အစားအသောက်တင်ဆက်မှု
Vol. 6 Ch. 57
ဘရုမျိုးနွယ်စု၏ ပိုင်ဆိုင်မှုများမှာ အလွန်ရှေးကျသည်။ ကိရိယာအားလုံးသည် ရိုးရှင်းစွာ ပြုလုပ်ထားသော သံလက်နက်များဖြစ်သော်လည်း သူတို့အသုံးပြုသည့် လက်နက်များမှာ လယ်ယာသုံးကိရိယာများထက် အရည်အသွေးပိုမြင့်သည်။ ၎င်းတို့တစ်ခုချင်းစီသည် ထက်မြ တောက်ပြောင်ပြီး မကြာခဏလည်း အသုံးပြုကြပုံရသည်။
မျိုးနွယ်စုရှိ အော့ခ်များသည် ကိရိယာများစွာကို အသုံးပြုကြကာ သူတို့တွင် အမျိုးအစားများစွာရှိပြီး အထူးသဖြင့် အသုံးများသည်မှာ သားကောင်
ဖမ်းရန် အသုံးပြုသော ကိရိယာများဖြစ်၏။ ၎င်းတို့မှာ ထက်ရှပြီး ခိုင်ခံ့သည်။
အော့ခ်နှစ်ယောက် စကားပြောသည်မှာ အလွန်မြန်သည်။ မီးဖိုချောင်၊ ဂိုဒေါင်နဲ့ ရေတွင်းဆိုတဲ့ စကားလုံးတွေကိုသာ သူတို့ ယောင်ဝါးဝါး ကြားလိုက်ရသည်။
သို့သော်လည်း လင်းချီနှင့် အခြားသူများမှာ အလွန်အလေးအနက်ထားပြီး ကြည့်နေကြသည်။ သူတို့က ထူးဆန်းသော တုတ်ချောင်းသဏ္ဍာန်အရာတစ်ခုကို ယူကြည့်ကာ အော့ခ်နှစ်ယောက်ကို မေးလိုက်သည်။
“ဒါက ချောင်းမြောင်းတိုက်ခိုက်မှုအတွက် သုံးတဲ့ လှံတိုပါ။” အော့ခ်၏ ရှင်းလင်းချက်မှာ ရိုးရှင်းသော်လည်း လင်းချီမှာ ထိုတုတ်ချောင်း၏အသုံးပြုပုံကို ချက်ချင်းနားလည်သွားသည်။
ဘရူမျိုးနွယ်သည် သိပ်ကြီးကြီးမားမားမဟုတ်
တာကြောင့် သူတို့၏ အလှည့်အပတ်ခရီးစဉ်မှာ တစ်ခဏအတွင်း ပြီးဆုံးသွားခဲ့သည်။ လင်းချီသည် လူသာ၊ လူးဝစ်နှင့်အတူ သူတို့ အခန်းသို့ ပြန်လာစဉ် အော့ခ်နှစ်ယောက်ကိုလည်း ပြန်၍ အနားယူခိုင်းလိုက်သည်။
“ဒီနေရာကနေ ဘယ်လိုထွက်သွားရမယ်ဆိုတဲ့ အကြံရှိလား။ ငါတို့ တတ်နိုင်သမျှ အမြန်ဆုံး စဉ်းစားဖို့ လိုတယ်” လင်းချီ စားပွဲတစ်ဖက်တွင် ထိုင်နေသော လူးဝစ်နဲ့ လူသာကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
လူသာ ခဏကြာ ခေါင်းကုတ်နေသော်လည်း စကားတစ်ခွန်းမှ မပြောလာခဲ့ပေ။ လူးဝစ်က မျက်မှောင်ကြုတ်ပြီး စဉ်းစားနေသည်။ ထို့နောက် ညနက်မှ ထွက်ပြေးကြမယ်လို့သာ ပြောခဲ့သည်။
သူတို့နှစ်ဦးထံမှ အကြံဥာဏ်တစ်ခုရရန် မဖြစ်နိုင်ပေ။ သူသည် ဘရုမျိုးနွယ်မှ ထွက်ခွာရန် ယွီမုန့်နှင့် ဆွေးနွေးရန် လိုအပ်သည်။ လင်းချီက သူတို့လေးယောက်ထဲတွင် ယွီမုန့်က ဉာဏ်အကောင်း
ဆုံးလို့ ခံစားရသည်။ သူ့မှာသာ စနစ်မရှိပါက သုံးယောက်လုံးမှာ ယွီမုန့်ကို အားကိုးကြရလိမ့်မည်ဖြစ်သည်။
ဘမ်း! ဘမ်း! ဘမ်း!
လင်းချီက ယွီမုန့်၏ တံခါးဆီသို့ လာ၍ သုံးကြိမ်ခေါက်လိုက်သည်။
ခဏအကြာ တံခါးပွင့်လာပြီး ယွီမုန့်က မျက်နှာကို အုပ်ကာ ထွက်လာသည်။ သို့သော် အရင်ဇာပုဝါသည် အနည်းငယ် ညစ်ပတ်သွားသောကြောင့် ဖြစ်နိုင်သည်။ သူမ၏ ဇာပုဝါကို ထပ်မံပြောင်းလဲထားလေသည်။
ယွီမုန့် တံခါးဖွင့်လိုက်ပြီးသည်နှင့် သူမလှည့်ကာ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ လင်းချီမှာ သူ.. သူမကို ဘယ်လိုအနှောင့်အယှက်ပြုမိပါလိမ့် ဆိုတာကို တွေးတောပြီး တံခါးရှေ့တွင် ကသိကအောက်ဖြစ်စွာ ရပ်နေခဲ့သည်။
“ပုဝါက အရမ်းလှတယ်။” လင်းချီသည် သူမ၏အခန်းထဲသို့ ဝင်လာပြီး ယွီမုန့်ကို ချီးကျူးကာ ကိုးယို့ကားယားနိုင်သော အငွေ့အသက်များကို ဖြေလျှော့ရန် ကြိုးစားသော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။
ယွီမုန့်က စားပွဲတွင်ထိုင်ကာ သူမနဲ့အတူ ယူလာသော မှော်စာအုပ်ကို လှန်ကြည့်နေပြီး သူ့ကိုတော့ လျစ်လျူရှုထားလေသည်။ လေထုက ပို၍ပင် ကြောင်စီလာခဲ့သည်။
လင်းချီဆက်မပြောတော့ပေ။ ယွီမုန့်ကို စိတ်အနှောင့်အယှက်ဖြစ်စေသူမှာ လူးဝစ် ဖြစ်နိုင်သည်ဟု သူ ခံစားမိသည်။ ထို့ကြောင့် ယွီမုန့်အား သူ့အစီအစဉ်ကို ရိုးရိုးရှင်းရှင်းသာ ပြောပြလိုက်ပြီး အဲဒီအပေါ် သူမ၏ အတွေးအမြင်များကို မေးမြန်းလိုက်သည်။
ထိုစကားကိုကြားတော့ ယွီမုန့်၏မျက်လုံးများက စာအုပ်ထံမှ ရွေ့လာခဲ့သည်။ သူမက လင်းချီကို မော့ကြည့်လိုက်ပြီး ပြောလာသည်။ “ရှင် အခုမှ
သူတော်စင်မိန်းမပျိုရဲ့ မွေးစားမောင်လေးဖြစ်လာခဲ့တာ မဟုတ်ဘူးလား? ဘာလို့ ဒီလောက်မြန်မြန် ထွက်သွားချင်နေရတာလဲ”
“ငါ လုပ်ခဲ့သမျှက လူတိုင်းကို ကယ်တင်ဖို့ပဲ” လင်းချီက ရှင်းပြလိုက်ပြီး အသေးစိတ်တော့ ထပ်မပြောခဲ့ပေ။
ယွီမုန့်က ဘာမှ ထပ်မပြောလာခဲ့။ အရေးကြီးဆုံးအချက်မှာ သူမတို့ အော့ခ်မျိုးနွယ်စု၏ မြေပုံကို ရယူပြီး သူတို့၏ တည်နေရာနှင့် ထွက်ပေါက်ကို အတည်ပြုရန်နှင့် ချောချောမွေ့မွေ့ ထွက်သွားနိုင်ရန် ဖြစ်သည်။
“ငါလည်း ဒီလိုပဲတွေးနေပေမယ့် အော့ခ်တွေရဲ့ သံသယကို ရှောင်လွှဲဖို့အတွက် တိုက်ရိုက်တော့ တောင်းဆိုလို့ မရဘူး။” ယွီမုန့်၏ အကြံအစည်မှာ သူနှင့် တူညီနေသောကြောင့် လင်းချီ အံ့သြသွားသည်။
လူသာနှင့်လူးဝစ်တို့မှာ အချိန်အတော်ကြာပြီးတာတောင် အကြံတစ်ခုကိုပင် မထုတ်နိုင်ခဲ့ကြပေ။
ညနေဆည်းဆာ နေရောင်အောက်တွင် မျိုးနွယ်စုတစ်ခုလုံးသည် ရွှေရောင်ရင့်ရင့်ခြယ်သထားသကဲ့သို့ ဖြစ်နေ၏။
မျိုးနွယ်စုဝင်တို့ အလုပ်ရှုပ်စပြုလာသည်။ ရွာလယ်ရှိ ရင်ပြင်ငယ်လေးတွင် အလျှံငြီးငြီး တောက်လောင်နေသော မီးပုံတစ်ခုရှိနေသည်။ သတ်ပစ်ခံရပြီး ကင်ခံရဖို့ စောင့်ဆိုင်းနေကြတဲ့ မိစ္ဆာသားရဲ မျိုးစုံလည်း ရှိသည်။
သူတော်စင်မိန်းမပျိုသည် လင်းချီကို ရှာရန် ကိုယ်တိုင်ကိုယ်ကျ လာခဲ့သည်။ သူမသည် တိရိစ္ဆာန်သွားအမျိုးမျိုးဖြင့် ပြုလုပ်ထားသည့် ဆွဲကြိုးကို ကိုင်ဆောင်ထားသည်။ ၎င်းသည် အသစ်ဖြစ်ပုံပေါ်ပြီး ကြည့်ရသည်မှာ ဘုရားကျောင်းသို့ သူမပြန်ရောက်သောအခါ ပြုလုပ်ခဲ့ခြင်းဖြစ်ပေမည်။
“ဒါက အော့ခ်နတ်ဘုရားရဲ့ လည်ဆွဲပဲ။ ဝတ်ဆင်
သူကို အကာအကွယ်ပေးနိုင်တယ်” သူတော်စင်မိန်းမပျိုက လင်းချီ၏လက်ထဲသို့ထည့်ကာ ပြောလိုက်သည်။
လင်းချီသည် ပေးလာသည့် လက်ဆောင်ကို ဘာလုပ်ရမှန်းမသိပေ။ သူ ယွီမုန့်နဲ့ မြေပုံကို ဘယ်လိုရယူရမလဲဆိုတဲ့ ဆွေးနွေးမှုအရ အချိန်ဆွဲတဲ့ ဗျူဟာကို သုံးမယ်လို့ စီစဉ်ထားကြသော်လည်း အော့ခ်တွေက သူ့ကို ဒီလောက်ရိုးသားစွာ ဆက်ဆံဖို့ မမျှော်လင့်ထားခဲ့ပေ။
အော့ခ်များက သူတို့လေးယောက်ကို ရင်ပြင်ကို ပို့ဆောင်ကာ မီးပုံပွဲကို စတင်ခဲ့သည်။
တောက်လောင်နေသော မီးတောက်များက သူတို့ပတ်ဝန်းကျင် အမှောင်ထုကို ပြန့်ကျဲစေခဲ့သည်။ အော့ခ်များအားလုံးက ဝိုင်းထိုင်နေကြကာ လင်းချီ၏ တင်ဆက်မှုကို စောင့်မျှော်နေကြသည်။ သူသည် ပြင်ဆင်ပေးထားပြီးနှင့်သော ဤနတ်ဆိုးသားရဲများကို ချက်ပြုတ်ပေးမည်ဟု ကတိပေးထားပြီးဖြစ်၏။
အဲ့ဒါတွေက စနစ်ထဲမှ ဟင်းပွဲတွေမဟုတ်တဲ့အတွက် သူ့ကိုယ်သူ အားကိုးရမည် ဖြစ်သည်။ သို့သော်လည်း လင်းချီသည် သူ့ကိုယ်သူ ယုံကြည်မှုရှိနေပြီဖြစ်သည်။ သူ စနစ်၏ပြင်ပမှ အစားအစာများစွာကို ချက်ပြုတ်ဖူးပြီးသားဖြစ်၏။
နှင်းဆီဆား၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းနက်...
သူ့တွင်ရှိသမျှ ဟင်းခတ်အမွှေးအကြိုင်အားလုံးကို လင်းချီ ထုတ်ယူခဲ့သည်။ ထိုမှော်ဟင်းခတ်အမွှေးအကြိုင်များသည် သူ့ယုံကြည်မှုတို့၏ ရင်းမြစ်ဖြစ်သည်။ သာမာန်အစားအစာကို အရသာရှိသော စားဖွယ်စုံအဖြစ် ပြောင်းလဲရန် အဆိုပါဟင်းခတ်များကို အားကိုးနိုင်သော်လည်း ၎င်းသည် စနစ်လုပ်ဆောင်နိုင်သည့်အရာထက် အနည်းငယ်တော့ ဆိုးရွားလိမ့်မည်ဖြစ်သည်။
လင်းချီသည် အရိုးဓားကို ကိုင်ကာ မိစ္ဆာသားရဲတစ်ကောင်လုံးကို အပိုင်းပိုင်းဖြတ်တောက်လိုက်
သည်။ လင်းချီမှာ သူ့လက်ထဲက အရိုးဓားအကြောင်းကို သိချင်နေမိသည်။ ထိုဓားက တကယ်ကို အရိုးတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး တခြားကုန်ကြမ်းများလည်း မပါဝင်ချေ။ စမ်းကြည့်ပြီးနောက် ယခင်က သူအသုံးပြုခဲ့သော ဓားရှည်ထက်ပင် ပိုထက်နေကြောင်း သိလိုက်ရသည်။
ဒါက တကယ့်ကို မှော်ဆန်တဲ့အရာပဲ ... လောကမှာ ဒီလောက်အံ့ဩဖို့ ကောင်းတဲ့အရာတွေလည်း ရှိသေးတာကိုး။
အသားကင်အတွက် သင့်လျော်သော အပိုင်းများဖြတ်တောက်ပြီးနောက် လင်းချီမှာ သူ၏ တင်ဆက်မှုကို စတင်တော့သည်။ သူ့အရင်ဘဝတုန်းက အသားကို မီးစွဲလောင်အောင် လက်တစ်ဖက်တည်းနဲ့ ဆားဖြူးခြင်းကဲ့သို့သော စားကောင်းသောက်ဖွယ်များ ချက်ပြုတ်သည့် ဗီဒီယိုများကို သူကြည့်ဖူးသည်။
တစ်ဖက်တွင်တော့ အော့ခ်များမှာ အသားကင်တာ
ကို ယခင်က တစ်ခါမျှ မမြင်ဖူးကြပေ။ ထို့ကြောင့် အားလုံး အနီးကပ် စူးစူးစိုက်စိုက်ကြည့်နေကြသည်။ တင်ဆက်မှု၏ အထွတ်အထိပ်သို့ ရောက်သောအခါတွင် အော့ခ်များမှာ လက်ခုပ်လက်ဝါးများတီးကာ အော်ဟစ်အားပေးတော့သည်။
ဘုမ်း!
လင်းချီသည် အဆီများသောနံရိုးများထဲမှ တစ်ခုကို မီးတင်ရှို့ပြီး လူအုပ်ရှေ့တွင် လှီးဖြတ်လိုက်ရာ၊ သူတို့ရှေ့တွင် ဖြတ်သွားသော အနံ့နှင့် မီးအလင်းရောင်တို့က လူတိုင်း၏ ရွှင်မြူးမှုကို ပြန်လည်နှိုးဆွစေလိုက်သည်။
အော့ခ်များသာမက ယွီမုန့်နဲ့ တခြားသူများကပါ ရွှင်မြူးပျော်ရွှင်ဖွယ် အငွေ့အသက်တို့၏ သက်ရောက်မှုကိုခံရပြီး စိတ်လှုပ်ရှားနေခဲ့ကြသည်။
“ငါ အရင်ကပြောခဲ့တာတွေကို ပြန်ရုတ်သိမ်း
တယ်။ လင်းချီက ဟင်းချက်တာ အရမ်းကောင်းတာပဲ။ ငါ ဆန်းသစ်လမြိုတော်ရဲ့အရှင်သခင်ဖြစ်လာရင် မြို့မှာရှိတဲ့ စားသောက်ဆိုင်အားလုံးနဲ့ သူ့ကို စာချုပ်ချုပ်လိုက်မယ်” လူးဝစ်က အခြားအော့ခ်များကဲ့သို့ အားပေးနေရင်း လူသာနဲ့ ယွီမုန့်ကို လှမ်းပြောလိုက်သည်။
အကယ်၍ အရင်တုန်းကအတိုင်းသာဆိုလျှင် လင်းချီ သူ့ကျော်ကြားမှုကို ခိုးယူခြင်းအပေါ် အပြစ်တင်မိလိမ့်မည်။ ယခုအခါတွင် သူသည်လည်း ပတ်ဝန်းကျင်ရှိ အော့ခ်များ၏ အားပေးသံများ ကူးစက်ခံရပြီး လင်းချီကို လက်ခုပ်တီးအားပေးနေတော့သည်။
အသားကင်များကို တစ်မျိုးပြီး တစ်မျိုး ကင်ထားပြီး အချို့အမျိုးသမီးအော့ခ်များက အခြားသူများထံသို့ ကူညီ၍ ယူဆောင်ပေးကြသည်။
အမျိုးသားအော့ခ်များက လင်းချီ၏ ဖျော်ဖြေမှုကို အခါအားလျော်စွာ အားပေးကြရင်း သောက်လိုက်၊ အသားကင်စားလိုက် လုပ်နေကြသည်။
အမျိုးသမီးအော့ခ်များ၏ ရင်ခွင်ထဲတွင် အော့ခ်ကလေးငယ်လေးများ တစ်ယောက် နှစ်ယောက်စီရှိနေသည်။ ထိုအကောင်ပေါက်လေးများက အသားကင်ကို ပထမဆုံးစားခွင့်ရကြ၏။
အခြားသော အော့ခ်တွေက လင်းချီကို စားဖိုမှူးလေး ဘာညာခေါ်တာကို ကြားပြီးသည့်နောက် အော့ခ်ကလေးငယ်လေးများမှာ သူတို့ကြီးပြင်းလာသောအခါ လင်းချီလိုဖြစ်ချင်သည့် ဆန္ဒကို နှလုံးသားထဲ မြှုပ်နှံထားပြီးဖြစ်သည်။
[လျှို့ဝှက်မစ်ရှင်ကို အသက်သွင်းနိုင်လိုက်သည့်အတွက် ဂုဏ်ပြုပါသည် : အစားအသောက် တင်ဆက်မှု]
[ အစားအသောက် တင်ဆက်မှု : အရသာရှိသောအစားအစာများကို အမှန်တကယ်နှစ်သက်သူတစ်ဦးသည် စားသုံးသူများထံသို့ အရသာရှိသော အစားအစာများကို ပို့ဆောင်ပေးရုံသာမက အရသာရှိသော အစားအစာများ ထုတ်လုပ်ခြင်း
လုပ်ငန်းစဉ်၏ အံ့ဖွယ်သွင်ပြင်လက္ခဏာများကိုလည်း ခံစားခွင့်ရရှိစေရမည်ဖြစ်သည်။]
[ ဆုလဒ်: နတ်ဆိုး ငရုတ်ကောင်းမှုန့်။ ]
[ နတ်ဆိုး ငရုတ်ကောင်းမှုန့် : ၎င်းသည် ဟင်းလျာများကို အစပ်လွန်ကဲစေသည်။ အစာစားချင်စိတ်ကို ပိုစေကာ ၎င်းတို့၏ တိုးတက်မှုနှုန်းကို တိုးပွားစေသည်။ ထို့အပြင် လျှို့ဝှက်လက်နက်အဖြစ်လည်း သုံးနိုင်၏ (ပြင်းထန်သော အကျိုးဆက်များရှိသည့်အတွက် သတိထားပြီး အသုံးပြုပါ) ]
‘ဟူး၊ နောက်ဆုံးတော့ ပြီးသွားပြီ။ လျှာကဝေစနစ်မှာ တကယ်ကို လျှို့ဝှက်မစ်ရှင်တစ်ခု ရှိနေတာပဲ အဲ့တာကို ဘယ်လိုအသက်သွင်းရမလဲဆိုတာကိုတောင် သဲလွန်စမပေးထားဘူး ကြည့်ရတာ ကံကိုပဲ အားကိုးရမယ့်ပုံပဲ’ လင်းချီမှာ အော့ခ်များကိုကြည့်ကာ ကျေနပ်သွားသည်။
‘ဒါက အရသာရှိတဲ့ အစားအစာရဲ့ ဆွဲဆောင်မှုတစ်ခုလား?’
အရင်တုန်းကတော့ လင်းချီက လျှာကဝေစနစ်ကို သူ့ကိုယ်သူ ကူညီဖို့အတွက် ကိရိယာတစ်ခုအနေနဲ့ပဲ သုံးခဲ့ခြင်းဖြစ်၏။ ယနေ့တွင် အော့ခ်များအတွက် အသားကင်ပြင်ဆင်ပေးခြင်းက အရသာရှိသော အစားအစာများ၏ ဆွဲဆောင်မှုကို ခံစားရစေရုံသာမက အခြားသူများအတွက် ချက်ပြုတ်ပေးခြင်း၏ ပျော်ရွှင်မှုနှင့် ကျေနပ်မှုကိုပါ ခံစားရစေသည်။
ညသန်းခေါင်လည်း ရောက်လုနီးပြီ။ မီးပုံပွဲလည်း ပြီးတော့မည်ဖြစ်၏။ ရုတ်တရက် အပြင်ကနေ ထွက်ပေါ်လာသော အသံတစ်ခုက ပွဲဆင်နွှဲနေသူများကို ထိတ်လန့်သွားစေခဲ့သည်။
~~~