← Chapters

ညှိနှိုင်းမရနိုင်သော အာဃာတ

Vol. 7 Ch. 119

ညှိနှိုင်းမရနိုင်သော အာဃာတ

Vol. 7 Ch. 119

မုန့်ကျိဖန်က အတော်လေး သိချင်နေသည်။ "ငါတို့ ဘယ်လိုပူးပေါင်းကြမှာလဲ"

ရှဲ့ချောင်၏ အမူအရာမှာ တည်ငြိမ်လွန်းနေသည်။ သူမ စိတ်လှုပ်ရှားနေပုံမပေါ်ဘဲ အလျင်စလိုပြောလိုက်သည်။ “ကျွန်မပြောပေးမယ်လေ ရှင်တို့တာဝန်က မြင်းတွေနဲ့မြင်းစောင်းကို သန့်ရှင်းရေးလုပ်ဖို့ရယ်၊ရေယူဖို့ရယ် ပဲ။”

"ပြောပေးမယ်!? ဟ၊ မင်းက ဘယ်လိုခိုရမှန်း ကောင်းကောင်းသိတာပဲ၊၊ အဲ့လိုသာဆိုရင် မင်းက ဘာမှမလုပ်ဘဲ ဟိုမှာပဲရပ်နေတော့မှာမလား။” မုန့်ကျိဖန်က လှောင်ပြောင်ကာပြောလိုက်သည်။

“သဘောမတူလည်း မတတ်နိုင်ဘူး။ ဒါတွေအားလုံးကို ကိုယ့်ဘာသာကိုယ်လုပ်ဖို့ လည်းအရမ်းကြိုးစားနေစရာလည်း မလိုဘူးလေ”ဟုဆို

ကာ ရှဲ့ချောင်အဝေးကို လှမ်းကြည့်လိုက်သည်။

လုံးဝအားစိုက်ထုတ်စရာ မလိုဆိုသည်မှာတော့ မဖြစ်နိုင်ပေ။

မြင်းများကိုသန့်ရှင်းရေးလုပ်ရာတွင် ထိုင်ပြီး လက်ကို ရွှေ့ရုံနှင့်ရသောကြောင့် လက်ခံ၍ရသေးသည်။ သို့သော် ရေခပ်ရန်က မလွယ်လှချေ။ခြွေတာသုံးလို့ရသည်ဖြစ်သော်လည်း ရေကိုချည်း အကြိမ်ပေါင်း ဆယ်နှင့်ချီ အပြန်ပြန်အလှန်လှန် သယ်ယူရန်မှာ ပင်ပန်းလှပေသည်။

နောက်ပြီး သန့်ရှင်းရေးလုပ်ရန် ကွေးလိုက်တိုင်း… သူမ ခေါင်းမူးလာနိုင်သည် မဟုတ်လား။

မည်သို့ပင်ဖြစ်စေ ရှဲ့ချောင်အလျင်စလိုဟန် မပြခဲ့ပေ။ ရေကို သယ်ယူရန် ရေတွင်းသို့ ဖြည်းညှင်း

စွာ သွားခဲ့သည်။ မြင်းကလည်း နေရောင်ခံကာ လူစကားနားလည်သကဲ့သို့ ထိုနေရာ၌သာရပ်နေ၏။ ဆန္ဒအတိုင်း လျှောက်မသွားဘဲရပ်နေသည်။ အလွန်လိမ္မာပေသည်။

ပြောရမည်ဆိုလျှင် မြင်းရိုင်းများက ကြမ်းတမ်းတတ်သည်။

ထိုနေရာ၌ အများအပြားရှိသည်။ အကယ်၍ သူတို့ အလုပ်ကို ဤအရှိန်အတိုင်းသာ ဆက်လက်လုပ်ဆောင်နေပါက ဉာဉ့်သာ နက်သွားပေလိမ့်မည်။ အလုပ်တစ်ခုမှပြီးမြောက်မည်မဟုတ်ပေ။

သို့ရာတွင် ရှဲ့ချောင်ပြောသည့်အတိုင်း လုပ်ကြမည်ဆိုလျှင်တော့…

မြင်းများက နာခံနေသရွေ့တော့ လွယ်ကူစွာပြီးမြောက်သွားပေလိမ့်မည်၊၊

"ဟုတ်ပြီလေ! ဒါပေမယ့် မြင်းတွေအားလုံးက ခုနတုန်းက မင်းသန့်ရှင်းရေးလုပ်ပေးထားတဲ့ မြင်းတွေအတိုင်း လိမ္မာရမယ်ဆိုတာကို အာမခံရမယ်။ သူတို့ဘက်က ထဖောက်တာနဲ့ မင်းကို ငါခွင့်မလွှတ်ဘူးနော်”ဟု မုန့်ကျိဖန်က ပြင်းပြင်းထန်ထန် ပြောလိုက်သည်၊၊

ရှဲ့ချောင်က ရယ်မောလိုက်သည်။

'နင့်လိုမျိုးရူးတူးတူးကောင်လေးကို ဒီလိုစကားတွေပြောရဲအောင်သတ္တိ ဘယ်သူကပေးလိုက်တာလဲ။ နင်ကများငါ့ကို ခွင့်မလွှတ်ဘူးဟုတ်လား? စမ်းကြည့်လိုက်လေ။'

" မင်းတို့အားလုံး ဒီကိုလာခဲ့စမ်း၊!" မုန့်ကျိဖန်က ပတ်ဝန်းကျင်ရှိလူများကို ဝေ့ပြလိုက်သည်၊၊

ရှားယာ့ယွင်က ရှဲ့ချောင်ကိုလှမ်းကြည့်လိုက်သည်။ ထို့နောက်အံကြိတ်ရင်း လျှောက်လာသည်။

မုန့်ကျိဖန်မှာ သိပ်မတွေးတော့ဘဲ ဝေယျာဝစ္စတွေကို တာဝန်လွှဲပေးနေသည်။ “ငါက မြင်းတွေကိုရှေ့ကခေါ်မယ်။ လောင်တင်းက မြင်းတွေကိုသန့်ရှင်းရေးလုပ်ပေး။ဆန်းအာက ရေသွားခပ်။အားဟုန်နဲ့…”

ရှားယာ့ယွင်ကို လက်ညှိုးထိုးလိုက်သည်... ရုတ်တရက် သူမနာမည်ကို မေ့သွားသည်။

"သူမပါဘူး။သူ့အတွက်က ငါပြောမယ်" ဟု ရှဲ့ချောင်ပြောလိုက်သည်။

ရှားယာ့ယွင်၏ မျက်နှာသွေးဆုပ်သွားသည်။ "မလွန်လွန်းဘူးလားရှဲ့ချောင်။ငါ့ကိုဖယ်ထားစရာလား။သခင်လေးမုန့်က ခေါင်းဆောင်မဟုတ်ဘူးလား။နင်ကတောင်းဆိုချင်တိုင်း တောင်းဆိုနေရအောင် နင့်ကိုယ်နင်ဘာထင်နေတာလဲ။"

“သူမလို မိန်းမပျိုလေးကို ဖယ်ထုတ်ထားလို့ မကောင်းဘူးထင်တယ်” မုန့်ကျိဖန်က သူမကိုငဲ့ကြည့်နေသည်။

သို့သော် ရှဲ့ချောင်က ကျောက်တုံးကဲ့သို့ အေးစက်နေပြီး ခေါင်းမာမြဲခေါင်းမာနေခဲ့သည်။ “ပါခိုင်းလို့ကရတယ် ဒါပေမယ့် သူ့မြင်းတွေကိုမလုပ်ပေးနိုင်ဘူးနော်။ ကိုယ့်ဟာကိုယ်ရှင်း။"

" အငြိုးကြီးလိုက်တာ" မုန့်ကျိဖန်က အရမ်းသိချင်

နေခဲ့သည်။

"ကျွန်မရဲ့မိသားစုကို အရှက်ရစေခဲ့တာ။ ပြန်ညှိယူလို့မရတော့မယ့် အာဃာတတစ်ခုပဲဆိုပါတော့" ရှဲ့ချောင်၏ မျက်နှာငယ်လေးမှာ ခေါင်းမော့လိုက်သည်နှင့်အမျှ လေးလေးနက်နက်ရှိနေသည်။

မုန့်ကျိဖန်၏ မျက်ခွံများ လှုပ်ခါသွားသည်။အသက်ရှုကြပ်မတတ်ပင် ဖြစ်သွားသေးသည်။ဤကျောင်းတော်တွင် ဤမျှကြီးကျယ်သော ရာဇ၀တ်မှုများ ရှိခဲ့ဖူးသည်လား။

ဤမိန်းမပျိုနှစ်ယောက်က အလွန်ချဲ့ကားတတ်ကြသည်ပင်။မသိတဲ့လူများကတော့ သူတို့အဖေတွေအသတ်ခံရသည် သော်လည်းကောင်း မယားခိုးခံလိုက်ရသည်သော်လည်းကောင်း အစချီတွေးကုန်ကြလိမ့်မည်။

"အဲ့ဒါဆိုလည်း ထားလိုက်တော့။ကိုယ့်ဟာကိုပဲလုပ်လိုက်တော့" မုန့်ကျိဖန်က ရှားယာ့ယွင်ကို ငြင်းပယ်လိုက်သည်။

ရှားယာ့ယွင်၏ မျက်နှာမှာ ဖြူဖျော့သွားသည် ။ အရှက်ခွဲခံလိုက်ရသလိုပင် ။ "ငါသိသမျှ လူတွေထဲမှာ နင်ကဟန်ဆောင်တာ အတော်ဆုံးပဲ ရှဲ့ချောင်။ မြင်းတွေကိုစီမံမယ်ဟုတ်လား။ နင့်အိမ်မှာမွေးထားတဲ့ ခွေးတွေများထင်နေတာလား။နင့်ကို သေတဲ့ထိဝိုင်းကန်ကြမှ လူတိုင်းကိုပတ်မရမ်းမိစေနဲ့။"

ရှားယာ့ယွင်က ပြောပြီးသည်နှင့် သူမ သန့်ရှင်းရေးလုပ်လက်စ အတန်းဆီသို့ ပြန်သွားသည်။

“ခေါင်းမာလိုက်တာ”ဟုဆိုကာမုန့်ကျိဖန်ရယ်မောလိုက်သည်။

ထို့နောက် လူတိုင်း အလုပ်စလုပ်ကြလေပြီ။

ချက်ချင်းဆိုသလို ရှဲ့ချောင်အတွက် သူမ၏ဝန်များပေါ့သွားသည်။ သူမက မြင်းမွှေးများကို ဖြီးကာ နားထဲသို့ တစ်ခုခုပြောနေချိန်တွင် မုန့်ကျိဖန်ကမြင်းများကို ဦးဆောင်ခေါ်သွားသည်။ မုန့်ကျိဖန်က သူမဘာတွေပြောနေမှန်း မသိသော်ငြား လျှို့ဝှက်တတ်သောသူလို့ မြင်နေသည်။

ရှဲ့ချောင်က တာအို၊ ဗုဒ္ဓဘာသာကျမ်းနှစ်စောင်ကို ရိုးရိုးရှင်းရှင်း ရွတ်ဆိုနေခြင်းသာဖြစ်သည်။ ဆရာကြီးလု သင်ကြားပေးခဲ့သော ဆောင်းပါးများကို အကြိမ်အနည်းငယ်မျှရွတ်ဆိုနေခြင်းပင်။

ဤတိရစ္ဆာန်များက လူသားများ၏ ကြင်နာမှုနှင့် မကောင်းသော ရည်ရွယ်ချက်မှန်သမျှကို ခံစားသိရှိနိုင်စွမ်းရှိသည်။ သူမက အေးဆေးတည်ငြိမ်

သောအသံဖြင့် ရွတ်ဖတ်နေသောကြောင့် မြင်းများက သူမသည် အန္တာရယ်ပေးမည့်သူမဟုတ်ကြောင်း သိနေခြင်းသာ။

•••••

All Chapters