← Chapters

စေတနာ

Vol. 35 Ch. 481

စေတနာ

Vol. 35 Ch. 481

ကျင်းထန်ရှု ပေါ်လာသောအခါ၊ ကျွန်းစုတစ်ခွင်လုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပြီး လေထဲတွင် လွင့်မြောနေသော ကျင်းထန်ရှုကို မျှော်လင့်ချက်အပြည့်နှင့်စိုက်ကြည့်နေကြသည်။

လီလော့လည်းအများနည်းတူပင်....

ကျင်းထန်ရှု၏ခန္ဓာကိုယ်သည် အရှိန်အဟုန်ဖြင့် စီးဆင်းနေပြီး လေညင်းသဖွယ် ပေါ့ပါးစွာပျံသန်းနေခြင်းဖြစ်သည်။ ဤသည်မှာ လေပဲ့တင်ထပ်သံအသုံးပြုသူများ၏အားသာချက်ဖြစ်သည်။

"သူ့ရဲ့လေစွမ်းအင်တွေက အရမ်းပြင်းထန်တယ်...."

ပိုင်တုတုသည်လည်း လေပဲ့တင်ထပ်သံပိုင်ဆိုင်ထားသည့်အတွက် အခြားသူများထက် ထိုအကြောင်းကိုပိုနားလည်သည်။

သူမ၏လေပဲ့တင်ထပ်သံသည် အဆင့်ရှစ်ဖြစ်သော်လည်း ကျင်းထန်ရှုနှင့် နှိုင်းယှဉ်လိုက်သောအခါတွင် အလွန်ထင်ရှားသော ကွာဟချက်တစ်ခု ရှိနေသေးသည်။

အဆင့်ကိုးတပိုင်းဟူသည် သာမာန်ဂုဏ်ပုဒ်တခုမဟုတ်ခဲ့ပေ။

"ဒီကောင် ချောသားပဲ..."

ယုလန်က မနာလိုဟန်ဖြင့်ရေရွတ်လိုက်သည်။

ကျင်းထန်ရှုက မိန်းကလေးတိုင်းရဲ့အမြင်အာရုံကိုဖမ်းစားနိုင်လောက်အောင် ရုပ်ရည်ချောမောသူဖြစ်သည်။အခုလို အထင်ကြီးစရာကောင်းလောက်အောင် လေဟုန်စီး၍ပျံသန်းနေချိန်မှာတော့ ပြောစရာပင်မလိုတော့ချေ။

သို့သော်လည်း အများစုမှာ ကျင်းထန်ရှု၏ရုပ်ရည်ကိုဂရုမစိုက်နိုင်ကြသေးပေ။ပထမလှိုင်းဒဏ်ကို ခံနိုင်ရည်ရှိမရှိကိုသာ သိချင်နေကြသည်။

များစွာသော မျက်လုံးများ၏ အာရုံစိုက်မှုအောက်တွင် ကျင်းထန်ရှုသည် တိမ်လှေခါးပေါ်သို့ ဆင်းသက်လာသည်။

ဘုန်းးးးးး

ခြေချလိုက်သည်နှင့် ကောင်းကင်နဲ့မြေကြီးကြားက ကျယ်လောင်တဲ့ဟိန်းဟောက်သံတစ်ခုထွက်လာကာ စွမ်းအင်လှိုင်များက ဒေါသထွက်နေသောနဂါးတစ်ကောင်သဖွယ် အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။သာမာန်လူများအဖို့ လိပ်ပြာလွင့်သွားစေလောက်သည်။

သို့သော် ကျင်းထန်ရှုသည် ဤစာရင်းတွင် မပါဝင်ခဲ့ပေ။

သူသည် မတုန်လှုပ်ရုံသာမက၊ ဤအခိုက်အတန့်တွင် အစိမ်းရောင်စွမ်းအားများကိုအရှိန်အဟုန်ဖြင့်ထုတ်ဖော်ကာ သူ့လက်ချောင်းထိပ်တွင် လျင်မြန်စွာ ပေါင်းစည်းဖိသိပ်ထားလိုက်သည်။

"အပြာရောင်လေမုန်တိုင်း..."

ကျင်းထန်ရှု၏ နှုတ်ခမ်းထောင့်များ ကွေးည်တ်သွားကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။

ဝုန်းးးးးးးးးးး

ရုတ်တရက်ကျယ်လောင်စွာ ပေါက်ကွဲသံထွက်ပေါ်လာပြီး သူ့လက်ချောင်းထိပ်က အစိမ်းရောင်စွမ်းအားများသည် အမြှောက်ဆံသဖွယ်အရှိန်ပြင်းစွာ ရှေ့သို့ပျံသန်းသွားလေ၏။

ဖန်းးးးးးးး

ထိုလေအမြှောက်၏ အရှိန်သည် အံ့မခန်း မြန်ဆန်လွန်းသည်။ လူများစွာသည် ၎င်းတို့ရှေ့တွင် အပြာရောင်အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရပြီး အပြာရောင်လေအမြှောက်ကြီးသည် အရှိန်ပြင်းပြင်းနှင့် ဟိန်းဟောက်နေသော စွမ်းအင်လှိုင်းများကို တိုက်မိသွားသည်။

ဝုန်းးးးးးးး

ကောင်းကင်မှာ အဆက်မပြတ် ပေါက်ကွဲနေသည့် မိုးခြိမ်းသံလိုပင်.....

အပြာရောင်လေအမြှာက်နှင့် ကောင်းကင်ယံလှေကားထစ်မှစွမ်းအင်လှိုင်းများ ထိပ်တိုက်တွေ့ဆုံကြရာဝယ် ကန်ရေပြင်များ အပေါ်သို့မြင့်တက်လာပြီး ကျင်းထန်ရှုကို ဖုံးလွှမ်းသွားလေတော့သည်။

သို့သော် ထိုအချိန်တွင်၊ ကျင်းထန်ရှု၏ တစ်ကိုယ်လုံးသည် အပြာရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ အနီးကပ်ကြည့်လျှင် ၎င်းသည် အပြာရောင်ချပ်ဝတ်တစ်ခုသဖွယ် ကာကွယ်ပေးထားပြီး တန်ပြန်နိုင်သည့် စွမ်းအားများကိုလည်း ဒလဟော ထုတ်လွှတ်နေသည်။

ဤနည်းဖြင့်၊ နောက်ဆုံးတွင် ရေများ ပျောက်ကွယ်သွားသောအခါတွင် သူသည် တိမ်လှေကားပေါ်တွင် ရပ်နေဆဲဖြစ်ပြီး နောက်သို့ ခြေတစ်လှမ်းသာ ဆုတ်သွားခဲ့သည်။

သူသည် ဤပထမလှိုင်း၏ စွမ်းအင်လှိုင်းကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်မှာ ထင်ရှားသည်။

အလို!

ဤမြင်ကွင်းသည် ကျွန်းစုများပေါ်ရှိ ကျောင်းသားများစွာကို ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

ကျင်းထန်ရှုသည် ထိပ်တန်းအဆင့်ဟူသော ဂုဏ်ပုဒ်နှင့် အမှန်ပင်ထိုက်တန်သူဖြစ်ကြောင်း မည်သူမျှသံသယမဝင်နိုင်ကြတော့ပေ။

ကျင်းထန်ရှုသည် စွမ်းအင်လမ်းကြောင်း၏ ပထမလှိုင်းကို အောင်မြင်စွာ ပိတ်ဆို့ထားသောကြောင့် နှင်းစက်မုန်တိုင်းကို အသက်သွင်းနိုင်ခဲ့ပြီဖြစ်သည်။သို့သော်လည်း နောက်ထပ် စွမ်းအင်အကြွင်းအကျန်များကိုရင်ဆိုင်ရပေဉီးမည်။

ဤနေရာတွင် တိမ်တိုက်များစွာရှိသောကြောင့် ကျင်းထန်ရှုတို့တဖွဲ့တည်း အကုန်သိမ်းဖို့မလွယ်ပေ။

အဖတ်မစားရသည့်တိုင် အရည်သောက်ရသည်မှာလည်း မဆျိုးလှပေ။

ထို့ကြောင့်၊ ကျင်းထန်ရှု နှင်းစက်မုန်တိုင်းကိုအောင်မြင်စွာ အသက်သွင်းခဲ့သည်ကို အခြားသူများ ပျော်ရွှင်နေကြလေ၏။

ကျင်းထန်ရှုသည် နှင်းစက်မုန်တိုင်းအတွက် ကောင်းကင်လှေကားထစ်ကို အောင်မြင်စွာအသက်သွင်းပြီးနောက်၊ လှေကားပေါ်မှဆင်းကာ ကျွန်းစုတစ်ဝိုက်ကိုကြည့်ရင်း.....

"အခြားကောလိပ်က ရောင်းရင်းတို့ရေ....ကျူပ်ကတော့ ကောင်းကင်လှေကားထစ်ကိုအသက်သွင်းလိုက်ပြီ..ဒါပေမယ့် ကျုပ်နဲ့အတူ စွမ်းအင်ဖိအားတွေကို မျှဝေဖို့ ကောလိပ် ၃ ခု လိုအပ်နေသေးတဲ့အတွက် ကောလိပ်သုံးခုမှာ ဒီစွမ်းရည်ရှိတယ်ဆိုရင် ကျုပ်နဲ့ပူးပေါင်းဖို့ လာရှာကြပါ.... "

ထိုသို့ကြေငြာပြီးသည်နှင့် ကျင်းထန်ရှုသည်သက်ဆိုင်ရာကောလိပ်အလံလွှင့်ထူထားသည့် ကျွန်းငယ်လေးပေါ်တွင် ဆင်းသက်နေပြီဖြစ်သည်။

သူ့စကားကြောင့် ကျွန်းစုအပေါ်က ကျောင်းသားများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသော တပ်မှုးအချို့လည်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ အကယ်၍ သူတို့သာ ကျင်းထန်ရှုနဲ့ဘပူးပေါင်းလိုက်ပါက ပူးပေါင်း သဘာဝအတိုင်းဝေစုအချို့ ရရှိနိုင်မည်ဖြစ်သည်။ဤသည်မှာ ယခင်အပတ်ကရရှိသောပမာဏထက် ပိုများသည်။

သို့သော် ကျင်းထန်ရှုဘက်က ယဉ်ယဉ်ကျေးကျေးပြောခဲ့သော်လည်း တကယ်တမ်းတွင် ၎င်းသည် ပူးပေါင်းလုပ်ဆောင်ခြင်း

မဟုတ်ကြောင်း လူတိုင်းနားလည်ထားကြသည်။

မည်သို့ပင်ဆိုစေဤကမ်းလှမ်းမှုသည် မက်လောက်စရာပင်....

အမှန်တော့၊ ဤနေရာတွင် လူများအပြားစုရုံးနေပြီဖြစ်သောကြောင့် အကူအညီနှင့် မျှဝေခြင်းဟု ခေါ်သော ရွေးချယ်စရာများ အလွန်များလှသည်။

ဒါကြောင့် နှစ်ဖက်ကြားက အဆင့်အတန်းကို တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်သည်။အကယ်၍ အရိုးအရင်းကိုက်ချင်ရင် မင်းရဲ့ မာနကို အစွမ်းကုန် လျှော့ချထားရမည်သာ....

ခဏတာ တုံ့ဆိုင်းသွားပြီးနောက် လူအချို့သည် သက်ဆိုင်ရာကျွန်းစုများပေါ်ကနေ ကျင်းထန်ရှုရှိရာဆီစတင်ထွက်ခွာသွားကြသည်။

တစ်စုံတစ်ယောက်က စတင်ဆောင်ရွက်သည်နှင့်အမျှ ကျန်နေရာသုံးနေရာ လုယက်ခံရမည်ကို စိုးရိမ်နေကြသည်။

ကျင်းထန်ရှုတို့အဖွဲ့မှ ကျောင်းသားများသည် ဤမြင်ကွင်းကို ဂုဏ်ယူဝင့်ကြွားစွာဖြင့်ကြည့်ရှုနေကြသည်။

သို့သော် မကြာမီမှာပင် လူရိပ်နှစ်ခု ကောင်းကင်လှေကားထစ်ပေါ်

ရုတ်တရက်ဆင်းသက်လာသဖြင့် လူအများ၏အာရုံကိုဆွဲဆောင်သွားခဲ့သည်။

"အဲ့တာ စွန်းတရှန်နဲ့လုမင်မလား...!"

"သူတို့လည်း ကြိုးစားကြမလို့လား"

လီလော့သည် လုမင်ဆိုသော သေးသွယ်သည်မိန်းကလေးကိုသာ သေချာအကဲခတ်နေခဲ့သည်။

လုမင်....မိုးကြိုးနဲ့ ပုံရိပ်ယောင်ပဲ့တင်ထပ်သံနှစ်ခုပိုင်ဆိုင်ထားတဲ့သူ....

သူ့လို ပဲ့တင်ထပ်သံနှစ်ခု ပိုင်ဆိုင်ထားသူနှင့်တွေ့ရသဖြင့် လီလော့ စိတ်လှုပ်ရှားနေလေ၏။

လုမင်ဆိုသော မိန်းကလေးသည် ပုံမှန်မဟုတ်သော ဖြူစင်သည့် အသားအရေရှိပြီး နေရောင်ဖျော့ဖျော့တွင် ကြည်လင်တောက်ပနေသည်။ သူမ၏ မျက်နှာသွင်ပြင်သည် နူးညံ့သိမ်မွေ့ပြီးလှပသော်လည်း အေးစက်မောက်မာတဲ့ ခံစားချက်ကိုပေးစွမ်းနေသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးလက်နေသည့် အလင်းရောင် ဖျော့ဖျော့ ရှိနေပုံရသည်။

လူအများ၏အကြည့်အောက်တွင် လုမင် နှင့် စွန်းတရှန်တို့သည် ကောင်းကင်လှေကားထစ်ပေါ်သို့ အသီးသီး ဆင်းသက်လိုက်ကြပြီး ပြင်းထန်သောအဆင့်ကို တိုက်ရိုက်ဖြိုခွင်းလိုက်ကြသည်။

တချက်ကြည့်လိုက်ရုံဖြင့် သူတို့နှစ်ဉီးစလုံးသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းတတိယအဆင့်မှန်းသိသာလွန်းနေသည်။

လှေကားထစ်ပေါ် ဆင်းသက်သောအခါတွင် စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာသည်။

"ဟားဟား၊ လာကြစမ်း ကျင်းထန်ရှုကိုသိပ်သန်မာလို့ထင်နေကြတယ်မလား....ဆရာစွန်းရဲ့အစွမ်းကိုကြည့်လိုက်ကြစမ်း.... !"

စွန်းတရှန်သည် လက်ထဲတွင် ရွှေလှံကိုဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ရွှေလှံကို ဝှေ့ယမ်းပြီး စွမ်းအင်လှိုင်းများကိုတိုက်ရိုက်ဖြိုခွင်းနေ၏။

လုမင်ဘက်မှာလည်း လှုပ်ရှားမှုက အံ့မခန်းပင်..ယ သူမသည် သူမ၏ သေးသွယ်သော ကျောက်စိမ်းလက်ကို ဆန့်ထုတ်လိုက်ပြီး အိုးခြိမ်းသံသဲ့သဲ့ထွက်ပေါ်နေသော စွမ်းအားများကိုထုတ်ဖော်နေ၏။

လုမင်၏ကျွမ်းကျင်မှုကိုမြင်သောအခါ

လီလော့ မရည်ရွယ်ဘဲမျက်မှောင်ကြုံ့လိုက်မိသည်။

ဤသည်မှာ တစ်သားတည်းဖြစ်ခြင်းအဆင့်ပင်.....

လုမင်သည်လည်း လီလော့လို ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုကိုတသားတည်းဖြစ်အောင်ပေါင်းစပ်နိုင်သည်။

လုမင်သည် ရိုက်ချက်တခုအသာအယာထုတ်ဖော်လိုက်သည့်အခါ ကွေ့ကောက်နေသော မိုးကြိုးစပါးအုံးမြွေကြီး ထွက်ပေါ်လာပြီး စွမ်းအင်မြစ်ရေနှင့် တိုက်မိသွားသည်။

ဘုန်းးးးးး

တိမ်လှေကားနှစ်စင်းအထက်တွင် ဟိန်းဟောက်သံများ ဆက်လက်ထွက်ပေါ်လာပြီး စွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာသည်။

အဆုံးမှာတော့ စွန်းတရှန်နဲ့လုမင်တို့နှစ်ယောက်လုံး တုန်လှုပ်သွားပြီး ခြေနှစ်လှမ်းဆုတ်ခဲ့ပေမယ့် ပထမလှိုင်းကို ခုခံနိုင်ခဲ့ကြသည်။

ဒီရလဒ်က အင်မတန်အံ့သြစရာပင်....

စွန်းတရှန်နဲ့ လုမင်တို့သည် ကျင်းထန်ရှုနှင့်အဆင့်တူကြပြီးချန်ပီယံဆုရရှိရန် ရေပန်းအစားဆုံး သုံးဦးထဲတွင် ပါဝင်သည်။ ဤသုံးယောက်သည် ယခုနှစ်ရှန့်ပိန်းတွေ့ဆုံပွဲတွင်အသန်မာဆုံးများအဖြစ် လူသိများကြသည်။

ရလဒ်ကိုမြင်ပြီးနောက် စွန်းတရှန်နှင့်လုမင် တို့သည် အံ့သြပုံမပေါ်ဘဲ တည်ငြိမ်စွာဖြင့် သက်ဆိုင်ရာကျွန်းပေါ်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။

ထို့နောက် ချက်ခြင်းပင်၊ အခြားကောလိပ်မှ တပ်မှုးများသည် ကျွန်းနှစ်ကျွန်းရှေ့တွင် စုရုံးလာကြသည်။

"ငါတို့ဘာလုပ်ကြမလဲ...?"

ယုလန် သည် ရေပတ်လည်ဝိုင်းနေသော ကျွန်းသုံးကျွန်းကို ကြည့်ပြီး ခေါင်းကုတ်ကာ မေးလိုက်သည်။

လီလော့ ယုလန်ကိုပြန်ဖြေတော့မည့်အချိန်တွင် သူတို့ဆီသို့ လူတစ်ယောက်လာနေသည်ကိုမြင့်လိုက်ရသောကြောင့် စကားစပြတ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုလူသည် ကျင်းထန်ရှု ဖြစ်နေသောကြောင့်ပင်....

အံ့သြနေသောအကြည့်များအောက်တွင် ကျင်းထန်ရှုသည် လီလော့တို့ရှိရာ ကျွန်းဆီသို့ တိုက်ရိုက်လာခဲ့သည်။

"ဘာကိစ္စရှိလို့လဲ?"

လီလော့သည် ကျင်းထန်ရှုကိုကြည့်ကာ မေးလိုက်သည်။

ကျင်းထန်ရှုက ပြုံးလိုက်ပြီး

" လီလော့ မင်း ငါတို့နဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလား?"

"မင်းနဲ့ပူးပေါင်းမယ့်သူ မရှိသေးဘူးလား... "

" ပူးပေါင်းမယ့်သူ အားကောင်းလေ ရလဒ်ပိုကောင်းလေဆိုတာ မင်းလည်းသိနေတာပဲ...လတ်တလောမင်းရဲ့ အောင်မြင်မှုတွေကြားထားပြီးပြီ....အဲ့တော့မင်းသာငါနဲ့ပူးပေါင်းမယ်ဆို နှင်းစက်ရိတ်သိမ်းပြီးရင် 40%ပေးမယ်....ငါ့ကိုခေါင်းပုံဖြတ်တယ်လို့တော့မထင်လိုက်နဲ့.."

"ဝိုးး ကြင်နာတတ်လိုက်တာ.."

"လီလော့..ငါမင်းနဲ့ပြေလည်ချင်တယ်... အရင်က ကျန်းချင်းအာနဲ့ပတ်သတ်တဲ့ သတင်းတွေအတွက်လည်း စိတ်ရင်းနဲ့တောင်းပန်ပါတယ်...မင်းဘက်ကသာဆန္ဒရှိရင် သူငယ်ချင်းတွေဖြစ်လာနိုင်လိမ့်မယ်...."

လီလော့က ကျင်းထန်ရှုကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။

ဘေးတွင်ရှိနေသည့် ယုလန်က လူတိုင်းကြားနိုင်သည့် အသံဖြင့် ရေရွတ်လိုက်သည်-

"ဒီကောင်က စိီနီယာကျန်းဆီချဉ်းကပ်ဖို့ လီလော့ကို အကြောင်းပြချက်တစ်ခုအနေနဲ့ချဉ်းကပ်ချင်နေတာ.... "

ကျင်းထန်ရှုကလည်း လီလော့ကိုပဲ ကြည့်နေခဲ့သည်။

သို့ပေမယ့် အချိန်အတော်ကြာအောင် စောင့်နေသော်လည်း လီလော့ဘက်က သူ့ရဲ့ကမ်းလှမ်းချက်ကို လက်မခံသည့်အတွက် ရှက်ရှက်နှင့်လက်ပြန်ရုတ်လိုက်ရသည်။

"လီလော့ ..မင်း ငါ့ရဲ့အရင်ကလုပ်ရပ်တွေအတွက် စိုးရိမ်နေတာလား..ယး"

"ငါက အပြည့်အဝပဲလိုချင်တဲ့အတွက် ဘယ်သူနဲ့မှ မပူးပေါင်းချင်ဘူး.... ပြီးတော့ ဒိနေရာမှာ တိမ်တိုက်တွေအများကြီးရှိနေသေးတယ်...

ကျင်းထန်ရှုက ခေါင်းကို မော့လိုက်ပြီး ဘယ်သူမှ ခြေမချရသေးသည် ကောင်းကင်လှေကားထစ်က နေရာတစ်ခုကိုလှမ်းကြည့်လိုက်သည်။ လီလော့ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်လိုက်သည့်အတွက် ပြုံးတောင်မပြုံးနိုင်ရှာတော့ပေ။

"နားလည်ပြီ..မင်းက ရည်မှန်းချက်ကြီးသားပဲ... ဒါကြောင့် မင်းအောင်မြင်နိုင်မယ်လို့မျှော်လင့်တယ်..."

ထိုသို့ပြောပြီးသည်နှင့် ကျင်းထန်ရှု လှည့်ထွက်သွားလေတော့သည်။

All Chapters