ကောင်းကင်ယံသို့ဦးတည်နေသောလှေကားထစ်များ
Vol. 35 Ch. 480
လီလော့တို့သည် ကျွန်းငယ်လေးများပေါ်တွင် လျင်မြန်စွာ စခန်းချကာ ၎င်းတို့၏ အလံကို လွှင့်တင်ကာအခိုင်အမာ ရပ်တည်ခဲ့ကြသည်။
လီလော့တို့ ထိုသို့လုပ်လိုက်သည်နှင့် နှင်းစက်မုန်တိုင်းနှင့်ပတ်သက်သော သတင်းအချက်အလတ်များ အတွေးထဲသို့ စတင်ဝင်ရောက်လာသဖြင့် ၎င်းတို့၏လက်ထဲတွင်ရှိသော သံလိုက်အိမ်မြှောင် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။
သတင်းအချက်အလက်ကို လူတိုင်းလေ့လာနေသဖြင့် မိနစ်ပိုင်းမျှ ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။
အချက်အလက်များကိုသေချာဖတ်ရှုပြီးချိန်တွင် အားလုံး မျက်မှောင်ကြုတ်သွားကြလေသည်။
"ဒါက ငရဲလို ရှုတ်ထွေးနေလိမ့်မယ်"
လုချင်းအာ၏ ခပ်တိုးတိုးရေရွတ်သံကြောင့်
လီလော့က လေးနက်သောခံစားချက်ဖြင့် ခေါင်းညိတ်လိုက်သည်။
မြူခိုးတွေတစ်ဝက်လောက်ဖုံးလွှမ်းနေသည့် အဆောက်အဦးတွေကို ပြန်ကြည့်လိုက်ပြန်သည်။ ဤဖြစ်ရပ်တစ်ခုလုံးကို သေးငယ်သော နှင်းစက်မုန်တိုင်းလေးခုအဖြစ် ပိုင်းခြားထားသည်ဟု အချက်အလက်များ မျှဝေထားသည်။ နှင်းစက်မုန်တိုင်းတစ်ခုစီတွင် ၎င်း၏အလယ်ဗဟိုတွင် သာလွန်အဆင့်နှင့် အလတ်စား တိမ်တိုက် အများအပြားလည်း ရှိမည်ဖြစ်သည်။
အရင်းအမြစ်တွေအရတော့ သူတို့အားလုံးအတွက် လုံလောက်နိုင်သည်။
တပတ်တာလုံးလုံး ပင်ပန်းခက်ခဲကြီးစွာဖြင့်ရှာဖွေခဲ့ကြသော်လည်း အလတ်စားအဆင့်နှင့်သာမာန်အဆင့်တိမ်တိုက်များကိုသာရှာတွေ့ခဲ့ကြသည်။ထို့အပြင် ၎င်းတို့ကိုရရှိနိုင်ရန် တိုက်ပွဲများစွာလည်း ဆင်နွှဲခဲ့ရသည်။
လက်ရှိအခြေနေအတွက် ပထမဉီးစားပေး
ပြဿနာမှာ ကောင်းကင်လှေကားထစ်ဖြစ်သည်။
ကောင်းကင်လှေကားထစ်သည် သာလွန်အဆင့်တိမ်တိုက်လေးခုဆီ မဝင်ရောက်မီ ၎င်းတို့ရှင်းလင်းရမည့် အဆင့်များဖြစ်သည်။
ဤသည်မှာရွေးချယ်ခွင့်မရှိသည့် တခုတည်းသောနည်းလမ်းဖြစ်နေခဲ့သည်။
ကောင်းကင်ဘုံလှေကားထစ်ကို ဖြတ်ကျော်ပြီးမှသာ နှင်းစက် ခေါင်းလောင်းကို မြည်ဟီးစေပြီး နှင်းစက်များကို စတင်ရိတ်သိမ်းနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဘုံလှေကားထစ်ကို ဖြတ်ကျော်ရန် လွယ်ကူမည် မဟုတ်ပေ။
တိမ်တိုက် အရေအတွက်များသောကြောင့်၊ ဤနေရာရှိ သဘာဝစွမ်းအင်များသည်သန့်စင်သောစွမ်းအင်လှိုင်းများကို အလိုလိုဖြစ်ပေါ်စေပြီး ကောင်းကင်ဘုံလှေကားထစ်ကိုတက်ရန်ကြိုးစားသူတိုင်းကို ဆေးကြောပေးလိမ့်မည်။ ထို့အပြင် ကောင်းကင်ဘုံလှေကားထစ်သို့ လူတစ်ယောက်သာ တက်နိုင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် စွမ်းအင်လှိုင်းများကို ခံနိုင်ရည်ရှိရန် အလွန်အားကောင်းနေရမည်ဖြစ်သည်။
ကျင်းထန်ရှူလို ထူးချွန်သူပင် ပြင်ပအကူအညီမပါဘဲ စမ်းကြည့်ဝံ့မည်မဟုတ်ပေ။
အခြားသူများ၏ ပံပိုးမှုနှင့်သာ လုပ်ဆောင်နိုင်မည့်အရာဖြစ်သည်။
ကောင်းကင်ဘုံလှေကားထစ်ပတ်ပတ်လည်တွင် ရေပေါ်ကျောက်တုံးလေးခုရှိကြောင်း သတင်းအချက်အလက်များထဲတွင် ဖော်ပြထားသည်။ တစ်ယောက်ချင်းစီကို ပံ့ပိုးဖို့ ကျောင်းတစ်ကျောင်းလုံးရဲ့ ခွန်အားလိုသည်။ ကျောင်းတစ်ကျောင်းတွင် အဖွဲ့ဝင် တစ်ဒါဇင်ခန့်ရှိသဖြင့် နေရာလေးခုလုံးကိုထောက်ပံ့ရန် ကျောင်းသား ၅၀ မှ ၆၀ ခန့်လိုပေလိမ့်မည်။
သာလွန်အဆင့်တိမ်တိုက်များကို လုံးဝလျှော့မတွက်ထားသင့်ပေ။
ရိုးရှင်းစွာပြောရလျှင် နှင်းစက် မုန်တိုင်းကိုအသက်သွင်းရန် အခြေအနေနှစ်ခုရှိသည်။
ပထမဦးစွာ၊ ခေါင်းလောင်းသံမြည်ဟီးအောင်လုပ်ဆောင်ရန် လုံလောက်စွာ အားကောင်းသောကိုယ်စားလှယ်ကိုရှာရလိမ့်မည်။
ဒုတိယအနေနဲ့ ထောက်ပံ့ရေးဝန်ထုပ်ဝန်ပိုးကို မျှဝေလိုတဲ့ အခြားကျောင်းသုံးကျောင်းကိုလည်း ရှာရလိမ့်မည်။
ပထမအချက်က ဒုတိယအချက်ထက်ပင် ပိုခက်ခဲနေသည်။ အလားအလာရှိသူများစွာရှိသော်လည်း ထိုလူသည် စိန်ခေါ်မှုကိုအသက်သွင်းရန်အတွက် လှေကားထစ်ပေါ်တွင် တစ်ယောက်တည်း ခြေချရန်လိုသေးသည်။ ထိုမှသာ အသင်းဖော်များက စွမ်းအင်ပံ့ပိုးမှုပေးရန် ပလက်ဖောင်းလေးခုသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ဆိုလိုသည်မှာ ဤပထမလူသည် စွမ်းအင်လှိုင်းများကို တစ်ယောက်တည်း တွန်းလှန်နိုင်ရမည်ဖြစ်သည်။ ပထမလှိုင်းသည် အားအနည်းဆုံးဖြစ်သော်လည်း တစ်ယောက်တည်းခုခံနိုင်သောအရာမဟုတ်ပေ။
ထို့ကြောင့်ဒုတိယအခြေအနေက ပိုလွယ်ကူသည်ဟုဆိုရမည်။
တစ်နည်းဆိုရသော် ပထမအခြေအနေကိုအောင်မြင်စွာဖြတ်ကျော်နိုင်သည်နှင့်ညအရာအားလုံးအဆင်ပြေလွယ်ကူသွားလိမ့်မည်။
"အခုမေးစရာက ဒီလူက ဘယ်လောက် သန်မာဖို့ လိုလဲ"
ပိုင်တုတု၏ ကျယ်လောင်သောအမေးစကားကြောင့် အားလုံး ခေါင်းယမ်းလိုက်ကြသည်။
ဒါတောင် သူတို့သိတာ သိပ်မကြာသေးပေ။ ကြိုရောက်နှင့်နေသော ကျောင်းတော်တော်များများက စမ်းငပ်ကြည့်ဖို့ တာဆူနေကြပြီး ယုံကြည်မှုရှိသူအချို့ရှေ့တိုးလာကြသည်။
“သူက မဟူရာအလင်းကောလိပ်ရဲ့ တပ်မှူး ချန်ရီမင်လေ.... တခြားတပ်မှူးများစွာကို အနိုင်ယူခဲ့တယ်လို့ ကြားတယ်....”
ပထမဆုံး စိန်ခေါ်သူ တက်လာချိန်တွင် တီးတိုးသံများ ထွက်ပေါ်လာသည်။
ချန်ရီမင်သည် အင်မော်တယ်ကြိုးကြာတစ်ကောင်သဖွယ် ကြီးကျယ်ခမ်းနားစွာ ပျံသန်းပြီးနောက် ပထမခြေလှမ်းတွင် ခိုင်ခံ့စွာ ဆင်းသက်ခဲ့သည်။
ဘုန်းးးးးးးးး
သူ ဆင်းသက်စဉ် လှေကားထိပ်တွင် ကြည်လင်သော အသံကို ကြားလိုက်ရပြီး သက်တံရောင် စွမ်းအင်များ တဟုန်ထိုး ဆင်းသက်လာသည်။
ဖူးးးးးး
စွမ်းအင်လှိုင်းလုံးသည် ရုတ်တရက်ဆင်းသက်လာသော ချန်ရိမင်းကို တိတိပပရိုက်ခတ်သွားလေသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ ချန်ရိမင် နာကျင်စွာအော်နေပြီး လတ်ဆတ်သောသွေးများ နှုတ်ခမ်းထောင့်မှစီးကျလာကာ လှေကားပေါ်ကနေ ရေအိုင်ထဲသို့ ပြုတ်ကျသွားသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။
လှေကားထစ်ပေါ်မှ စွမ်းအင်သည် အမှန်တကယ်ပင် အားကောင်းနေပါသလား။
ချန်ရိမင်ပင်လျှင် လှိုင်းတစ်ခုကို ကြာကြာမရင်ဆိုင်နိုင်ခဲ့ဆပ။ ပထမလှိုင်းကို ရင်မဆိုင်
နိုင်ရင် စိန်ခေါ်မှု စတင်လို့ရမည်မဟုတ်ပေ။
လူတိုင်း၏ စိတ်အားထက်သန်မှု ပြေလျော့သွားခဲ့လေပြီ........
နှင်းစက်မုန်တိုင်းသည် ဆွဲဆောင်မှုရှိသော ဖြစ်စဉ်တစ်ခုဖြစ်သော်လည်း လူတိုင်းအတွက်မဟုတ်သည်မှာ ထင်ရှားပါသည်။
ဤအခြေအနေသည် ကြာရှည်မခံခဲ့ပေ။ များမကြာမီပင် လူအုပ်ထဲမှ အခြားတစ်ယောက်သည် ဂရုမစိုက်ဘဲ ကောင်းကင်လှေကားထစ်ဆီသို့ တိုးလျှိုးထွက်လာခဲ့သည်။
ထိုသူ ပေါ်လာသောအခါ လူတိုင်းက သူ့ကို ချက်ချင်းမှတ်မိကြပြီး ကြည်ညိုလေးစားမှု အပြည့်ဖြင့် စိုက်ကြည့်နေကြသည်။
လီလော့ပင် စိတ်ဝင်စားခဲ့ရသူမှာ.....
တမိုးအောက်တစ်ယောက် ကျင်းထန်ရှုသာပင်.......