အပြစ်ပေးခံရခြင်း
Vol. 7 Ch. 116
ရှဲ့ချောင်က သူမ၏အားနည်းချက်ကို သိသည်—သူမက အားနည်းလွန်းသည်။
အားနည်းသူတစ်ဦးက လူအများ၏ကာကွယ်မှုကို ရယူနိုင်သော်လည်း တစ်ချိန်တည်းတွင် ၎င်းတို့၏ပင်ကိုယ်စရိုက်ကို ဆုံးရှုံးသွားနိုင်သည်။ ဤသို့သောသူက ဘာကိုပြောပြော ဂရု မစိုက်တတ်ကြပေ။
သူမကိုယ်သူမ နာကျင်အောင်လုပ်လိုက်လျှင်တော့ အခြေနေကွာဟသွားနိုင်သည်။
ဤကိစ္စနောက်ပိုင်း သူမနဲ ခဏလောက် ရှားယာ့ယွင်ဟာ မရှုပ်လောက်တော့ပေ။ အနည်းဆုံးတော့ သူမကို လူအများရှေ့တွင် စိန်မခေါ်ဝံ့တော့ပေ။
သို့သော် မြင်းစောင်းကိုသန့်ရှင်းရေးလုပ်ရသည်ကတော့ အတော့်ကို စိတ်တိုစရာပင်။
ညစ်ညမ်းသော အလုပ်တစ်ခု ဖြစ်ပေသည်။
ကျောင်းတော်ရှိ ဆရာများက ကျောင်းသားများအားအပြစ်ပေးရာတွင်အသုံးပြုသော နည်းလမ်းများမှာအနည်းငယ်ထူးဆန်းပေလိမ့်မည်။ သို့သော် များသောအားဖြင့် အမျိုးသမီးများနှင့်ပတ်သက်လျှင် သက်သက်ညှာညှာရှိတတ်သည်။အမှားလုပ်မိလျှင်တောင် စာကူးယူခြင်းကဲ့သို့သော အရာများကိုသာ အပြစ်ပေးတတ်သည်။ ခွန်အားများစွာ လိုအပ်သော မည်သည့်အရာကိုမျှ လုပ်ရရန်မှာ ခဲယဉ်းပေသည်။
ထို့ကြောင့် သစ်ခွခြံဝင်းမှ အမျိုးသမီး နှစ်ဦးအား မြင်းစောင်းတွင် သန့်ရှင်းရေးလုပ်ခိုင်းကြောင်း သိသောအခါ တက္ကသိုလ်ရှိလူအများက အံ့အားသင့်သွားခဲ့ကြခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျောင်းသူလေး နှစ်ယောက်မှာ တင်းကုပ်ထဲတွင် အပြစ်ပေးခံရသည်မှာ ကံကောင်းလှသည်။
သူမတို့နှစ်ဉီး ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကို အရသာရှိသောအသားတစ်ကြီးများကို မြင်လိုက်ရသကဲ့သို့ စူးစူးစိုက်စိုက် ကြည့်နေကြသည်။
"ဒီကိုလာရတဲ့ထိ တောင် ဘာတွေလုပ်ခဲ့ကြတယ်ထင်လဲ"
“သစ်ခွခြံဝင်းက ရိအတန်းကိုသင်တဲ့ဆရာတွေက သဘောအကောင်းဆုံးပဲကို၊ ဒီလိုမျိုး မိန်းကလေးတွေ အပြစ်ပေးခံရတာ ပထမဆုံး မြင်ဖူးတာပဲ။ဆရာ့ပစ္စည်းတွေကို မီးများရှို့ပစ်လိုက်လားမသိဘူးနော်”
"မင်း သိချင်ရင် သွားမေးကြည့်။" လူအုပ်အလယ်ရှိတဲ့လူတစ်ဉီးက ပြုံးပြလိုက်သည်။
သူသည် ကောက်ရိုးတစ်မျှင်ကို ဝါးလိုက်သည်။ အသက် ၁၆၊သို့မဟုတ် ၁၇နှစ်၊ ဝန်းကျင်ရှိပြီ ထင်ရှားသော မျက်ခုံးမွှေးများရှိသည်၊ ယုံကြည်မှုအပြည့်ဖြင့် လျှောက်သွားသည်။
သူက ရှားယာ့ယွင်ကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ပါးပြင်များ ချက်ချင်းနီရဲသွားသည်။ ထို့နောက်သူက ရှဲ့ချောင် ကိုကြည့်လိုက်သည်။
ဤမိန်းကလေးက ပိုလှသော်လည်း ချောမောသည့်မိန်းမများက များသောအားဖြင့် မာယာများတတ်သည်။ အထူးသဖြင့် ဤကဲ့သို့ ပျော့ညံ့ပြီးနူးညံ့သော အမျိုးသမီးမျိုးဆိုလျှင် ပို၍ဒုက္ခပေးတတ်ကြသည်။
ထို့ကြောင့် သူက ရှဲ့ချောင်ကိုလျစ်လျူရှုကာ ရှား
ယာ့ယွင် ကိုမေးလိုက်သည်။ "ဒီမှာ အပြစ်ပေးခံရအောင် ဘာတွေလုပ်ခဲ့တာလဲ"
ရှားယာ့ယွင်၏ မျက်လုံးများ နီရဲသွားသည်။ “ကျွန်မက စိတ်လိုက်မာန်ပါနဲ့ မပြောသင့်တာပြောလိုက်မိတာ အဲ့ဒါနဲ့သူက ကျွန်မကိုရိုက်ရော။နောက်ကျ သူက ဆရာ့ရှေ့သွားငိုတော့ ကျွန်မပါ ဒီကိုရောက်လာတာပဲ”
ရှဲ့ချောင် မျက်စောင်းထိုးလိုက်သည်။
သူမ မြင်းစောင်းဆီသို့ လျှောက်သွားကာ လှည့်ပတ်ကြည့်လိုက်သည်။
တော်ဝင်ကျောင်းတော်တွင် မြင်းကောင်ရေ ၄၀၀ ခန့်ရှိသည်။ အထူးသဖြင့် မြို့ပြင်၌ မြင်းမွေးသည့် ရွာတစ်ရွာရှိသည်။ ကျောင်းတော်မှလိုအပ်
သည့်အခါတိုင်း ရွာကမြင်းတွေကို အချိန်မရွေး ပို့ပေးတတ်သည်။
ဤအတောအတွင်း ဤမြင်း ၄၀၀ ကို အတန်းအတွက် ပုံမှန်အသုံးပြုခဲ့သည်။ မြင်းစီးလေးပစ်သင်တန်း အများအပြားမရှိခဲ့ပေ။သို့သော် အချိန်တိုင်း ဖြန့်ထားတာဖြစ်သည့်အလျောက် မြင်းအလုံအလောက်ရှိသည်။
မုန့်ကျိဖန် က ရှားယယွင် ကိုကြည့်ပြီး မေးလိုက်သည်။"သူ့နာမည်ဘယ်လိုခေါ်လဲ"
"အင်း၊ သူက ရှဲ့ချောင်"
'ရှဲ့ချောင် က ဘယ်သူလဲဆိုတာ မသိတဲ့သူရှိတယ်လား'
"ရှဲ့ချောင် က ဘယ်သူလဲ" မုန့်ကျိဖန် က သံသယစိတ်ဖြင့် ခေါင်းကိုလှည့်လိုက်သည်။ ကျောင်းတော်၌ကျော်ကြားသူကို သူမသိဆိုသည်မှာ မဖြစ်နိုင်ပေ။
“အစ်ကို မုန့်၊ ရှဲ့ချောင်က ကျောင်းတော်ကို ဝင်လာတာ သိပ်မကြာသေးဘူး။ ရှဲ့နျိုရှန်း ရဲ့အကြီးဆုံးသမီးလေ။ အသက်တိုမယ် လို့ ကြားဖူးတယ်။ နန်းတွင်းသမားတော်တွေက အသက်ရှည်ရှည် နေရမှာမဟုတ်ဘူးလို့ ပြောထားကြတယ်”
၎င်းကလျှို့ဝှက်ချက် မဟုတ်တော့ပေ။
မုန့်ကျိဖန် အလွန်အံ့သြသွားသည်။ ရှဲ့နျိုရှန်း က ဒီလိုမျိုး သမီးမွေးခဲ့သည်လား။ သေချာပေါက် သွေးသားရင်း သမီးဖြစ်စရာ အကြောင်းမရှိဘူးမဟုတ်လား။
မြင်းစောင်း၌တာဝန်ရှိသူက စကားပြောသည်နှင့်လျှောက်လာသည်။
အလွန်တည်ငြိမ်နေပုံရှိသည်။
"မင်းတို့ဒီကို အပြစ်ပေးခံရဖို့ရောက်လာတာ နောက်နေဖို့မဟုတ်ဘူး။" ကြီးကြပ်မှူးပြောလိုက်သည်။ “ဒီနေ့ မင်းတို့ရဲ့တာဝန်က ရိုးရှင်းတယ်။ ကိုယ်စီ စောင်းတန်းတွေကို သန့်ရှင်းရေးလုပ်၊ မြင်းတွေကို သန့်ရှင်းရေးလုပ်ပြီး စားစရာတွေ ပြင်ပေးရမယ်။ စလုပ်မယ့်အတန်းကိုအခုရွေး။အကုန်ပြီးမှ ပြန်ရမယ်။”
မုန့်ကျိဖန်၏ မျက်ခွံများတုန်လှုပ်သွားသည်။
'ရွေးရမယ်ဟုတ်လား ရူးများနေတာလား တစ်ခုမှာ
တင် မြင်းကအကောင်နှစ်ဆယ်လောက်ရှိနေတာကို’
' ဒီလောက်များတာကို ငါတို့က နေ့လည်ခင်းတစ်ခုတည်းနဲ့ဘယ်လိုရှင်းရမှာလဲ’
“နောက်ပြီး မြင်းရိုင်းတွေလည်းအများကြီးကို။ငါတို့က အနားဘယ်လိုကပ်ရမှာလဲ”
••••••