← Chapters

လူသားစားပန်းများကို မီးရှို့ခြင်း

Vol. 6 Ch. 54

လူသားစားပန်းများကို မီးရှို့ခြင်း

Vol. 6 Ch. 54

စားနေရင်း လင်းချီတစ်ယောက် ဖြေရှင်းနည်းကို စဉ်းစားကြည့်နေသည်။ သူ့ကိုယ်သူ ခုခံကာကွယ်ရန် ခွန်အားမရှိသည့် ဆန်းကြယ်နွံတောထဲသို့ သူမပြန်ချင်ပေ။ သူ့တွင် ခြင်ကိုက်ရာများနှင့် ပြည့်နှက်နေပြီး စနစ်အား အတန်ကြာရှာဖွေကြည့်သော်လည်း ၎င်းခြင်များကို မောင်းထုတ်နိုင်မည့်နည်းလမ်းအား ရှာမတွေ့ချေ။

တခြားကမ္ဘာမှာပဲဖြစ်ဖြစ်၊ ဒီမှာပဲဖြစ်ဖြစ် သူအမုန်းဆုံးအရာက ခြင်များပင်ဖြစ်၏။

ထို့ကြောင့် သူသည် နွံတောသို့ ပြန်သွားရမည်အား ထိပ်ဆုံးကဆန့်ကျင်ခြင်းဖြစ်သည်။ သို့သော်လည်း လင်းချီမှာ လူသားစားပန်းခင်းကြီးကို ဖြတ်ကျော်ရန် နည်းလမ်းကို စဉ်းစားရသည်ကြောင့် သူ့ဦးနှောက်များပင် ခြောက်နေပြီဖြစ်၏။

'မီးလျှံဝေ့ဝဲကြက်ကင်လို အစားအစာမျိုးက အသုံးဝင်တယ်၊ ဒါပေမယ့် ငါ့လက်ထဲမှာရှိသမျှ ရွှေတွေကို သုံးရင်တောင် ငါ့ကို အသက်ရှင်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး။ အနာဂတ်မှာ အဆင့်တက်တဲ့အခါ စွမ်းအားပေါက်ကွဲ အမဲသားလုံးလိုမျိုး နောက်ထပ် ဟင်းချက်နည်းတချို့ကို ရနိုင်ရင် ပိုကောင်းမယ် ဒါမှ ငါ့ကိုယ်ငါ ကာကွယ်နိုင်စွမ်းရှိလာမှာ'

လင်းချီသည် စနစ်ထဲမှာ ဟင်းလျာများကို စစ်ဆေးကြည့်ရှုနေရင်း သူ့ကိုယ်သူ တွေးနေမိသည်။ သူ လက်ရှိရင်ဆိုင်နေရသော ပြဿနာကို ဖြေရှင်းနိုင်သည့် ဟင်းလျာများစွာ စနစ်ထဲတွင် ရှိနေသော်လည်း အမျိုးအစားမှာ များပြားပြီး သူ့တွင် ထိုမျှလောက်အထိ ရွှေဒင်္ဂါးပြား များ

များစားစားမရှိချေ။

အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့ လေးယောက်သား ဝိုင်းစုကာ ထိုင်လိုက်ပြီး မီးဖိုလိုက်ကြသည်။ ညကင်းစောင့်ရန်လည်း အလှည့်ကျ စီစဉ်ပြီးဖြစ်သည်။ လင်းချီမှာ ဒဏ်ရာရထားသည့်အတွက် ပထမဆုံး အပိုင်းအခြားတွင် စောင့်ကြပ်ဖို့ရာ စီစဉ်လိုက်ကြသည်။ ဒါမှသာ ကျန်တဲ့ တစ်ညလုံးကို ကောင်းကောင်းအနားယူနိုင်ပြီး ဒဏ်ရာအား ကုစားနိုင်လိမ့်မည်ဖြစ်သည်။

ယွီမုန့်နှင့်မတူဘဲ လင်းချီမှာ တရားထိုင်ရန် မလိုအပ်ချေ။ လောလောဆယ် သူ့တွင် ဘာမှလုပ်စရာမရှိသောကြောင့် မီးမငြိမ်းသွားအောင် ထင်းတွေထည့်ကာ သူ့ရှေ့က မီးကို တုတ်နဲ့ထိုးရင်း ဖွနေလိုက်သည်။

ရုတ်တရက် အကြံဉာဏ်တစ်ခုက ဖြတ်ကနဲ ပေါ်လာသည်!

"မီး! ဟုတ်တယ် မီးပဲ! နည်းလမ်းရပြီကွ!" လင်းချီ

က စိတ်လှုပ်ရှားစွာ အော်လိုက်သောအခါ အခြားသူများလည်း နိုးလာခဲ့သည်။

"လင်းချီ၊ မင်း ဘာလို့အော်ဟစ်နေတာလဲကွ? လူတွေကို ကောင်းကောင်းမွန်မွန်လေးအနားယူခွင့် မပေးနိုင်ဘူးလား" လူးဝစ်မှာ ဆန်းသစ်လမြို့တော်၏ အရှင်သခင်ဖြစ်လာကြောင်းကို အိပ်မက်ထပ်မက်ခဲ့ပြန်သည်။ အချိန်ခဏတာပဲ ခံစားရသေးသော်ငြား သူ၏ လှပသော အိမ်မက်လေးမှာ ထပ်မံနှောင့်ယှက်ခံလိုက်ရတာကြောင့် မကျေမနပ် ဆက်တိုက်ရေရွတ်နေတော့သည်။

"လူသားစားပန်းခင်းကို ဖြတ်ကျော်လို့ ရမယ့်နည်းလမ်းကို ငါစဉ်းစားလို့ရသွားပြီ" လင်းချီက တောင်ပေါ်ရှိလူတိုင်းကို သူ့ ဖြေရှင်းနည်းအကြောင်း သိစေလိုသည့်အတိုင်း ပျော်ရွှင်စွာအော်ဟစ်နေသည်။

"ဘာနည်းလမ်းလဲ?" ယွီမုန့်က သူမ၏ပေါင်ပေါ်မှ မှော်တုတ်တံကို ကောက်ကိုင်လိုက်ပြီး မပျော်ရွှင်စွာ မေးလိုက်သည်။

သူမ တရားထိုင်နေချိန်၌ လင်းချီ၏ အနှောင့်အယှက်ပေးခြင်းခံလိုက်ရတာကြောင့် ယခုအချိန် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်များမှာ အနည်းငယ် မတည်မငြိမ်ဖြစ်နေသည်။ လင်းချီသာ သူမကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်မပေးနိုင်ခဲ့ဘူးဆိုရင် သူ့ကို လက်တုံ့ပြန်တဲ့အနေနဲ့ ခြောက်လှန့်ပစ်ဖို့ သူမလက်တွန့်နေမှာမဟုတ်ဘူး!

လင်းချီမှာ သူတို့၏ လှုပ်ရှားမှုများကို သတိမထားမိလိုက်ပေ။ မီးကျွမ်းနေသော လူသားစားပန်းပင်၏ ကျိုးပဲ့နေသော ပင်စည်ကို ထုတ်ယူပြီး သူတို့ သုံးယောက်ရှေ့သို့ ပြလိုက်သည်။

သူက "မီးကို သုံးလို့ရတယ် ငါတို့ အဲဒီလူသားစားပန်းခင်းထဲမှာ လမ်းကြောင်းထွင်ဖို့ မီးကို သုံးလိုက်မယ်ဆို ငါတို့ အေးဆေးဖြတ်သွားလို့ ရပြီ"

လင်းချီ စကားကိုကြားပြီးနောက် ယွီမုန့် နှင့် လူးဝစ် ၏ မျက်လုံးများ တောက်ပလာသည်။

ထို့နောက် ဒါဟာ အကြံကောင်းတစ်ခုဟု သူတို့ တွေးမိလိုက်ကြသည်။ လူသားစားပန်းပင်က ဘယ်လောက်ပဲ ထူးဆန်းနေပါစေ သူက အပင်တစ်ပင်ဖြစ်နေတုန်းပဲမဟုတ်လား? ဒီတော့ မီးကြောက်မှာ သေချာတယ်။

“ထပြီး ဒီလူသားစားပန်းခင်းကို မီးရှို့ဖို့ ပြင်ဆင်ကြစို့။ ငါတို့ တတ်နိုင်သမျှ အမြန်ဆုံး လမ်းရှာဖို့ လိုတယ်။”

လင်းချီသည် ခြောက်သွေ့ညှိုးနွမ်းနေသော သစ်ကိုင်းတစ်ခုကို အရင်ဆုံးရှာလိုက်ပြီး ထိပ်ကို ချွန်ကာ မီးပုံထဲမှ မီးကိုအသုံးပြုလို့ လောင်ကျွမ်းစေလိုက်သည်။ ထို့နောက် နောက်ပြန်ဆုတ်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်အမြန်လှမ်းပြီး သူ့လက်ထဲက မီးတုတ်ကို လှံကဲ့သို့ ပစ်ချလိုက်သည်။

မီးတုတ်သည် ညကောင်းကင်ယံ၌ စက်ဝန်းပြတ်တစ်ကြောင်း ဆွဲလိုက်သကဲ့သို့ လေထဲတွင် အလင်းတန်းတစ်သွယ် ဖြစ်ပေါ်လာစေသည်။

ထို့နောက် မီးပွားများသည် လူသားစားပန်းတစ်ပွင့်ပေါ်သို့ ကျသွားပြီး မီးတုတ်မှာလည်း မြေပြင်ပေါ်တွင် မယိုင်မလဲ ရပ်တည်ကာ တဖြည်းဖြည်း လောင်ကျွမ်းလာတော့သည်။

နောက်အခိုက်အတန့်တွင် မီးသည် အနီးအနားရှိ လူသားစားပန်းပွင့်ဆီသို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ ပန်းပွင့်ကြီးမှာ ၎င်း၏ ဆူးနွယ်ပင်များကို အသုံးပြု၍ မီးတောက်များကို ရိုက်ခတ်လိုက်ရာ အကြိမ်အနည်းငယ်မျှဖြင့်ပင် မီးတောက်ကို ငြိမ်းသွားစေသည်။

“တစ်ခုနဲ့ မလုံလောက်ဘူး။ ယွီမုန့်နဲ့ လူးဝစ် မင်းတို့ မီးတုတ်အဖြစ်သုံးလို့ရမယ့် သစ်ကိုင်းခြောက်တွေ သွားရှာကြ။ ငါက မင်းတို့ရှာလာတာတွေကို ချွန်ပေးမယ်။ လူသာ မင်းကကျ မီးညှိပြီး တစ်ခါတည်း ပစ်လွှတ်ပေတော့"

လင်းချီသည် ၎င်းတို့၏ တာဝန်များကို ခွဲဝေပေးပြီး လူတိုင်းက ကျရာတာဝန်ကို စတင်လုပ်ဆောင်

တော့သည်။

ယွီမုန့်မှာ သူမဘာကြောင့်များ လင်းချီ၏ ညွှန်ကြားချက်ကို မေးခွန်းမထုတ်ဘဲ နားထောင်နေလဲဆိုတာ မသိတော့ပေ။ ယခင်ကဆိုလျှင် လင်းချီမှ သူမအား ဤကဲ့သို့ အမိန့်ပေးသည့် လေသံဖြင့် ပြောရဲပါက၊ သူ့ကို ဟိုးအရင်ကတည်းက ရေခဲရုပ်ထုအဖြစ် ပြောင်းလိုက်ပေးပြီး ဖြစ်လိမ့်မည်။

မီးပုံဘေးတွင် ရပ်နေသော လင်းချီကို သူမ လှည့်ကြည့်လိုက်သည်။ ယွီမုန့်၏မျက်နှာလေးမှာ မတတ်သာဘဲ နီရဲလာပြီး တခဏအချိန်အတွင်းမှာပင် ချက်ချင်း မည်းမှောင်သွားပြန်သည်။ သူမဘာတွေတွေးနေလဲဆိုတာ မည်သူမှမသိပေ။

လင်းချီသည် သူတို့ ကမ်းပေးသော အကိုင်းအခက်များကို ဖြတ်တောက်ကာ မီးညှိပြီး လူသာကို ပေးရင်း ပြောလိုက်သည်။ "လူသာ၊ ဒီမီးတုတ်တွေကို လူသားစားပန်းတွေ မီးငြိမ်းဖို့ အချိန်မရှိအောင် တစ်နေရာတည်းကိုပဲ စုပစ်ဖို့

ကြိုးစားကြည့်"

“ဟုတ်ကဲ့ပါ သခင်လေး”

ကြီးမြတ်သော ဓားသခင်အဆင့်သို့ ရောက်နေသော လူသာ၏ စွမ်းအားမှာ ထင်ရှားလှသည်။ သူ့ပစ်လွှတ်မှုများက တိကျကာ တည်ငြိမ်သည့်အပြင် အလွန်မြန်ဆန်၏။ လင်းချီ၏ လုပ်ဆောင်နှုန်းက ၎င်းကို လိုက်မမီနိုင်သည်အထိပင် ဖြစ်ပြီး အလွန်ထိရောက်မှုရှိသည်။

လူသားစားပန်းများက သူတို့ရှေ့က မီးတုတ်အနည်းငယ်ကိုသာ မီးငြိမ်းနိုင်ကြသည်။ သူတို့က အနောက်ဘက်ရှိ မီးတုတ်များကို မငြိမ်းသတ်နိုင်ရုံသာမက ၎င်းတို့၏ ဆူးနွယ်ပင်များကိုပါ မီးလောင်ကျွမ်းစေခဲ့၏။ နာကျင်မှုက သူတို့၏ နွယ်များကို ဖြစ်ကတတ်ဆန်း ဝှေ့ယမ်းနေစေပြီး မီးက တစ်စထက်တစ် ပို၍ ကြီးမားလာတော့သည်။

ထိုမြင်ကွင်းက လင်းချီ မျှော်လင့်ထားသည်ထက်

ပင် ကျော်လွန်သွားခဲ့သည်။ လူသားစားပန်းများက သူတို့ကိုယ်တိုင် မီးကို ပိုပြန့်သွားစေပြီး ထိုအခြင်းအရာက သူတို့၏ ပျက်စီးမှုကို အရှိန်မြှင့်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“မင်းတို့နှစ်ယောက် လာကြည့်ကြ။ ဒါက ရှားရှားပါးပါး မြင်ကွင်းပဲ” လင်းချီက လူသားစားပန်းတွေ လောင်ကျွမ်းနေတာကို ကြည့်ဖို့ သူတို့နှစ်ယောက်ကို အမြန်ပြန်ခေါ်လိုက်သည်။

တဟုန်းဟုန်းတောက်လောင်နေသော မီးက ကောင်းကင်ယံအား တစ်ဝက်တိုင်အောင် အလင်းပေးနေသည်။ သူတို့အောက်တွင် လူသားစားပန်းများက သူတို့၏ နွယ်ရှည်ကြီးများကို အရူးအမူးဝှေ့ယမ်းနေကြသည်။ သို့သော် သူတို့၏ ခွန်အားမှာ အားနည်းသထက် အားနည်းလာကာ သေလုမျောပါး ဖြစ်နေပုံရသည်။

“ဒီလောက်မြန်မယ်လို့ မမျှော်လင့်ထားဘူး လမ်းဖွင့်ဖို့ တစ်ညလုံး အလုပ်လုပ်ရမယ်ထင်ထားတာ အခုတော့ ကိုယ့်လမ်းကိုယ် ဖောက်ပြီးသွားပြီ

ပေါ့” လင်းချီက သူ့ရှေ့က မီးတောက်ပင်လယ်ကြီးကို လှမ်းကြည့်လိုက်သည်။ သူနှင့် အနည်းငယ်ဝေးသော်လည်း သူ့မျက်နှာ၌ မီး၏ အပူရှိန်ကို ခံစားနေရဆဲဖြစ်ပြီး ၎င်း၏စွမ်းအားကို အသိအမှတ်ပြုရန် လုံလောက်ပေသည်။

သူတို့သုံးယောက်က သူတို့ရှေ့ရှိ မီးပင်လယ်ကြီး မငြိမ်းသွားခင် ည ဒုတိယအပိုင်းအခြားရောက်သည်အထိ စောင့်နေကြသည်။ သို့သော် မြေပြင်မှာ အနည်းငယ် ပူနေသေးသောကြောင့် သူတို့ ဆက်မနေချင်ကြပေ။

“ကဲ သွားကြရအောင်။ ဒီမီးကြောင့် အနီးအနားမှာရှိတဲ့ မိစ္ဆာသားရဲတွေက ကြောက်လန့်ပြီး ပြေးသွားလောက်ပြီ ဒါ့ကြောင့် ဒီအခွင့်အရေးကို ကောင်းကောင်းဆုပ်ကိုင်ပြီး ရှေ့ကို ဆက်ကြမယ်”

လင်းချီ၏ အကြံပြုချက်ကို လူတိုင်း သဘောတူကြသည်။ လူသာက ဦးဆောင်ကာ ကျန်တဲ့သူများက နောက်ကလိုက်ကြသည်။

မကြာခင်မှာ ပြာဖြစ်သွားသော လူသားစားပန်းခင်းထဲ ရောက်ရှိလာပြီးနောက် သူတို့ အရှိန်မြှင့်လိုက်ကြသည်။ ခြေထောက်အောက်ရှိ မြေပြင်မှာ အလွန်ပူပြီး သူတို့ ရပ်မနေနိုင်ကြပေ။ လူသားစားပန်းတို့၏ နယ်မြေက သိပ်မကြီးလှပေ။ နာရီဝက်မပြည့်မီအချိန်အတွင်းမှာပင် သူတို့ ၎င်းတို့၏ ပိုင်နက်ထဲမှ ထွက်ခွာတော့မည်ဖြစ်သည်။

“သခင်လေး ကျွန်တော်တို့ရှေ့မှာ လူတွေ တွေ့တယ် သူတို့က အခြားယှဉ်ပြိုင်သူတွေ ဟုတ်မဟုတ်တော့ မသိဘူး" လူသာက သူတို့ရှေ့မှာ ရပ်နေတဲ့ လူတစ်ယောက်ကို လှမ်းမြင်လိုက်သည်။ ထိုသူကား အရပ် အတော်ရှည်၏။ သို့သော် သူ ဘယ်မြို့က လာမှန်း လူသာ မမှတ်မိနိုင်ဖြစ်နေသည်။

"ဟိုးရှေ့ကလူ၊ မင်းဘယ်မြို့ကလဲ?"

လူသာ အော်မေးလိုက်ပြီးရုံရှိသေးချိန် လှုပ်ရှားမှုအချို့ကို ရိပ်ကနဲဖမ်းမိလိုက်သော်လည်း

နောက်ကျသွားချေပြီ။ ရုတ်တရက် ကြီးမားသောပိုက်ကွန်ကြီးတစ်ခုက သူတို့ပေါ်သို့ ပစ်ချလာသည်။

တခြားအသင်းများနှင့် ဆုံတွေ့ပြီး ရှေ့ဆက်ရမည့်လမ်းမှာ ပိုလွယ်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူတို့ရှေ့ဆက်မသွားနိုင်ခင်မှာတင် ပိုက်ကွန်ကြီးတစ်ခုနှင့် ဖုံးအုပ်ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

လင်းချီနဲ့ တခြားသူများက ခုခံဖို့ မစဉ်းစားတာ မဟုတ်သော်လည်း အဖြစ်အပျက်များမှာ ရုတ်တရက်ဖြစ်သောကြောင့် တစ်ဖက်သူများမှာ အခြားသောယှဉ်ပြိုင်သူများဖြစ်လိမ့်မည်ဟု တွေးထင်မိကြခြင်းဖြစ်သည်။ သို့သော် ထိုကြီးမားသောပိုက်ကွန်ကြီးက ပုံမှန်ဟုတ်မနေခဲ့။ ၎င်းက လူတို့ကို သူတို့ရဲ့ ခွန်အားများ ဆုံးရှုံးစေပြီး ချက်ခြင်း ဖမ်းမိသွားစေနိုင်သည်။

ထိုစဉ် တစ်ဖက်လူမှာ သူတို့ရှိရာဆီ တစ်လှမ်းချင်း လျှောက်လာသည်ကို တွေ့လိုက်ရ၏။

"သူတို့က အော့ခ်တွေပဲ ဤနေရာမှာ အော့ခ်တွေ ရှိတာလား? သူတို့က တိုက်ကြီးရဲ့ တောင်ဘက်ပိုင်းမှာ နေကြတာဆို?” လင်းချီမှာ သူတို့ အော့ခ်များနှင့် အမှန်တကယ် တွေ့ဆုံနေကြရကြောင်း ယုံရခက်နေသည်။

အမှန်ပင် သူတို့ရှေ့က အော့ခ်များမှာ သာမန်မြင်နေကျ အော့ခ်မျိုးနွယ်စုများနှင့် အနည်းငယ် ကွာခြားသည်။ သူတို့ရှေ့က အော့ခ်များမှာ အရပ်ရှည်ပြီး ကြွက်သားများဖြင့် သန်မာပုံပေါ်သည်။ အနီးကပ်ကြည့်ရှုပါက သူတို့၏ သွားများကို ဖြဲထားပြီး နားရွက်ရှည်များကို ဆန့်ထုတ်ထားသည်။ သူတို့၏အင်္ဂါရပ်များမှာ သားရဲများနှင့်ပင် အနည်းငယ်ဆင်တူသည်။

နားရွက်ရှည်များနှင့် ချွန်ထက်သောသွားများကဲ့သို့ အနည်းငယ်ကွဲပြားသည့် အသွင်အပြင်များဖြင့် ၎င်းအော့ခ်များသည် အနည်းငယ် ပို၍ အကျည်းတန်သွားသည်မှလွဲ၍ အခြားလူသားများနှင့် မကွဲပြားကြောင်း လင်းချီ သဘောပေါက်

လိုက်သည်။ သို့သော် ၎င်းတို့သည် အလွန်အရပ်ရှည်ပြီး ဝက်ဝံကြီးများနှင့်တူလှသည်။

~~~

All Chapters