← Chapters

တိုက်ရိုက်ယှဥ်ပြိုင်ခြင်း

Vol. 35 Ch. 485

တိုက်ရိုက်ယှဥ်ပြိုင်ခြင်း

Vol. 35 Ch. 485

ကျောင်းသားများထံမှ အံ့သြတကြီး အော်ဟစ်သံများ လှိုင်လှိုင်ထွက်ပေါ်လာသည်။

လီလော့တစ်ယောက် ရူးလောက်စရာအရှိန်ဖြင့် စွန်းတရှန်နှင့်လုမင်တို့ကိုကျော်တက်သွားနိုင်မည်ဟုမည်သူမျှထင်မထားမိခဲ့ကြပေ။

ဘာတွေဖြစ်ကုန်တာလဲ...နားမလည်နိုင်တော့ဘူး.......

ချင်ဇုလု၊ပိုင်တုတုနှင့် ကြယ်တာယာခရီးရှည်ကောလိပ်မှ ကျောင်းသားများပင်လျှင် စိတ်ရှုပ်နေကြသည် ။

ကြယ်တာယာခရီးရှည်ကောလိပ်ကို ပံ့ပိုးပေးနေသည့် အခြားကျောင်းသုံးကျောင်းကကျောင်းသားများလည်း ထိုမြင်ကွင်းကိုပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသည်။ ဤကြိုးပမ်းမှု စတင်ချိန်ကတည်းက လီလော့အတွက်အားလုံးစိုးရိမ်နေခဲ့ကြရသည်။

၎င်းတို့သည် ဤပူးပေါင်းဆောင်ရွက်မှုကို လောင်းကြေးထပ်ရန် ဆုံးဖြတ်ခဲ့ကြသော်လည်း၊ လီလော့၏တိုးတက်လာမှုသည် သံသယများကို ဖယ်ရှားပစ်နိုင်ခဲ့သည်။

လီလော့က တကယ်ကို ထူးခြားသူပင်.....

သူ့မျက်နှာပေါ်တွင် တည်ငြိမ်သော အရိပ်အယောင်များ ရှိနေသည် ။ သူ၏လှုပ်ရှားမှုသည် အထူးအဆန်းမဟုတ်ခဲ့ပေ။သူသည် စွမ်းအင်လှိုင်းများကိုတန်ပြန်စေရန် ရေအလင်းနတ်ဆိုးကြေးမုံကို အသုံးပြုခဲ့သည်။ လီလော့ဖန်တီးလိုက်သည့် ရေကြေးမုံသည် အများအမြင်တွင်ထူးခြားချက်မရှိသော်လည်း အလင်းစွမ်းအားများကိုပါပေါင်းထည့်အသုံးပြုထားသည့်အတွက် ထင်ထားသည့်ထက်ပိုအစွမ်းထက်နေခြင်းဖြစ်သည်။

သူသည် ရေအလင်းနတ်ဆိုးကြေးမုံကို အမှန်တကယ် အသုံးပြုခဲ့သည်သာမက၊ သူကိုယ်တိုင် ပြုပြင်ထားသော ရေအလင်းနတ်ဆိုးကြေးမုံအစုအဝေးကိုပါ အသုံးပြုခဲ့သည်။

အချို့သော ဆန်းကျယ်သည့် ပြုပြင်မှုများပြုလုပ်ပြီးနောက်၊ ရေအလင်းနတ်ဆိုးကြေးမုံအစုအဝေး၏ ရောင်ပြန်ဟပ်သောအကျိုးသက်ရောက်မှုကို အမြင့်သို့ရောက်စေသည်။ ကောင်းကင်လှေကားထစ်ကို ဖြတ်သန်းစီးဆင်းနေသော စွမ်းအင်များသည် အလွန်အင်အားကြီးလှသည်။ ဆိုလိုသည်မှာလီလော့၏ ရေအလင်းနတ်ဆိုးကြေးမုံအစုအဝေးက ပို၍ပင် အင်အားကြီးမားသည်ဟု ဆိုလိုသည်။ ၎င်း၏ ရောင်ပြန်ဟပ်စေသော စွမ်းအင်ဖြင့် စွမ်းအင်မြစ်ထဲသို့ နက်နဲသော လှိုင်းတံပိုးတစ်ခုကို တန်ပြန်စေခဲ့သည်။

စွမ်းအင်ကွာဟချက်ကြောင့် အသစ်ဖွဲ့စည်းလိုက်တဲ့ စွမ်းအင်လှိုင်းကတော့ အားနည်းနေပေလိမ့်မည်။ ဓားတစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့်ခြေလှမ်းသုံးဆယ်ကျော်လှမ်းတက်နိုင်ခဲ့သည်။

သူ တစ်ဖက်ကို လှည့်ကြည့်လိုက်သည့်အခါ ကျင်းထန်ရှုနှင့် ရင်ဘောင်တန်းနေနိုင်သည်ကိုမြင်လိုက်ရသည်။

နှစ်ယောက်စလုံးတူညီတဲ့ အနေအထားရှိနေသည့်အတွက် ကြည့်ရှုနေသူအားလုံး အံ့သြထိတ်လန့်ကုန်ကြသည်။

ထိုစဉ်....နောက်ထပ် အားကောင်းသော စွမ်းအင်လှိုင်းလုံးကြီး ထွက်ပေါ်လာပြန်သည်။

ကျင်းထန်ရှုသည် လီလော့ကို လှည့်မကြည့်သော်လည်း အဆင့်တူနေပြီဖြစ်ကြောင်းခန့်မှန်းနိုင်ခဲ့သည်။

လီလော့သည် ပဲ့တင်ထပ်သံ စွမ်းအားအရ အနည်းငယ် အားနည်းနေနိုင်သော်လည်း မယုံနိုင်လောက်အောင် စွယ်စုံထူးချွန်သူဖြစ်သောကြောင့် လျှော့တွက်၍မရပေ။

ကောင်းကင်လှေကားထစ်တွင် တိုက်ရိုက်ပြိုင်ဆိုင်မှု မရှိခဲ့ပေ။တစ်စုံတစ်ယောက်၏ ရှေ့ရောက်ခြင်းသည် အခြားသူများကို မည်သို့မျှ မထိခိုက်စေနိုင်ပေ။ ဒါပေမယ့် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ကျင်းထန်ရှုက ရှေ့ဆုံးကနေဉီးဆောင်ဖို့ဆုံးဖြတ်လိုက်လေသည်။

ထိုသို့ဆုံးဖြတ်ရခြင်းတွင် အကြောင်းရင်းတစ်ခုရှိနေခဲ့သည်။ လုမင် သို့မဟုတ် စွန်းတရှန်သာ သူ့ရှေ့တွင် ဖြစ်ခဲ့မည်ဆိုလျှင်၊ ကျေကျေနပ်နပ်ကြီး ဂုဏ်ပြုပေးမိလိမ့်မည်။

ဒါပေမယ့် ဒီလူက လီလော့ဖြစ်နေခဲ့သည်။

လီလော့သည် ကျန်းချင်းအာနှင့်စေ့စပ်ထားသူဖြစ်သည်။ ထိုအချက်တစ်ခုတည်းကြောင့်နှင့်ပင် လီလော့ကိုုအရှုံးပေးဖို့မဖြစ်နိုင်တော့ပေ။ ၊ ကောင်းကင်လှေကားထစ်ထိပ်ကို တက်လှမ်းရာတွင် လီလော့ကိုရှုံးနိမ့်ခဲ့ပါက ကျန်းချင်းအာကိုမျက်နှာပြဝံ့မည်မဟုတ်ပေ။

ကျင်းထန်ရှု ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။

"လီလော့....စိတ်မကောင်းပါဘူး.... ဒါက သိပ်ကိုချစ်စရာကောင်းတဲ့ ကျန်းချင်းအာနဲ့ စေ့စပ်ထားတဲ့ မင်းရဲ့ အပြစ်တွေချည်းပဲ!"

သူ ခေါင်းကို မော့လိုက်ပြီး လက်နှစ်ဖက်ကို ဖိချေလိုက်သည့်အခါ သူ့လက်နှစ်ဖက်ပေါ်တွင် အစိမ်းရောင်လေပြင်းများစတင်ဝေ့ဝဲလာခဲ့သည်။

ခဏအကြာတွင် လက်နှစ်ဖက်ကို ပါးစပ်ပေါ်တွင်အုပ်ကာ လေတသုတ်ကိုခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်သည်။

နတ်ဆိုးလေပွေ......

ဝူး!

သူ၏လေစွမ်းအင်သည် အလွန်စူးရှသောကြောင့် သာမာန်လေပဲ့တင်ထပ်သံများလို အစိမ်းရောင်ဖျော့ဖျော့မဟုတ်တော့ပေ။ ကျင်းထန်ရှု ဖန်တီးလိုက်သောလေပွေသည် သစ်တောတစ်ခုလုံးကို ကြေမွစေနိုင်လောက်သည်အထိအားကောင်းနေသည်။ဤသည်နမှာ လေပွေမဟုတ်တော့ဘဲ လေဆင်နှာမောင်းဟုခေါ်ဆိုနိုင်ပေသည်။

ကျောင်းသားများက ထိုမြင်ကွင်းကို အံ့သြစွာ ကြည့်နေကြသည် ။ အချို့က ကြီးမားလှသော လေပွေကြီး စွမ်းအင်လှိုင်းများဆီသို့ ဉီးတည်နေသည်ကို ကြည့်ရင်း တုန်လှုပ်သွားကြသည်။

ဝုန်းးးးးးးး

စိမ်းညှို့နေသော လေဆင်နှာမောင်းသည် လမ်းတစ်လျှောက်ရှိစွမ်းအင်လှိုင်းများကိုဝါးမျိုဖျက်စီးသွားပြီး လမ်းရှင်းပေးနေသည်ါ

ကျင်းထန်ရှုက လေဆင်နှာမောင်းနောက်ကနေ ထပ်ချပ်မကွာလိုက်နေပြီး လှေကားထစ်များကိုအမြန်တက်လှမ်းနေသည်။

ကျောင်းသားများသည် ကျင်းထန်ရှု ထုတ်ပြခဲ့သောစွမ်းရည်ကြောင့် မှင်သက်အံ့သြနေကြသည်။

ဝုန်းးးးးးး

ဤအခိုက်အတန့်တွင် လီလော့၏ ဘေးမှ နောက်ထပ် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။ လီလော့သည်လည်း ကျင်းထန်ရှုနောက်သို့ အဆက်မပြတ်အမှီလိုက်နေခဲ့သည်။

လူအုပ်ကြီးသည် သူတို့နှစ်ယောက် ယှဉ်ပြိုင်နေသည်ကို အားရပါးရ စောင့်ကြည့်နေကြသည်။

လီလော့ဘက်က ကျင်းထန်ရှုကို ပြိုင်ဆိုင်နေသည်မှာ အံ့သြစရာပင်။ ဤပြိုင်ပွဲတွင် ကျင်းထန်ရှု အာရုံစိုက်ရလောက်သူအနည်းငယ်သာရှိသည်။

လုမင်နှင့်စွန်းတရှန်တို့လည်း အများနည်းတူ အံ့သြနေကြသည်။

သူတို့ နှစ်ယောက် ရှေ့ကို လှမ်းကြည့်လိုက်ပြီး ခံစားချက်များရှုပ်ထွေးကုန်သည်။

“သူက ရေကြေးမုံရဲ့ ရောင်ပြန်စွမ်းရည်ကို အသုံးပြုနေတာလား...ဒါကဉာဏ်ရှိတဲ့လှုပ်ရှားမှုတစ်ခုဆိုပေမယ့် သူ့ရဲ့ ပဲ့တင်ထပ်သံပညာရပ်က တော်တော်လေးထူးခြားနေတယ်....”

လီလော့ သုံးခဲ့သည့်ရေကြေးမုံပညာရပ်သည် လူသိများသောပညာရပ်ဖြစ်သည်။သို့သော်လည်း ထူးဆန်းနေသည့်အချက်ကိုရှာမတွေ့နိုင်ခဲ့ပေ။

လုမင်နှင့်စွန်းတရှန်တို့နှစ်ဦးစလုံးသည် လီလော့အဘယ့်ကြောင့် ကျင်းထန်ရှုကိုစိန်ခေါ်ရဲသည်ကိုကောင်းစွာနားလည်ကြသည်။ သူသည် အထိရောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့သည်။ စွမ်းအင်လှိုင်းကို သူ့ဘာသာသူ တွန်းလှန်ခြင်းသည် ထိရောက်မှုအရှိဆုံးနည်းလမ်းဖြစ်သည်။

စည်းမျဥ်းစည်းကမ်းနှင့်လည်း ဆန့်ကျင်ခြင်းမရှိပေ။

ထို့ကြောင့် လီလော့၏ထက်မြက်မှုကိုသာချီးကျုးရပေလိမ့်မည်။

လီလော့နှင့်ကျင်းထန်ရှုတို့ ထပ်ဆုံးကဉီးဆောင်နေသော်လည်း စွန်းတရှန်တို့စိတ်မပျက်ခဲ့ကြပေ။ဆန့်ကျင်ဘက်အားဖြင့်အရှိန်ကို ပို၍ပင် နှေးကွေးစေခဲ့သည်။ ဘယ်သူအရင်ဆုံးရောက်သလဲ အရေးမကြီးပေ။

အရေးကြီးတာက အဖိုးတန်ခွန်အားကို အဓိပ္ပါယ်မရှိသော ပြိုင်ဆိုင်မှုအတွက်ဘအချည်းနှီးမသုံးဖို့သာပင်.....

ကျင်းထန်ရှုလည်း ဒါကို ကောင်းကောင်းနားလည်ပေလိမ့်မည်။သို့သော်လည်း အဘယ်ကြောင့် ယှဉ်ပြိုင်ဖို့ကြိုးစားနေရသနည်း။

အခုချိန်တွင် လီလော့နှင့် ကျင်းထန်ရှုတို့သည် ရေဆန်ကိုအံတုနေသည့် ဆော်လမွန်ငါးများသဖွယ် ကောင်းကင်လှေကားထစ်ကို အရူးအမူး တက်လှမ်းနေကြသည်။

ပိုမိုအားကောင်းသော လှိုင်းလုံးများကိုလည်း မယိမ်းယိုင်ဘဲအံတုနေကြသည်။

ထိုမြင်ကွင်းကိုကျောင်းသားတွေက မျက်လုံးပြူးပြီး ကြည့်နေကြသည်။

ခေါင်းလောင်းကိုဘယ်သူအရင်ဆုံးတီးခတ်နိုင်မလဲ...........

All Chapters