ချောင်၏ ပုံစံကြောင့် အကုန်လုံး ပြောစရာမဲ့နေလေသည်။

'အဲဒါဘာလဲ?’

စောစောကသူပဲလုပ်ပြီး အခုကျ သူကငိုနေတယ်လား?

'သရုပ်ဆောင်တာကတော့ ရှယ်ပဲ!'

ရှဲ့ချောင်၏ ငိုသံက ယုံချင်စရာကောင်းလွန်းတယ်လို့ပင် ပြောရလောက်သည်။ မျက်ရည်များဝဲနေပြီး မျက်ဝန်းအကြည့်များကခက်ထန်နေသည်။အစောတုန်းက ဖြစ်ပျက်ခဲ့သမျှသာ မမြင်ခဲ့ရင် တကယ်ကိုပင် သူမကအနိုင်ကျင့်ခံရသူဟု ယုံရ

မတတ်ပင်။

ထိုအချိန်တွင် လူတိုင်းနီးပါးကျောတွင်းစိမ့်နေအောင်ချမ်းသွားကြသည်။

"ဘာဖြစ်တာလဲ?"ဆရာကြီးလုမှာ ဘာလုပ်ရမှန်းမသိပုံပင်။

"ဆရာ..သူ…သူသမီးကိုမှင်တွေနဲ့ပက်တယ် သူအရင်စည်းစကျော်တာဆရာ။ သမီးကိုလုပ်ရက်တယ်" ရှားယာ့ယွင်မှာ စိတ်ခံစားချက်များနေသည်။

ရှဲ့ချောင်ကခေါင်းကိုငုံ့ထားပြီး နှုတ်ခမ်းကို ဖွဖွလေး ဖွလိုက်သည်။ "ဆရာ..သမီးလုပ်တာတကယ်ပါ..သမီးကိုပဲအပြစ်ပေးပါ"

သခင်လုသက်ပြင်းချလိုက်သည်။ "ဘာလို့အဲ့လိုလုပ်တာလဲ"

“ရှားသခင်မလေးက သမီးမောင်ကို အရှက်ခွဲတယ်ဆရာ။ သမီးမောင်ကဆိုးပေမယ့် သူပြောသလိုတော့ တစ်ခါမှမလုပ်ဖူးပါဘူး။သူ့ကိုဘာလို့စွပ်စွဲခွင့်ပေးရမှာလဲဆရာ။သမီးက သူ့လိုတော့ စကားမကြွယ်ပါဘူး အဲ့ဒါကြောင့်ဘာလုပ်ရမှန်းမသိလို့ စိတ်ထဲရှိတဲ့တိုင်းလုပ်လိုက်မိတာပါဆရာ”ဟု ရှဲ့ချောင်ကသေချာရှင်းပြလိုက်သည်။

"ဘာဖြစ်သွားတာလဲ ပြော" ဆရာလုကရှဲ့ချောင်၏ တစ်ဖက်သတ်ဇာတ်လမ်းကို မယုံသောကြောင့် ကျန်သူများကို မေးလိုက်သည်။

ကျောင်းသားများက ကြောင်နေသည်။

အကြောင်းရင်းမှာ အမှန်ပင် ရှားယာ့ယွင်က မီးလောင်ရာလေပင့်သူဖြစ်သည်။

ထို့အပြင် ၎င်းတို့ကအမှန်ပင်ယုတ္တိမတန်ချေ။ရှားယာ့ယွင် စမေးလိုက်တည်းကပင် ရှဲ့ချောင် မှာစိတ်ဆိုးနေပြီ ဖြစ်သည်။ထို့အတွက် သူမစိတ်အလိုလိုက်ခဲ့မိခြင်းပင်။

သို့သော်ရှဲ့ချောင်မှာ ခုနကလိုမျိုး အမှားလုပ်ခံရသလိုသနားစရာမကောင်းနေပါ။သို့အတွက်သူမ၏တုံ့ပြန်မှုနှင့် ပတ်သက်ပြီး ရိုးသားစွာဖြေဖို့လိုသည်။

ထို့ကြောင့် သူတို့ အမှန်အတိုင်းပြောကြသည်။ ရှဲ့ချောင်က ရှားယာ့ယွင်ကို ရွံစရာဟု ခေါ်ခြင်းလည်း ပါဝင်သည်။

ဆရာလုကရှဲ့ချောင်အားထိတ်လန့်စွာ ကြည့်လိုက်သည်။

ရှဲ့ချောင်က မျက်လုံးများကို အဝေးသို့ငေးကြည့်လိုက်သော်လည်း ခေါင်းကို မော့ထားသည်။

“ယဉ်ကျေးတဲ့သူဆိုတာ လျှာကိုသုံးရတယ် လက်သီးမသုံးရဘူး။ မင်းတို့က မိန်းကလေးတွေဆိုတာနဲ့ပဲ ရိုင်းလို့ရတယ်မထင်ထားနဲ့” ဆရာကြီးလုက ဆူနေသည်။”ဝေဖန်ချင်ရင်တောင် ညှာရတယ်။ တစ်ယောက်က အဓိပ္ပာယ်မရှိတာတွေပြောတယ်၊ တစ်ယောက်ကရိုင်းတယ်။ နှစ်ယောက်စလုံး အပြစ်ပေးခံရမယ်!ဒီညနေ မြင်းစောင်းသန့်ရှင်းရေးသွားလုပ်ကြစမ်း!”

'ဘာလို့လဲ!?'

ရှားယာ့ယွင်မှာ မျက်လုံးကြီးပြူးပြီး မကျေမနပ်စိုက်ကြည့်နေသည်။

ရှဲ့ချောင်ကတော့ အဆင်ပြေသလိုပင်။သူမက ခေါင်းညိတ်ပြရင်း နာခံပုံရသည်။ “ဆရာဆုံးမပေးလို့ ကျေးဇူးတင်ပါတယ် သမီးအပြစ်ကိုဝန်ခံပါတယ်"

ကျောင်းသားများမှာ မကူညီနိုင်ဘဲ ထခုန်မိမတတ်ပင်။

ရှဲ့ချောင်က စိတ်ကိုထိန်းထားနိုင်သည်... ကြောက်စရာကောင်းသည်...

ရှားယာ့ယွင်မှာ အတန်းထဲတွင်မနက်ပိုင်းတစ်ပိုင်းလုံး ငိုမတတ်ပင်။ တစ်ဖက်ရှိ ရှဲ့ချောင်မှာတော့

ထူးမခြားမနားပင်။ သူမက တောင်ကြီးကဲ့သို့ တည်ငြိမ်လှသည်။ ဆရာ့မေးခွန်းကို နှစ်ကြိမ်ဖြေဖို့တောင် ကြိုးစားခဲ့သေးသည်။ ဘာမှမဖြစ်ခဲ့ပုံပင်။

ထိုကဲ့သို့ ပြုမူလာလေလေ ကျောင်းသားများ အထိတ်တလန့်ဖြစ်လေလေဖြစ်သည်။

ရုတ်တရက်ကြီး ရက်စက်တတ်သူကိုမှ သွားစမိပြီဟု ခံစားနေရကြသည်။

••••••

All Chapters