← Chapters

ထူးဆန်းသောပျောက်ဆုံးမှု

Vol. 6 Ch. 59

ထူးဆန်းသောပျောက်ဆုံးမှု

Vol. 6 Ch. 59

လင်းချီ ခဏမျှ ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီးနောက် မှိုအနည်းငယ်ကို ကောက်ယူလိုက်သည်။ ထို့နောက် ၎င်းတို့ကို စနစ်သိုလှောင်ရုံတွင် ထည့်ပြီး အခြားပါဝင်ပစ္စည်းများကို ရှာဖွေရန် ဆက်သွားခဲ့သည်။

သူချက်ပြုတ်ရန် ကြံစည်နေသော ဟင်းပွဲမှာ ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချို ဟုခေါ်သည်။ အထူးအာနိသင်မရှိသော သာမာန်ဟင်းတစ်မျိုးဖြစ်ပြီး ၎င်းမှာ ဆာလောင်မှုကို ဟန့်တားရုံသာဖြစ်၏။

တစ်လုပ်သောက်လိုက်ခြင်းဖြင့် အရွယ်ရောက်ပြီးလူကြီးတစ်ယောက်အား တစ်နေ့တာလုံး ဗိုက်ပြည့်စေနိုင်သည်။ ဘရူမျိုးနွယ်စုလိုအပ်နေသည်မှာလည်း ဤကဲ့သို့သော ဟင်းလျာမျိုးဖြစ်သည်။

အက်ဆစ်မိုးရွာနေခြင်းကြောင့် သွားလာရခက်ခဲသဖြင့် မိုးကာအင်္ကျီအောက်တွင်သာ သေချာပုန်းခိုပြီး ဂရုတစိုက်လှုပ်ရှားနေရသည်။ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုခုသာ ၎င်းအက်စစ်မိုးနှင့် ထိတွေ့မိလျှင် လောင်ကျွမ်းသွားလိမ့်မည်ဖြစ်၏။ လင်းချီသည် သူ့လက်ပေါ်ရှိ လောင်ကျွမ်းရာများကို ကြည့်ပြီး ခေါင်းကိုက်လာသည်။

ယခု သူ့ရှေ့ကသစ်ပင်ပေါ်ရှိ မှိုများကို ခူးဆွတ်ချင်နေသည်။ ၎င်းသည် ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုအတွက် လိုအပ်သော ပါဝင်ပစ္စည်းများထဲမှ တစ်ခုလည်း ဖြစ်၏။ သို့သော် ၎င်းမှိုသည် သူ့ထက် အနည်းငယ် မြင့်မားနေပြီး လင်းချီမှာ မိုးကာအင်္ကျီဝတ်ထားလျက်ကြီးနှင့် တက်မခူးနိုင်ပေ။

‘အကြံရပြီ အဲ့တာကို တစ်ခုခုသုံးပြီး ရိုက်ချလိုက်မယ် ငါမတက်သွားနိုင်မှတော့ သူ့ကို ဆင်းလာခိုင်းရတော့မှာပေါ့’

လင်းချီသည် သစ်ပင်ကို နှစ်ကြိမ်လှည့်ပတ်ပြီးနောက် အကြံတစ်ခုရလာသည်။

အနီးနားတွင် မိုးရေမစိုသော ကျောက်တုံးနှစ်တုံးကို ရှာလိုက်ပြီး သစ်ကိုင်းပေါ်ရှိ မှိုများကို ချိန်လိုက်ကာ ကျောက်တုံးများကို ပစ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ မထိအောင်လည်း ခေါင်းကို အမြန်ငုံ့လိုက်၏။

ဒုန်း!

ခရက်ရှ်!

မှိုများသည် တုန်ခါမှုကြောင့် မိုးရေများနှင့် ရောနှောကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ လင်းချီ ရှေ့တက်လာပြီး အက်စစ်မိုးထိထားသော မှိုများကို သတ္တုချောင်းနှင့် သေချာကောက်

ပြီး သူ့သိုလှောင်ရုံထဲ ထည့်လိုက်သည်။

‘အကုန်စုဆောင်းပြီးသွားပြီ ကဲ စမ်းကြည့်လိုက်ရအောင်’ သူ့ကိုယ်သူပြောလိုက်သည်။

မိုးရေထဲမှာ ခဏလောက် ဆက်လျှောက်ပြီးနောက် သူ့အတွက် သဘာဝ အမိုးအကာအဖြစ် ကူညီပေးမည့် ငေါ်ထွက်နေသော ကျောက်တုံးကြီးတစ်ခုဆီ ရောက်လာသည်။ နေရာတကျဖြစ်သွားသည့်နှင့် စနစ်နဲ့ ပက်သက်၍ စတင်စမ်းသပ်လေ့လာတော့သည်။

[ ဟင်းအမည် : ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချို၊ အဆင့်၃ ဟင်းလျာ၊ ပုံမှန်၊ မှော်အာနိသင် : မှိုဟင်းချိုကို စားပြီးနောက် စားသုံးသူသည် သူတို့၏ ကာယကြံ့ခိုင်မှုကို သုံးရက်ကြာ ထိန်းသိမ်းထားနိုင်သည်။]

[ပါဝင်ပစ္စည်းသုံးစွဲမှု : မှိုရောစပ် (x၃)၊ ယူကလစ်ရွက် (x၂)၊ မှို (x၁)၊ ရေ (x၂)၊ နှင်းဆီဆား (x2)]

[ချက်ပြုတ်နေဆဲ… ချက်ပြုတ်မှုပြီးစီးပါပြီ ]

[ ဒင်! သင်ရရှိထားပါသည်- ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချို]

“အာနိသင်ကို အရင်စမ်းသပ်ကြည့်ရအောင်၊ ဒါပေမယ့် မှိုဟင်းချိုက အမြင်တော့ တော်တော်ကောင်းတယ်။” လင်းချီ ရှေ့က မှိုဟင်းချိုသည် အလွန်ကြည်လင်ပြီး မွှေးကြိုင်လွန်းတာကြောင့် စနစ်၏ အရသာရှိသော အစားအစာများကို နေ့တိုင်းစားနေကျဖြစ်တဲ့သူ့ကိုတောင် သည်းမခံနိုင်တော့တဲ့အထိ ဖြစ်သွားစေခဲ့သည်။

သူ ဇွန်းအပြည့်ကို ခပ်ယူကာ မှုတ်ပြီး ငုံ့သောက်လိုက်သည်။

‘တကယ် အရသာရှိတာပဲ!’

ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချို၏ အရသာသည် လင်းချီ၏ မျက်လုံးများကို လင်းလက်စေခဲ့သည်။ သူလည်း နေ့တစ်ဝက်လောက် လမ်းလျှောက်ပြီး ဗိုက်နည်းနည်းဆာနေခဲ့ခြင်း

ဖြစ်၏။ သို့သော်လည်း စနစ်ထဲရှိ ဟင်းလျာအသစ်များကို စမ်းသပ်ရန်အတွက် လမ်းခရီးတွင် မည်သည့်အရာကိုမျှ မစားခဲ့ပေ။

“မဆိုးပါဘူး၊ ဒီပါဝင်ပစ္စည်းတွေနဲ့ဆို အိုးကြီးတစ်လုံးစာလောက် လုပ်လို့ရတယ်။ အော့ခ် အယောက် ၅၀ အတွက် ငါးရက်ကနေ ခြောက်ရက်လောက်အထိ စားသောက်ဖို့ လုံလောက်တယ်” ယခုတွင် လင်းချီသည် ထိုအဆင့်သုံး ဟင်းလျာနှင့် ပတ်သက်၍ အမြင်သစ်တစ်ခုရလာပြီဖြစ်သည်။

စနစ်ရှိ အခြားသော ဟင်းပွဲများတွင် မှော်ဆန်သော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။ အဆင့်သုံးစားဖွယ်တစ်ခုအနေနှင့် ဤမှိုဟင်းချိုမှာ ငတ်မွတ်ခေါင်းပါးခြင်းမှ ကာကွယ်နိုင်သည့် အကျိုးသက်ရောက်မှုသာ ရှိသည်။ သို့သော် ယခုစမ်းသပ်မှုအပြီးတွင် ဆာလောင်မှုငြိမ်း လတ်ဆတ်သောမှိုဟင်းချိုမှာ ၎င်း၏အဆင့်နှင့် ထိုက်တန်ကြောင်း တွေ့ရှိလိုက်ရသည်။

‘ငါစမ်းကြည့်ချင်တဲ့ နောက်ထပ် အဆင့်သုံး ဟင်းပွဲတွေ ရှိသေးတယ်။ ပါဝင်ပစ္စည်းတွေကို အရင်ရှာကြတာပေါ့’ လင်းချီက လိုအပ်သော ပါဝင်ပစ္စည်းများရှိနေသည့် သူ့နောက်ရှိ ကျောက်တုံးကြီးကို လှည့်ကြည့်လိုက်သည်။

လင်းချီ နောက်လုပ်မည့်စားစရာမှာ ကျောက်တုံးပိုင်မုန့်ဖြစ်၏။ အဓိကပါဝင်ပစ္စည်းမှာ ကျောက်တုံးပေါ်တွင်ပေါက်သော ရေညှိဖြစ်သည်။

ကျောက်တုံးပိုင်မုန့်သည် ဆာလောင်မှုကို ဆန့်ကျင်သည့် အာနိသင်ရှိပြီး ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုထက် ပိုမိုကောင်းမွန်သည်။ တစ်ကိုက်လောက် စားလိုက်ခြင်းဖြင့် ခုနစ်ရက်ကြာ ဆာလောင်ခြင်းကို တားဆီးနိုင်ပြီး မှိုဟင်းချို၏ အာနိသင်ဖြစ်သော သုံးရက်ထက် နှစ်ဆမျှ ပိုရှည်ကြာသည်။

သို့သော်လည်း စနစ်၏ မိတ်ဆက်မှုအရ၊ ကျောက်တုံးပိုင်မုန့်သည် ကျောက်တုံးကဲ့သို့သော အရသာဖြစ်သောကြောင့် သိပ်တော့ မကောင်းပေ။

သို့သော် အော့ခ်များမှာ ယခုအချိန်တွင် အစားအစာအတွင် စိုးရိမ်ပူပန်ကြောင့်ကြနေသောကြောင့် အရေးကြီးဆုံးမှာ အသက်ရှင်ရန် လုံလောက်သော အစာစားရရန်ဖြစ်သည်။

ချာ… ချာ…

လင်းချီသည် ပါးလွှာသော ကျောက်တုံးတစ်တုံးကို ရှာလိုက်ပြီး ကျောက်တုံးကြီးပေါ်ရှိ ရေညှိများကို စတင်ခြစ်ယူလိုက်သည်။ နှစ်နာရီကြာအလုပ်လုပ်ပြီးနောက် ဘရူမျိုးနွယ်စုတစ်ဝက်စာအတွက် လုံလောက်သော ပမာဏကို ရရှိခဲ့သည်။

လင်းချီလည်း သူ့လည်ပင်းကို ဘယ်လက်နဲ့ ကိုင်ထားပြီး ညာဘက်လက်ဖြင့် ခါးကို နှိပ်နယ်လိုက်၏။ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ကာ အိုးကို ထုပ်ပိုးပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေခဲ့သည်။

‘ဟေး ငါ့ရဲ့ ဆာလောင်မှုငြိမ်း လတ်ဆတ်တဲ့ မှိုဟင်းချိုရော? ဘယ်ရောက်သွားတာလဲ’ လင်းချီ

ရှေ့ကို အမြန်ပြေးသွားကြည့်သောအခါ သူ့အိုးကို ခွေးလျက်ထားသလိုမျိုး ပြောင်ရှင်းနေတာကို တွေ့လိုက်ရသည်။

‘ငါထားခဲ့တုန်းက ဟင်းချိုတစ်ဝက်ကျော်လောက် ကျန်နေသေးတာကို’ လင်းချီသည် အိုးကို ကောက်ယူလိုက်ပြီး ကြည့်လိုက်သည်။ အိုးသည် အပေါက်လည်းမရှိသလို မြေပြင်ပေါ်တွင်လည်း မှောက်ကျတာ ဖိတ်ကျတာမျိုးမရှိပေ။ ထပ်မံစစ်ဆေးကြည့်သော်လည်း ဘာကိုမှမတွေ့ရ။

‘ဒါက ထူးဆန်းတယ်ဆိုပေမယ့် အချိန်ကလည်း နောက်ကျနေပြီ၊ ဒီမှာ အနားယူချင်ပေမယ့် ကြည့်ရတာ ပြန်တာက ပိုကောင်းမယ်ထင်တယ်’ လင်းချီသည် အစားအစာများ ပျောက်ဆုံးမှုကြောင့် ကြောက်လန့်ပြီး ဧရာမကျောက်အငူအစွန်းကြီးအောက်တွင် ဆက်မနေချင်တော့ပေ။

သူ့တွင် အက်စစ်မိုးဒဏ်မှ ကာကွယ်နိုင်သော မိုးကာအင်္ကျီတစ်ထည် ရှိသေးသည်။ အပြင်ဘက်မှာလည်း မိစ္ဆာသားရဲများ မရှိချေ။ အကယ်၍ သူ

သာ ဤနေရာတွင် ဆက်နေပြီး အတွင်း၌သာ သားရဲများ ရှိနေပါက သူ့အသက်အန္တရာယ် ကျရောက်လိမ့်မည်။ ထိုအစား အက်စစ်မိုးအောက်တွင် နေရတာကမှ ပိုလုံခြုံလိမ့်မည်။

လင်းချီ လမ်းလျှောက်သွားပြီးနောက် ရပ်လိုက်သည်။ ကျောက်တုံးပိုင်မုန့်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို သူတွေ့ရှိပြီးဖြစ်သည်။ နောက်ထပ် ရေညှိများကို ရှာဖွေရန်သာ လိုအပ်သည်။

အက်စစ်မိုးသည် အချိန်အတိုင်းအတာတစ်ခုမျှသာ ကြာလိမ့်မည်။ သူတို့သည် အက်စစ်မိုးဒဏ်ကို တစ်လကျော်ကြာအောင် မခံရလောက်ပေ။ လင်းချီစုဆောင်းထားသော ပါဝင်ပစ္စည်းများမှာ လုံလောက်လုနီးပါးပင် ဖြစ်၏။

ကောင်းကင်ကြီးက လုံးဝမှောင်နေပြီး အက်ဆစ်မိုးတို့က ပိုသည်းလာသည်။ သူ အနားယူဖို့ နေရာရှာရန် လိုအပ်သည်။ မနက်ဖြန်နံနက်တွင် မျိုးနွယ်စုသို့ ပြန်မည်ဖြစ်ပြီး၊ လမ်းခရီးတွင် ပါဝင်ပစ္စည်း

များကို ပို၍စုဆောင်းလျှင် ကောင်းလိမ့်မည်။

‘အဝေးမှာ မီးတောက်တွေ မြင်နေရတယ်။ အခြားယှဥ်ပြိုင်သူတွေဖြစ်ရမယ်’ လင်းချီမှာ အကွာအဝေးတစ်ခုအထိ လမ်းလျှောက်လာပြီးမှ ညအမှောင်ထဲ၌ အလင်းရောင်ပေးနေသော မီးတောက်များ၏ စွဲဆောင်မှုကို ခံလိုက်ရသည်။

လင်းချီသည် ရွှံ့ထူထူတောင်ကုန်းပေါ်သို့တက်ကာ မီးတောက်များတွေ့သည့်နေရာကို ရောက်လာသည်။

“ဘယ်သူလဲ?” လှိုဏ်ဂူထဲက လူတွေက လင်းချီ နီးကပ်လာတာနဲ့ သတိထားမိပြီး မေးကြသည်။

“ငါပါ လင်းချီ” လင်းချီသည် ဂူနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ ထိုလူများသည် မီး၏အကူအညီဖြင့် လင်းချီကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် လက်နက်များကို လက်ထဲမှ ချလိုက်သည်။

လင်းချီသည် လှိုဏ်ဂူထဲတွင် စမ်းသပ်မှု၏ပါဝင်သူ အနည်းငယ်မျှသာ ရှိသည်ကို မြင်ခဲ့ရပြီး ပျောက်ဆုံးနေကြသူများမှာ သူတွေ့ခဲ့သည့် အပြင်တွင် သေဆုံးသွားသော သူများသာ မဟုတ်ပေ။

“ချန်းလင်နဲ့ တခြားသူတွေရော ဘယ်လိုလဲ? မင်းတို့ရော မျိုးနွယ်စုထဲက ရိက္ခာတွေကို ခိုးလာခဲ့သေးလား?” လင်းချီ၏ မေးခွန်းက သူ့ရှေ့က ပါဝင်သူများကို တိတ်ဆိတ်စွာ ခေါင်းငုံ့သွားစေခဲ့သည်။

မီးပုံပတ်လည်တွင် ထိုင်နေကြသော လူများမှာ အလွန်ရှက်ရွံ့နေမိကြသည်။ သူတို့ ဓားသမားဖြစ်စေ၊ မှော်ဆရာဖြစ်စေ ခိုးယူခြင်းက ရှက်ဖွယ်ကောင်းလှသည် မဟုတ်လော။

“ရိက္ခာတွေကို ခိုးယူဖို့ အကြံဉာဏ်ကို ချန်းလင်က စပြောတာ ပစ္စည်းတွေကလည်း သူ ယူသွားတာပဲ ဒီထူးဆန်းတဲ့မိုးနဲ့ ကြုံကြတော့ သူကပဲ အရင်ဦးအောင် ထွက်ပြေးပြီး ငါတို့ကို စွန့်ပစ်ခဲ့တယ်” သူတို့ထဲမှ တစ်ဦးက ခေါင်းငုံ့ကာ ပြောလိုက်သည်။

လင်းချီမှာ အသေးစိတ်အချက်အလက်များကို သိပ်ဂရုမစိုက်ပါ။ ချန်းလင်ဆီ ပြေးသွားရင်တောင် သူ ခိုးယူခဲ့တဲ့ အစားအစာများကို ပြန်ရနိုင်မည် မဟုတ်တော့ပေ။ သို့သော် ထိုလူများအတွက်တော့ သူ သနားမိပါ၏။ လူတိုင်း အားနည်းနေပုံရသည်။ ကြည့်ရသည်မှာ သူတို့တစ်နေကုန် ဘာမှ မစားရသေးသည့်ပုံပင်။

လင်းချီသည် သူတို့မှာ ရိက္ခာများခိုးယူခြင်းကိစ္စနှင့် အနည်းငယ်သာသက်ဆိုင်သည်ဟု ခံစားမိသောကြောင့် သူတို့ကို သက်သာစေရန်အလို့ငှာ ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုအိုးကို စတင်ချက်ပြုတ်လိုက်သည်။

သို့သော်လည်း ပေးဆောင်ရမည့် စျေးနှုန်းတစ်ခု ရှိသေးသည်။ မှိုဟင်းချိုနှင့် အလဲအလှယ်လုပ်သည့် အနေဖြင့် ဂူထဲက ရေညှိများကို ခြစ်ထုတ်ခိုင်းလိုက်သည်။

သူတို့ကြားတဲ့အခါ သေချာပေါက် သဘောတူကြ

တာပေါ့။ အရင်တုန်းက ချန်းလင် လင်းချီကို လှောင်ပြောင်တဲ့အချိန် သူတို့လည်း အတူရယ်မောခဲ့ကြဖူးသည်ကို ပြန်တွေးမိကာ ရှက်ရွံ့မိကြသည်။

လင်းချီသည် ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုကို ပြုလုပ်နေစဉ် လူတိုင်းက သူတို့ခြစ်ထားတဲ့ ရေညှိတွေကိုယူလာကာ လင်းချီကို စစ်ဆေးခိုင်းသည်။

မှိုဟင်းရည်၏ မွှေးရနံ့က ဂူတစ်ခုလုံးကို ပြည့်လျှံသွားစေသည်။ သူတို့ တစ်နေကုန် ငတ်မွတ်နေခဲ့တာကြောင့် မစောင့်နိုင်တော့ပေ။

“ကောင်းပြီ အောင်တယ် နောက်တစ်ယောက်” လင်းချီသည် လှိုဏ်ဂူအတွင်းမှ လူတိုင်း စုဆောင်းထားသော ရေညှိပမာဏကို စစ်ဆေးလိုက်သည်။

“အာ! မင်းတို့ကောင်တွေ ငါတို့ထက်အရင် စားလိုက်တာလား? ဘာမှတောင် မကျန်တော့ဘူး!”

“ငါတို့နှစ်ယောက်လည်း အခုမှ ဒီကိုရောက်တာ အစကတည်းကနေ အိုးထဲမှာ ဘာမှမရှိတာဟ!”

ဂူအဝင်ဝတွင် ပြင်းထန်သော ငြင်းခုံမှုတစ်ခု ဖြစ်ပွားနေသည်။ စားစရာများ ကုန်သွားပြီဟု လင်းချီကြားသောအခါ ဂူပေါက်ဝဆီသို့ အမြန်လျှောက်သွားခဲ့သည်။

~~~

All Chapters