← Chapters

ကျော်ကြားလာသောလီလေ့

Vol. 35 Ch. 484

ကျော်ကြားလာသောလီလေ့

Vol. 35 Ch. 484

ရာနှင့်ချီသော အရိပ်များ တပြိုင်နက် ကောင်းကင်ယံသို့ တက်လာပြီး လေထုတခုလုံးလှုပ်ရှားသက်ဝင်လာသည်။

ခန်းမအဆင့်ပြိုင်ပွဲ၏အဓိကပြိုင်ဆိုင်မှုများစတင်ပြီဖြစ်သည်။

ဤလှုပ်ရှားမှုသည် ပြိုင်ပွဲ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြောင်းနှင့် ၎င်းတို့၏ နောက်ဆုံးအခွင့်အရေးကိုလည်း တောက်ပစေခဲ့ကြောင်း လူတိုင်းက ရှင်းရှင်းလင်းလင်း သိကြသည်။ နောက်ပိုင်းတွင် ဖြစ်ပွားလာမည့် အဖြစ်အပျက်များသည် အကောင်းဆုံးအရာများသာ ပါဝင်မည်ဖြစ်သည်။

ပြင်းထန်သောစိတ်လှုပ်ရှားမှုများကြားတွင်၊ လီလော့သည် အဖွဲ့သားများနှင့်အတူ ကောင်းကင်လှေကားထစ်သို့ ဦးတည်ကာ နှင်းစက်မုန်တိုင်းထဲသို့ ဦးဆောင်ခဲ့သည်။ ချင်ဇူလု၊ပိုင်တုတုနှင့် ကျန်သူများသည် သူ၏ညာဖက်ခြမ်းရှိ ကျောက်သားစင်မြင့်

ပေါ်တွင် ညင်သာစွာ ဆင်းသက်လာကြသည်။

ကောင်းကင်လှေကားထစ်၏ တစ်ဖက်တစ်ချက်စီတွင် စုစုပေါင်း ကျောက်စင်လေးခုရှိသည်။

စည်းမျဥ်းများအတိုင်း၊ ကျောက်စင်တစ်ခုစီကို ကောလိပ်တစ်ခုစီက စီမံကွပ်ကဲရန် ရည်ရွယ်ထားပြီး ၎င်းတို့အပေါ်သို့ သဲသဲမဲမဲ ရွာသွန်းနေသော စွမ်းအင်ပမာဏကို တွန်းလှန်ရန် ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးမည်ဖြစ်သည်။ ကောင်းကင်လှေကားထစ်ကို တက်လှမ်းသည်နှင့်အမျှ၊ စွမ်းအင်စီးဆင်းမှု ပိုမိုအားကောင်းလာကာ လူတစ်ဦးတည်းက ၎င်းကို တစ်ယောက်တည်း မကိုင်တွယ်နိုင်တော့သည့်အထိ ဖြစ်လာလိမ့်မည်။

ကြီးမားလှသော စွမ်းအင်ဒီရေများသည် အလွယ်တကူ ခုခံနိုင်သည့် အရာမဟုတ်ပေ။

ဗဟိုကျောင်းသားသမဂ္ဂက ဒီပြိုင်ပွဲကို အတိအကျ စီစဉ်ထားပြီး နှင်းစက်တိမ်တိုက်များကို ကောလိပ်တစ်ခုတည်းက လက်ဝါးကြီးအုပ်ထားဖို့မဖြစ်နိုင်အောင်ရည်ရွယ်ထားခြင်းဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှု၏သော့ချက်ဖြစ်သည်။

ထို့ကြောင့် လီလော့၏ ခြေလှမ်းများ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ နှင်းစက်တိမ်တိုက် အသက်ဝင်လာပုံရပြီး သူ့အပေါ် ဖိအားများ တိုးလာသည်။ တစ်ချက်မျှ မကြည့်ဘဲ၊ ချင်ဇူလုနှင့် အခြားကောလိပ် သုံးခုမှ ကျောင်းသားများ ကျောက်တုံးစင်မြင့်များပေါ်သို့ တက်ခဲ့ကြပြီး နေရာအသီးသီးယူလိုက်ကြသည်။

အသန်မာဆုံးပါဝင်သူများကို ရှေ့တန်းတွင် ထားရှိပြီး ကျန်သူများမှာ ကာကွယ်ရေးကိုအသားပေးတာဝန်ယူရမည်ဖြစ်သည်။ ၎င်းတို့သည် အနည်းငယ်ဝေးကွာသော လုပ်ဖော်ကိုင်ဖက်များထက် ပို၍ပြင်းထန်သော ခုခံမှုကို ခံစားရမည်ဖြစ်သည်။

ဤရွေးချယ်ခံရသူလေးဦး ကောင်းကင်ဘုံလှေကားထစ်များပေါ်သို့ တက်လှမ်းလာစဉ်တွင် ပြင်းထန်သော စွမ်းအင်ဒီရေများက သတိပေးခြင်းမရှိဘဲ ၎င်းတို့အပေါ်သို့ ချက်ချင်းပြိုကျလာသည်။

သို့သော် ဤတစ်ကြိမ်တွင် ထူးခြားမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ စွမ်းအင်ဒီရေသည် စိန်ခေါ်သူဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်နှင့်အမျှ စွမ်းအင်အချို့ကို စုပ်ယူသွားသည့် ရေငွေ့လေးခုသည် မှော်ဆန်စွာ ထွက်ပေါ်လာပြီး ကျောက်တုံးများပေါ်မှ လူတစ်ဦးချင်းစီသို့ တိုက်ရိုက် ခုန်ဆင်းသွားသည်။

ချင်ဇူလုနှင့် ကျန်သူများသည် နှင်းစက်တိမ်တိုက်၏ ကြီးကျယ်သော စီးဆင်းမှု၏ ပထမဆုံး အရသာကို ခံစားခဲ့ကြရသည်။

စွမ်းအင်လှိုင်းလုံးကြီး၏ ကျယ်လောင်စွာဟိန်းဟောက်သံကြောင့် သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ဤကြောက်စရာကောင်းသောဖိအားသည် သူတို့အပေါ်၌ တောင်ကြီးတစ်ခုဖိချထားသလို ခံစားစေရပြီး တဖြည်းဖြည်း အသက်ရှုကြပ်လာသည်။

လီလော့ ခံစားနေရသည့် ဖိအားသည် မည်မျှကြီးမားခဲ့သနည်း။

လူတိုင်းက စွမ်းအင်လှိုင်းများကို တွန်းလှန်ရန် ကြိုးစားနေသောကြောင့် ပဲ့တင်ထပ်သံစွမ်းအားများ မြင့်တက်လာသည်။ ကြာကြာထိန်းထားနိုင်လေလေ လီလော့ အတွက် ဝန်ထုပ်ဝန်ပိုး ပိုပေါ့လေဖြစ်သည်။

သူ့အဖော်တွေက ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးနေစဉ်မှာ လီလော့ဟာ ကောင်းကင်လှေကားပေါ် နဲ့ ပထမဆုံးအကြိမ်ခြေချခဲ့ရသည်ထက်သိသိသာသာကို ပိုလွယ်ကူနေခဲ့သည်။ သို့သော် ဤအရာသည် အစမျှသာဖြစ်သည်ကို ရှင်းလင်းစွာနားလည်လိုက်ကြသည်။

တိမ်တိုက်မှ အဆက်မပြတ်ထွက်ပေါ်နေသည့် စွမ်းအင်များသည် အချိန်နှင့်အမျှ တိုးပွားလာမည်ဖြစ်သည်။

အချိန်မဖြုန်းဘဲ အတိုင်းအတာတစ်ခုအထိ ဖြည်းညှင်းစွာ တက်လှမ်းရပေမည်။

လက်နက်များကိုဝှေ့ယမ်းရင်း လွှင့်ပစ်ကာ ပဲ့တင်ထပ်သံစွမ်းအားများ လွှမ်းခြုံထားသော်လည်း ခြေလှမ်းတိုင်းက သိသိသာသာ လေးလံနေဆဲပင်.....

အလားတူ မြင်ကွင်းကို အခြားသော ကောင်းကင်လှေကားထစ် သုံးခုတွင်လည်း တွေ့မြင်နိုင်သည်။ ကျင်းထန်ရှု၊စွန်းတရှန်နှင့်လုမင်တို့သည် လီလော့ထက် အနည်းငယ်ပိုမြန်သည်။ ပဲ့တင်ထပ်သံ စွမ်းအားတွေက သူတို့ဆီကနေ အဆုံးမရှိ ထွက်ပေါ်နေပြီး စွမ်းအင်လှိုင်းတွေကို တန်ပြန်စေခဲ့သည်။

ထိုသုံးယောက်ထဲတွင် ကျင်းထန်ရှုသည် ခက်ခက်ခဲခဲ အားစိုက်နေပုံမရဘဲ လွယ်ကူနေသည်။စွန်းတရှန်နှင့်လုမင်တို့သည် အနည်းငယ်နှေးကွေးသော်လည်း အချင်းချင်းတန်းတူဖြစ်သည်။

တစ်ဦးတည်းသောသူမှာ နောက်ဆုံးနေရာတွင် လျှောက်လှမ်းနေသော လီလော့ ဖြစ်သည်။

သိသိသာသာကွာခြားနေသော မြင်ကွင်းကြောင့် အခြားကောလိပ်များမှ ကျောင်းသားများ မကျေနပ်သဖြင့် ခေါင်းယမ်းနေကြသည်။လီလော့၏ အတော်လေးအားနည်းသောပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်သည် ဤနေရာတွင်အားနည်းချက်ဖြစ်နေခဲ့သည်။ သူ၏ ယခင်စွမ်းဆောင်မှုက သူ့ကို ကန့်သတ်ချက်ထိရောက်အောင် တွန်းပို့ထားပုံရပြီး ကောင်းကင်လှေကားထစ်၏ အထွတ်အထိပ်သို့ တက်နိုင်မလားဆိုသည်မှာတော့ စောင့်ကြည့်ရမည်သာ.....

လူအချို့သည် လီလော့၏ ကံဆိုးခြင်းကို သဘောတွေ့နေကြသည်။ သူတို့သည်နှင်းစက်မုန်တိုင်းအတွက် ပါဝင်နိုင်ခြင်းမရှိသည့်အတွက် လီလော့အပေါ် မနာလိုစိတ်ထားနေကြခြင်းဖြစ်သည်။

လီလော့သည် နောက်ဆုံးဖြစ်နေသော်လည်း အားမငယ်ခဲ့ပေ။ ကျင်းထန်ရှုတို့သုံးယောက်စလုံးက သူ့ထက်ကျင့်ကြံမှုအဆင့်တစ်ဆင့်မြင့်မားသောကြောင့်အားသာချက်ရှိမည်ကိုနားလည်ထားသည်။သူ့ထံတွင်လည်းကြိုတင်ပြင်ဆင်ထားသောဝှက်ဖဲများရှိနေသည်မဟုတ်လော....

မဆုတ်မနစ် ဆက်လက်ရွေ့လျားရင်း၊ သူသည် ကျင်းစဲ့ယွီ့ရှန်းဓားဖြင့် စွမ်းအင်လှိုင်းများကို ဖြတ်တောက်ပစ်လိုက်သည်။

ထိုအချိန်တွင်၊ ရေပဲ့တင်ထပ်သံ စွမ်းအားသည် သူ၏ အခြားတစ်ဖက်တွင်အဆက်မပြတ် စီးဆင်းနေပုံရပြီး တောက်ပနေသော အလင်းရောင်ကို ထုတ်ပေးသည့် တံဆိပ်တစ်ခုအဖြစ် ပုံဖော်ထားသည်။

လီလော့သည် ကောင်းကင်လှေကားထစ်ကိုတက်လှမ်းနေရင်း အတွေ့အကြုံသစ်တခုရရှိလိုက်သည်။ သူ့အား တွန်းပို့နေသော စွမ်းအင်လှိုင်းများသည် ခြေလှမ်းသုံးဆယ်တိုင်းတွင် ပြင်းထန်စွာ မြင့်တက်လာလိမ့်မည်။ အထွတ်အထိပ်ရောက်သည်အထိ ဤအရာသည် တောက်လျှောက် ထပ်ခါထပ်ခါ ဖြစ်နေလိမ့်မည်။

ခြေလှမ်းပေါင်း ရာချီရှိသည့်အတွက် ထိပ်ဆုံးနားနီးလာပါက ဖိအား ဆယ်ဆကျော် မြင့်တက်လာမည်ဖြစ်သည်။

သူ့ရဲ့ မပျက်မကွက်ကြိုးစားမှုတွေက နောက်ဆုံးမှာ သူ့ကို အဆင့်သုံးဆယ်ထိတိုင် တက်လှမ်းစေနိုင်ခဲ့သည်။

ပြင်းထန်သောဖိအားများက ဒေါသကြီးသော နဂါးတစ်ကောင်ကိုယ်ထင်ပြနေသည့်နှယ်ပင်.... သူ့မျက်လုံးရှေ့တွင် ကြီးမားလှသော စွမ်းအင်များ ပေါင်းစပ်ကာ သူ့ထံသို့ ဦးစွာ ပြေးဝင်လာလေသည်။

သို့သော်လည်း လီလော့သည် ဤကြောက်စရာကောင်းသော စွမ်းအင်ပြကွက်ကို ရင်ဆိုင်ရသောအခါ တုံ့ဆိုင်းမနေခဲ့ပေ။ ရှောင်တိမ်းရမည့်အစား စွမ်းအင်လှိုင်းကို တိုက်ရိုက်ရင်ဆိုင်ရန်ကြိုးပမ်းခဲ့သည်။

ဤသည်မှာ မြင့်မိုရ်တောင်ကိုဇီးစေ့ဖြင်ပစ်ပေါက်နေသလိုပင်.....

ပွဲကြည့်ပရိသတ်များ၏ ထိတ်လန့်သောအကြည့်များကလီလော့ထံတွင်သာ စုပြုံကျရောက်နေသည်။

မာနကြီးလွန်းလို့ဉီးနှောက်ပျက်သွားပြီလား...ဒါမှမဟုတ် တခုခုကိုသက်သေပြချင်နေတာလား.....

ရှေ့ပြေးသမား ကျင်းထန်ရှုပင်လျှင် သတ္တိရှိသော်လည်း ခုခံမှုအနည်းဆုံးလမ်းကြောင်းကို မရှာဖွေမီ စွမ်းအင်လှိုင်းများ၏အရှိန်ကို အားနည်းသွားစေမည့် နည်းလမ်းကိုသာရွေးချယ်ခဲ့သည်။

ယခု လီလော့အဖြစ်က ပိုးဖလံမျိုး မိုးကိုတိုးနေသလိုပင်......

လီလော့သည် လက်ဖဝါးကို မြှောက်လိုက်ကာ ရေစွမ်းအားများကိုစုစည်းထားသည်။ ထိုအခါ ရေကြေးမုံများစွာထွက်ပေါ်လာပြီးတခုနှင့်တခုအချိတ်အဆက်မိမိပုံရိပ်ထင်နေကြသည်။

ဤရေကြေးမုံများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး အရှည် မီတာများစွာရှိသော ပိုကြီးသော ရေကြေးမုံတချပ်အဖြစ် တခဏအတွင်း ဖွဲ့စည်းသွားခဲ့သည်။

"ရေအလင်းနတ်ဆိုးကြေးမုံ..... "

သူ့ထံသို့တိုးဝင်လာသောစွမ်းအင်လှိုင်းများ ရေကြေးမုံနှင့် ထိတွေ့ချိန်တွင် ရေကြေးမုံသည် မပြိုကွဲမီ ကြီးမားသော တုံ့ပြန်မှုစွမ်းအားကို ထုတ်လွှတ်ကာ စွမ်းအင်လှိုင်းများကို အညီအမျှ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုဖြင့် ချေမှုန်းပေးခဲ့သည်။

ထိုမြင်ကွင်းသည် ဧရာမမြစ်ကြီးနှစ်စင်း တစ်ခုနှင့်တစ်ခု ဆုံစည်းပြီး တစ်ပေါင်းတစည်းတည်းဖြစ်သွားသလိုပင်...

တန်ပြန်သက်ရောက်မှုများသည် ကောင်းကင်နှင့်မြေပြင်ကို ပြောင်းလဲစေခဲ့သည်။

ဘုန်းးးးး

မိုးခြိမ်းသံတစ်ခုသည် ကောင်းကင်လှေကားထစ်မှ ပဲ့တင်ထပ်ကာ ၎င်း၏အခြေခံအုတ်မြစ်များအထိ တုန်ခါစေသည်။

စွမ်းအင်များ ပြင်းပြင်းထန်ထန် ရိုက်ခတ်ပြီး ပြင်းထန်စွာ စုတ်ပြဲသွားခြင်းကြောင့် လုံးဝ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းဖြစ်သည်။ ကျန်ရှိနေသော အရာမှာ အချည်းနှီးသောလမ်း၊ အတားအဆီးမဲ့ ဖြတ်သန်းသွားရမည့် လမ်းဖြစ်သည်။

ဤသည်မှာ လီလော့ စောင့်ဆိုင်းနေသည့် အခိုက်အတန့်ဖြစ်သည်။ ဤငြိမ်သက်ခြင်း၏အခိုက်အတန့်ကို အသုံးချကာ ခြေလှမ်းငါးလှမ်းကျော်ကို မဆိုင်းမတွ တကိလှမ်းလိုက်လေတော့သည်။

စွမ်းအင်လှိုင်းလုံးများသည် အားပြန်ဖြည့်ရန် အချိန်ယူရမည်ဖြစ်ပြီး ဤအခိုက်အတန့်သည်သူ့အတွက်အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

အချိန်တိုလေးအတွင်း ခြေလှမ်းနှစ်ဆယ်ကျော်လှမ်းနိုင်ခဲ့သဖြင့် စွန်းတရှန်နှင့်လုမင်တို့ကိုလိုက်မှီလာသဖြင့် ကျင်းထန်ရှုကိုပင်မှီလုနီးနီးဖြစ်နေပြီ....

လှေကားထစ်၏ အရှိန်အဟုန်ဖြင့် လမ်းထွင်ခြင်းသည် မရေမတွက်နိုင်သော တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်ခဲ့ရသည်။

လီလော့သည် စွမ်းအင်လမ်းကြောင်းကို လျစ်လျူမရှုဘဲ တိုက်ရိုက်တန်ပြန်နိုင်မည်ဟု မည်သူမျှထင်မှတ်မထားခဲ့မိပေ။

စွမ်းအင်လှိုင်းများကို ခွဲထုတ်လိုက်သော ခြိမ်းချောက်ဖွယ် စွမ်းအားကို သူ မည်သို့ ဖန်တီးခဲ့သနည်း။

ဤသည်မှာ ဆရာသခင့်အဆင့်တစ်ယောက်၏စွမ်းအားဖြစ်နိုင်ပါသလား....

အထိတ်လန့်ရဆုံးမှာ အခြား ပါရမီရှင် သုံးဦးဖြစ်သည်။ သူတို့မျက်လုံးတွေကို မယုံနိုင်သလို ပထမဆုံးအကြိမ်အဖြစ်လီလော့ကို ပြိုင်ဘက်တစ်ယောက်အဖြစ်လေးလေးနက်နက်သတ်မှတ်လိုက်မိသောအခိုက်အတန့်ပင်....

All Chapters