← Chapters

ဘရူမျိုးနွယ်

Vol. 6 Ch. 55

ဘရူမျိုးနွယ်

Vol. 6 Ch. 55

အော့ခ်မျိုးနွယ်အနည်းငယ်က တစ်ယောက်ပြီးတစ်ယောက် ထွက်လာကာ လင်းချီ နှင့် အခြား သုံးယောက်ကို ပိုက်ကွန်ထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် အားလုံးကို နွယ်ပင်တစ်မျိုးဖြင့် ချည်နှောင်ပြီး အသံမထွက်နိုင်အောင် သူတို့၏ ပါးစပ်အား တစ်ခုခုဖြင့် ဆို့ထားလိုက်ကြသည်။

ထိုအချိန်တွင် အခြားသူများထက် ပို၍အရပ်ရှည်သော အော့ခ်တစ်ကောင်သည် ရှေ့သို့ လှမ်းလာပြီး သူ့မျက်လုံးဝိုင်းကြီးများဖြင့် သူတို့ကို စိုက်ကြည့်နေသည်။

ထိုအော့ခ်၏အမူအရာသည် ကြာလေကြာလေ ပိုဆိုးရွားလာလေဖြစ်ပြီး သူ၏ရက်စက်မှုကို ပြသ

နေသည်။

“သိပ်ကောင်းတယ်၊ မင်းတို့လူသားတွေက ဘရူမျိုးနွယ်စုရဲ့ လူသားစားပန်းခင်းတွေကို မီးရှို့ရဲကြတယ်ပေါ့ မင်းတို့ ဒီ့အတွက် ပြန်ပေးဆပ်ရမယ်!"

“သူတို့ကို မျိုးနွယ်စုဆီ ခေါ်သွားပြီး သူတော်စင်မိန်းမပျိုရဲ့ အမိန့်ကို စောင့်နေကြ”

“ဟုတ်!”

လင်းချီ နှင့် အခြားသူများကို ဘရူမျိုးနွယ်စုမှ ရှေ့သို့ ဦးဆောင်ခဲ့သည်။ လမ်းတစ်လျှောက်တွင် မျက်လုံးချင်းဆုံရုံသာ တတ်နိုင်ပြီး စကားပြော ဆက်သွယ်လို့မရပေ။

ယခုအချိန်တွင် ကောင်းကင်ကြီးမှာ လင်းထိန်နေနှင့်ပြီဖြစ်၏။ လင်းချီနှင့် အခြားသူများကို အော့ခ်တို့၏ တပ်မှူးက ချိုင့်ဝှမ်းငယ်တစ်ခုထဲတွင် ရှိသော ဘရူမျိုးနွယ်ထံ ပို့ဆောင်ခဲ့သည်။

ဘရူ မျိုးနွယ်စုသည် ဘေးတစ်ဖက်တစ်ချက်တွင် တောင်တန်းများဖြင့် ဝန်းရံထားသည်။ အဝင်အထွက်မှာလည်း တစ်ဖက်က မြစ်ကို မျက်နှာမူလျက်ရှိပြီး ကျန်တစ်ဖက်ကသာ ပွင့်နေသည်။ သို့သော် သူတို့ရှေ့ရှိ ဝင်ပေါက်တွင် မြင့်မားသော ကျောက်နံရံတစ်ခု တည်ဆောက်ထားပြီး အော့ခ်အစောင့်များက တစ်လှည့်စီ စောင့်ကြပ်နေကြသည်။

လမ်းတွင် လင်းချီနှင့် အခြားသူများသည် အခြေအနေအကြောင်းမေးရန် ရောက်လာသော အော့ခ်အနည်းငယ်နှင့် ရံဖန်ရံခါ ဆုံခဲ့သည်။ နာဒါ့ခ် ဟုခေါ်သော အော့ခ်တပ်မှူးသည် သူ၏လက်အောက်ငယ်သားများအား လင်းချီတို့တစ်တွေ၏ပြစ်မှုများကို အလေးပေးပြောကြားခဲ့သောကြောင့် အော့ခ်များ၏ သဘောထားမှာ ပို၍ပင်တင်းမာလာခဲ့သည်။

'ဒီတော့ လူသားစားပန်းခင်းတွေက အော့ခ်တွေရဲ့ အစာရင်းမြစ်ဖြစ်ပြီး ဒါ လူတွေရဲ့ လယ်ကွင်း စပါးကွင်းတွေနဲ့ သဘောထားအတူတူပဲပေါ့? ဒီလို

ဆို မကောင်းတော့ဘူး။ ဒီအခြေအနေကို ပြင်ဆင်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားမှ ရမယ်၊ မဟုတ်ရင် ငါတို့အတွက် အဆုံးသတ်ကောင်းမှာ မဟုတ်လောက်ဘူး'

လင်းချီသည် လမ်းတစ်လျှောက် အော့ခ်များ၏ စကားဝိုင်းကို နားထောင်လာပြီး ဇာတ်လမ်းတစ်ခုလုံးကို သိလိုက်ရသည်။ ဒီတစ်ကြိမ်တော့ သူတို့ တကယ့်ကို ပြဿနာ မီးထွန်းရှာမိသွားတယ်ဆိုတာ နားလည်လိုက်သည်။ သူတို့က အော့ခ်တွေရဲ့လယ်ကွင်းတွေကို မီးရှို့လိုက်တဲ့အတွက် အော့ခ်တွေက သူတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်လောက်ဘူး။

'အစားအသောက်? အို ဟုတ်သား! ငါ့မှာ လျှာကဝေစနစ်ရှိတာပဲ ငါ သူတို့ကို လျော်ကြေးပေးလိုက်မယ်။ လူသားစားပန်းတွေကိုပဲ စားရလောက်အောင် တွန်းအားပေးခံထားရတာဆိုတော့ သူတို့ စနစ်ထဲက အရသာရှိတဲ့ဟင်းလျာတွေကို စားဖူးကြလောက်မှာမဟုတ်ဘူး။

'ဒါပေမယ့် သူတို့နဲ့ ဆွေးနွေးနိုင်ဖို့ ငါ အရင်စကားပြောနိုင်မှရမှာ သူတို့ကို စည်းရုံးဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။'

လင်းချီသည် ထိုသို့ တွေးပြီးနောက် သူ့စိတ်ထဲတွင် အကြမ်းဖျင်းအစီအစဉ်တစ်ခု ဆွဲပြီးဖြစ်သည်။ သူသည် ဘရူမျိုးနွယ်စုထံ မှော်ဆန်သောအစားအစာများ ယူဆောင်လာပေးရန် ပြင်ပမှစေလွှတ်သော သံတမန်တစ်ဦးအဖြစ် ဟန်ဆောင်သွားမည်ဖြစ်သည်။

သူတို့ကို လိုက်လံပို့ဆောင်သော အစောင့်အကြပ်အဖွဲ့မှာ ပို၍ ကြီးမားလာခဲ့သည်။ လင်းချီသည် ပတ်ပတ်လည်ကို မသိမသာ အကဲခတ်ကြည့်လိုက်ရာ လူ ၅၀၀ နီးပါးခန့် ရှိနေသည်ကို တွေ့လိုက်ရသည်။

ရင်ပြင်ရှိ တိုင်တစ်ခုတွင် သူတို့ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားကြသည်။ အခြေအနေက သိပ်မကောင်းပေ။ မျိုးနွယ်စုမှလူများက အလှည့်ကျ ကင်းစောင့်နေကြသည်။

အခွင့်အလမ်းကို ရှာဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလှသည်မှာ ထင်ရှားသည်။

လင်းချီက သူ့ဘေးက ယွီမုန့်နဲ့ လူးဝစ်ကို ကြည့်လိုက်သည်။ ယွီမုန့်၏ မျက်နှာထက်ရှိ ဇာပုဝါမှာ မဖယ်ရှားရသေးချေ။ အော့ခ်များက မျက်နှာလွှားဇာပုဝါဆိုတာ ဘာလဲ မသိကြခြင်းဖြစ်နိုင်၏။

လူးဝစ်၏ မျက်နှာသည် ဖြူဖျော့နေပြီး ကြောက်လန့်နေသကဲ့သို့ အားနည်းနေပုံရသည်။

"သူတို့ကိုသတ်ပစ်!"

“သူတို့ကို သတ်ရတာ အရမ်းညှာပေးလွန်းတယ်။ လူစားပန်းတွေကို သူတို့လုပ်သလိုမျိုး ငါတို့က သူတို့ကို မီးရှို့ရမယ်။”

“ဟုတ်တယ်… သူတို့ကို မီးရှို့! သူတို့ကို သတ်ပစ်!” မျိုးနွယ်စုရှိ အော့ခ်များအားလုံး အော်ဟစ်နေကြသည်။

လင်းချီသည် အော့ခ် များက အုပ်စုများစွာ ကွဲထွက်နေသည်ကို မြင်ရသည်။ အချို့က ၎င်းတို့ကို မီးရှို့ချင်သည်ဟု ဆိုကြပြီး အချို့က ၎င်းတို့ကို ပုဆိန်နှင့် ခုတ်သတ်ချင်သည်ဟု ဆိုကြသည်။ အချို့ကမူ မိစ္ဆာသားရဲများကို အစာကျွေးရန်အတွက် အပြင်တွင် ချိတ်ဆွဲထားချင်ကြသည်။ ဒါဟာ တကယ်ကို ခြိမ်းခြောက်ခံနေရခြင်းဖြစ်သည်။

မျိုးနွယ်စုမှ အော့ခ်၏ အော်သံများကြားတွင် လှပပြီး ငယ်ရွယ်သော အော့ခ်မျိုးနွယ် မိန်းကလေးတစ်ယောက်မှာ ပေါ့ပါးသော ခြေရာများဖြင့် အဆောက်အဦးတစ်ခုထဲမှ ထွက်လာခဲ့သည်။ အနီးကပ်သေချာကြည့်ပါက သူမသည် တိရစ္ဆာန်အရေခွံဖြင့်ပြုလုပ်ထားသော စကတ်တိုကို ၀တ်ဆင်ထားပြီး၊ မိစ္ဆာသားရဲတို့၏သွားများနှင့် အကြေးခွံများစွာကို သူမ၏ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းချိတ်ထားသည်။

ရင်ပြင်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး အော့ခ်တိုင်းက လေးစားစွာ ဦးညွှတ်ကြသည်။

'ဒီကောင်မလေးက သူတို့ပြောနေတဲ့ သူတော်စင်မိန်းမပျို နဲ့တူတယ်။ လွတ်မြောက်မယ့် အခွင့်အရေးရဖို့ သူနဲ့ စကားပြောရမှ ရမယ်”

လင်းချီသည် စတင်၍ ပြင်းထန်စွာ ရုန်းကန်ပြီး အော်ဟစ်နေခဲ့သော်လည်း သူ့ပါးစပ်မှာ အပိတ်ခံထားရဆဲဖြစ်သောကြောင့် စကားမပြောနိုင်ပေ။

“အင်းး…အင်းးး…”

ဘရူမျိုးနွယ်စု၏ သူတော်စင် မိန်းမပျိုမှာ မူလက လူသားစားပန်းခင်းများကို မီးရှို့သော ပြစ်မှုကို ကျူးလွန်သည့် လူသားလေးဦးအား ကောင်းကင်ဘုံသို့ ပြန်ခွင့်ကို ပေးအပ်ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့တွင် ပြောစရာရှိပုံပေါ်သည့်အလား လင်းချီမှာ မရပ်မနား ရုန်းကန်နေရသည်ကို သူမမြင်လိုက်ရသည်။

လင်းချီ၏အသွင်အပြင်ကို သူမစိတ်မ၀င်စားပေ။ အော့ခ်နှင့် လူသားတို့၏ အလှတရားသတ်မှတ်မှု

များကြားတွင် ကြီးမားသော ခြားနားချက်များ ရှိနေဆဲဖြစ်၏။ အော့ခ်များက သန်မာပြီး အားကြီးသူတွေကို သဘောကျကြသည်။ သူတို့၏မျက်လုံးထဲတွင် လူသားများမှာ ပိန်လှီပြီး အားနည်းလွန်းသဖြင့် လေတိုက်တာကိုပင် မခံနိုင်လောက်ဟု ထင်ရသည်။

"နာဒါ့ခ်၊ အဲ့ဒီလူငယ်ရဲ့ ပါးစပ်ကို လွှတ်ပေးလိုက်၊ သူဘာပြောမလဲ ကြည့်ရအောင်။"

"ဟုတ်ကဲ့ပါ သူတော်စင်မိန်းမပျို!"

အော့ခ်တပ်မှူးက သူတော်စင်မိန်းမပျိုအား ခေါင်းငုံ့အရိုအသေပေးကာ လင်းချီထံသို့ လျှောက်သွားပြီး ပါးစပ်ထဲရှိ နွယ်ပင်ကို ဖယ်ရှားပေးလိုက်သည်။

“မိန်းမပျို၊ ကျွန်တော်တို့က ပြင်ပလောကကနေ စေလွှတ်လိုက်တဲ့ သံတမန်တွေပါ ဘရူ မျိုးနွယ်စုဆီ မှော်ဆန်တဲ့ အစားအစာတွေ ယူဆောင်လာပေးဖို့ တာဝန်နဲ့ ဒီကို လာခဲ့ကြတာပါ သက်သေပြဆို

ပြပေးနိုင်ပါတယ်!"

လင်းချီမှာ ထပ်၍ စကားပြောခွင့် ပိတ်ပင်ခံရမည်စိုးတာကြောင့် သူ့ရင်ထဲမှာ အကြိမ်ပေါင်းများစွာ တွေးဖူးတဲ့ စကားတွေကို တရစပ်တည်းနဲ့ ပြောလိုက်သည်။

"မှော်အစားအစာ? ဘယ်လောက်တောင်မှော်ဆန်နိုင်မှာမို့လို့လဲ။ မင်းတို့ရဲ့လူတွေ မီးရှို့လိုက်တဲ့ လယ်ကွင်းတွေနေရာမှာ အစားထိုးနိုင်လောက်တဲ့အထိ တန်လို့လား?” လင်းချီပြောတဲ့ မှော်အစားအစာကို သူတော်စင်မိန်းမပျိုလေးက မယုံကြည်သော်လည်း သူ့မျက်လုံးထဲတွင် မြင်ရသော ရိုးသားမှုအတွက် သက်သေပြခွင့်ပေးဖို့ သူမ ပြင်ဆင်ထားပြီးဖြစ်သည်။

လူသားစားပန်းခင်းများက မရှိတော့ပေ။ အကယ်၍ သူသာ မျိုးနွယ်စု၏ ဆုံးရှုံးမှုအတွက် အမှန်တကယ် ပြန်လည်ပေးဆပ်နိုင်မည့် နည်းလမ်းတစ်ခု ရှိပါက၊ ၎င်းသည် မျိုးနွယ်စု၏ ငတ်မွတ်မှုကို တားဆီးရန် အကောင်းဆုံး

ရွေးချယ်မှု ဖြစ်လိမ့်မည်။ သူပြောတာတွေက အမှန်ဖြစ်မယ်လို့ သူမမျှော်လင့်မိသည်။ မဟုတ်ရင် အဲ့ဒီလူငယ်ကို သူမ လုံးဝအလွတ်ပေးမည်မဟုတ်!

"သူ့ကို ကြိုးဖြေပေးပြီး သက်သေပြခွင့်ပေးလိုက်ပါ"

"လူငယ်လေး ကောင်းကောင်းပြုမူ ဘာလှည့်ကွက်မှ ကစားဖို့ မတွေးနဲ့” နာဒါ့ခ်က လင်းချီကို သတိပေးလိုက်ပြီး မိန်းမပျို၏ အမိန့်ကို နားထောင်ကာ လင်းချီကို ကြိုးဖြေပေးလိုက်သည်။

လင်းချီက သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ယွီမုန့်နဲ့ တခြားသူများကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတော်စင်မိန်းမပျိုထံသို့ ခေါ်ဆောင်ခံလာရသည်။ အော့ခ်အနည်းငယ်က သူနှင့် မိန်းမပျိုကြားတွင် ရပ်နေပြီး လင်းချီ တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် လက်နက်များကိုင်ဆောင်ကာ အတန်းလိုက်ရပ်နေကြသည်။

ထိုအချိန်တွင် လင်းချီက အော့ခ်များထံမှ အိုးတစ်လုံးတောင်းပြီး အကင်စတင်လုပ်ရာ ရင်ပြင်တစ်ခုလုံး စားချင်စဖွယ် ရနံ့များ ပျံ့နှံ့သွားတော့သည်။

လျှာကဝေစနစ်တွင်၊ အရိုးရှင်းဆုံး အစားအစာဖြစ်သည့် အသားကင်သည်ပင်လျှင် အရသာရှိသော ဟင်းလျာများကို တစ်ခါမျှ မစားဖူးသည့် အော့ခ်များကို အသာထား ဤကမ္ဘာရှိ လူများအတွက်ပင် အရသာရှိလှသည်။

[ဒင်! အကင်ချက်ပြုတ်ခြင်းတာဝန်ကို ပြီးမြောက်သည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါသည်။ ငရုတ်ကောင်း နှင့် ငရုတ်သီးမှုန့် တို့ကို သင့်အတွက် ပြင်ဆင်ပေးထားပါသည်။]

ခဏအကြာတွင် ဟင်းခတ်များ၏ မွှေးကြိုင်သော ရနံ့က လေထဲ၌ ပြည့်နှက်သွားသည်။ မျိုးနွယ်စုမှ သူများအားလုံး အနည်းငယ် ခေါင်းညိတ်မိလိုက်ကြပြီး သူတို့၏ မျက်ဆံများမှာ ချက်ချင်း

ကျယ်ပြန့်လာပြီး ဟင်းရနံ့ကို ဆက်လက်ရှူရှိုက်နေကြသည်။

“ကောင်းပြီ၊ ဒီဟင်းကို ‘အရသာရှိတဲ့အသားကင်’လို့ခေါ်တယ်၊ သူ့ရဲ့ အာနိသင်က စားသုံးသူရဲ့ ခွန်အားကို ပြန်လည်ရရှိစေနိုင်တယ်။ ဘယ်သူ အရင်စမ်းကြည့်ချင်လဲ?” လင်းချီသည် အော့ခ်များ၏ရှေ့တွင် အသားကင် ထိုးထားသည့် သံချောင်းကို ဝှေ့ယမ်းပြရင်း မေးလိုက်သည်။

အော့ခ်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း ဘယ်သူမှ ရှေ့ ထွက်မလာကြပေ။ နောက်ဆုံးတွင် ၎င်းတို့ထဲမှတစ်ဦးက "အရသာရှိသော အသားကင်" ဟုခေါ်သည့် ဟင်းလျာကို စမ်းသပ်ကြည့်ရန် တာဝန်ပေးအပ်ခြင်းခံရသည်။ တာဝန်ပေးခံရသော အော့ခ်မှာ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှုကို ခံစားနေရသည်။ သူသည် အကင်၏ရနံ့ကြောင့် ကိုက်စားလိုစိတ်ပြင်းပြသော်လည်း ထိုအထဲတွင် အဆိပ်ရှိမည်ကို ကြောက်နေသည်။

သို့သော် ကိုယ့်ကိုကိုယ် အားခဲကာ ၎င်းအသားကင်ကို တစ်ကိုက်တည်းဖြင့် စားလိုက်သည်။

အသားကင်အရသာက ချိုချိုငန်ငန်လေးဖြစ်ပြီး အရည်များက သူ့ပါးစပ်တစ်ခုလုံး ပြည့်နှက်သွားကာ စားလို့ကောင်းလှသည်။ ၎င်းသည် အော့ခ်တို့၏ အရသာခံအာရုံအတွက် အထူးပြုလုပ်ထားသော လင်းချီရဲ့ ထူးကဲသော အသားကင်ဖြစ်သည်။

လျှာကဝေစနစ်တွင် မျိုးနွယ်စုပေါင်းများစွာ၏ နှစ်သက်ရာ အရသာများစွာအတွက် ရွေးချယ်စရာများစွာရှိသည်။ ၎င်းတို့အားလုံးသည် မတူညီကြပြီး တစ်ခုစီတွင် မျိုးနွယ်စုများ၏ အကြိုက်နှင့် လိုက်ဖက်သော ကိုယ်ပိုင်လက္ခဏာများ ရှိကြသည်။

"ကျောက်တုံး မင်းဘယ်လိုခံစားရလဲ" သူ့ဘေးကလူများမှ စူးစူးစမ်းစမ်း မေးလာသည်။

ကျောက်တုံး အမည်ရှိ အော့ခ်သည် အသားကင်၏ အရသာကို သေချာစမြုံ့ပြန်ပြီးနောက် ပြောလိုက်သည်။ “အရမ်း အရသာရှိတယ်”

"ငါ့အနံ့ခံအာရုံ အကောင်းအတိုင်းရှိနေတုန်းပဲ အနံ့နဲ့တင် အရသာရှိမှန်းတော့ သိတာပေါ့ ငါမေးချင်တာ မင်းဘယ်လိုခံစားရလဲဆိုတာကို ပြောတာ"

"ငါဘယ်လိုခံစားရလဲ? အခုလက်ရှိ ငါ့မှာ စွမ်းအင်တွေ အပြည့်ဖြစ်နေတယ်လို့ ခံစားနေရတယ်။"

လင်းချီသည် နောက်ထပ်အနည်းငယ်ထပ်ချက်ပြုတ်ပြီး အကျိုးသက်ရောက်မှုကို စမ်းသပ်ရန် အခြားသူများထံ ကမ်းပေးလိုက်သည်။

~~~

All Chapters