← Chapters

သဘောကျလက်ခံခြင်း

Vol. 6 Ch. 56

သဘောကျလက်ခံခြင်း

Vol. 6 Ch. 56

လင်းချီမှာ အလွန်လျင်မြန်သည်။ သူသည်

သတ်မှတ်ထားသည့် အချိန်အတွင်း အရသာရှိသည့် အသားကင်ကို ကင်ပြီးသွားပြီဖြစ်သည်။

၎င်းသည် ဆီရွှဲကာ အရည်ရွှမ်း၏။ အထူး ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ငရုတ်ကောင်းနက်နှင့် ငရုတ်သီးမှုန့်တို့ ပါဝင်သောကြောင့် အေ့ာခ်မျိုးနွယ်စုဝင်များ၏ မျက်လုံးများမှာ တောက်ပနေသည်။ ၎င်းကို မစားရသေးသည့် အေ့ာခ်များမှာ သွားရည်ယိုနေကြသည်။

တချို့အော့ခ်များက အသားကင်အပူကို မကြောက်ကြပေ။ လင်းချီ အသားကင်ကို ကမ်းလိုက်သည်နှင့် အော့ခ်တစ်ယောက်က ၎င်းကို လက်ဗလာဖြင့်ယူလိုက်သည်။ ထို့နောက် အပူကြောင့် သူ့လက်နှစ်ခုကြား အပြန်ပြန် အလှန်လှန် ပစ်နေရသည်။ သူသည် ၎င်းကို ပါးစပ်ထဲထည့်ရန် မစောင့်နိုင်တော့ပေ။

အကယ်၍ အဝေးတွင် ရပ်ကြည့်နေသော မြင့်မြတ်မိန်းမပျိုကြောင့်သာ မဟုတ်ခဲ့ပါက သူ

တို့သည် ၎င်းအသားကင်ကို လုပြီးသည်မှာ ကြာပြီဖြစ်သည်။ ထိုသို့သော အစားအသောက်မျိုးသည် ကောင်ကင်ဘုံသို့ သွားကာ အော့ခ်နတ်ဘုရား၏ ဘုံဗိမ္မာန်တွင်မှ စားသောက်နိုင်လိမ့်မည်ဖြစ်၏။

အသားကင်က သိပ်မပူတော့ဘူးဆိုမှ နာဒါ့ခ်က သွားပြီး အသားကင်တစ်ခု တောင်းလိုက်သည်။ သူသည် အလုပ်များနေသောလင်းချီအား တစ်ချက်ကြည့်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ စားလိုက်သည်။

အသားကင် သူ့ပါးစပ်ထဲသို့ ရောက်သွားချိန်တွင် နာဒါခ်၏ မျက်လုံးများသည် ပြူးနိုင်သလောက် ပြူးကျယ်သွားခဲ့သည်။ အကျိုးသက်ရောက်မှုက သိသာထူးခြားသည်။ ၎င်းသည် အေ့ာခ်နတ်ဘုရားမှ ချီးမြှင့်ပေးထားသည့် စွမ်းအားပြန်လည်ဖြည့်တင်းခြင်းမန္တန်များထက်ပင် ပိုမြန်သေးသည်။ သူသည် အဆုံးမရှိသည့် စွမ်းအားတစ်ခု ပိုင်ဆိုင်ထားရသကဲ့သို့ ခံစားရပြီး တစ်ချက်တည်းနှင့် တောဝံပုလွေ ငါးကောင်ကိုပင် သတ်နိုင်လိမ့်မည်

ဟုပင် တွေးနေသည်။

နာဒါ့ခ်သည် သူ့မျက်လုံးများကို မှိတ်လိုက်ပြီး အေ့ာခ်နတ်ဘုရားအား အလေးအနက်ပြုတောင်းပန်လိုက်သည်။ ထို့နောက် အသားကင်နောက်တစ်ခုကို သစ်ရွက်နီတစ်ခုဖြင့် သေချာဂရုတစိုက် ထုတ်ပိုးလိုက်ကာ မြင့်မြတ်မိန်းမပျိုထံ သွားပြီး လေးစားစွာ ၎င်းကို သူမအား ဆက်သလိုက်သည်။

သူတော်စင်မိန်းမပျိုသည် လင်းချီပြုလုပ်ခဲ့သည့် အရာတိုင်းကို တွေ့မြင်ခဲ့ပြီး သူမသည် အသားကင်ကို စားပြီးသည့် အော့ခ်မျိုးနွယ်များ၏ တုံ့ပြန်ချက်များမှ သူ့ အစားအသောက်သက်ရောက်မှုကို တွေ့မြင်နိုင်သည်။ ၎င်းကိုစားပြီးနောက် အော့ခ်များသည် အလွန်စိတ်လှုပ်ရှားလာခဲ့ကြပြီး သူတို့နားရှိ နေရာလွတ်တွင် အချင်းချင်း စတင်တိုက်ခိုက်ကြတော့သည်။

မြင့်မြတ်မိန်းမပျိုသည် နာဒါ့ခ် လက်နှစ်ဖက်ဖြင့်ကိုင်ထားသည့် အရသာရှိသော အသားကင်ကို ငုံ့

ကြည့်လိုက်သည်။ စွဲမက်ဖွယ်ကောင်းသော ရနံ့က သူမ၏လည်ချောင်းကို အနည်းငယ် လှုပ်ခတ်သွားစေသည်။

သူမသည် အသားကင်ကို ကောက်ယူလိုက်ပြီး အရသာမြည်းစမ်းရန် ပါးစပ်ထဲထည့်လိုက်သည်။ သူမသည် ယွီမုန့်ကဲ့သို့ စားသည့်အခါ ပါးစပ်ကို အုပ်ပြီး နည်းနည်းချင်းကိုက်မစားတတ်။ သူတို့၏ အော့ခ်မျိုးနွယ်စုတွင် လူ့ယဥ်ကျေးမှုစည်းကမ်းများကို လိုက်နာရန်မလိုအပ်ပေ။

"အို...ဒါ..ဒါ..."

မြင့်မြတ်မိန်းမပျိုသည် တစ်ကိုက်စားလိုက်ပြီး စကားမပြောနိုင်လောက်အောင် အံ့သြသွားခဲ့သည်။ သို့သော်လည်း သူမကို အံ့သြမင်သက်သွားစေသည့်အရာမှာ အသားကင်၏ အရသာဟုတ်မနေခဲ့။ အသားကင် သူမပါးစပ်ထဲ ဝင်သွားပြီးနောက် ခေတ္တမျှသာ ဝါးပြီး ဆွံ့အနေသကဲ့သို့ ကြောင်ရပ်နေမိသည်။

"နတ်ဘုရားစွမ်းအင်၊ ဒါ အဓိပ္ပာယ်မရှိတဲ့ မှော်ဆန်တာ မဆန်တာတွေ မဟုတ်ဘဲ တကယ့် အစစ်အမှန် နတ်ဘုရားစွမ်းအင်ပဲ" မြင့်မြတ်မိန်းမပျိုသည် လင်းချီအား တည်ကြည်သောမျက်နှာနှင့်ကြည့်လိုက်သည်။ သူမသည် ရှေ့သို့ ဖြေးညှင်းစွာလျှောက်လာခဲ့၏။ အသားကင်အတွက် စောင့်ဆိုင်းနေကြသော အေ့ာခ်များသည် သူမကို သတိထားမိလိုက်သည်နှင့် ချက်ချင်းပင် သူတို့ကိုသူတို့ ထိန်းချုပ်လိုက်ကြပြီး ဘေးနှစ်ဖက်သို့ လမ်းဖယ်ပေးလိုက်သည်။

လင်းချီသည် အသားကင်ရင်း အလုပ်ရှုပ်နေခဲ့ရာ သူ့ရှေ့မှ အခြေအနေကို သတိမထားမိသေးပေ။ သူသည် အသားကင်ကို လက်ကမ်းပေးလိုက်သော်လည်း မည်သူမှ မယူကြချေ။

လင်းချီသည် ခေါင်းမော့လိုက်သောအခါ သူ့ရှေ့တွင်ရပ်နေသည့် မြင့်မြတ်မိန်းမပျိုကို မြင်လိုက်ရသည်။ သူမသည် လင်းချီအား သိလိုစိတ်ပြင်းပြစွာ ကြည့်နေသည်။

“မိန်းမပျို မင်းနောက်တစ်ခု လိုချင်လို့လား?” လင်းချီက သူ့လက်ထဲမှ အသားကင်ကို ကမ်းပေးလိုက်သည်။ သူမသည် သဘောထားကြီးစွာလက်ခံလိုက်သော်လည်း သူမ၏မျက်လုံးများသည် လင်းချီထံ၌သာ ငြိတွယ်နေဆဲဖြစ်၏။

သူတော်စင်မိန်းမပျို ကွင်းပြင်အလယ်သို့ ရောက်လာသည့်အခါ မျိုးနွယ်စု တစ်ခုလုံး ငြိမ်သက်သွားကြသည်။ ခနအကြာက ဆူညံပွက်လောရိုက်နေခဲ့ကြသည့် အေ့ာခ်များမှာ စတင်တန်းစီလာကြသည်။ သူမ၏ အကြည့်များသည်လည်း အသားကင် စားပြီးသည့် အော့ခ်များနှင့် လင်းချီဆီသို့ အစုန်အဆန်ရွေ့လျားနေသည်။ သူမ၏ မျက်နှာထက်မှအပြုံးသည်လည်း ပို၍တောက်ပသထက် တောက်ပလာသည်။

လင်းချီသည်လည်း မြင့်မြတ်မိန်းမပျိုကို မသိမသာ အကဲခတ်ကြည့်နေခဲ့သည်။ သူသည် သူမ၏ခွန်အားကို မသိသေးပေ။ ထို့နောက် သူ၏ လျို့ဝှက်ချက်တစ်စုံတစ်ရာအား သူမတွေ့သွားမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ပါဝင်ပစ္စည်း

များကို သိုလှောင်အိတ်ဖြင့် ရှင်းပြနိုင်သောကြောင့် သူတို့ ဒီအခက်အခဲကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်သည်။

“လူငယ်လေး၊ မင်းအသက်ဘယ်လောက်လဲ?” မြင့်မြတ်သည့်မိန်းမပျို၏ သံလိုက်ကဲ့သို့ ဆွဲငင်နိုင်သောအသံသည် လင်းချီ၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ သူမ၏အသံသည် သူကြားဖူးခဲ့သမျှမိန်းကလေးများ၏အသံလောက် မပျော့ပြောင်းသော်လည်း ၎င်းက ညှို့ယူနိုင်စွမ်းရှိပြီး အင်မတန်နှစ်လိုဖွယ်ကောင်းလှသည်။

"ကျွန်တော့်အသက်က ၁၇နှစ်ပါ သူတော်စင်မိန်းမပျို" လင်းချီကပြန်ဖြေခဲ့သည်။

သူမက ခေါင်းငြိမ့်ပြပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်၊ “ငါက မင်းထက် တစ်နှစ်ပိုကြီးတယ်ဆိုတော့ ငါ့ကို အစ်မလို့ခေါ်သင့်တယ်။ မင်း ငါ့ကို မွေးစားအစ်မအဖြစ် လက်ခံချင်လား?”

သူမ၏စကားလုံးများကိုကြားပြီးနောက် လင်း

ချီသည် အကြပ်အတည်းမှာ ကျော်လွန်သွားပြီး သူတို့ နောက်ထပ် အန္တရာယ်မရှိနိုင်ကြောင်း သိလိုက်ရသောကြောင့် သူ ချက်ချင်းပင် သဘောတူညီလိုက်သည်။

ဤမျှအထိ အခြေအနေများတိုးတက်နေပြီဖြစ်သောကြောင့် မြင့်မြတ်မိန်းမပျိုသည် တစ်ယောက်ယောက်အား အမိန့်ပေးကာ ယွီမုန့်နှင့် အခြားသူများကို အောက်ချစေလိုက်သည်။

ယွီမုန့်သည် သူတော်စင်မိန်းမပျိုနှင့် ရယ်ရယ်မောမော စကားပြောနေသည့် လင်းချီအား အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့အပေါ် သူမ၏အမြင်သည် ပြောင်းပြန်ဖြစ်သွားခဲ့သည်။ သူမသည် အမျိုးသမီးများအပေါ် မှီခိုသည့် ယောက်ျားများကို အထင်သေးစက်ဆုပ်ရွံရှာသည်။

သူမ၏နောက်တွင် ရပ်နေသော လူသာနှင့် လူးဝစ်တို့မှာမူ မတူညီသော အတွေးများရှိနေကြပြီး သူတို့သည် လင်းချီအား လွန်စွာ မနာလိုဖြစ်နေကြ

သည်။

“သခင်လေးကတော့ တကယ့်ကို သခင်လေးပဲ။ သူ့လို လူမျိုးက ဘယ်သွားသွား လူတွေကို ဆွဲဆောင်နိုင်တယ်”

လူးဝစ်လည်း သတိလက်လွတ် ခေါင်းငြိမ့်မိလိုက်သည်။ သူသည် လင်းချီ သူ့ကိုကတိပေးထားသည့် ညလမင်းရဲ့ လှိုင်းတံပိုးဟင်းလျာအစား အံ့ဖွယ်ကျောက်စိမ်းဖြူမှိုစွပ်ပြုတ်ကို တောင်းဆိုပြောင်းလဲရန် သင့်မသင့် စဉ်းစားနေမိသည်။ သူသည် အံ့ဖွယ်ကျောက်စိမ်းဖြူမှိုစွပ်ပြုတ်၏ တန်ဖိုးမှာ ပိုမြင့်မားမှန်း သိသော်လည်း ကြိုးစားစမ်းသပ်လိုခဲ့သည်။

လင်းချီသည် အော့ခ်အားလုံးကို အသားကင်များ ပေးဝေပြီးနောက် မလှုပ်ချင်လောက်အောင် ပင်ပန်းသွားခဲ့သည်။

[ဒင်! ဂုဏ်ယူပါတယ်! သင့်အသားကင်မှာ အေ့ာခ်အားလုံးထံမှ ကောင်းမွန်သည့် သုံးသပ်ချက်များ

ကို ရရှိထားပါသည်။ ဆုချီးမြှင့်ချက်: နှင်းဆီဆား၊ စေးကပ်သော ထူးကဲကော်ရည်]

'အာ? ဆုချီးမြှင့်ချက် ရှိတာလား? ကြည့်ရအောင်'

[နှင်းဆီဆား : နှင်းဆီပန်းသည် ချစ်ခြင်းမေတ္တာ၏ ပြယုဒ်တစ်ခုဖြစ်၏။ နှင်းဆီဆားနှင့် ချက်ပြုတ်ထားသည့် အစားအသောက်များသည် သင့်အပေါ် စားသုံးသူများ၏ အကောင်းမြင်စိတ်ကို တိုးပွားလာစေနိုင်ပါသည်။]

[စေးကပ်သော ထူးကဲကော်ရည် : ဘက်စုံသုံးပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်းကို ဂျုံမှုန့်ဖြင့်ပြုလုပ်သည့် အစားအသောက်မျိုးစုံ ထုတ်လုပ်ရာတွင် သုံးနိုင်သကဲ့သို့ ရန်သူကို ခြေချုပ်မိအောင် လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။]

စေးကပ်သော ထူးကဲကော်ရည်အကြောင်း ဖတ်လိုက်ခြင်းက လင်းချီ၏ပင်ပန်းမှုကို ရှင်းလင်းပစ်နိုင်ခဲ့သည်၊ ၎င်းသည် စွမ်းအားပေါက်ကွဲ အမဲသားလုံးများကဲ့သို့ တိုက်ခိုက်ရာတွင် အသုံးပြုနိုင်

သည့် ဖြေရှင်းချက်တစ်ခုဖြစ်သည်။

မြင့်မြတ်မိန်းမပျိုသည် ပျော်ရွှင်စွာဖြင့် မျိုးနွယ်စုဘုရားကျောင်းသို့ ပြန်သွားခဲ့သည်။ မျိုးနွယ်စုမှ လူများက လင်းချီ၏ လုပ်ဆောင်ချက်အား လွန်စွာကျေနပ်နှစ်သက်ပုံပေါ်သည်။ အော့ခ်နှစ်ယောက်သာ လင်းချီ၏နောက်တွင် ရပ်လျက်သား ကျန်ခဲ့၏။ သူတို့သည် မြင့်မြတ်မိန်းမပျို၏ ညွှန်ကြားချက်ကို လိုက်နာပြီး အေ့ာခ်မျိုးနွယ်စု၏ ကျန်သော နေရာများကို လည်ပတ်ရန် လင်းချီအား ခေါ်ဆောင်ခဲ့ကြသည်။

လင်းချီ ပထမဆုံးပြုလုပ်သည်မှာ လူသာနှင့်အခြားသူများကို သွားရှာပြီး သူတို့နှင့်အတူ အေ့ာခ်မျိုးနွယ်စုသို့ လည်ပတ်ကြရန်ဖြစ်သည်။ သူသည် ယခုအချိန်တွင် မည်သည့်အကြံကောင်းမှ ရှိမနေသောကြောင့် နောက်ထပ်ဆက်လုပ်မည့် အစီအစဉ်များနှင့် ပတ်သတ်ပြီးလည်း သူတို့ကို မေးလိုခဲ့သည်။

သူတို့သည် သိပ်အဝေးကြီးတွင် မဟုတ်

သော်လည်း သူတို့၏ဘေးဘက်တွင်လည်း အစောင့်များ ဝန်းရံထားကြသည်။

“လူသာ၊ ငါတို့ လျှောက်ပတ်ကြည့်ကြရအောင်။ ဒီအော့ခ်နှစ်ယောက်က ငါတို့ကို သူတို့ရဲ့ မျိုးနွယ်စုဆီ အလည်ခေါ်ချင်နေကြတယ်။” လင်းချီက သူတို့သုံးယောက်အား စိတ်လှုပ်ရှားစွာပြောလိုက်သည်။ သူသည် အကျပ်အတည်းကို ဖြေရှင်းခဲ့ပြီး အထူးပါဝင်ပစ္စည်းများကိုပင် ရရှိလိုက်သောကြောင့် ပျော်ရွှင်နေသည်။

ယခု လင်းချီသည် အကျပ်အတည်းကို ရှောင်လွှဲနိုင်ရုံသာမက ဘရူမျိုးနွယ်စု၏ ဂုဏ်သရေရှိဧည့်သည် ဖြစ်လာခဲ့သည်။ သူ့အား မြင့်မြတ်မိန်းမပျို၏ မွေးစားမောင်လေးအဖြစ် မျိုးနွယ်စုခေါင်းဆောင်က တရားဝင် ခေါ်တွင်စေခဲ့သည်။ ဘရူမျိုးနွယ်စုတစ်ခုလုံးမှာ ထိုစားဖိုမှူးလေးအတွက် လေးစားမှုအချို့ ပြသကြရသည်။

“ကောင်းပြီ၊ ငါ တစ်ခါမှ အော့ခ်မျိုးနွယ်စုကို မမြင်ဖူးသေးဘူး။ ငါပြန်သွားတဲ့အခါ အဲ့ဒီ

အကြောင်းကို တခြားသူတွေကို ပြန်ပြောပြအုံးမယ်” လူးဝစ်သည် ဆန်းသစ်လမြို့တော်သို့ပြန်ရောက်လျှင် ကြွားလုံးထုတ်ရန် အခွင့်အရေးရလိမ့်မည်ဟု စဥ်းစားမိပြီး ထိုနေရာသို့သွားလည်ရန် မစောင့်နိုင်တော့ပေ။

သူတို့ အတူစုသွားကြသော်လည်း ယွီမုန့်သည် စိတ်လှုပ်ရှားပျော်ရွှင်ရမည့်အစား စိတ်ရှုပ်နေဟန်ရှိသည်။ သူမသည် သူတို့ကို ထားခဲ့ပြီး လှည့်ပြန်သွားသည်။ သူမ ပြန်သွားပြီးအနားယူလိုသောကြောင့် မျိုးနွယ်စုကလည်း သူတို့အတွက် အနားယူရန်နေရာတစ်ခု စီစဥ်ထားခဲ့ပြီးဖြစ်သည်။

"သူမဘာဖြစ်တာလဲ?" လူးဝစ်သည်လည်း နားမလည်နိုင်တော့ပေ။ "သူမ ခုနကထိအကောင်းကြီးကို ဘာလို့ လှည့်ပြန်သွားတာလဲ?"

"သူ ပင်ပန်းလို့ နေမှာပေါ့။ အရင် လျှောက်သွားကြည့်ရအောင်။" လင်းချီလည်း ထိုအကြောင်းကို အများကြီးမစဥ်းစားပဲ လောလောဆယ်တော့ သူမကိုသွားခွင့်ပြုလိုက်သည်။

တခြားသူများသည်လည်း သိပ်ဂရုမစိုက်ခဲ့ကြပေ။ အော့ခ်နှစ်ယောက်က သူတို့ကိုဦးဆောင်၍ မျိုးနွယ်စုတလျှောက် လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။

~~~

All Chapters