ညချမ်းချိန်တွင်စကားစမြည်ပြောဆိုကြခြင်း
Vol. 35 Ch. 478
တိုက်ပွဲအပြီးတွင် တောအုပ်ထဲတွင် တိတ်ဆိတ်မှုကြီးစိုးနေပြီး ပုရစ်များ၏ တေးဆိုသံကြောင့် တဖြည်းဖြည်း ပြန်လည်အသက်ဝင်လာခဲ့သည်။
လီလော့သည် သစ်ပင်ထိပ်တွင် မတ်တပ်ရပ်နေပြီး၊ ဓားနှစ်လက်ကိုအသင့်အနေအထားဖြင့်ဆုပ်ကိုင်ထားဆဲပင်.....
ထိုအချိန်တွင် ချိုင့်ဝှမ်း၏နောက်ဘက်တွင် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ဝိဉာဉ်နှင်းစက်တိမ်တိုက်သည် ကြီးမားသောဆုလာဘ်တစ်ခုဖြစ်သော်လည်း ၎င်းကိုရရှိရန် လက်တွေ့ကျသောနည်းလမ်းမရှိသည့်အပြင် ကောလိပ်တခုလုံးကိုရင်းနှီးပစ်ဖို့အထိတော့ မထိုက်တန်သေးပေ။
လက်ရှိပြိုင်ပွဲတွင် ကြယ်တာယာခရီးရှည်ကောလိပ်က အကောင်းဆုံးအဆင့်တွင်ရှိနိုင်အောင် အစွမ်းထက်သောဝှက်ဖဲကိုထုတ်သုံးထားသဖြင့် သာမန်ကောလိပ်များအနေဖြင့် လီလော့တို့ကို မယှဉ်နိုင်ခဲ့ကြပေ။
ညသည် ပို၍နက်ရှိုင်းလာပြီး သန်းခေါင်ယံအလင်းတန်းများကလည်း အပြာရောင်တောင်တန်းများကို ဖုံးလွှမ်းသွားသည်။
အမှောင်ထဲတွင် ချိုင့်ဝှမ်းတစ်ခုသာ ရတနာကဲ့သို့ တောက်ပနေသည်။
ချင်ဇူလုသည် လက်ဝဲလမ်းကြောင်းတွင် ကြာပန်းအနေအထားထိုင်ဖြင့်ထိုင်ကာ မျက်လုံးမှိတ်ပြီး တရားထိုင်နေသဖြင့် အချို့က အသံခပ်နိမ့်နိမ့်ဖြင့် ပြောဆိုဆွေးနွေးနေကြသည်။
လုချင်းအာက စီချိုးယင်းနှင့်အတူထိုင်နေသည်။သူတို့နှစ်ဉီးသည် အရင်က မရင်းနှီးခဲ့ကြသော်လည်း ဒီတိုက်ပွဲက သူတို့နှစ်ယောက်ကို ရင်းနှီးစေခဲ့သည်။
သူတို့ စကားစမြည်ပြောကြသည့်တိုင် လုချင်းအာ၏ မျက်လုံးများသည် လီလော့ရပ်နေသည့် သစ်ပင်ထိပ်ဆီသို့ ရံဖန်ရံခါ လှည့်ကြည့်လာသည်။
သူမ၏မျက်လုံးထဲတွင် နူးညံ့သောအကြည့်တစ်ခုရှိသည်။ လီလော့သည် တပ်မှူးသုံးဦးကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ပြီးသွားသော်လည်း အနားယူခြင်း မပြုဘဲ ချောင်းမြောင်းနေသော ဝံပုလွေများကို စောင့်ကြပ်နေခဲ့သည်။
လုချင်းအာတစ်ယောက် စကားစမြည်ပြောဆိုရာတွင် စိတ်မပါကြောင်း စိီချိုးယင်း ခံစားမိခဲ့သည်။
"ချင်းအာ.... နင် လီလော့နဲ့ရင်းနှီးလား။"
" ငါတို့က နန်ဖန်းကောလိပ်မှာကတည်းက ကျောင်းနေဖက်တွေပါ.....ငါတို့က သူငယ်ချင်းတွေလေ...."
သူငယ်ချင်းဟူသောအဖြေကို စီချိုးယင်း မယုံခဲ့ပေ။
"နင်..နင်သူ့ကိုသဘောကျနေတာလား...."
စီချိုးယင်း၏ ရုတ်တရက်ဆန်သောမေးခွန်းကြောင့် လုချင်းအာ၏အပြုံးများ အေးခဲသွားလေ၏။ထို့နောက် အပြစ်ကင်းစင်စွာဖြင့်ပြုံးလိုက်ပြီး.....
"ဘာလို့လဲ...သဘောကျလို့ မရဘူးလား...?"
မိခင်ဖြစ်သူ၏သဘောထားကိုရှင်းရှင်လင်းလင်းသိထားသဖြင့်် သူမ၏မိခင်သာမေစလာလျှင်အခုလိုဝန်ခံနိုင်မည်မဟုတ်ပေ။
စီချိုးယင်း အံ့သြသွားသည်။ လုချင်းအာသည် ကြယ်တစ်ပွင့်ခန်းမ၏ ကျော်ကြားသော မိန်းကလေးများထဲမှ တစ်ဦးဖြစ်သည်။ သူမသည် အဆင့်အတန်း၊ အသွင်အပြင်နှင့် အရည်အချင်းတိုင်းတွင် ထိပ်တန်းအဆင့်ဖြစ်သည်။ ပထမနှစ်ကျောင်းသား တော်တော်များများက သူမကို ချစ်ရေးဆိုဖို့ ကြိုးစားခဲ့ကြပြီး တခြားခန်းမက စီနီယာတွေတောင် သူ့အကြောင်း သတင်းတွေကို နားစွင့်နေခဲ့ကြသည်။
သို့သော် ယမန်နှစ်တစ်လျှောက်လုံးတွင် လုချင်းအာကို စိတ်လှုပ်ရှားအောင် မည်သူမျှ မလုပ်နိုင်ခဲ့ပေ။ သူမသည် လှပသော်လည်း အေးမြသော ရေခဲတောင်တစ်ခုအဖြစ် ကျော်ကြားခဲ့သည်။ ယခုမှပင် ထိုရေခဲတောင်ထဲတွင် မီးလောင်နေကြောင်း စီချိုးယင်း သိလိုက်ရသည်။
"ဒါပေမယ့် လီလော့က စေ့စပ်ထားပြီးသားလေ...."
" ငါသိတယ်...."
" စီနီယာကျန်းက လီလော့ကို တကယ်ကြိုက်တယ်ထင်လား ...ငါကတော့ သူတို့နှစ်ယောက်ကိုသဘောတူတယ်..."
စီချိုးယင်းသည် ကျန်းချင်းအာကိုအကြွင်းမဲ့ယုံကြည်ကိုးစားသူဖြစ်သည်။ စီချိုးယင်း၏နှလုံးသားထဲတွင် ကျန်းချင်းအာသည် တုနှိုင်းမရသော နတ်ဘုရားမတစ်ပါးဖြစ်နေခဲ့သည်။
လီလော့နှင့် ပထမဆုံးအကြိမ် မြို့ပြင်ကတောင်ကုန်းပေါ်တွင် တွေ့ဆုံခဲ့စဉ်က ကျန်းချင်းအာရောက်လာပြီး သူမကို သတိပေးခဲ့သည်။ ထိုအဖြစ်အပျက်သည် သူမအတွက်မေ့ဖျောက်ရန်ခက်သော ရှက်ဖွယ်လိလိအတိတ်တစ်ခုပင်.....
သို့သော်လည်း ကျန်းချင်းအာနှင့် လီလော့တို့၏အချစ်ရေးနှင့်ပတ်သတ်ပြီး တိကျသေချာသောအဖြေမရှိခဲ့ပေ။ လီလော့သည် သူ့နည်းသူ့ဟန်ဖြင့် အလွန်ထူးချွန်သော်လည်း ကျန်းချင်းအာ၏စိတ်နှလုံးသားကိုသိမ်းပိုက်နိုင်မလားဆိုသည်မှာတော့ စိတ်ကူးရခက်သည့်ပုစ္ဆာတစ်ပုဒ်ဖြစ်နေသည်။
သို့တိုင် သူမသည် ကျန်းချင်းအာကို ကာကွယ်ရန် လိုအပ်သည်ဟု ခံစားမိသည်။
"လီလော့နဲ့စီနီယာကျန်းတို့ရဲ့ ဆက်ဆံရေးကို သံသယဝင်စရာ မရှိပါဘူး....လီလော့က သူမရဲ့ နှလုံးသားထဲမှာ အရေးကြီးဆုံးလူပါ....."
"ငါ ဒါကို သံသယ မရှိပါဘူး"
လုချင်းအာ၏အသံက ထင်မထားရလောက်အောင်တိုးလျနေသည်။
"သူတို့က ငယ်စဉ်ကလေးဘဝကတည်း အတူတူနေခဲ့ကြတာ... သွေးသားမတော်စပ်ကြတဲ့အတွက် မောင်နှမဆက်ဆံရေးထက် ပိုရင်းနှီးမှာသေချာတယ်......"
သူတို့ကို ညီအကိုမောင်နှမလို့ တံဆိပ်တပ်တာ နည်းနည်းထူးဆန်းနေသည်ဟု စီချိုးယင်းတွေးလိုက်မိသည်။
သို့တိုင် သူမသည် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေး၏ အစစ်အမှန်သဘောသဘာဝကို မသိခဲ့ပေ။ မည်သို့ပင်ဆိုစေ လူအများက သူတို့နှစ်ဉီး၏စေ့စပ်ပွဲကို အမည်ခံသက်သက်ဟုသာ ထင်ခဲ့ကြပြီး ကျန်းချင်းအာဘက်က ကန့်ကွက်သည်ဟု ယူဆခဲ့ကြသည်။ သူမသည်လည်း ထိုသို့တွေးခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် သူတို့နှစ်ဦးသည် အမှန်တကယ်ပင် နီးကပ်နေပြီဟု သိလာကြသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် စေ့စပ်ပွဲဟာ တရားဝင်မှုထက် ပိုတယ်ဆိုတာ သက်သေပြဖို့ လုံလောက်ခဲ့သည်။
"သူတို့ နှစ်ဦးစလုံးရဲ့ စေ့စပ်ပွဲက တရားမျှတမှု မရှိဘူး..ဒီအကြောင်းကို စီနီယာကျန်းနဲ့ပြောခဲ့ပြီးပြီ....."
"ချင်းအာ....နင်..နင်ဒီကိစ္စကိုစီနီယာကျန်းနဲ့ပြောခဲ့တယ်.....ဟုတ်လား....စီနီယာကျန်းက ဂုဏ်သတင်းကျောဇော်တဲ့ထူးချွန်သူလေ...တခြားကျောင်းသားကျောင်းသူတွေဆို သူ့ကိုနှုတ်ဆက်ဖို့တောင် မဝံ့ရဲကြဘူး....."
"သူတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲက တကယ်မှားယွင်းနေတာပဲလေ..ဘာလို့မမေးရဲရမှာလဲ....."
လုချင်းအာက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
စီချိုးယင်းတစ်ယောက် လုချင်းအာ၏သတ္တိကိုမချီးကျူးဘဲမနေနိုင်တော့ပေ။ ကြယ်တာယာခရီးရှည်ကောလိပ်တွင် ကျန်းချင်းအာကိုအခုလိုမေးခွန်းထုတ်ရဲသူမှာ လုချင်းအာတစ်ယောက်သာရှိလိမ့်မည်။
"အင်း... ဒါဆို စီနီယာကျန်းက ဘာပြောလိုက်တာလဲ...."
ကျန်းချင်းအာဘက်က ထိုကဲ့သို့သောစိန်ခေါ်မှုကို မည်သို့တုံ့ပြန်ခဲ့သနည်း.....
ကျန်းချင်းအာ၏ပွင့်လင်းသောစကားသံများကိုပြန်အမှတ်ရလိုက်သဖြင့် လုချင်းအာနှုတ်ဆိတ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ကျန်းချင်းအာကို ပြိုင်ဘက်ကောင်းတစ်ဦးအဖြစ် ချီးကျူးရမည်ဖြစ်သည်။
သူမ၏ ပြိုင်ဘက်က အင်အားကြီးမားသောသော်လည်း လုချင်းအာထံတွင် အလျှော့ပေးလိုစိတ်စိုးစဉ်းမျှရှိမနေခဲ့ပေ။
အမှားတွေကို ပြင်ဖို့လိုသည်။
လုချင်းအာက သစ်ပင်ထိပ်ကလီလော့ကို တစ်ဖန် မော့ကြည့်လိုက်ပြီး သူမ၏ အကြည့်များခက်ထန်လာသည်။
"လီလော့...ငါနင့်ကို အချစ်မပါတဲ့စေ့စပ်ပွဲကနေရအောင်ကယ်ထုတ်ပေးမယ်.... "
..................................
နေ့သစ်တစ်နေ့စတင်ဖို့အတွက် ရောင်နီသစ်ထွန်းလင်းလာခဲ့ပြီး သန်းခေါင်ယံအမှောင်ထုကိုတဖြည်းဖြည်းဖယ်ရှားသွားခဲ့သည်။
တိမ်ထူထပ်သော တိမ်တိုက်များကိုရောင်နီသစ် ဖြတ်ကျော်ဝင်ရောက်သောအခါတွင် ဆွဲဆောင်မှုရှိသော မွှေးရနံ့တစ်ခုက လေကို လွှမ်းခြုံသွားသည်။
သစ်ပင်ထိပ်တွင် ရပ်နေသော လီလော့၏မျက်လုံးများပွင့်လာသည်။
ဝိဉာဉ်နှင်းစက်များ စုဆောင်းဖို့အချိန်ပြီးဆုံးကြောင်းလူတိုင်းသိသည်။ ဤအချိန်သည် အန္တရာယ်အများဆုံးကာလဖြစ်သည်။
ကောင်းကောင်းအနားယူပြီးနောက်၊ချင်ဇူလု၊ပိုင်တုတုနှင့် အခြားသူများအားလုံး ထပ်တူထပ်မျှ နိုးနိုးကြားကြားရှိခဲ့ကြသည်။
ကံကောင်းထောက်မစွာ၊ နောက်ဆုံးတိုက်ပွဲအပြီးကတည်းက ဘယ်သူမှ သူတို့ကို မတိုက်ခိုက်ရဲကြတော့ပေ။
မိနစ်အတော်ပြီးနောက်.....
သူတို့နောက်ကွယ်မှ သက်တံရောင်အလင်းတန်းများ မှိန်ဖျော့သွားသည်။
ပိုင်မျန်မျန်က သူတို့ဆီ ပြေးလာပြီး လီလော့ကို ဝမ်းသာအားရ လက် ဝှေ့ယမ်းပြနေသည်။
သူမ၏ ချစ်စရာ မျက်နှာငယ်လေးပေါ်တွင် ကြည်နူးမှုများပြည့်နှက်နေသည်။
ဝိဉာဉ်နှင်းစက်တိမ်တိုက် တစ်ခုလုံးကိုရိတ်သိမ်းနိုင်ခဲ့ပြီ......
လီလော့ တောက်ပစွာ ပြုံးလိုက်ပြီး တင်းမာမှုတွေအားလုံး ပြေလျော့ကုန်သည်။ ဤသည်မှာ ခန်းမအဆင့် ပြိုင်ပွဲတွင် ပထမဆုံးရိတ်သတ်နိုင်ခဲ့သော ဝိဉာဉ်နှင်းစက်များ ဖြစ်သည်။
နှင်းစက် နှစ်ဆယ့်ခြောက်စက်.....
လူတစ်ဦးကို လုံကူကျွန်းသို့ ပို့ဆောင်နိုင်ရန် နှင်းစက် 99စက် လိုအပ်သည်။
ထို့ကြောင့် ဆက်လက်ရှာဖွေရပေဉီးမည်.....
လီလော့ အချက်ပြလိုက်သည်နှင့် ချင်ဇူလုနှင့် အခြားလူများ အားလုံး ချိုင့်ဆီသို့ ပြေးလာကြသည်။
လီလော့သည် နောက်ဆုံးတွင် ၎င်းတို့နှင့်ပူးပေါင်းပြီး လမ်းကြောင်းလေးခုစီသို့ ထိုးဖောက်ထွက်ခွာခဲ့ကြသည်။
ဝိဉာဉ်နှင်းစက်တိမ်တိုက်ကိုကာကွယ်ရန် သူတို့၏ပထမဆုံးတိုက်ပွဲသည် ကောင်းမွန်စွာပြီးဆုံးသွားသော်လည်း ဤအရာသည် အစသာရှိသေးကြောင်း အားလုံးသိကြသည်။
ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ တိုက်ပွဲများ ပိုမိုပြင်းထန်လာတော့မည်သာ.....
အသန်မာဆုံးကျောင်းသားကို ချီးမြှင့်သော ရွှေရှန်းဘိသစ်ပင်ရင်ထိုးကို ရရှိရန် အစွမ်းကုန်ကြိုးစားရမည်။