← Chapters

သေခြင်းတရားကို အတုလုပ်ရန်

Vol. 7 Ch. 117

သေခြင်းတရားကို အတုလုပ်ရန်

Vol. 7 Ch. 117

မုန့်ကျိဖန်ကိုတွေ့တော့ တာဝန်ရှိသူက မအံ့သြပေ။ ဤလူကမကြာခဏ အပြစ်ပေးခံရသည်။ ယခင်ကလည်း မြင်းစောင်းများကို သန့်ရှင်းရေးလုပ်ရန် အပြစ်ပေးခံခဲ့ရဖူးသည်။ သို့သော် သူကဘာမျှမလုပ်ပဲ ထိုင်နေကာ အခြားသူများကို ခိုင်း

တတ်သည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် ဝန်ထပ်တိုးလာခြင်းဖြစ်သည်။

သူ့ကို ဘယ်သူကူညီမလဲ ကြည့်လိုက်ရအောင်။

"ဘယ်သူမှမထွက်သွားရဘူးလို့ ဌာနမှူးက စည်းကမ်းသတ်မှတ်ပေးခဲ့တယ်၊ တာဝန်မကျေရင် ညစာလည်း မကျွေးဘူး။ အဲဒါနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ချင်ရင် ကျောင်းထွက်။မင်းတို့က ငါတို့ ကျောင်းရဲ့ ကျောင်းသားတွေ မဟုတ်တော့ဘူး။ ထုံးစံအတိုင်းပဲ မင်းတို့ဘက်က ငါတို့ပြောတာကို နားထောင်ဖို့ မလိုဘူး" တာဝန်ရှိသူက တစ်စက်မှ ညှာတာမှု မပြခဲ့ပေ။

သူမ၏နောက်မှ သခင်လေးသည် ဗရုတ်ကျတတ်

သူမှန်းရှဲ့ချောင်သံသယရှိခဲ့သည်။ ယခုလို အခြေနေထဲသို့ သူမပါ ရောပါရောက်နေခဲ့လေပြီ ဖြစ်သည်။

မုန့်ကျိဖန်က ရှဲ့ချောင် ကိုလက်ညှိုးထိုးပြလိုက်ပြီး "ဟိုမှာ ငကြောင်တစ်ယောက်ရှိတယ်။ သူတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"ဟုပြောလိုက်သည်။

တာဝန်ရှိသူက မျက်မှောင်ကြုတ်ကာ ရှဲ့ချောင် ကို ကြည့်လိုက်သည်။ ဆရာကြီးလုက အမှန်တကယ်ပင် ရှဲ့ချောင်ရဲ့ခန္ဓာမှာ အားနည်းကြောင်း သတိခေါ်ပေးခဲ့ဖူးသည်၊ ထို့အတွက် မိန်းကလေးနှစ်ယောက်ကိုမူ ယေဘုယျ ကျသောအလုပ်များသာ လုပ်ခိုင်းရန်စဥ်းစားထားသည်။

တာဝန်ရှိသူက ၎င်းကို စဉ်းစားလိုက်ပြီး “သူတို့က မိန်းကလေးတွေမို့လို့ အကန့်တစ်ကန့်ကို နှစ်

ယောက်တူတူသန့်ရှင်းရေးလုပ်ရမယ်” ဟုပြောလိုက်သည်။

ရှဲ့ချောင်က ထိုစကားကို မကြားချင်ပေ။

ရှားယာ့ယွင် နှင့်အတူတူအလုပ်လုပ်ရမည်လား။သူမနား အနားကိုရမှာမဟုတ်တော့ပေ။

"အကန့်တစ်ခုကို ကိုယ့်ဟာကိုပဲ ရှင်းလိုက်မယ်၊၊ ကျွန်မ ဒီလောက်တော့လုပ်နိုင်တယ်။" ရှဲ့ချောင်ပြောလိုက်သည်၊၊

တာဝန်ရှိသူမှ အံ့အားသင့်သွားသည်။ သို့သော် သူမ၏ တောင်းဆိုမှုကို ငြင်းဆိုခြင်းမရှိပေ။ "မိန်းကလေးရှဲ့က အဆင်ပြေတယ်ဆိုတော့ ခုနကပြောထားတဲ့တိုင်းပဲ အကန့်တစ်ခုစီလုပ်ကြ အပျင်းထူဖို့မကြိုးစားနဲ့။"

တာဝန်ရှိသူက ပြောစရာရှိသည်များပြောပြီးသည်နှင့် ထွက်သွားသည်။

အနီးနားတွင် ရေတွင်းတစ်ခု၊ မြင်းများကို သန့်ရှင်းရေးလုပ်ရန် စုတ်တံနှင့် သန့်ရှင်းရေးကိရိယာများရှိသည်။

"မင်းက ငတုံးလား အလုပ်ကို ထက်ဝက်ပဲလုပ်ရတော့မှာကို" မုန့်ကျိဖန် မျက်မှောင်ကြုတ်လိုက်သည်။ စိန်ခေါ်ခံရသည်ဟု သူထင်နေသည်။ ထို့နောက်စဥ်းစားပြီးပြောလိုက်သည်၊၊ “ဟမ်၊ မင်း အားနည်းနေတာ မဟုတ်ဘူးလား ဟန်ဆောင်ပန်ဆောင် သေလိုက်တာမဟုတ်ဘူး မင်းဒီလိုလုပ်ရင် ငါ မုန့်ကျိဖန်က မင်းအတွက်အရှုံးမရှိစေရဘူးလို့ အာမခံနိုင်တယ်"

မုန့်ကျိဖန် ဘယ်သူလဲဆိုတာ သူမ မသိပါ။

သို့သော် သူမကသက်ရှိထင်ရှားရှိလျက် ယခုအချိန်ရှိ သူမ၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသည်။ သူမ ဟန်ဆောင်ပန်ဆောင် မသေချင်သေးပေ။

ထို့နောက် ရှဲ့ချောင် ရေယူရန် ထွက်လာခဲ့သည်။

သူမအတွက် အလွန်ပင်ပန်းမှာကို စိုးရိမ်သဖြင့် အများကြီး မယူခဲ့ပေ။ မြင်းကိုထုတ်ပြီးနောက် တင်းကုပ်ကို ဦးစွာ သန့်ရှင်းရေးလုပ်သည်။ထို့နောက် အနီးနားတွင်သစ်သားခုံတန်းလျားတစ်ခုကို တွေ့လိုက်သည်။ ထို့နောက် ရှဲ့ချောင်က မြင်းခေါင်းကို ပုတ်ကာ ဆံပင်ကို သပ်ပေးလိုက်သည်။ထိုမြင်းက ချက်ချင်းပင် မြေပြင်ပေါ် လှဲချလိုက်သည်။

သူမက သစ်သားခုံတန်းလျားပေါ်တွင် ထိုင်ကာတိုက်နေသည်။ အလွန်လွယ်ကူသော ကိစ္စတစ်ရပ်ပင်။

ရွှေယွဲ့တာအို ဘုရာကျောင်း သည် တောင်ပေါ်တွင်ရှိသည်။ မော့လင်းကျစ်က သူမအသက်ရှင်နေသရွေ့ သူမကို ထိန်းချုပ်နိုင်ရန်ခဲယဥ်းသည်။ သူမက တာအိုဘုရားကျောင်းတွင် အိမ်မွေးတိရစ္ဆာန်များစွာကို မွေးမြူထားခဲ့သည်။

ထိုအကောင်ငယ်လေးများက သူမကိုမြင်သောအခါ သိမ်မွေ့ကြသည်။ ငယ်စဥ်ကတည်းက တာအိုဘုရားကျောင်းတွင် ကြီးပြင်းလာရ၍အနည်းငယ်နူးညံ့ပြီး အခြားသူများနှင့် မတူသောကြောင့် ဖြစ်မည်ဟုသတိထားမိသည်။

ထုံးစံအတိုင်း၊ ၎င်းကသူမရဲ့ ထင်ကြေးသက်သက်

ဖြစ်ရုံတင်။

ဘာပဲဖြစ်ဖြစ် သူမတို့ထံ၌ မြင်းအနည်းငယ်သာရှိသဖြင့် ကန်ခံရလည်းကိစ္စမရှိပေ။

သူမက အလုပ်ကို စိတ်အေးလက်အေး လုပ်နေသည်။၎င်းကို မုန့်ကျိဖန် နှင့် ကျန်သူများ အံ့အားသင့်နေသည်၊၊

“ဘာလဲ… မြင်းကို သန့်ရှင်းရေးလုပ်ရတာ လွယ်တယ်လား။ နောက်ဆုံးအကြိမ်လုပ်တုန်းက ဘာလို့ လက်တွေကို မြှောက်ထားရတာလဲ။ ငါ့လက်တွေ အရမ်းနာနေလို့ ငါမထနိုင်ခဲ့ဘူး!" တစ်စုံတစ်ယောက်က မကူညီနိုင်စွာဖြင့် သူ့မျက်နှာသူ ပုတ်လိုက်သည်။။

‘ထင်ယောင်ထင်မှားဖြစ်နေသည်လား’

မုန့်ကျိဖန်က မျက်မှောင်ကြုတ်ပြီး သူမကို အတုခိုးလိုက်သည်။ထို့နောက် မြင်းကိုထုတ်လိုက်သည်၊၊

သို့သော် မြင်းသည် သူနှင့် ရန်ငြိုးရှိသကဲ့သို့ပင်။ကမောက်ကမဖြစ်ကာ ခြေထောက်များကို ဆောင့်နင်းမိလေသည်။

"အောက်မှာလှဲ" မုန့်ကျိဖန်ကမြင်းခေါင်းကို ပုတ်လိုက်သည်။

မဟုတ်ဘူး။

မြင်းက ခြေထောက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ ဇက်ကြိုးကနေ ရုန်းထွက်ချင်ပုံရသည်။

မုန့်ကျိဖန် ၏ မျက်လုံးများ လှုပ်ယမ်းသွားသည်။ ထပ်ပုတ်ပြီး နောက်တစ်စက္ကန့်အကြာ၌ ပေါက်ကွဲသံကြီး ထွက်လာသည်။ မြင်းကနောက်ခွာဖြင့် သူ့ခန္ဓာကိုယ်ကို တည့်ကန်လိုက်ခြင်းဖြစ်သည်၊

သူက လေကို ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်ရသည်။

ထိုအချိန်တွင် ရှဲ့ချောင် သည် သူမ၏မျက်လုံးတစ်ဖက်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဖျတ်ခနဲ ပြုံးလိုက်သည်။

'နင်နဲ့ထိုက်တန်ပါတယ်။'

•••••

All Chapters