← Chapters

လူတိုင်းလိုက်ဖမ်းကြခြင်း

Vol. 6 Ch. 61

လူတိုင်းလိုက်ဖမ်းကြခြင်း

Vol. 6 Ch. 61

လင်းချီ သိသလောက်တော့ မီးမှုတ်နိုင်သော သားရဲများမှာ ပုံမှန်အားဖြင့် ကြယ်ခုနစ်ပွင့် အထက်တွင်ရှိသည်။ ထိုအဆင့်သို့ရောက်ရှိသော မိစ္ဆာသားရဲများမှာ အင်မတန် ဉာဏ်ရည်မြင့်မားပြီး လူသားများကဲ့သို့ပင် ထက်မြက်ပေသည်။ တစ်ဖက်တွင်တော့ နှစ်သန်းပေါင်းများစွာ ရှင်သန်လာသော သားရဲအချို့မှာ တဖြည်းဖြည်း ဉာဏ်ရည်မြင့်မားလာကာ လူသားများကိုပင် ကျော်လွန်သွားသည်။

ဓားရှည်ကိုင်ထားသည့် ယှဉ်ပြိုင်သူမှာ လွန်စွာ စိတ်လှုပ်ရှားနေသည်။ ကြည့်ရသည်မှာ ၎င်းခွေး

နက်ကြီးက သူ့ဆီ အံ့ဩတုန်လှုပ်စရာများ ယူဆောင်လာပုံပင်။ သူက ကျောက်တုံးတစ်ခုပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။

"မြန်မြန် ရှင်းပြစမ်းပါဟ...."

"ဟုတ်တယ်....မြန်မြန်ပြော"

အခြားသူများမှာ စိတ်မရှည်တော့ချေ။ ဘယ်လိုချမ်းသာလာမလဲဆိုသည့် အကြောင်းကို လူတိုင်း စိတ်၀င်စားနေကြသည်။

ထိုသူမှာလည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်းပြောလိုက်သည်။

"မင်းတို့တွေ မှတ်တမ်းမဲ့မိစ္ဆာသားရဲ ဆိုတာကို ကြားဖူးကြလား"

သူ ပြောပြီးနောက် လူအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ လူအုပ်မှာလည်း ခေါင်းယမ်းပြလိုက်

ပြီး သူတို့ ထိုဝေါဟာရကို မကြားဖူးကြောင်း ဖော်ပြလိုက်သည်။ လင်းချီလည်း ထို့အတူပင်။

လင်းချီမှာ လေနက်ခံတပ်၏ စမ်းသပ်မှုသို့ရောက်လာချိန်က သူ ယခုရှိနေသော ကမ္ဘာ၏ အကြောင်းကိုပင် ဃဃနန မသိသေးပေ။ ထို့ကြောင့် ရှိနေသောလူအုပ်ထဲတွင် သူက ဗဟုသုတ အနည်းဆုံးဟုဆိုနိုင်သည်။

'တကယ်လို့ ငါ့မှာသာ မိစ္ဆာသားရဲတွေ အကြောင်း လေ့လာဖို့ အခွင့်အရေးရှိခဲ့ရင် သေချာပေါက် ကောင်းကောင်း လေ့လာထားရမယ်...ဘာလို့ဆို နောင်ကျ သူတို့နဲ့ ရင်ဆိုင်ရင် ရင်ဆိုင်ရမှာ'

လင်းချီ ကိုယ့်ဘာသာကို တွေးနေလိုက်သည်။

ထိုသူက တခြားသူတွေ မသိသည်ကို မြင်သောအခါ ချက်ချင်း ဂုဏ်ဆာသွားသော်လည်း ဆက်ပြောပြလိုက်သည်။

"မှတ်တမ်းမဲ့မိစ္ဆာသားရဲတွေဆိုတာ နယ်ပယ်

တစ်ခု ပိုင်ဆိုင်ရုံကလွဲ စွမ်းအားမဲ့တဲ့ သားရဲတွေကို ဆိုလိုတာ...တစ်ချို့တွေက မွေးကတည်းက အဲ့လိုဖြစ်တည်မှုမျိုးနဲ့ မွေးလာကြတာ ..ဥပမာ မြင့်မြတ်အလင်းငါးလိုပေါ့... တစ်ချို့ကျတော့လည်း အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့ စွမ်းအားတွေကိုဆုံးရှုံးသွားကြတာမျိုး"

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့ ဒီလိုမျိုး ကြားဖူးသည်မှာ ပထမဦးဆုံးပင်။ သို့သော်လည်း ပြောသူ၏ အမူအရာနှင့် လေသံအရ အမှန်ဖြစ်လောက်၏။

တကယ်တမ်း သေချာစဉ်းစားကြည့်လျှင် မှန်နိုင်ချေ ရှိသည်။ အကယ်၍ ထိုသားရဲသာ အစစ်အမှန် ကြယ်ခုနစ်ပွင့် သားရဲဖြစ်ပါက သူတို့ အစောကြီးကတည်းကပင် သေဆုံးပြီး ဖြစ်လောက်၏။

"အဲ့လိုလည်း ရှိတာပဲလား... ဒါဆို တကယ်လို့ ငါတို့က အဲ့ဒီခွေးနက်ကို ဖမ်းမိရင် ကြယ်ခုနှစ်ပွင့် သားရဲကို သတ်လိုက်တာနဲ့ အတူတူဘဲပေါ့?"

တစ်စုံတစ်ယောက်မှ ထပ်ပေါင်း ပြောဆိုလိုက်သည်။ အဆုံးတွင် သူကိုယ်တိုင်တောင် မယုံနိုင်ပေ။

ဟစ်........

လူတိုင်း လေအေးများ ရှူသွင်းမိလိုက်ကြပြီး အသက်ရှူသံများ မြန်လာခဲ့ကာ မျက်လုံးများပင် အနည်းငယ် နီရဲလာခဲ့ကြသည်။ သူတို့ တစ်ပြိုင်နက် စမ်းသပ်ပွဲအကြောင်း စဉ်းစားလိုက်ကြသည်။

အနိမ့်ဆုံးကြယ်ခုနစ်ပွင့် သားရဲဆိုလျှင်တောင် အဆင့်မြင့် မှော်ဆရာများပင် မျက်နှာချင်း မဆိုင်ဝံ့သော တည်ရှိမှုများဖြစ်သည်။ သူတို့ ခွေးနက်ကြီးကို သတ်လိုက်နိုင်ပါက စမ်းသပ်ပွဲကို အဆုံးသတ်နိုင်ရုံသာမက သူတို့ သက်ဆိုင်ရာမြို့များတွင်လည်း နာမည်တစ်လုံး ရေထိုးနိုင်ပေမည်။

ထိုအရာမှာ လူတိုင်း၏ တစ်သက်တာတွင် မရရှိနိုင်သော အရာဖြစ်သည်။ သို့သော်လည်း အခွင့်အရေးက သူတို့လက်ထဲသို့ ကျရောက်လာပြီဖြစ်၏။ အကယ်၍ သူတို့ ထိုအခွင့်အရေးကို အရမယူပါက ကျန်ရှိနေသော ဘ၀တစ်လျှောက်လုံး နောင်တများဖြင့် ဖြတ်သန်းရလိမ့်မည်။

"အဲ့တာဆို ဘာကို စောင့်နေကြတာလဲ...မိုးလည်း တိတ်နေပြီ...အဲ့ခွေးနက်ကို သွားသတ်ကြစို့ "

"ဟုတ်တယ်... သူထွက်ပြေးသွားတာ အရှေ့ဘက်က တောအုပ်ထဲမှာဘဲ ရှိလောက်ဦးမယ်"

......

သူတို့ မစောင့်နိုင်တော့ချေ။ သူတို့ ခွေးနက်ကို အမြန်ဆုံး ဖမ်းမိလေလေ၊ စမ်းသပ်ပွဲကို စောလျင်စွာ အဆုံးသတ်နိုင်လေ ဖြစ်သည်။ ယခု သူတို့၏ အခွင့်အရေး ရောက်ရှိလို့ လာချေပြီ။

လူအုပ်စု တစ်စုမှာ အော်ဟစ်၍ လှိုဏ်ဂူအတွင်းမှ ထွက်သွားကြသည်။ လင်းချီ လည်း သူတို့

နောက်မှ နေ၍ စကားလုံးအနည်းငယ်ခန့် အော်ဟစ်လိုက်သည်။ သို့သော်လည်း မည်သူမျှ နားထောင်မနေပေ။

လင်းချီမှာ ထိုခွေးနက်က တမူထူးခြားသည်ဟု ခံစားမိသည်။ ထို့ကြောင့် သူတို့နောက်လိုက်၍ ဆက်လက် စူးစမ်းချင်သေးသည်။

သို့သော်လည်း လင်းချီ ဘရူမျိုးနွယ်စုသို့ အစားအသောက်များ ပို့ပေးရဦးမည်။ ၎င်းကသူ့ကို ခေါင်းကိုက်စေသည်။ ထို့ပြင် သူသွားမည့်လမ်းကိုလည်း စဉ်းစားပြီးဖြစ်သည်။အကယ်၍ လင်းချီ သုံးရက်အတွင်းပြန်မလာပါက လင်းချီကို ရှာရန် မြင့်မြတ်မိန်းမပျိုနှင့် သဘောတူညီမှု ပြုလုပ်ထားသည်။

ယခု အက်ဆစ်မိုးလည်း ရပ်သွားပြီဆိုတော့ မျိုးနွယ်စုမှ လူများ ထွက်ရအဆင်ပြေလောက်ပြီဖြစ်၏။ သူ စားစရာများကို လိုဏ်ဂူထဲ သိမ်းထားပြီး သူတို့ကို လာရောက်ယူခိုင်းလိုက်မည်။

သူ လျင်မြန်စွာနှင့် ကျောက်တုံးပိုင်မုန့်တို့ကိုလုပ်ပြီး ကျောက်ပြားပေါ်၌ တင်ထားလိုက်သည်။ ထို့နောက် သူတို့ကို စားရန် နည်းလမ်းကို ရေးချကာ အမှတ်အသားချန်ထားခဲ့လိုက်၏။ အော့ခ်များ သူ့ကိုလာရှာပါက သူတို့ ဒီပစ္စည်းများကို ရှာတွေ့သွားလိမ့်မည်။ ထို့နောက် သူ ဘယ်သွားနေသည် ဘာလုပ်မည်ကိုလည်း အကျဉ်းချုပ်ပြောပြထားလိုက်၏။

သူ အခြားသူများ သားရဲများက ကျောက်တုံးပိုင်မုန့်အား စားသွားမည်ကို မစိုးရိမ်ပေ။ ထိုသူများက စားပုံစားနည်းကို သိလိမ့်မည်မဟုတ်။ ကျောက်တုံးကို ဝါးစားနေသကဲ့သို့ ဖြစ်နေမည်။ ဒီအနီးအနားရှိ ဘယ်သားရဲမှ ကျောက်တုံးများ စားသည်ကို သူမမြင်ဖူးသောကြောင့် ဤလိုဏ်ဂူထဲ၌ ဒီအတိုင်းထားခဲ့ရသည်မှာ လုံခြုံပေသည်။

ကျောက်တုံးပိုင်မုန့်များလုပ်ပြီးနောက် လင်းချီမြန်မြန်ပြေးထွက်လာခဲ့သည်။ သူ ခွေးနက်ကြီးကို အချိန်မှီမရှာနိုင်ပါက တစ်ယောက်ယောက် ဒုက္ခရောက်မှာ စိုးရိမ်မိသည်။

"ငါ့ကို စောင့်ကြအုံး" လင်းချီမှာ သူ လိုဏ်ဂူထဲမှ ထွက်လာချိန်၌ လူအုပ်၏ နောက်ဆုံးရှိ လူရိပ်လေးကိုသာ လှမ်းမြင်လိုက်ရသည်။ သူတို့အားလုံး တောနက်ထဲသို့ ဝင်ရောက်သွားကြပြီဖြစ်၏။

လင်းချီလည်း အရှိန်နှုန်းကိုမြှင့်ကာ သူတို့နောက်သို့ လိုက်သွားလိုက်သည်။ သူထင်မိလိုက်သည်မှာ ထိုလူအုပ်အားလိုက်မှီရန် အချိန်အတော်ယူရလိမ့်မည်ဟု။ သို့သော် သူတို့ ဖရိုဖရဲ ပြေးရင်း အော်ဟစ်နေကြသည်နှင့် တိုးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

မသိလျှင် ကြက်လိုက်ဖမ်းနေသကဲ့သို့ပင်။ သူတို့အားလုံး ခွေးနက်ကို ပြေးလွှားလိုက်ဖမ်းနေကြပြီး အရမ်းအလုပ်ရှုပ်နေကြသည်။

ခွေးနက်ကြီးက ကျွမ်းကျင်စွာ သစ်ပင်များကြား ဟိုဟိုဒီဒီ လူးလာခေါက်တုံ ခုန်ကူးနေသည်။ ထိုအခြင်းအရာက အခြားသူများအား ဖမ်းမိရန်

အသာထား၊ မျက်လုံးဒေါက်ထောက် ကြည့်နိုင်ဖို့ကိုပင် ရုန်းကန်နေကြရသည်။

အစောပိုင်းက ပြောခဲ့သည့်အတိုင်း ခွေးနက်ကြီး၌ အမှန်တကယ် တိုက်ခိုက်နိုင်သည့် ခွန်အားရှိပုံမရချေ။ မဟုတ်ပါက သူ့ကိုယ်တိုင် ကာကွယ်ရန်အတွက် သူတို့နှင့်အတူ သစ်ပင်များကြား၌ စိန်ပြေးလိုက်တမ်းကစားနေမှာ မဟုတ်ပေ။

သို့သော်လည်း လူအုပ်မှာ သစ်တောအနက်ပိုင်းထဲသို့ သွားမှန်းမသိ သွားမိနေကြသည်။ ယခု အက်ဆစ်မိုးလည်း ရပ်သွားပြီးဖြစ်၍ မိစ္ဆာသားရဲများ ပြန်လည်ထွက်လာနိုင်ချေများလေသည်။ သို့သော် သူတို့ရရှိလာမည့် အကျိုးအမြတ်များက လူအုပ်အား လက်မလျော့နိုင် ဖြစ်စေသည်။

တစ်ဖက်၌ လင်းချီမှာမူ ခွေးနက်ကြီးက သူတို့ကို အရူးလုပ်ကစားနေသည်ဟု ခံစားနေရသည်။ အကြိမ်ကြိမ် သူတို့ဖမ်းမိမလို ဖြစ်တိုင်း ကပ်သီးလေး လွတ်လွတ်သွားမြဲဖြစ်၏။ ထိုအရာက လူတိုင်းအား ပို၍ပင် စိန်လှုပ်ရှားလာစေသည်။ သူ

တို့၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးသွားသကဲ့သို့ပင်။

လင်းချီစဉ်းစားကြည့်ပြီးနောက် သူတို့၏ လုပ်ရပ်များမှာ ဆီလျော်ကြောင်း သိလိုက်ရသည်။ သူကား လင်းမိသားစု၌ မွေးဖွားခဲ့ပြီး တစ်စုံတစ်ရာကို ရရှိရန် ကြိုးစားနေဖို့ မလိုပေ။ အချိန်တန်ပါက တစ်ယောက်ယောက်က သူ့အတွက် အားလုံး အဆင့်သင့်ပြင်ထားပေးပြီး ဖြစ်လိမ့်မည်။ ဒီလူတွေရှေ့ရှိ မိစ္ဆာသားရဲမှာ သူတို့အကျိုးအမြတ်ရအောင် ချမ်းသာလာအောင် လုပ်ပေးနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်၏။ ယခုအချိန်မှ သူတို့အနေနှင့် လက်လျော့ဖို့ လုံးဝမဖြစ်နိုင်ချေ။

သို့သော်လည်း အကွာအဝေးတစ်ခုကြာ ပြေးလိုက်ပြီးနောက် တောမှာ သစ်ပင်များဖြင့် ထူထပ်လာကာ အလင်းမှာလည်း မှိန်သထက် မှိန်လာခဲ့သည်။ ခွေးနက်ကြီးက သူ၏ အနက်ရောင်အမွှေးတို့ကို အားကိုးကာ ကိုယ်ယောင်ဖျောက်ပြီး လူအုပ်ကြီး လိုက်ဖမ်းသည့်ရန်မှ ထွက်ပြေး

လွတ်မြောက်နေလေသည်။

သူတို့ ခွေးနက်ကြီး၏ ခြေရာလက်ရာတစ်စုံတစ်ခုကိုမှ မရှာနိုင်တာကြောင့် တဖြည်းဖြည်း ပြန်၍ အုပ်စုဖွဲ့လိုက်ကြသည်။

"ဒီလောက်ကြီးတဲ့ ခွေးနက်ကွာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ပျောက်သွားတယ် တကယ်ထူးဆန်းတာပဲ"

"မင်းတို့ မြင်လိုက်လား?"

အချို့က တစ်ယောက်ဆီမှ တစ်ယောက် အဖြေရလိုရငြား မေးနေကြသည်။ သို့သော်လည်း ခွေးနက်ကြီး၏ ပျောက်ဆုံးသွားမှုက အင်မတန်မှ ထူးဆန်းလှပေသည်။ ဘေးတွင် ရပ်ကြည့်နေသော လင်းချီတောင်မှ သူ ဘယ်ရောက်သွားလဲ မမြင်လိုက်ပေ။

"ငါတို့ အရင်ဆုံးပြန်လိုက်ကြရင်ရော? အက်ဆစ်မိုးလည်း ရပ်သွားပြီဆိုတော့ အခြားမိစ္ဆာသားရဲ

တွေလည်း ထွက်လာနိုင်တယ်၊ အဲ့လိုသာဆို တောအုပ်က အန္တရာယ်အများဆုံးနေရာတစ်ခုဖြစ်လာမှာ" လင်းချီက အကြံပေးလာ၏။

သူ ဒီကိစ္စတွင် မပါဝင်ချင်သော်လည်း အပြန်လမ်းကို မမှတ်မိသောကြောင့် အခက်တွေ့နေသည်။ သားရဲများနှင့် ဆုံပါကလည်း ဖြေရှင်းရန် ခွန်အားမရှိသောကြောင့် တစ်ယောက်တည်း ပြန်မည်ဆိုလျှင် အန္တရာယ်အလွန်များလိမ့်မည်။ သို့သော် သူတို့အားလုံး အတူတူပြန်မည်ဆိုလျှင် အားလုံး၏ လုံခြုံမှုမှာ အာမခံပြီးဖြစ်လိမ့်မည်။

သို့သော်လည်း အခြားသူများက သဘောမတူကြသေးချေ။ ဤအခွင့်အရေးမှာ တစ်သက်မှ တစ်ခါသာ ရရှိသော အခွင့်အရေးကြီးဖြစ်သည်။ သူတို့ ထိုသားရဲကို ဖမ်းမိသွားပါက အညီအမျှ ခွဲဝေလျှင်တောင် ငွေပုံကြီးထဲ လက်ပစ်ကူးနိုင်သည်။

"ဒါပေမယ့်လည်း လင်းချီပြောတာလည်း အဓိပ္ပာယ်ရှိတယ် ငါတို့ သေချာစီစဉ်ပြီး တခြား မိစ္ဆာသားရဲတွေနဲ့ မဆုံအောင် ဂရုစိုက်ရမယ်"

ထိုအကြံကို လူတိုင်းလက်ခံခဲ့ကြသည်။ သူတို့ သားရဲကို လိုက်ဖမ်းရန် လိုအပ်သကဲ့သို့ သူတို့၏ လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်နေသေးသည်။

သူတို့ နေရာလွတ်တစ်ခု ရှာပြီး ခွေးနက်ကို မည်သို့ မည်ပုံ ဖမ်းလျှင် မိနိုင်ကြောင်း ဆွေးနွေးနေကြသည်။ လင်းချီလည်း ဘေးမှ နားထောင်နေသည်။ သို့သော်လည်း လင်းချီကတော့ သူတို့ ခွေးနက်ကို ဖမ်းနိုင်လိမ့်မည်ဟု မထင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးပေါင်းထားသော ဉာဏ်ရည်ဥာဏ်သွေးမှာ ခွေးနက်ကိုပင် မမှီသောကြောင့်ဖြစ်သည်။

သို့သော်လည်း လင်းချီ ထိုစော်ကားသော စကားလုံးများကို သူတို့အား ထုတ်ပြောမည် မဟုတ်ချေ။ သူအိမ်ပြန်ဖို့ လမ်းမတွေ့ခဲ့လျှင်တောင် သူတို့နှင့် အတူ ခွေးနက်ကိုတော့ လိုက်ဖမ်းမည်မဟုတ်ချေ။

~~~

All Chapters