နှင်းစက်မုန်တိုင်း
Vol. 35 Ch. 479
ခန်းမအဆင့်ပြိုင်ပွဲသည် အရှိန်အဟုန်မြင့်စွာဆက်လက်ဖြစ်ပွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တစ်ပတ်ကုန်လွန်သွားခဲ့သည်။
ဒီကာလတစ်လျှောက်လုံးမှာ တိုက်ပွဲတွေ အမျိုးမျိုးဖြစ်ပွားခဲ့ပြီး ရှာဖွေတွေ့ရှိထားသည့် ဝိဉာဉ်နှင်းစက်တိမ်တိုက်များကလည်း ကျောင်းများစွာကို ဆွဲဆောင်ခဲ့သည်။
မရပ်မနားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မောက်မာသောကျောင်းသားများ တဖြည်းဖြည်းအပိုးကျိုးလာခဲ့ကြသည်။ အားကောင်းသူများသည် ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
ယခုချိန်တွင် ကျောင်းသားတိုင်း၏စိတ်ထဲတွင် ကြယ်တာယာခရီးရှည်ကောလိပ်၏ပဲ့တင်ထပ်သံနှစ်ခုရှိသူလီလော့နှင့်ရင်ဆိုင်ရမည်ကိုသာစိုးထိတ်နေကြသည်။
ယခုဆိုလျှင် လီလော့တို့အဖွဲ့ကို ထိပ်တန်းသုံးဖွဲ့နှင့်ယှဉ်ပြီး အလေးထားလာကြသည်။
သို့သော် လီလော့ဘက်က ထိုမျှလောက်နှင့်မကျေနပ်နိုင်သေးပေ။ တကယ်တော့ လီလော့သည် နံပါတ်တစ်ဖြစ်ဖို့ရည်မှန်းထားသူဖြစ်သည်။
သူ့အကြောင်းပြချက်က အလွန်ရိုးရှင်းလှသည်။
ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးရရှိဖို့သာပင်....
ထို့အပြင် ကျန်းချင်းအာ ပေးအပ်ထားသောတာဝန်တခုလည်းရှိနေသေးသည်။
လူယုတ်မာလေး ကျင်းထန်ရှုကို မှတ်လောက်သားလောက်အောင်ပညာပေးရဉီးမည်။
ဤသည်မှာ လော့လန်အိမ်တော်သခင် ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်သည်။
လီလော့တို့အဖွဲ့သည် သေးငယ်သော ဝိဉာဉ်နှင်းစက်တိမ်တိုက်လေးခု ထပ်မံရှာတွေ့ခဲ့သဖြင့် နှင်းစက် ၉၉စက်စုဆောင်းနိုင်ခဲ့ပြီဖြစ်သည်။
ဆိုလိုသည်မှာ ကြယ်တာယာခရီးရှည်ကောလိပ်သည် လူတစ်ဦးကို လုံကူကျွန်းသို့ စေလွှတ်နိုင်ပြီဖြစ်သည်။
သို့ပေမယ့်မလုံလောက်သေးပေ။ လီလော့က အနည်းဆုံး သုံးလေးဦးစေလွှတ်ရန် ရည်ရွယ်ထားသည်။
မည်သို့ပင်ဆိုစေ လုံကူကျွန်းတွင် သူငယ်ချင်းများ ပိုများလေ၊ သူ့အတွက်ပိုလွယ်ကူလေ ဖြစ်သည်။ ခန်းမအဆင့်ပြိုင်ပွဲတွင် အတူတကွပူးပေါင်းခဲ့ကြသဖြင့် ချင်ဇူလုနှင့်ပိုင်တုတုတို့သာအပါခေါ်သွားနိုင်ရင်ပိုကောင်းပေလိမ့်မည်။
သို့သော်လည်း အပြောထက်အလုပ်ပိုခက်သည်ဟူသောစကားအတိုင်း တွေးထားသလောက်လွယ်ကူနိုင်မည်မဟုတ်ပေ။ ပထမအသုတ်အတွက် 99 စက် ရရှိရန် တစ်ပတ်ပြည့်အောင် အချိန်ယူခဲ့ရသည်။ ဤနှုန်းအတိုင်းသာဆို လူသုံးလေးဦးအတွက် အချိန်တလကျော်လိုပေလိမ့်မည်။
ခန်းမအဆင့်ပြိုင်ပွဲသည် ထိုမျှလောက်ကြာမည်မဟုတ်ပေ။
ဤနည်းလမ်းသည် သူ့အတွက် အရှိန်အဟုန်အလွန်နှေးကွေးနေသည်။
ကြီးမားသောဝိဉာဉ်နှင်းစက်တိမ်တိုက်တစ်ခုသာရခဲ့မယ်ဆို အရာရာအဆင်ပြေသွားနိုင်သည်။
ကံမကောင်းသည်မှာ သာလွန်အဆင့်ဝိဉာဉ်နှင်းစက်တိမ်တိုက်များသည် ရှာရခက်သည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသည်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သတင်းသဲ့သဲ့သော်မျှမကြားခဲ့ရပေ။သို့သော်လည်း စိတ်ပူစရာတော့မရှိပေါ ပြိုင်ဆိုင်မှု အရှိန်မြှင့်လာတာနဲ့အမျှ သာလွန်အဆင့်ဝိဉာဉ်နှင်းစက်တိမ်တိုက်တွေသေချာပေါက်ပေါ်လာလိမ့်မည်။
သူဟောကိန်းထုတ်သည့်အတိုင်း ကိုးရက်မြောက်နေ့တွင် သတင်းအချို့ကို ရရှိခဲ့သည်။
"နောက်ဆုံးတော့ နှင်းစက်မုန်တိုင်း ပေါ်လာပြီလား"
ယုလန်ပေးပို့သောသတင်းကို သေချာနားထောင်ရင်း သံသယများကို အတည်ပြုရန် သတင်းပေးပို့လိုက်သောအခါ ကျန်အဖွဲ့သားများမှာ အံ့သြခြင်း၊ ဝမ်းသာခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကိုတပြိုင်နက်ခံစားလိုက်ရသည်။
နှင်းစက်မုန်တိုင်းသည် ဝိဉာဉ်နှင်းစက် အများအပြားရှိသော ဒေသတစ်ခုလုံးဖြစ်သည်။
နှင်းစက် မုန်တိုင်းတစ်ခုအတွင်းတွင် သာလွန်အဆင့် တိမ်တိုက်တခုမထက်ရှိနေနိုင်သည်။
နှင်းစက်မုန်တိုင်းများသည် အများအားဖြင့် ပြိုင်ဆိုင်မှုရှိသော မြေပြင်တွင် ထူးဆန်းစွာ ပေါ်လာတတ်သည်။ ဤသည်မှာ ကျောင်းသားများအား လုံကူကျွန်းသို့ ပို့ဆောင်ရန် ဗဟိုကျောင်းသားသမ္မဂ္ဂ
အဖွဲ့ချုပ်မှ ကြေငြာသည့်နည်းလမ်းဖြစ်သည်။
၎င်းသည် ခန်းမအဆင့် ပြိုင်ပွဲ၏ ပထမပိုင်းအတွက် အဆုံးအဖြတ်ကို ယူဆောင်လာမည်ဖြစ်သည်။
သတင်းကြားသောကျောင်းများအားလုံး နှင်းစက်မုန်တိုင်း၏တည်နေရာဆီသို့ ဒုန်းဆိုင်းပြေးလွှားနေကြသည်။
ဤသည်မှာ လီလော့ စောင့်မျှော်နေသည့် သတင်းဖြစ်သည်။ ကျောင်းတိုင်းကလည်း ဒီလိုသတင်းကို စောင့်မျှော်နေခဲ့ကြမည်သာ....
အကယ်၍ သူသည် လုံကူကျွန်းသို့ လူများများစေလွှတ်လိုပါက နှင်းစက်မုန်တိုင်းသည် တစ်ခုတည်းသောအခွင့်အရေးဖြစ်သည်။
ယုလန်က ခေါင်းညိတ်လိုက်သည်။
“ရှေ့မှာ တခြားကျောင်းနဲ့တွေ့ပြီး သတင်းဖလှယ်ခဲ့တယ်...ဒီလိုသတင်းမျိုးကလွယ်လွယ်ပြန့်နိုကယင်တာမို့ သေချာလောက်တယ်..... ပြီးတော့ နှင်းစက်မုန်တိုင်းက ဖုံးကွယ်လို့မရနိုင်တဲ့ ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်စေလိမ့်မယ်....”
"သူတို့ပေးခဲ့တဲ့ လမ်းညွှန်ချက်အရ၊ တစ်ရက်လောက်ပဲခရီးနှင်ရမယ်.... ငါတို့နဲ့ သိပ်မဝေးဘူး....."
“နောက်ဆုံးတော့ ငါတို့ဆီ အဓိကဟင်းပွဲရောက်လာပြီ”
နှင်းစက်မုန်တိုင်းနှင့် နှိုင်းယှဉ်ပါက၊ အလတ်စား တိမ်တိုက်သည် သေးငယ်သော အမြည်းနှင့်တူသည်။
“ဒါပေမယ့် နှင်းစက်မုန်တိုင်းတွေက အရမ်းထူးခြားတယ်လို့ ကြားဖူးတယ်... ဘယ်လိုစိန်ခေါ်မှုတွေနဲ့ကြုံတွေ့ရမှာလဲ...."
ပိုင်တုတု၏မေးခွန်းကို လီလော့က ပခုံးတွန့်ပြီးတုံ့ပြန်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရမှာပဲ..."
"ကဲ...အားလုံး အနားယူကြပြီလား... ဒါဆို သွားကြရအောင်...."
လီလော့တို့အဖွဲ့ ခရီးဆက်ခဲ့ကြပြန်သည်။
လမ်းတစ်လျှောက်တွင် တူညီသော ဦးတည်ရာသို့ ခရီးနှင်နေကြသော ကျောင်းသားများစွာကို တွေ့လိုက်ရသည်။ နှစ်ဖက်စလုံးက တစ်ယောက်နဲ့တစ်ယောက် လျစ်လျူရှုပြီး နှင်းစက်မုန်တိုင်းဆီ တတ်နိုင်သမျှ မြန်မြန်ရောက်ဖို့သာ ရည်မှန်းထားကြသည်။
ဤသည်မှာ ခိုးယူလို့မရတဲ့ စည်းကမ်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို လတ်လောဖြစ်ပွားခဲ့သည် တိုက်ပွဲများကြောင့် တစ်ယောက်နဲ့တစ်ယောက် အတော်လေး ခင်မင်ရင်းနှီးနေကြပြီဖြစ်သည့်အတွပ် သတိထားဖို့ အကြောင်းပြချက် သိပ်မရှိခဲ့ပေ။ အမှန်တော့၊ မည်သူမျှ ဆုမရဘဲ တိုက်ခိုက်လိုမည်မဟုတ်ပေ။
ဒါဟာ ပြိုင်ပွဲတွေစတင်ချိန်ကနေ အခုအချိန်အထိ ဆန်းသစ်တဲ့ ပြောင်းလဲမှုတစ်ခုပင်
သို့တည်းမဟုတ် လက်တွေ့ ကျသောစဉ်းစားတွေးခေါ်မှုဆိုလည်း မမှားနိုင်ပေ။
သို့သော်၊ ကြယ်တာယာခရီးရှည်ကောလိပ်သည် ခန်းမအဆင့် ပြိုင်ဆိုင်မှု၏အစောပိုင်းကာလများတွင် ဂုဏ်သိက္ခာသည်တောမီးကဲ့သို့ပျံ့နှံ့သွားခဲ့သည်။ အထူးသဖြင့် လီလော့၏ နာမည်ဂုဏ်သတင်းဖြစ်သည်။ အဖွဲ့တော်တော်များများက သူတို့ကို လမ်းတစ်လျှောက်မှာ စူးစူးစိုက်စိုက် ကြည့်နေကြပြီးသေချာအကဲခတ်နေကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ဘေးကင်းသော အကွာအဝေးကို ထားရှိခဲ့ကြသည်။
ထို့ကြောင့် လီလော့တို့အတွက် ခရီးလမ်း ချောမွေ့ပြီး အတားအဆီးမရှိခဲ့ပေ။ ထို့ကြောင့် နောက်နေ့နံနက်တွင် ၎င်းတို့သည် နှင်းစက်မုန်တိုင်း၏ ယေဘုယျတည်နေရာသို့ ရောက်ရှိခဲ့ကြသည်။
ထိုနေရာသည် အလွန်ကျယ်ပြောလှသည့် ရေကန်ကြီးဖြစ်ပြီး သေးငယ်တဲ့ပင်လယ်ပြင်နှင့်ပင်တူနေသေးသည်။ ရေပြင်ပေါ်တွင် စစ်တုရင် အပိုင်းအစများကဲ့သို့ ပြန့်ကျဲနေသော ကျွန်းများစွာရှိနေပြီး ရောက်နှင့်ပြီးသော ကျောင်းများသည် ကျွန်းများပေါ်တွင် ၎င်းတို့၏ သက်ဆိုင်ရာအလံများကိုလွှင့်ထူထားကြသည်။
နောက်ထပ်အဖွဲ့တွေရောက်လာပြီး ကျွန်းငယ်လေးတစ်ခုမှာ နေရာယူလိုက်ကြသည်။
လီလော့သည် ရေကန်အလယ်သို့ လှမ်းကြည့်လိုက်သည်။ လက်ရှိတွင် ရေပြင်ပေါ်တွင် မြူထူထပ်စွာ ဖုံးလွှမ်းနေသော်လည်း ၎င်းတို့အတွင်း၌ အဆောက်အအုံအချို့ ရှိနေပုံရသည်။ ထိုအနီးတစ်ဝိုက်မှ သဘာဝစွမ်းအင်များသည် ရေကန်ကိုဖြတ်၍ အပြင်ဘက်ထိတိုင် ပျံ့နှံနေသည်။
အလယ်တွင် ကြီးမားသောဗိမာန်ကြီးလေးခုရှိပြီး စွမ်းအင်စုဆောင်းမှုမှာ အလွန်ကြီးမားသည်။ ထိုအရာသည် သာလွန်အဆင့်တိမ်တိုက်များဖြစ်ပေလိမ့်မည်။
နှင်းစက်များကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရသည့အတွက် အခုလို အစုလိုက်အပြုံလိုက်ရှာတွေ့သည်မှာ အမှန်ပင်သားရေယိုလောက်စရာပင်.....
အခုချိန်မှသာ ခန်းမအဆင့်ပြိုင်ပွဲတရားဝင်စတင်ပြီဟုဆိုနိုင်လောက်အောင်တိုက်ပွဲများပြင်းထန်လာတော့မည်။