← Chapters

စတုတ္ထမြောက်နှင်းစက်မုန်တိုင်းကိုအသက်သွင်းခြင်း

Vol. 35 Ch. 483

စတုတ္ထမြောက်နှင်းစက်မုန်တိုင်းကိုအသက်သွင်းခြင်း

Vol. 35 Ch. 483

လီလော့ ကောင်းကင်လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်နှင့် ကျွမ်းဝင်နေသော စွမ်းအင်သည် မြေပြင်တခွင် တုန်လှုပ်သွားစေသည့် ဟိန်းဟောက်သံနှင့်အတူ နိုးထလာသည်။

လှိုင်းလုံးများက ဖြတ်သန်းသွားသော နေရာတိုင်းကို တွန်းအားပေးရင်း လေထုကိုပင် တုန်ခါသွားစေသည်။

လီလော့သည် လှေကားထစ်ပေါ်တွင် ရပ်ကာ ဝင်လာသော တိုက်ခိုက်မှုကို စောင့်ကြည့်နေသည်။ ကိုယ်တိုင်ကြုံတွေ့ရမှသာ ထိတ်လန့်စရာကောင်းသည်ကိုနားလည်နိုင်တော့သည်။

အန္တာရာယ်ကြီးမားသော စွမ်းအင်လှိုင်းများကြောင့် ကြက်သီးတဖြန်းဖြန်းထနေပြီး အော်ဟစ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။

မြောက်မြားစွာသော ကျွန်းများတစ်လျှောက်တွင် ကျောင်းသားအများအပြားကလည်း ထိုမြင်ကွင်းကို စေ့စေ့ကြည့်ရှုနေကြသည်။

လူကြိုက်များသည့် ဖျက်မြင်းတစ်ကောင်သည် ကောလာဟလများအတိုင်း အမှန်တကယ် အားကောင်းသလား သိချင်နေကြ၏။

လုချင်းအာ၊ပိုင်မျန်မျန်နှင့်ကြယ်တာယာခရီးရှည်ကောလိပ်မှ အခြားသောမိန်းကလေးများသည် အချင်းချင်း လက်ကိုဆုပ်ကိုင်ထားကြသည်။

ဝုန်းးးးးး

စွမ်းအင်လှိုင်းသည် ယခုချိန်တွင် လီလော့၏ မျက်နှာရှေ့တွင် ရှိနေပြီး၊ လီလော့သည် ကျင်းစဲ့ယွီ့ရှန်းဓားကို ဆုပ်ကိုင်ကာ စွမ်းအားများပို့လွှတ်နေသည်။

သူ၏ ပဲ့တင်ထပ်သံနန်းတော်နှစ်ခုလုံး အပြည့်အ၀ လည်ပတ်နေပြီး ဘာကိုမျှ မထိန်းချုပ်ထားခဲ့ပေ။ ထို့ကြောင့် မကြာခင် စွမ်းအားများပေါင်းစည်းသွားကြသည်။

လီလော့၏ လက်ကောက်ဝတ်တစ်ဝိုက်တွင် တောက်ပနေသော စိမ်းပြာရောင်အလင်းတန်းများထွက်ပေါ်လာသည်။

ကျောင်းသားအချို့ မောဟိုက်လာသလိုခံစားနေရသည်။

လုမင်သည် ထိုမြင်ကွင်းကို လေးလေးနက်နက်အာရုံစိုက်ပြီး သေချာစောင့်ကြည့်နေသည်။ သူမသည်လည်း ထိုအော်ရာများကို ရင်းရင်းနှီးနှီးသိနေသည်။

ပဲ့တင်ထပ်သံနှစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်မှသာ ထိုသို့သော အော်ရာမျိုးဖြစ်ပေါ်လာလိမ့်မည်။ မြင်နေရသည့်အတိုင်းဆို လီလော့သည်လည်း သူမနည်းတူ ပဲ့တင်ထပ်သံနှစ်ခုကိုကျွမ်းကျင်စွာအသုံးချနိုင်သည်။

သို့တိုင်၊ သူမသည် ထိုအရာကို မျှော်မှန်းထားသင့်သည်။ သို့မဟုတ်ပါက သုံးယောက်တစ်ယောက်တိုက်ပွဲတွင် လီလော့ အနိုင်ရခဲ့မည်မဟုတ်ပေ။

သို့သော်လည်း ... လီလော့၏ပေါင်းစပ် စွမ်းအားသည် သူမအတွက် ထူးဆန်းနေပုံရသည်။

စွမ်းအင်စီးဆင်းမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု ခံစားနေရသော်လည်း သူမအတွက် အနီးကပ်စစ်ဆေးရန် အချိန်မရှိပေ။

အစိမ်းရောင်စွမ်းအင်များသည် အပြာရောင်စွမ်းအားများထဲသို့ စီးဝင်သွားပြီး ပုံစံသစ်တမျိုးဖြစ်ပေါ်စေသည်။ထိုအခါ လေထုထဲတွင် အပြာရောင်တောက်ပနေသောရေလှိုင်းများရွှဲရွှဲစိုနေလေ၏...

"ရေတစ်ထောင် ဓားချက်...."

လီလော့၏ တိုက်ခိုက်မှုကြောင့် တစ်ထောင်သောရေဓားသွားများဖြစ်ပေါ်လာသည်။

၎င်းတို့သည် စွမ်းအင်လှိုင်းလုံးများကို တတ်နိုင်သမျှ မြန်မြန် ဖျက်ဆီးပစ်နေသည်။

ဝုန်းးးးး

ပေါက်ကွဲထွက်လာသော စွမ်းအင်နှစ်ခုသည် စူးရှသောအသံဖြင့် တစ်ခုကိုတစ်ခု စုပ်ယူလိုက်သည်။

တောက်ပနေသော ရေဓားတစ်ချောင်းစီသည် အလုံးအရင်းဖြင့် လွှမ်းမိုးနေသော သူရဲကောင်းတစ်ဦးနှင့်တူသည်။၎င်းတို့သည် စွမ်းအင်လှိုင်းများကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်သွားခဲ့သည်။သို့သော်လည်း အကြွင်းအကျန်စွမ်းအင်လှိုင်းအချို့ကျန်ရှိနေသေးသည်။

ကွဲအက်နေသော စွမ်းအင်အပိုင်းအစများသည် လီလော့ပေါ်တွင် ပြန်လည်စုပုံလာကာ တကိုယ်လုံးကို ဝါးမျိုလိုက်သည်။

လီလော့ ထိတ်လန့်ခြင်းမရှိပေ။လီလော့သည်

ကျင်းထန်ရှုနှင့်တခြားသူတွေ အလှည့်တုန်းကတည်းက ဤအချင်းအရာကိုသေချာစွာမြင်တွေ့ခဲ့ပြီးဖြစ်သည်။ သူတို့ထဲက ဘယ်သူကမှ သူတို့ရဲ့ ပထမဆုံးတိုက်ခိုက်မှုနဲ့ လှိုင်းလုံးကြီးကို မချိုးဖျက်နိုင်ခဲ့ကြပေ။ တိုက်ခိုက်မှု၏ ရည်ရွယ်ချက်ကို အမြန်ပျက်ပြယ်ရန်သာကြိုးစားခဲ့ကြသည်။

လှိုင်းလုံးများထဲတွင် နောက်ထပ် စွမ်းအင်လှိုင်းတစ်ခုရှိသေးသည့်အတွက် လီလော့၏ပတ်ဝန်းကျင်တွင် စွမ်းအင်အလွှာများဖြင့် ဖွဲ့စည်းထားသော ရေချပ်ဝတ်ဖြစ်ပေါ်လာသည်။

"ရေစေးချပ်ဝတ်"

ဖန်းးးးးးးးး

ကာကွယ်မှုအသင့်ရှိနေသည့်အတွက် ဘာကိုမျှ စိုးရိမ်နေစရာမလိုတော့ပေ။သို့သော် လေးလံလှသာဖိအားက တောင်ကြီးတလုံးပြိုဆင်းလာသလိုပင်.... စွမ်းအင်လှိုင်းလုံးသည် ရေစေးချပ်ဝတ်၏အလွှာတစ်ခုစီမှ စွမ်းအင်များကို တတ်နိုင်သမျှ စုပ်ယူရန် ကြိုးစားနေသည်။

ကြွင်းကျန်နေသည့်စွမ်းအားများရှိသေးသည့်အတွက် ရေစေးချပ်ဝတ်တစ်ခုတည်းနှင့်မလုံလောက်နိုင်သေးပေ။

တည်ငြိမ်အောင်ထိန်းထားဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရသည်။

ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားများ ထိပ်တိုက်တွေ့မှုတွင်၊ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့် ဖြစ်သည့် လီလော့ကာတတိယအဆင့်ဖြစ်သည့် ကျင်းထန်ရှုတို့ထက်ပိုမိုခက်ခဲနေလေ၏။

အထူးသဖြင့် ကျင်းထန်ရှုသည် နောက်ဆုံးထိုးနှက်ချက်ကြောင့် ခြေတစ်လှမ်းမျှသာ နောက်ပြန်ဆုတ်ခဲ့ပြီး သူ၏အာဏာကို နက်ရှိုင်းစွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း သက်သေထူခဲ့သည်။

လီလော့သည် ခြေလှမ်းများစွာ နောက်ဆုတ်ခဲ့ရပြီးကောင်းကင် လှေကားထစ်၏ အစွန်းဘက်တွင်သာ ခြေချနိုင်ခဲ့သည်။

သို့တိုင် သူ့စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။

အခြားနေရာတိုင်းတွင် ကျောင်းသားများ ရင်တထိတ်ထိတ်ဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။ နောက်ဆုံးတွင်၊ လီလော့ အောင်မြင်နိုင်ခဲ့သော်လည်း ကောင်းကင် လှေကားထစ်ပေါ်တွင် ရပ်နေဆဲပင်... သူသည် စတုတ္ထမြောက်နှင်းစက်မုန်တိုင်းကို အသက်သွင်းခဲ့ပြီဖြစ်သည်။

ယခုအခါ လီလော့၏ ခွန်အားကိုမေးခွန်းထုတ်စရာ မရှိတော့ပေ။ ထို့အပြင် သူသည် နှင်းစက်မုန်တိုင်းကို ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်ဖြင့်အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သည့်အတွက် အထင်ကြီးလောက်စရာပင်....

လီလော့ ကျွန်းပေါ်သို့ ပြန်ရောက်သောအခါ၊း အခြားကျောင်းက တပ်မှုးများ အပြေးအလွှားစုရုံးလာကြသည်။ နှင်းစက်မုန်တိုင်းကိုအသက်သွင်းနိုင်ခဲ့သော်လည်း ကောင်းကင်လှေကားထစ်ကိုတက်လှမ်းနိုင်ရန် ကူညီပေးဖို့အဖွဲ့သုံးဖွဲ့လိုအပ်နေသေးသည်မဟုတ်လော.....

သူတို့၏ တိတ်ဆိတ်ငြိမ်သက်သော ကျွန်းငယ်လေး ရုတ်တရက် အသက်ဝင်လာသည်။

ကျင်းထန်ရှုကတော့ ခပ်ပြုံးပြုံးအမူအရာဖြင့် လူသစ်အစုအဝေးကို ကြည့်နေသည်။

"အစ်ကိုကျင်း မင်းရဲ့ကမ်းလှမ်းချက်ကို လီလော့ ငြင်းပယ်ခဲ့တာ အံ့သြစရာ မရှိဘူး.... သူက မုန်တိုင်းတစ်ခုကို ယူချင်နေတာ...ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်နဲ့ အောင်မြင်ခဲ့တဲ့အတွက်သန်မာတယ်လို့ဆိုရမယ်...."

နှင်းကဲ့သို့ဆွတ်ဆွတ်ဖြူနေသော မျက်ခုံးမွှေးများရှိသည့် လူငယ်တစ်ဦးက မှတ်ချက်ချလိုက်သည်။

" တသားတည်းဖြစ်အောင် ပေါင်းစည်းနိုင်တဲ့အဆင့်မို့ သူဒီလိုလုပ်နိုင်တာ အံ့သြစရာမရှိဘူး....ဒါဟာ အထင်ကြီးစရာကောင်းပြီး ပဲ့တင်ထပ်သံ စွမ်းအားအကြောင်း ပြောရရင် သာမန်တတိယအဆင့်တွေတောင် လေ့ကျင့်ရေးသမားတွေတောင် သူ့လို ရပ်တည်နိုင်မှာမဟုတ်ဘူးလို့ထင်တယ်....."

မျက်ခုံးမွှေးဖြူလူငယ်က မနာလိုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ပဲ့တင်ထပ်သံနှစ်ခု ရှိတယ်ဆိုတော့ ပဲ့တင်ထပ်သံနန်းတော် နှစ်ခုရှိတယ်ဆိုတဲ့သဘောပဲပေါ့...ဒါပေမယ့် အစ်ကိုကျင်းရဲ့အဆင့်ကိုးတပိုင်းပဲ့တင်ထပ်သံလောက်အားကောင်းနိုင်ပါ့မလား...ကိုယ့်ကိုကိုယ်အဲ့လောက်ထိမနှိမ့်ချပါနဲ့....."

ကျင်းထန်ရှုသည် မောက်မာမှုမရှိဘဲ ခပ်သော့သော့ ရယ်မောလိုက်သည်။

"ငါပြောသလိုပဲ၊ သူက သာမန်တတိယအဆင့် ကျောင်းသားထက် ပိုသန်မာတယ်၊ ဒါပေမယ့် ဒီနေရာမှာလငါ တစ်ယောက်တည်းတော့မဟုတ်ဘူး လုမင်နဲ့စွန်းတရှန်လည်းရှိသေးတယ်...."

"အစ်ကိုကျင်း ကြယ်တာယာခရီးရှည်ကောလိပ်ကို ဘယ်လိုမြင်လဲ....? လီလော့က မင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး အခု ခွန်အားပြလာပြီ....ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်မလား..."

"ကိစ္စမရှိပါဘူး၊ သူက ပထမလှိုင်းကို ခံနိုင်ရည်ရှိပေမယ့် ကောင်းကင်လှေကားထစ်ကို တက်ရတဲ့ ခရီးက ပိုခက်လိမ့်မယ်။ အဆုံးထိ မထိန်းနိုင်မှာမဟုတ်ဘူး....ခန်းမအဆင့်ပြိုင်ပွဲမှာ သူ့ကိုစိုးရိမ်းနေစရာမလိုဘူး...."

မျက်ခုံးမွှေးဖြူလူငယ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

နောက်ဆုံးတွင်၊ နှင်းစက် မုန်တိုင်းလေးခုကိုအသက်သွင်းနိုင်ခဲ့သည့် ကျောင်းလေးကျောင်းသည်သူတို့နှင့် ပူးပေါင်းမည့်အဖွဲ့များကို ရွေးချယ်ပြီးပြီဖြစ်သောကြောင့်

ဆူညံသံများတိတ်ဆိတ်သွားလေသည်။

လီလော့တို့ဘက်မှ ရွေးချယ်မှုသည် အလွန်လျင်မြန်သော်လည်း ပေါ့လျော့မှု မရှိပေ။ ပူးပေါင်းဖို့ကမ်းလှမ်းလာသည့်အဖွဲ့များကို မဲနှိုက်ခိုင်းပြီး ကံထူးသူ သုံးဖွဲ့ကို ရွေးချယ်ခဲ့သည်။

ရွေးချယ်မခံရသောကျောင်းများသည် ဝမ်းနည်းကြေကွဲသော်လည်း မထွက်သွားကြသေးပေ။ နှင်းစက်မုန်တိုင်းများ အသက်ဝင်လာသည်နှင့်အမျှ၊ ငုပ်လျှိုးနေသောသဘာဝစွမ်းအင်များက ၎င်းတို့အတွက် ကောင်းကျိုးအချို့ကို ဆောင်ကျဉ်းပေးလိမ့်မည်။

ထို့ကြောင့်၊ နှင်းစက်မုန်တိုင်းရိတ်သိမ်းခြင်း၏နောက်ထပ်အဆင့်သည် စတင်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

All Chapters