ဆွေးမြေ့နေသည့်သစ်သားပေါ် မည်သူမှမထွင်ထုနိုင်။
Vol. 7 Ch. 120
သဘာဝအလျောက်ပင် ရှဲ့ချောင်သည် တိရစ္ဆာန်များကိုယဉ်ပါးလာစေရန် အကြီးမားဆုံးဖြစ်နိုင်ခြေမှာ ဝိညာဉ်ကူးပြောင်းခြင်းကလာသည်ဟု ထင်မြင်ခဲ့သည်။
သူမသည်လည်း ငယ်စဉ်ကတည်းကပင် မိဘများအတွက် သေစေလောက်သော ကံကြမ္မာဆိုးကိုသယ်ဆောင်လာခဲ့ပြီး သူမတွင် မရဏကံကြမ္မာတစ်ခုရှိနေသည်။ သနားစရာကောင်းလွန်းသည့် အခြေနေတစ်ခုပင်။ ထို့ကြောင့် တိရိစ္ဆာန်များကို နှစ်သိမ့်ပေးရန်အလို့ဌာ စကားပြောလေ့ရှိသည်။
မုန့်ကျိဖန်နှင့်ကျန်သူများအကုန် အံသြသွားကြသည်။
မြင်းတစ်ကောင်က ရှဲ့ချောင်စကားကို နားထောင်သည်ကို တိုက်ဆိုင်မှုတစ်ခုလို့သာ သတ်မှတ်ထားကြသည်။ သို့ရာတွင်၊ ၎င်းတို့သည် အစပိုင်းတွင် မလိုက်လိုဟန်ပြနေလျှင်တောင် ရှဲ့ချောင်ကိုင်တွယ်ပြီးသည်နှင့် ထွက်လာသည့်မြင်းတိုင်း လုံးဝပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် တောရိုင်းတိရစ္ဆာန်များ၊ ယဉ်ပါးရန် ခက်ခဲသော တိရစ္ဆာန်များအဖြစ်မှ အိမ်မွေးတိရစ္ဆာန်များကဲ့သို့ ရုတ်ချည်းပြောင်းလဲသွားကြသည်။
ယုံကြည်ရလောက်စရာပင်။
သူတို့ယုံကြည်ခဲ့ကြသည်!
ရှဲ့ချောင်၏ကျွမ်းကျင်မှုကြောင့် သူတို့လုပ်အားဝန်တစ်ဝက်မျှ လျော့ချနိုင်ခဲ့သည်။
ဒါတင်မကပဲ မြင်းများ၏ ကန်ကြောက်ခြင်းလည်း မခံရ။ သူတို့လည်း ကြောင်တောင်တောင် မဖြစ်နေရချေ။ ၎င်းက အရေးကြီးဆုံးပဲမဟုတ်လား။
တစ်ဖက်တွင် ရှဲ့ချောင်သည် အပူမရှိဟန်။ သို့သော်လည်း ရှားယာ့ယွင်ဘက်တွင်တော့ အဆက်မပြတ်ဆိုသလိုမထင်မှတ်ထားသော အဖြစ်အပျက်များ ရှိနေသည်။ ထုံးစံအတိုင်း၊အစတည်းကပင် မြင်းများက အရိုင်းများဖြစ်နေသည်။ ရှားယာ့ယွင်နှင့် ရှဲ့ချောင်တာဝန်ကျသော မြင်းစောင်းနှစ်တန်းရှိ မြင်းအများစုသည် မြင်းပုလေးများဖြစ်သည်။ မုန့်ကျိဖန်မည်မျှပင် အရှက်ကင်းမဲ့ပါစေ၊ သူသည် အမျိုးသမီးများနှင့်
ရန်ဖက်ဖြစ်မည်မဟုတ်ကြောင်းတော့ ကြီးကြပ်မှူးက သိထားသည်။ ထို့ကြောင့် သူက ရှဲ့ချောင်နှင့် ရှားယာ့ယွင်၏ အလုပ်တာဝန်ကို လျှို့ဝှက်စွာ လျှော့ချထားပေးခဲ့ခြင်းဖြစ်သည်။
သို့သော် မြင်းတိုင်းက နာခံမှုရှိသည်မဟုတ်ပေ။
ရှားယာ့ယွင်သည် ၎င်းတို့နှင့် မရင်းနှီးချေ။ ဘီးနှင့်ဖြီးရင်း မြင်းကို မတော်တဆ ထိခိုက်မိပြီး မြင်းက ရုတ်တရက်ဟီထသွားသည်။
အုတ်တံတိုင်းပတ်ပတ်လည်ကို ပြေးရင်း နှစ်ကြိမ်တိုင်တိုင် ဟီခဲ့သည်။ ထို့နောက်ရုတ်တရက် ခန္ဓာကိုယ်အား ခါလိုက်ရင်း ရှားယာ့ယွင်ကို ဝင်တိုက်လိုက်သည်။နာကျင်မှုသိပ်မရှိသော်ငြား မြေပြင်ပေါ်သို့ လဲကျသွားသည်။ ကြောက်ရွံ့မှုကြောင့် သူမမျက်နှာ ဖြူဖျော့သွားပြီး သူမအနားသို့ ထပ်မတိုးရဲတော့ပေ။
အထူးသဖြင့် သူမက ထိုသို့ဖြစ်နေစဉ် ရှဲ့ချောင်မှာတော့လှပစွာ ပြုံးနေရင်း ရပ်နေသည်ကို သူမတွေ့လိုက်ရသောအခါ...
ထိုအချိန်တွင် သူမက ပေါ့ဆသော အစေခံတစ်ယောက်လို ခံစားလိုက်ရသည်။
"ရှဲ့ချောင်၊ ဒီလောက် လှလှလေးမပြုံးပါနဲ့လား။ ဟိုမှာ ဒေါသထွက်နေပြီ ကြည့်လိုက်ဦး မင်းတို့က မိန်းကလေးတွေလေ။ ဘာလို့ အချင်းချင်းကို ဒီလိုစိန်ခေါ်နေတာလဲ" မုန့်ကျိဖန် စနောက်လိုက်သည်။
ရှားယာ့ယွင်မှာ တစ်ယောက်ယောက်ကို သတ်ပစ်ချင်နေပုံရသည်။ အရူးတစ်ယောက်တောင် ခန့်မှန်းလျှင်သိနိုင်သည့် အခြေနေပင်။
သူသာ ဖြစ်ခဲ့လျှင်လည်း စိတ်ဆိုးမည်ပဲ မဟုတ်
လား။
“ရှင်မသိပါဘူး ဒါကပညာရှင်တွေပဲလုပ််နေကြအကျင့်မျိုး” ဟု ရှဲ့ချောင်က ဖြည်းညှင်းစွာပြောလိုက်သည်။
"ပညာရှင်တွေပဲလုပ်နေကြ အကျင့်ဆိုပါလား" မုန့်ကျိဖန်မှာ မတတ်နိုင်စွာဖြင့် ဆို့နင့်သွားသည်။ “ဟ ကျွန်တော့်ထက်တောင် စကားကြီးစကားကျယ်ပိုပြောတတ်တာပဲ ပညာရှင်သာဆိုတယ် ဆရာက ဒီမြင်းစောင်းမှာ အပြစ်ပေးတာကျခံနေရတယ်”
"ရှင်နားမလည်နိုင်ပါဘူး" ရှဲ့ချောင်က ခေါင်းမာဆဲပင်။
သူမဆရာ ပထမဆုံးသင်ကြားပေးခဲ့သည့်အရာ
မှာ အချိန်တိုင်း စိတ်အေးလက်အေးထားဖို့ပင်ဖြစ်သည်။
အမတအရှင် တစ်ဖြစ်လည်း သူမက အမြဲပေါ့ဆနေပါက မည်မျှပင် အရည်အချင်းရှိပြီး စွမ်းဆောင်နိုင်သည်ဖြစ်စေ သူမအား မည်သူမျှ ယုံကြည်မည့်သူ ရှိမည်မဟုတ်ပေ။
ရှဲ့ချောင်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ မုန့်ကျိဖန်အနည်းငယ် ဒေါသထွက်သွားသည် ။ ဤမိန်းကလေးသည် အနည်းငယ် စိတ်တိုချင်စရာကောင်းသည်။ သူမသည် နားလည်ရန်ခက်ခဲသော စီနီယာတစ်ယောက်ကဲ့သို့ပင်။
သို့သော် သူမသည် အမှန်တကယ်ပင် ထူးဆန်းသည့် သူဖြစ်သည်။အထူးသဖြင့် မြင်းများကို ထိန်းကျောင်းရာတွင် ကျွမ်းကျင်နေခြင်းပင်။နန်း
မြို့တော်ကို ဤတစ်ခုနဲ့တင် သိမ်းပိုက်နိုင်လိမ့်မည်။
"ဘာလို့ မြင်းကိုလိမ္မာအောင်လုပ်နည်း မသင်ပေးတာလဲ။မင်းကို အခုကစပြီးဂရုစိုက်ပေးမှာမလို့ ကျောင်းတော်မှာ ဘယ်သူမှမင်းကို ဒုက္ခမပေးစေရဘူးလို့ ငါအာမခံနိုင်တယ်” မုန့်ကျိဖန်က ချက်ချင်းပြောလိုက်သည်။
ရှဲ့ချောင်က မော့ကြည့်လိုက်သည်။ထို့နောက် ပေါ့ပေါ့ပါးပါးပြောသည်။ “မရဘူး။ ဆွေးနေတဲ့သစ်သားပေါ် ဘယ်သူမှထွင်းထုလို့ရမှာ မဟုတ်ဘူး”
ဤမျှ ကြမ်းတမ်းပုံနှင့် မြင်းတွေကိုလိမ္မာအောင်လုပ်ချင်နေသည်လား။ မြင်းကန်ခံရသည်တောင် နည်းသေးသည်။
မုန့်ကျိဖန်က တွေးပြီးပြောလိုက်သည်။ "ကျုပ်ဘယ်သူမှန်းမသိဘူးလို့ မပြောနဲ့နော်" ဟုမေးလိုက်သည်။
ဤသို့ပြောပြီးသည်နှင့်အချက်ပြလိုက်သည်။ ဘေးကလူက ချက်ချင်း သဘောပေါက်သွားပြီး “ကျုပ်တို့ သခင်လေးက”
သို့သော် သူစကားမဆုံးမှီတွင်ပင် ၎င်းတို့ထဲမှ အနည်းငယ်က မုန့်ကျိဖန်ဆီမှမျက်နှာလွှဲလိုက်ကြသည်။
လူတစ်ယောက် လမ်းလျှောက်လာသည်။ လက်နှစ်ဖက်ကိုဆုပ်ကာ ချက်ချင်း ဦးညွှတ်သွားကြသည်။
"အရှင့်သား"
ရှဲ့ချောင်ခေါင်းကို လှည့်လိုက်သည်။
'အိမ်ရှေ့စံမင်းသားက ဒီကိုဘာလာလုပ်တာလဲ။သူရော အပြစ်ပေးခံရတာလား။မင်းသားကိုတောင် ဘယ်သူကအဲ့လောက် လုပ်ရဲတဲ့သတ္တိရှိတာလဲ။
“အဲဒါမဖြစ်နိုင်ဘူးလား။ အိမ်ရှေ့မင်းသားကဘွဲ့ရသွားပြီလို့ ကြားထားတာကို။တက္ကသိုလ်ရဲ့ ပါမောက္ခကလွဲရင် ဘယ်သူမှသင်ပေးမယ့်လူမရှိလို့များလား...''
"မြင်းရိုင်းတွေရှိတယ်လို့ကြားလို့၊ အဲဒါတွေကို စစ်ဆေးကြည့်ချင်လို့ လာတာ" ကျောက်ရွှမ်ကျင်းတစ်ချက်ကြည့်လိုက်သည်။ "ဒီမြင်းရိုင်းတွေက ငါသတင်းကြားထားတဲ့အကောင်တွေမဟုတ်သလို
ပဲ"
'ဒါတွေကဘယ်လိုလုပ် မြင်းရိုင်းဖြစ်မှာလဲ။’
'ဟား၊ ရှဲ့ချောင်ရဲ့ဘေးမှာရှိနေတာ မြင်းရိုင်းမဟုတ်လား’
'ခံ့ညားတာပဲ ဒါနဲ့ နေပါဦး ဘာလို့ဗိုက်ကိုတောင် ဖော်ပြနေတာလဲ'
•••••