← Chapters

လီလော့၏ရည်မှန်းချက်ပန်းတိုင်

Vol. 35 Ch. 482

လီလော့၏ရည်မှန်းချက်ပန်းတိုင်

Vol. 35 Ch. 482

ကျင်းထန်ရှု ထွက်သွားသည်နှင့် လုချင်းအာက လီလော့နားရောက်လာပြီး...

"နင်လည်း နှင်းစက်မုန်တိုင်းကို အသက်သွင်းဖို့ ကြိုးစားမှာလား...."

သူသည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မပူးပေါင်းရန် ကြေငြာခဲ့သည်။

"စားချင်သလောက်စားဖို့ ကိုယ်တိုင်ချက်ပြုတ်လိုက်တာကပိုမကောင်းဘူးလား..."

လီလော့က ရွှင်မြူးစွာပြောသည်။

“ဒါက နှင်းစက်မုန်တိုင်းလေ... ငါတို့သာ ယူနိုင်ရင် လုံကူကျွန်းကို လူများများပို့နိုင်ပြီ...."

ပိုင်တုတု ခေါင်းညိတ်လိုက်သည်။

"ငါတို့ယူနိုင်ရင်... ဒါပေမယ့်…ကျင်းထန်ရှုနဲ့ တခြားသူတွေလို အောင်မြင်ဖို့အတွက် ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ရဲ့ စွမ်းအားရှိဖို့တော့လိုတယ်..."

သူမပြောခဲ့သမျှကို လီလော့ နားလည်သည်။ လီလော့၏ ခွန်အားသည် ထိပ်တန်းသုံးယောက်ထက်အနည်းငယ် အားနည်းနေသေးသည်။

အရေးအကြီးဆုံးကတော့ ပထမလှိုင်းကို ခံနိုင်ရည်ရှိရင်တောင် ကောင်းကင်လှေကားထစ်တစ်ခုလုံးကို တက်လှမ်းပြီး မုန်တိုင်းကို အသက်သွင်းဖို့အတွက် ခေါင်းလောင်းကို အောင်မြင်စွာတီးခတ်နိုင်ဖို့လိုပေသေးသည်။

မအောင်မြင်ပါက၊ သူသည် လူရယ်စရာဖြစ်ရုံသာမက လုံကူကျွန်းသို့လူများများ ခေါ်ဆောင်လာနိုင်မည့် အခွင့်အရေးကိုလည်း စွန့်လွှတ်လိုက်မည်ဖြစ်သည်။

ထို့ကြောင့် နှင်းစက်မုန်တိုင်းအတွက် စွန့်စားရလိမ့်မည်။

“ကြိုးစားကြည့်လို့အရှုံးမရှိဘူး... အန္တရာယ်များပေမယ့်လည်း ရလာမယ့်ဆုလာဘ်ကမနည်းဘူး... ငါကတော့ ထိုက်တန်တယ်လို့ထင်တယ်.....”

လုချင်းအာက လီလော့ကို တောက်ပစွာ ကြည့်နေသည်။

"လီလော့က သူတို့သုံးယောက်ထက် ပိုအားနည်းတယ်လို့ မထင်ဘူး....သူတို့တောင်အောင်မြင်နိုင်သေးတာ လီလော့ကဘာလို့မလုပ်နိုင်ရမှာလဲ... "

ဝမ်ဟေးကျူသည် လုချင်းအာ၏ တဖက်သတ်ဆန်သောအပြောကြောင့် မျက်လုံးပြူးသွားသည်။

“ငါတို့ ဒီအကြောင်းကို နည်းနည်းပိုပြီး လက်တွေ့ကျကျစဉ်းစားသင့်တယ်လို့ထင်တယ်.... ”

သူကြိတ်ပိုးနေသည့် လုချင်းအာကလီလော့ဘက်ကိုသိသိသာသာအလေးပိုနေသည့်အတွက် ကြေကွဲနေရသော်လည်း မပေါက်ကွဲဝံ့သေးပေ။

လုချင်းအာကလည်း ဝမ်ဟေးကျူကိုသိသိသာသာလျစ်လျုရှုထားခဲ့သည်။

ထိုအချိန် ပိုင်မျန်မျန်ကလည်း...

“စမ်းကြည့်ရတာ တန်တယ်လို့ထင်တယ်..."

"ငါတို့ အဲ့ကို သွားနိုင်မယ်ဆိုရင် အကုန်ငါတို့အပိုင်ပဲ....ငါတို့ကခြင်္သေ့တွေလေ ဘာလို့ခွေးအတွေကိုကြောက်နေရမှာလဲ.... "

ချင်ဇူလုက အသံနက်ကြီးနဲ့ထအော်လိုက်သည့်အခါ ဒူဇီပိုင်ရွှမ်းက...

" ငါကမင်းကို ကျားလို့ပဲထင်နေတာ...."

ထိုအခါ ချင်ဇူလုက...

"ဘာပဲဖြစ်ဖြစ်ကွာ ခြင်္သေ့ရောကျားရောက ဘုရင်တွေပဲ..... 40% ပဲပေးမယ်ဆိုတာ ခေါင်းပုံဖြတ်လွန်းနေတာကွ...."

ဒူဇီပိုင်ရွှမ်း တိတ်ဆိတ်သွားသည်။

“ကောင်းပြီ၊ မင်းကြိုးစားချင်တယ်ဆို ငါမင်းကို ပံ့ပိုးပေးမှာပါ” ဟု ရိလီရှက ပြောလိုက်သည်။

“စွမ်းအင်ရဲ့ ပထမလှိုင်းကိုသာတောင့်ခံနိုင်ရင်ကျန်တာအကုန်အဆင်ပြေပြီ....."

အချို့က ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

လီလော့က ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါဆို ငါစမ်းကြည့်မယ်"

ကျင်းထန်ရှု၏ ကမ်းလှမ်းချက်သည် မည်မျှပင် ရိုးသားနေပါစေ လီလော့တစ်ယောက်တည်း လက်ခံရုံနှင့် အတည်ပြုနိုင်သောအရာမဟုတ်ပေ။

လီလော့၏ ရည်မှန်းချက်မှာ ကြယ်တစ်ပွင့်ခန်းမ၏အသန်မာဆုံးကျောင်းသား ဖြစ်လာရန် ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲများကို ရှောင်လွှဲဖို့မဖြစ်နိုင်တော့ပေ။

ဤဆုံးဖြတ်ချက်ကြောင့် လီလော့ တုံ့ဆိုင်းမနေတော့ဘဲ နောက်ဆုံး နှင်းစက်မုန်တိုင်းအတွက် ကောင်းကင်လှေကားထစ်သို့ အမြန်ဆင်းသက်ခဲ့သည်။

ကျန်ကျောင်းသားများက သူ့ကို အံ့အားသင့်စွာ စောင့်ကြည့်နေကြသည်။

"တစ်ခြားတစ်ယောက်က လှေကားထစ်ကိုသွားနေတယ်!"

"ဘယ်ကောင်အတင့်ရဲနေတာလဲ...!"

"အဲဒါ... ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ တပ်မှူးလီလော့မဟုတ်လား...."

"ဟမ်... မကြာသေးခင်ကမှ နာမည်ကြီးလာသူလား.... သူကပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူလည်းလို့လည်း ငါကြားထားတယ်...”

"သူက တပ်မှူး သုံးယောက်ကို တစ်ယောက်တည်းနဲ့အနိုင်တိုက်နိုင်ခဲ့တာ...."

"သူကစတုတ္ထမြောက် ထိပ်တန်းစာရင်းဝင်လို့လဲ ကြားထားသေးတယ်...."

“အင်း၊ ကောလဟာလတွေက အမြဲတမ်း ချဲ့ကားပြောဆိုနေတာတွေချည်းပဲ...ကျင်းထန်ရှုနဲ့ တခြားနှစ်ယောက်က သူတို့ရဲ့ ဂုဏ်သတင်းကို နေ့ချင်းညချင်း တည်ဆောက်ခဲ့တာမှမဟုတ်တာ...လီလော့က သန်မာပေမယ့် ကောင်းကောင်းစွမ်းဆောင်နိုင်မှာမဟုတ်လောက်ဘူး... ”

"ကျင်းထန်ရှုရဲ့ ကိုယ်တိုင်ကိုယ်ကျဖိတ်ကြားချက်ကို သူ ငြင်းပယ်ခဲ့တာ မင်းကြားလိုက်တယ်မလား.... မာနကြီးတဲ့ကောင်နဲ့တူတယ်...”

ပွဲကြည့်ပရိသတ်များထဲမှ တစ်ယောက်သည် တွေးတောကာ တိတ်ဆိတ်နေခဲ့သည်။

စွန်းတရှန် သည် သူ၏ရွှေတောင်ဝှေးကို မှီ၍ လီလော့၏လှုပ်ရှားမှုများကို ဂရုတစိုက်ကြည့်နေ၏။ပုံသဏ္ဍာန်ပြောင်းလဲခြင်းဒုတိယအဆင့်ထဲတွင် သူ၏ ရိုက်ချက်နှစ်ချက်ကို ခံယူနိုင်သူရှိလိမ့်မည်မထင်....

သူသည် လီလော့နှင့် အမှန်တကယ် တိုက်ခိုက်ချင်သော်လည်း ပြီးခဲ့သော သီတင်းပတ်တွင် တိမ်တိုက်များကို ရှာဖွေရန် အလုပ်များနေခဲ့သည်။

"ဒီကောင်က ရေခဲဘုရင်မလုမင်ထက် ပိုသန်မာသလားလို့ တွေးနေမိတာလား"

သူ့ကိုယ်သူ အံ့ဩသွားမိသည်။

အခြားကျွန်းတစ်ကျွန်းတွင် လုမင်ကလည်း လီလော့ကို အနီးကပ် စောင့်ကြည့်နေပါသည်။

“ညီမလု.... သူက မကြာသေးမီက နာမည်ကြီးလာတဲ့ ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူမလား... တော်တော်ချောတယ်နော်....”

ကျောင်းသူတဉီးက ပြောလိုက်သည်ကို လုမင် ခေါင်းညိတ်လိုက်သည်။

“သူသုံးနေတဲ့ ပဲ့တင်ထပ်သံ စွမ်းအားတွေအရ သူက ရေနဲ့သစ်သားပဲ့တင်ထပ်သံ အသုံးပြုသူ ဖြစ်ရမယ်... အဲ့နှစ်ခုစလုံးကလည်း အဆင့်ခုနှစ်ဒါမှမဟုတ် အဆင့်ခြောက်ဖြစ်လောက်မယ်...."

သူမ၏ ပဲ့တင်ထပ်သံနှစ်ခုလုံးသည် အဆင့်ခုနှစ်ဖြစ်သည်။

ပဲ့တင်ထပ်သံအဆင့်အရ သူမတွင် အားသာချက်ရှိသည်။

"သူအောင်မြင်နိုင်လား"

“ဒါက သူ့ရဲ့ ကျင့်ကြံမှုအပေါ်မူတည်နေတယ်.... ဒါပေမယ့် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်မို့ ခက်ခဲလိမ့်မယ်...."

“ပထမလှိုင်းကို သူ ခံနိုင်ရည်ရှိတော့ရော ဘာအရေးလဲ....ထိပ်ဆုံးကို ရောက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး... ဒါက အမြည်းသဘောလောက်ပဲရှိသေးတာလေ....”

အခြားမိန်းကလေးက ခေါင်းညိတ် သဘောတူလိုက်သည်။

ကျင်းထန်ရှု သည် သူ၏ကျွန်းသို့ ပြန်လာခဲ့ပြီး လက်ရွေးစင်အသင်းများကို ဆက်လက်ရွေးချယ်ခဲ့သည်။ လီလော့ လှုပ်ရှားနေသည်ကို ကျင်းထန်ရှုက ခပ်အေးအေး အကဲခတ်နေခဲ့သည်။

လော့လန်အိမ်တော်သခင်လေးက တကယ်ထူးခြားတာပဲ....ဒါပေမယ့် ဉာဏ်နည်းလွန်းနေတယ်....

ဒါ့ကြောင့် စေတနာထားဖို့မထိုက်တန်ဘူး.....

မည်သို့ပင်ဆိုစေ ပဲ့တင်ထပ်သံနှစ်ခုရှိသူများရှားပါးသည်မှာမှန်သော်လည်း သူ့လို အဆင့်ကိုးတပိုင်း ပဲ့တင်ထပ်သံနှင့်ယှဉ်နိုင်မည်မဟုတ်ပေ။

သူသည် လုမင်ကိုပင်မကြောက်သည့်အတွက် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်လောက်ကို ခေါင်းထဲထည့်နေစရာမလိုပေ။

ပြေလည်ရာပြေလည်ကြောင်း ကမ်းလှမ်းချက်ကို လီလော့ဘက်မှ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။

သို့သော် သူ၏ ပစ်မှတ်မှာ ကျန်းချင်းအာ ဖြစ်သည်။

သူ့စိတ်ဝင်စားမှုကို နှိုးဆွပေးတဲ့ တဉီးတည်းသောမိန်းကလေးဆိုလည်း မမှားနိုင်ပေ။

သူမသည် သူ၏ အိမ်ထောင်ဖက် ဖြစ်လာလုနီးပါးဖြစ်ခဲ့သည်ဆိုသောအတွေးက ပို၍ပင်စွဲလန်းတက်မက်စေခဲ့သည်။

ပိုအရေးကြီးတာက အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ဆိုင်ထားသော ကျန်းချင်းအာသည် သူလိုအဆင့်ကိုးတပိုင်းပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူနှင့်သာလိုက်ဖက်သည်မဟုတ်လော....

ကျန်းချင်းအာသည် အသန်မာဆုံး ကြယ်သုံးပွင့်ခန်းမ ကျောင်းသူ ဖြစ်လာရန် စီစဉ်ထားသည်။ သူတို့ကျောင်းက သူမအတွက် တစ်ခုခုစီစဉ်ထားလောက်မည်။ထို့ကြောင့် သူကိုယ်တိုင်က အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားဘွဲ့ကို ရအောင်ဆွတ်ခူးရမည်သာ.....

ထိုအခါမှသာ ကျန်းချင်းအာနှင့်သူသည်သာ အလိုက်ဖက်ဆုံးစုံတွဲဖြစ်လာလိမ့်မည်။

လီလော့တစ်ယောက် လှေကားထစ်ပေါ်ခြေချလိုက်သည်နှင့် အိမ်မက်ကမ္ဘာမှလက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။

All Chapters