← Chapters

ကျွန်မတို့ ပူးပေါင်းနိုင်တယ်

Vol. 7 Ch. 118

ကျွန်မတို့ ပူးပေါင်းနိုင်တယ်

Vol. 7 Ch. 118

ရှဲ့ချောင်က အရာရာ တစ်ကိုယ်တည်းဆက်လုပ်နေသည် ။ မြင်းဝမ်းဗိုက်ကို တိုက်ချွတ်ပေးနေပြီး ပွတ်သပ်ပေးနေသည်။ ထို့နောက် မြင်းက မြေပြင်ပေါ်သို့ လှိမ့်ကာ လှန်ချပေးလေသည်။ ပြီးသည်နှင့် ဆက်ကာဆေးကြောနေလေသည်။

ကြည့်ရတာ ဆောင်းဦးလေများတိုက်နေသယောင်၊ အသစ်စက်စက်လမင်းလေးက သူမနံဘေး၌ ထွန်းလင်းနေသယောင်ဖြစ်နေသည်။ ကျောင်းသားများက မနာလိုဖြစ်လောက်အောင်ပင် သာယာနေလေသည်။

အခြားတစ်ဖက်မှာမူ…..

ရှားယာ့ယွင်က မြင်းစီးလေးပစ်သင်တန်းတက်ခဲ့

ဖူးသောကြောင့် မြင်းနှင့်မစိမ်းပေ။ သို့သော်သူမသည်လည်း မြင်းများကို ပထမဆုံးအကြိမ် သန့်ရှင်းရေးလုပ်ပေးရဖူးခြင်းဖြစ်သည်။

သူမက မြင်းများကို ဂရုတစိုက်ဖြင့်အပြင်သို့ ထုတ်ကာ စုတ်တံဖြင့် တောင့်တောင့်ကြီး တိုက်ချွတ်နေသည်။ သူမကပဲအရမ်းပျော့ညံ့နေသလား မြင်းပဲနေရခက်နေသလား မသိ။မြင်းက တစ်စက်မျှ ငြိမ်ငြိမ်မနေဘဲ လုပ်ချင်ရာလုပ်နေလေသည်။

ထိုအချိန်၌ မုန့်ကျိဖန်သည် မြင်းကရုတ်တရက် ထကန်ခြင်းကို ခံလိုက်ရသည်။ ရှားယာ့ယွင်လည်း အလွန်ကြောက်သွားသဖြင့် မြင်းများကိုသွားမနောက်ရဲတော့ချေ။

စင်စစ်မှာမူ သူမက မြင်းစီးလေးပစ်သင်တန်း

အများကြီးမတက်ဖူးပေ။ သူမကမြင်းပုလေးကိုသာ စီးခဲ့သူဖြစ်ပြီး အများဆုံး စီးဖူးလှ၊အကြိမ်အနည်းငယ်မျှသာ ရှိလောက်ပေလိမ့်မည်။ သူမက ဤအရာကို ကျွမ်းကျင်သူမဟုတ်ပေ။

မုန့်ကျိဖန် အလွန်စိတ်ဆိုးသွားပြီး ပြောလိုက်သည်။ "ဒီခြံထဲက မြင်းတွေကမယဥ်သေးဘူးလား"

ယခင်က မြင်းစီးဖူးသော်ငြား ယဉ်ပါးနေသောမြင်းက အဘယ်ကြောင့် ဤမျှ အကြောတင်းရသည်လဲ။

၎င်းက နံရိုးနေရာကို ကိုင်ထားကာ ရှဲ့ချောင်ကို မျက်စောင်းလှမ်းထိုးလိုက်သည်။

သူမ၏ လှုပ်ရှားမှုများမှာ ထူးထူးခြားခြား

ချောမွေ့နေကြောင်း သူသိလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမဘေးက မြင်းက နှစ်ဆပင် ပိုပျော်နေသယောင်။ မသိလျှင် ခွေးတစ်ကောင်လားဟုတောင် ထင်ရသည်။

စည်းကမ်းများကို လိုက်နာပြီး မြင်းများသက်တောင့်သက်သာ ဖြစ်နေသရွေ့ ကန်ထုတ်ခံရမှာ မဟုတ်ပေ။ သို့သော် ယခု သူ့ဘေးနား၌ သက်တောင့်သက်သာလုပ်နေသည့် သူတစ်ယောက်ရှိနေပြီ ဖြစ်သောကြောင့် သူကအလွန်အားစိုက်နေခြင်းမှာ မိုက်မဲရာကျလေသည်။

မုန့်ကျိဖန် က မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်၊၊ "မင်းဘယ်လိုလုပ်လိုက်တာလဲ"

ရှဲ့ချောင် က ခေါင်းတောင်မာ့မလာချေ။ မြင်းအမွှေးနှင့် နောက်ကျောကိုသာ ပွတ်တိုက်ပေးနေသည်။

မုန့်ကျိဖန် စိတ်ရှုပ်လာလေပြီ။ သို့သော် သူမကဲ့သို့ နူးညံ့သိမ်မွေ့သော မိန်းမပျိုလေးအား ပြောရန် မသင့်တော်ပေ။ သူက ထိုအကြောင်းကို တွေးလိုက်ပြီး ယခင်ကထက် ပို၍ နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။ "သခင်မလေးရှဲ့၊ မြင်းက မင်းပြောတာကို ဘာလို့နားထောင်တာလဲ။"

ရှဲ့ချောင် က တိတ်ဆိတ်နေခဲ့သည်။

"ရှဲ့ချောင်" မုန့်ကျိဖန် မျက်ခုံးပင့်ကာခေါ်လိုက်သည်။

ရှဲ့ချောင် ထလိုက်ပြီး မြင်းကို လည်းထူပေးလိုက်သည်။ နောက်ထပ်ရေတစ်ခွက်ယူကာ ပုံမှန်တိုင်းရေဆေးချလိုက်ပြန်သည်။ ထိုကဲ့သို့ပင် မြင်းတစ်ကောင်ကို သန့်ရှင်းရေးလုပ်ပြီးသွားခဲ့သည်။

ခြုံပြောရလျှင် အချိန်အများကြီးမဖြုန်းခဲ့ပေ၊၊

‘’မနေ့ကနေ့လည်လောက်က မင်းအစ်ကိုနဲ့တောင်တိုးသေးတယ်။ ငါ သူ့ကိုဝိုင်တောင် တိုက်ခဲ့သေးတယ် " မုန့်ကျိဖန်က ရှဲ့ချောင် နှင့် စကားပြောရန် အရှက်တရားကင်းမဲ့စွာ ကြိုးစားနေသည်။

ဒါ လိမ်တာလည်းမဟုတ် အမှန်တရားလည်း မဟုတ်ပေ၊၊

ရှဲ့နျိုရှန်း ၏အကြီးဆုံးသား ရှဲ့ဖင်းကန်း က နန်းမြို့တော် တစ်ခွင်တွင်သတ္တိအရှိဆုံးသူဖြစ်သည်။ ဆယ်နှစ်သားအရွယ်တွင်ပင် လူရိုင်းများကို သတ်ခဲ့သူဖြစ်သည်။ လူရိုင်းများက သူ့ကိုမြင်လျှင် တစ္ဆေမြင်သလို ကြောက်ကြသည်ဟု ဆိုစမှတ်ရှိသည်။ ကြောက်လန့်တကြား ထွက်ပြေးကြ

တတ်သည်ဟုလည်း ဆိုကြသေးသည်။

မုန့်ကျိဖန် အပါအဝင် နန်းမြို့တော်ရှိ ရည်မှန်းချက်ကြီးသော ယောက်ျားတိုင်းက ဤလူကို တွေ့ချင်ကြသည်။

မကြာသေးခင်က ရှဲ့ဖင်းကန်း နဲ့တွေ့ခဲ့သေးသည်။ အရပ်ရှည်ရုံကလွဲ၍ ဘာမှသိပ်မဟုတ်ချေ၊၊ ထို့ကြောင့် ယမန်နေ့မွန်းလွဲပိုင်းက ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူ စားသောက်ဆိုင်တွင် ဆုံနေစဥ် ရှဲ့ဖင်းကန်းကိုတွေ့လိုက်သဖြင့် စားပွဲထိုးအား စျေးအသက်သာဆုံးဝိုင်ပုလင်းတစ်လုံးကို ရွဲ့ကာ ပေးခိုင်းလိုက်ခြင်းဖြစ်သည်၊၊

၎င်းက စနောက်လိုက်သည်ဖြစ်သည့်အတွက် ရှဲ့ဖင်းကန်းအား ဝိုင်ကို အမှန်တကယ် သောက်သုံးလိုက်ရန် မမျှော်လင့်ထားခဲ့ပေ။ ရှဲ့ဖင်းကန်း က

အရက်သောက်ပြီးနောက် အေးဆေးစွာပင် ကျေးဇူးတင်ကြောင်းပြောကာ တန်ဖိုးကြီးမုန့်ပဲသရေစာများပင် ပေးလိုက်သေးသည်။

သို့ ရာတွင် ၎င်းအပြုမူက မုန့်ကျိဖန် အား သိမ်ငယ်စေသည်။

မည်သို့ပင်ဆိုစေကာမူ ရှဲ့ချောင် က ထိုစကားကိုကြားသောအခါ တုံ့ပြန်ခဲ့သည်။ “ကျွန်မက စိတ်ထားကောင်းပြီး လှတယ်။ အဲ့ဒါကြောင့် မြင်းတွေကကျွန်မကို ပိုနွေးထွေးတာနေမှာပေါ့”

"ကျွန်တော်လည်း အရမ်းကြည့်ရမဆိုးပါဘူး ဟုတ်တယ်မလား" မုန့်ကျိဖန် ကမျက်မှောင်ကြုတ်ကာ ရှဲ့ချောင် ကို စိုက်ကြည့်နေသည်။

အတော်လေး အပြစ်ရှိသလို ခံစားနေရသည်။

ဤအမျိုးသမီးက အတော်လေး လှသည်။ ဟိတ်ဟန်ကောင်းသည်။ နူးညံ့သော ပုံစံရှိသည်။ စောနက သူမဆီ ချဉ်းကပ်သွားသောအခါ သင်းပျံ့သော မွှေးရနံ့ကိုပင် ရလိုက်သေးသည်။ အတော်လေး မွှေးပေသည်။

"ကျွန်တော့်ကို သင်ပေးနိုင်မလား" မုန့်ကျိဖန်ပြောလိုက်သည်။

"မသင်တော့ မသင်ပေးနိုင်ဘူး၊ ဒါပေမယ့် ကျွန်မတို့ပူးပေါင်းလို့ရပါတယ်" ရှဲ့ချောင် က သူမလုပ်နေတာမှန်သမျှ ရပ်လိုက်သည်။

••••

All Chapters