← Chapters

မိုးရေထဲထွက်ခြင်း

Vol. 6 Ch. 58

မိုးရေထဲထွက်ခြင်း

Vol. 6 Ch. 58

လင်းချီနှင့် အခြားသူများသည် လူတစ်ချို့ကို ခေါ်ဆောင်လာသည့် အော့ခ်အစောင့်တစ်ဖွဲ့နှင့် ရင်းနှီး

မှုကြောင့် အပြင်တွင် ဖြစ်ပျက်နေသည်များကို နားလည်သွားကြ၏။ သူတို့အားလုံးသည် လေနက်ရဲတိုက်၏ စမ်းသပ်မှုတွင် ပါဝင်သူများနှင့် သူတို့၏လက်အောက်ခံများဖြစ်ကြသော်လည်း ကြည့်ရသည်မှာ ဆုံးရှုံးမှုကြီးကြီးမားမားကို ခံစားခဲ့ရပုံပေါ်သည်။

ပထမဦးစွာ၊ သူတို့တစ်ဦးစီတိုင်းသည် ဒဏ်ရာရနေကြပြီး လူအရေအတွက်မှာလည်း နောက်ဆုံးတွေ့ဆုံခဲ့သည့်အကြိမ်ထက် များစွာလျော့နည်းနေခဲ့သည်။

မုန်တိုင်းမြို့တော်၌ ချန်းလင် နှင့် လင်းမုန့်ယောင်နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

လင်းလုံမြို့တော်၌မူ သုန့်လင်၊ ကျစ်ယန်၊ ပိုင်ဖုန်း။

ချီရှင်းမြို့တော်မှ ယှဉ်ပြိုင်သူနှစ်ဦးဖြစ်သော မင်လုံနှင့် ထျန်ကောင်း။

ဆန်းသစ်လမြို့တော်မှ အသင်းတစ်သင်းတည်း

သာ လုံးလုံးလျားလျား ပကတိလူစုံစွာရှိနေဆဲဖြစ်၏။

“ငါ့တို့ကို လွှတ်ပေးကြစမ်း၊ ရွံစရာကောင်းတဲ့ အော့ခ်တွေ!” ချန်လင်းသည် အဖမ်းခံရသော်လည်း သူ့ပါးစပ်ကြမ်းကြီးကိုတော့ မစွန့်လွှတ်နိုင်သေး။

ထိုသို့ပြောတာတွေကို ကြားပြီး သူ့ဘေးနားမှ အော့ခ်တွေက သူ့ကို အပြစ်ပေးချင်သော်လည်း လင်းချီ သူတို့ကို တားလိုက်သည်။

ရှင်းပြပြီးနောက် နှစ်ဖက်စလုံး ပြေလည်သွားကြသည်။ ချန်းလင်နှင့် အခြားသူများမှာ လွတ်မြောက်လာသော်လည်း ချန်းလင်အား ကြည့်ရသည်မှာ အော့ခ်များအပေါ် အထင်သေးနေပုံရသည်။ သူ့ပါးစပ်ထောင့်များက ကွေးကျနေသည်မှာ မေးစေ့ထိတောင် ရောက်တော့မတတ်ဖြစ်နေပြီး သူ့ကိုယ်သူ ကြီးကျယ်သည်ဟု ထင်နေသော မောက်မာမှုက ဘယ်ကလာသည်ကို ဘယ်သူမှ မသိကြပေ။

ချန်းလင်နှင့် အခြားသူများသည် လင်းချီတို့နှင့် သိပ်ပြောဆိုမဆက်ဆံကြပေ။ အခြေအနေကို ရိုးရှင်းစွာ ရှင်းပြပြီးနောက် လူစုခွဲခဲ့ကြသည်။ ထိုလူတစ်စုသည် တစ်နေကုန် ခရီးနှင်ခဲ့ရသောကြောင့် ပင်ပန်းနွမ်းနယ်နေကာ အနားယူရန် စီစဉ်ခဲ့ကြသည်။

‘သူတို့တွေ ဒီလောက်တောင် အဖြစ်ဆိုးနေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ဘေးကင်းကင်းနဲ့ လွတ်မြောက်နိုင်ကြလိမ့်မယ်လို့ ထင်ထားခဲ့တာ

’ လင်းချီသည် တစ်ယောက်နှင့်တစ်ယောက် ထောက်ကူပေးနေကြသော ယှဉ်ပြိုင်သူများကို ကြည့်ကာ သူ့စိတ်ထဲတွင် ၎င်းတို့၏ ကံဆိုးမှုကို ဂရုဏာသက်ဝင်နေလေသည်။

၎င်းယှဉ်ပြိုင်သူများသည် သူတို့ လေးယောက်ကဲ့သို့ ဆန်းကြယ်နွံတောနှင့်ပင် မကြုံခဲ့ရ။ အကယ်၍သာ အမှန်တကယ်ကြုံခဲ့လျှင်တော့ ဘယ်သူမှ ရှင်နိုင်မှာ မဟုတ်လောက်ပေ။

နောက်တစ်နေ့။

တစ်ညတာ အနားယူအားဖြည့်ပြီးနောက်၊ မြို့ပြပြည်နယ်အသီးသီးရှိ အသန်မာဆုံးယှဥ်ပြိုင်သူအားလုံးမှာ တစ်နေရာထဲတွင် စုဝေးနေကြပြီဖြစ်၏။

“လင်းချီ၊ ယွီမုန့်၊ လူးဝစ် မင်းတို့ အစည်းအဝေးလုပ်ဖို့ အရှေ့ဘက်က အခန်းကို လာကြရမယ်” ထျန်ကောင်းက လင်းချီနှင့် အခြားလူများရှေ့သို့ လျှောက်လာကာ အမိန့်ပေးသော လေသံဖြင့် ပြောလိုက်သည်။

အစပိုင်းမှာတော့ လင်းချီမှာ ထိုသူ၏ မာနထောင်လွှားနေပုံကို မြင်ပြီး မသွားချင်သော်လည်း ဘရူမျိုးနွယ်စု ဒုက္ခရောက်မှာကို စိုးရိမ်သောကြောင့် သဘောတူလိုက်သည်။

လင်းချီတို့ ချန်းလင်၏အခန်းသို့ ရောက်ရှိလာသောအခါ သူတို့သည် အပြင်သို့ ဖောက်ထွက်နိုင်ရန် အော့ခ်များကို လှည့်စားမည့်အစီအစဥ်

ကို ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။ အားလုံးက သဘောတူကြသော်လည်း လင်းချီနှင့် ယွီမုန့်တို့ကတော့ မတူခဲ့ကြပေ။

ဘရူမျိုးနွယ်စုမှာ ယခုအချိန်တွင် လင်းချီ၏ မိတ်ဆွေများဖြစ်သည်။ ထို့ကြောင့် သူတို့ ချန်းလင်၏ အစီအစဉ်ကို ကန့်ကွက်ကြပြီး အုပ်စုနှစ်စုလုံး ရန်ဖြစ်ကြတော့သည်။

“လင်းချီ၊ မင်းတကယ်ပဲ ဒီ အော့ခ်တွေနဲ့ ပူးပေါင်းတယ်ပေါ့လေ? မင်း တကယ်အရှက်မရှိတာပဲ”

“သူတို့က မင်းရဲ့ မိတ်ဆွေတွေတဲ့လား?”

“ဟားဟားဟား…”

ချန်းလင်သည် လင်းချီနှင့် အခြားသူများကို ဝိုင်းရံလိုက်ရုံရှိသေးချိန် သူတို့ မလှုပ်ရှားနိုင်မီမှာတင် အော့ခ်များက ဝိုင်းလာခဲ့သည်။

ထိုအချိန်တွင်မှ လင်းချီပြောသည့်စကားမှာ အမှန်ဖြစ်ကြောင်း သူတို့သဘောပေါက်လိုက်ကြသည်။

သူက အဲ့ဒီအော့ခ်တွေနဲ့ တကယ့်ကို သူငယ်ချင်းဖြစ်နေခဲ့တာပဲ။ တိတ်ဆိတ်နေသော သုန့်လင်က ထိုကိစ္စကို ဖျန်ဖြေရန် ဝင်ရောက်လာသည်။ သို့မှသာ လူတိုင်းလူစုခွဲလိုက်ကြသည်။

“ငါတို့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာရမယ်။ ဒီလူတွေ ငါတို့ထက်အရင် ကြိုထွက်သွားလို့ မဖြစ်ဘူး”

လမ်းမှာ လင်းချီက ယွီမုန့်နဲ့ တခြားသူတို့ကို သူ၏ ပြီးပြည့်စုံသော အစီအစဉ်အကြောင်း ပြောပြနေသည်။

ကန့်ကွက်မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ မထွက်ခွာမီ ပြင်ဆင်စရာရှိသည်တို့ကို စတင်ပြင်ဆင်တော့သည်။ သို့သော်လည်း သူတို့ အကောင်အထည်မဖော်နိုင်ခင်မှာတင် မမျှော်လင့်ထားသော အခြေအနေတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

ချန်းလင်နှင့် အခြားအဖွဲ့များက နှုတ်တောင်မ

ဆက်ဘဲ ထွက်ခွာသွားကြပြီဖြစ်သည်။ ပိုအရေးကြီးတာက သူတို့မထွက်ခွာခင်မှာ ဂိုဒေါင်ထဲက စပါးတစ်ဝက်ကျော်ကိုတောင် ခိုးယူသွားခဲ့ကြသည်။ ထို့ကြောင့် ဘရူမျိုးနွယ်စု တစ်ခုလုံး စိုးရိမ်ထိတ်လန့်နေကြရသည်။ ထိုဂိုဒေါင်ထဲတွင် ထားထားသည်များက သူတို့တွင် ကျန်သော နောက်ဆုံးစပါးများဖြစ်သည်။

လင်းချီလည်း အနည်းငယ် အပြစ်ရှိသလို အားကိုးရာမဲ့နေသလို ခံစားလိုက်ရသည်။ အော့ခ်မျိုးနွယ်စုက အပြင်ကလာတဲ့ လူတွေအကုန်လုံးဟာ လင်းချီနဲ့ ကျန်လူတွေလို လူကောင်းတွေဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့် အမှန်တကယ်တမ်းကျ ဆန်ကုန်မြေလေးတစ်သိုက်ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။

လင်းချီတို့လည်း ချန်းလင်နှင့် အခြားသူများနောက်သို့ လိုက်ဖမ်းရန် လုပ်နေကြချိန် ကောင်းကင်သည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်တွင် တိမ်ကင်းစင်နေရာမှ လေပြင်းများ တိုက်ခတ်လာပြီး မိနစ်အနည်းငယ်

အတွင်း တိမ်မည်းများက လွမ်းမိုးလာခဲ့သည်။

“မကောင်းတော့ဘူး၊ အက်ဆစ်မိုးရွာတော့မယ်။”

“အက်စစ်မိုးတွေ ရွာတော့မယ်”

မကြာသေးခင်က မခံမရပ်နိုင်မှုများစွာနဲ့ ဒေါသထွက်နေကြသော အော့ခ်များမှာ ယခုအခါတွင်တော့ သရဲတွေ့လိုက်ရသလို ပုန်းရှောင်နေကြခြင်းကြောင့် လင်းချီနှင့် အခြားသူများမှာ ဘာလုပ်ရမှန်းမသိစွာ ကြောင်တောင်တောင်နဲ့ ရပ်နေမိကြတော့သည်။

သူတို့ အခန်းထဲတွင် ပုန်းနေပြီး အပြင်ဘက်မှာ မိုးဖွဲဖွဲလေး ကျနေတာကို ကြည့်နေကြသည်။ မိုးရေစက်များက မြေပြင်ပေါ်ကျသောအခါ မီးခိုးဖြူတို့ ထွက်လာသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် အက်ဆစ်မိုးရွာခြင်းက အန္တရာယ်ရှိကြောင်း ထင်ရှားသည်။

ထိုအချိန်တွင် နာဒါ့ခ်သည် ဒိုင်းတစ်ခုနှင့် လင်းချီထံ ရောက်လာသည်။ မိုးကြောင့် သူ့ဒိုင်းကာက

အငွေ့တွေ ထွက်နေခဲ့သည်။ မြင့်မြတ်မိန်းမပျိုက လင်းချီနှင့် အခြေအနေကို ဆွေးနွေးလိုသည်။ လင်းချီ ဘုရားကျောင်းသို့ရောက်သောအခါ မြင့်မြတ်သော မိန်းမပျိုသည် အက်ဆစ်မိုးရွာခြင်းက ဘာလဲဆိုတာနှင့် သူမ၏စိုးရိမ်ပူပန်မှုများကို ရှင်းပြခဲ့သည်။

အက်ဆစ်မိုးရွာခြင်းသည် ဤနေရာတွင် နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သော်လည်း ယခုအခေါက်၌ ရွာချိန်က ပိုစောလာသည်။ အက်ဆစ်မိုးမှာ အလွန်စားသည်။ နှစ်စဉ် အက်စစ်မိုးရွာပြီးနောက် အစာရေစာပြတ်လပ်ပြီး အမဲလိုက်ရန် မထွက်နိုင်ကြပေ။ အက်စစ်မိုးရွာခြင်းအား ကြံကြံခံကာ ရှင်သန်လာသော အစားအစာများမှာလည်း မိုးရေများ စိုသွားပြီးနောက် စား၍မရနိုင်တော့ပေ။

ဘရုလူမျိုးစု၏ ဂိုဒေါင်အတွင်းရှိ အစားအစာများမှာ နှစ်စဉ် အက်စစ်မိုးရွာခြင်း၏ ဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းရန် အသုံးပြုလေ့ရှိသော်လည်း

ယခုနှစ်တွင် ရိက္ခာများ ခိုးယူခံခဲ့ရသည်။ ထိုသတင်းကို မြင့်မြတ်မိန်းမပျိုက ကြားပြီးနောက် သူမ မျက်မှောင်ကြုတ်လိုက်သည်။ အစာမရှိရင် မျိုးနွယ်စုသည် မရှင်သန်နိုင်တော့ပေ။

“ကျွန်တော် ဘရူမျိုးနွယ်စုအတွက် စားစရာရှာပေးပါ့မယ် မမ စိတ်မပူပါနဲ့” လင်းချီသည် ထိုစကားကိုကြားသောအခါ မျိုးနွယ်ဝင်များအတွက် စားစရာများ ထောက်ပံ့ပေးရန် ပထမဆုံး သူစဉ်းစားမိသည်မှာ လျှာကဝေစနစ်ကို အသုံးပြုရန်ဖြစ်သည်။

ဒါပေမယ့် စျေးနှုန်းတွေကို သေသေချာချာ ကြည့်လိုက်တော့ ထိုအကြံအစည်ကို ချက်ချင်း ပယ်ချလိုက်မိ၏။ သူသည် အော့ခ်မျိုးနွယ်တစ်ခုလုံးအတွက် ထောက်ပံ့ပေးလိုပါက သူ၏ရွှေဒင်္ဂါးများသည် လုံလောက်သည်နှင့် ဝေးကွာလွန်းလှသည် ။ စားစရာသွားရှာလိုက်ခြင်းက ပိုအဆင်ပြေလိမ့်မည်။ ထို့နောက် လျှာကဝေစနစ်ရှိ ချက်ပြုတ်နည်းများအတိုင်း ချက်ပြုတ်နိုင်သည်။

အစောပိုင်းက လင်းချီသည် မျိုးနွယ်စုအတွင်း၌ အက်စစ်မိုးဒဏ်ခံနိုင်ရည်ရှိသော မိုးကာအင်္ကျီများရှိနေသေးကြောင်း မြင့်မြတ်အပျိုစင်ထံမှ ကြားသိရသည်။ ထို့အပြင် မိုးရွာသောအခါ နတ်ဆိုးသားရဲများ ပုန်းအောင်းနေလိမ့်မည်။ ထိုအချိန်တွင် ပြင်ပကမ္ဘာသည် လင်းချီအတွက် အလုံခြုံဆုံးနေရာဖြစ်၏။

လင်းချီသည် အလွန်ထူးခြားကြောင်းကို သူတော်စင်မိန်းမပျိုက သိသည်။ သို့မဟုတ်ပါက သူမထံ လာရန် ဆင့်ခေါ်ပြီး ဖြေရှင်းဖို့ကို ဆွေးနွေးနေမည်မဟုတ်ပေ။ သို့သော်လည်း လင်းချီ၏ လုံခြုံရေးအတွက် သူမ စိုးရိမ်နေသေးသည်။ သူ့ကို အကြိမ်ကြိမ်သတိပေးပြီးနောက် သူမသည် အနက်ရောင်မိုးကာအင်္ကျီတစ်ထည်ကို ထုတ်ယူကာ လင်းချီအား ပေးလိုက်သည်။

လင်းချီသည် မိုးကာအင်္ကျီကို ဝတ်ကာ မိုးရေထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက်တွင်

၎င်းက အက်ဆစ်မိုးဒဏ်မှ အမှန်တကယ် ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိလိုက်ရတော့မှ လင်းချီ စိတ်သက်သာရာ ရသွားခဲ့သည်။

သူသည် လူသာနှင့် အခြားသူများကို နှုတ်ဆက်စကား မပြောခဲ့ပေ။ လူသာသိပါက လင်းချီကိုယ်စား သေချာပေါက်သွားလိမ့်မည်။ သို့သော် သူ့တွင် လျှာကဝေစနစ်မရှိသောကြောင့် သူစုဆောင်းထားသော အစားအစာကို ဆုံးဖြတ်ခြင်း သို့မဟုတ် စီမံခြင်းမပြုနိုင်ပေ။

လင်းချီတစ်ယောက်တည်း အပြင်ဘက် တောအုပ်ထဲကို လျှောက်သွားသည်။ သူ့ခြေထောက်ပေါ်ရှိ အထူးဖိနပ်များကို သူ့ကိုယ်ပေါ်ရှိ မိုးကာအင်္ကျီနှင့် တူညီသော ပစ္စည်းဖြင့် ပြုလုပ်ထားသည်။ လင်းချီ၏လက်ထဲတွင် မြေပုံတစ်ခုပါရှိပြီး ဘရူမျိုးနွယ်စုက အစားအသောက်ရှိသည့် နေရာအချို့ကို အမှတ်အသားပြထားသည်။

မျိုးနွယ်စုသည်လည်း အလားတူအခြေအနေမျိုး အကြိမ်အနည်းငယ် ကြုံတွေ့ခဲ့ဖူးသည်။ မဟုတ်

လျှင် ဒီလိုမိုးကာအင်္ကျီနှင့် မြေပုံရှိနေမှာ မဟုတ်ပေ။ ထိုမြေပုံပေါ်ရှိ အမှတ်အသားများသည် အက်စစ်မိုးကြောင့် ညစ်ညမ်းသွားမည်မဟုတ်သော အစားအစာရှိမည့်နေရာများကို ညွှန်ပြနေသောကြောင့် လင်းချီအနေဖြင့် စိတ်ပူစရာမလိုပေ။

ဖျောက် ဖျောက်။

လင်းချီ၏ ခြေသံနှင့် မိုးစက်ကျသံတို့သာလျှင် သစ်တောတစ်ခုလုံး၌ ကြားနိုင်သည်။

အက်စစ်မိုးထဲ၌ လူတစ်ဦးသေဆုံးနေခဲ့သည်။

လင်းချီ ရှေ့ကို လျှောက်သွားကြည့်လိုက်တော့ ထိုသူမှာ မနေ့ကလေးတင် တွေ့ခဲ့သည့် ချန်းလင်ရဲ့ အစောင့်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဒါကို ကြည့်ခြင်းဖြင့် အန္တရာယ်ကြုံနေတဲ့ လူအချို့ရှိနေအုံးမယ်လို့ လင်းချီသိလိုက်သည်။

လမ်းတစ်လျှောက် လူတစ်ဒါဇင်ထက်ပို၍ လဲကျ

နေခဲ့သည်။ သူတို့မှာ ဘာမိုးရွာသည်ကို နားမလည်သည့်အတွက် သတိလက်လွတ်ဖြင့် တိုက်ရိုက်ထိတွေ့ခံလိုက်ရလေသည်။

~~~

All Chapters