← Chapters

ပထမဆုံးခေါင်းလောင်းတီးခတ်နိုင်သူ

Vol. 35 Ch. 486

ပထမဆုံးခေါင်းလောင်းတီးခတ်နိုင်သူ

Vol. 35 Ch. 486

ဝုန်းးးဝုန်းးးးးး

ကောင်ကင်လှေကားနှစ်သွယ်တွင် စွမ်းအင်ပေါက်ကွဲမှုများ တလစပ်ဖြစ်ပေါ်နေသည်။

ကောင်းကင်လှေကားထစ်လမ်းသည် စိန်ခေါ်သူများ အချိန်မပေးဘဲ တလစပ်တိုက်ခိုက်နေသည်။

ပုံမှန်အားဖြင့်၊ အဆင့်သုံးဆယ်သည် မှတ်တိုင်တစ်ခုဟု ယူဆရသော်လည်း ရှေ့ဆက်တိုးလေ ပိုကြမ်းလာလေပင်...သို့သော်လည်း လီလော့နှင့်ကျင်းထန်ရှုတို့က အခုချိန်ထိကောင်းကောင်းတွန်းလှန်နေကြဆဲပင်.....

ဤသည်မှာစွမ်းအင်စီးဆင်းမှု အားနည်းခြင်းကြောင့်မဟုတ်ပေ။

သူတို့နှစ်ဉီး ခြေလှမ်း 30 ကျော်လှမ်းပြီးတိုင်း စွမ်းအင်များက အရင်ကထက်ပိုမိုပြင်းထန်လာလိမ့်မည်။

မိနစ်အနည်းငယ်အကြာတွင် ၎င်းတို့နှစ်ဦးသည် ကောင်းစွာဦးဆောင်နိုင်ခဲ့ပြီး ကောင်းကင်လှေကားထစ်ထိပ်နှင့် အလွန်နီးကပ်နေခဲ့ပြီဖြစ်သည်။

အံ့ဩစရာမှာ လီလော့နှင့်ကျင်းထန်ရှုတို့နှစ်ဉီးစလုံး သူမသာ ကိုယ်မသာအခြေနေတွင်ရှိကြဆဲပင်....

စွန်းတရှန်နှင့်လုမင်တို့က ပို၍ပင် အရှိန်လျှော့ခဲ့ကြပြီး သူတို့သည် ပြိုင်ဘက်များကို စိတ်ဝင်တစား ကြည့်နေကြသည်။

ဘယ်သူအရင်ဆုံးရောက်မလဲ......

ထို့အပြင် အဆုံးတွင် စွမ်းအင်လှိုင်းသည် အပြင်းထန်ဆုံးဖြစ်သည်။

ဒီအခက်ခဲဆုံးအပိုင်းမှာ၊ နှစ်ယောက်ကြားက ခြားနားချက်ကို ရှင်းရှင်းလင်းလင်း အဖြေပေးနိုင်လိမ့်မည်။

"လီလော့..."

လုမင်သည် လီလော့ကို စိုက်ကြည့်ရင်း စိတ်ထဲတွင်အတွေးများ ပြည့်နှက်နေသည်။

ကျင်းထန်ရှုကိုအမှီလိုက်နိုင်သည်ဆိုကတည်းက လီလော့၏ထူးချွန်မှုကိုမည်သူမျှ အထင်မသေးဝံ့ကြတော့ပေ။ ထို့အပြင်ရေကြေးမုံပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုခဲ့သည်မှာလည်း ချီးကျူးလောက်စရာပင်......

သို့သော် သေချာလေ့လာကြည့်သည်အခါ ရေကြေးမုံပညာရပ်ကို လုမင် အတော်ပင်စွဲလန်းနေမိခဲ့သည်။တန်ပြန်မှုအကြိမ်အရေအတွက်များလာသည်နှင့်အမျှ ကွာခြားချက်ကြီးမားလာသည်ကိုသတိပြုမိလိုက်သည်။

ဆိုလိုသည်မှာ စွမ်းအင်၏ နောက်ဆုံးလှိုင်းတွင် လီလော့၏ရေကြေးမုံပညာရပ်သည် ထိရောက်မှု ရှိနိုင်မည်မဟုတ်တော့ပေ။ သူ၏ အရှိန်သည် ပြင်းထန်စွာ လျော့သွားမည်ဖြစ်ပြီး၊ ကျင်းထန်ရှုကို အမှီလိုက်နိုင်လိမ့်မည် မဟုတ်ပေ။

အဆုံးတွင်၊ ဉာဏ်အလင်းကောလိပ်၏ မြင့်မြတ်သောလှံကသာ ပြိုင်ပွဲတွင် အနိုင်ရရှိပေလိမ့်မည်။

သို့သော်လည်း ဤသည်မှာ သိပ်တော့အရေးမပါလှပေ။ ကောင်းကင်လှေကားထစ်သည် အရှိန်အမြန်ဆုံးအတွက်ဆုလာဘ်ပေးသနားမည်မဟုတ်ပေ။

လီလော့ကသာ ကျင်းထန်ရှုကို အလေးအနက်ထားရန် တွန်းအားပေးနိုင်ခဲ့သည့်အတွက် အောင်ပွဲတစ်ခုဖြစ်နေပြီဖြစ်သည်။

အနည်းဆုံးတော့ သူ့ကို ရိုသေလေးစားမှုအသစ်နဲ့ကြည့်လာကြလိမ့်မည်။

ခန်းမအဆင့်ပြိုင်ပွဲတွင် စတုထ္ထပြိုင်ပွဲဝင်သူ၏ ကောလာဟလများကို ယခုအချိန်အထိ သူမ လျစ်လျူရှုထားသော်လည်း လီလော့ကို ကျင်းထန်ရှုနှင့်အတူယှဉ်တွဲပြီးမြင်လိုက်ရချိန်တွင် ကောလဟာလများကို ယုံကြည်လိုက်ရပေတော့မည်။

ဝုန်းးးးးးးး

နောက်ထပ် ပြင်းထန်သော ပေါက်ကွဲသံတစ်ခုက သူမကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

၎င်းတို့အပေါ် သက်ရောက်နေသော စွမ်းအင်လှိုင်းလုံးသည် နောက်ဆုံးဖြစ်ပြီး အပြင်းထန်ဆုံးလည်းဖြစ်သည်။

ကျင်းထန်ရှု၏ မျက်လုံးများသည် စွမ်းအင်စီးဆင်းမှုအပေါ် တင်းတင်းကြပ်ကြပ် ကြည့်နေခဲ့ပြီး သူသည် ငြိမ်သက်နေဆဲပင်...

လက်တစ်ဖက်တည်းဖြင့် သူသည် စိမ်းလန်းသော လေပွကို ဖြစ်ပေါ်လာစေသည့် အစိမ်းရောင် ပဲ့တင်ထပ်သံစွမ်းအားများကို ဆင့်ခေါ်လိုက်လေသည်။

"လေဆင်နှာမောင်း!"

ကြီးမားသော လေစွမ်းအင်လှိုင်းလုံးကြီးတစ်ခုသည် မီတာပေါင်းများစွာ ကြီးမားပြီး အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားကာမြင်ရသူအပေါင်းကို အံသြသွားစေခဲ့သည်။

ကျောင်းသားများစွာသည် စိမ်းပြာရောင်လေပွေကြီးကို စက္ကန့်ပိုင်းမျှသာမှုန်ဝါးဝါးတွေ့မြင်လိုက်ရသည်။

လေတိုက်ခတ်မှု စွမ်းအား၏ ထိရောက်မှုမှာ ၎င်း၏ အရှိန်ဖြစ်သည်။ လေသည် အပေါ့ပါးဆုံးဒြပ်စင်များထဲမှ တစ်ခုဖြစ်ပြီး ၎င်းကို ပဲ့တင်ထပ်သံစွမ်းအားမှတစ်ဆင့် အန္တရာယ်ရှိသော အမြန်နှုန်းရောက်အောင်ဖန်တီးနိုင်သည်။ အရာဝတ္ထုများကို ခွဲထုတ်၍ လမ်းတလျှောက်ရှိအတားအဆီးဟူသမျှကိုဖယ်ရှားရှင်းလင်းနိုင်သည်။

လောလောဆယ်တွင် ကျင်းထန်ရှု၏လေပွေသည် စွမ်းအင်လှိုင်းကို နှစ်ပိုင်းခွဲကာ အားကောင်းစွာတိုက်ဖြတ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားပင်...

ကျင်းထန်ရှုသည် တိုက်ခိုက်မှု၏ အရှိန်ကိုသုံးပြီးရှေ့တိုးလာကာ ခေါင်းလောင်းရှိသည့် ထိပ်ဆုံးနေရာထိ ဆက်လက်ရွေ့လျားနေသည်။

"အလို....."

ကျင်းထန်ရှု၏ လှုပ်ရှားမှုကြောင့် ကျောင်းသားများ အံ့ဩသွားကြသည်။

တစ်ချိန်တည်းမှာပင် လူအုပ်ထဲမှ အများစုက လီလော့ကို စောင့်ကြည့်နေကြသည်။

လီလော့သည် ယခင်ကကဲ့သို့ပင် ရေကြေးမုံပညာရပ်ကိုသုံးကာ ကြီးမားသောရေကြေးမုံဖန်တီးထားသော်လည်း လုမင်ခန့်မှန်းခဲ့သလို နောက်ဆုံးလှိုင်းကို တန်ပြန်ဖို့မလုံလောက်ခဲ့ပေ။

သို့သော်လည်း လီလော့က တွေဝေတုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ကျင်းစဲ့ယွီ့ရှန်းဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါင်းစပ်ထားသည့်ပဲ့တင်ထပ်သံစွမ်းအားများ တလက်လက်တောက်ပစွာပေါ်ထွက်လာသည်။

လက်ထဲက ဓားကလည်း အတားအဆီးဟူသမျှကိုဖျက်ဆီးချေမှုန်းမည့်ဟန်ဖြင့်ညတဆတ်ဆတ်တုန်ခါနေသည်။

သို့တိုင် မလုံလောက်သေးမှန်း လီလော့သိနေသည်။

သူသည် ဓားပေါ်တွင် အလင်းရောင်ဖျော့ဖျော့ လင်းလက်လာသည်အထိ ပို၍ပင် စွမ်းအင်များ ပေးခဲ့သည်။

ကျင်းစဲ့ယွီ့ရှန်းဓား၏.ပထမအလွှာဖြစ်သည့် ဆင်နတ်ဘုရားပညာရပ်ကို ထုတ်သုံးဖို့ကြိုးစားနေခြင်းဖြစ်သည်။

ပြင်းထန်သောစွမ်းအားများကြောင့် လီလော့ရဲ့ လက်မောင်းပေါ်က အရေပြားများ ချက်ချင်း ဆုတ်ပြဲလာသည်။

ဒါပေမယ့် သူစုဆောင်းနိုင်တဲ့ အစွမ်းထက်တဲ့ စွမ်းအားကို နာကျင်စွာ ခံစားရင်း ပြုံးပြလိုက်လေသည်။

ထို့နောက် ပြင်းထန်သောခုတ်ပိုင်းချက်တခုထုတ်ဖော်ပြီး ကောင်းကင်လှေကားထစ်ထိပ်သို့ ပြေးသွားခဲ့သည်။

တစ်ဖက်တွင်မူ ကျင်းထန်ရှုသည် အစောကြီးကတည်းက ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် ဤအခိုက်အတန့်တွင် ခေါင်းလောင်းရှေ့တွင်ရှိနေပြီး ရိုက်ဖို့ဟန်ပြင်နေပြီသည်။

လီလော့သည် သူ့ကို စိတ်ပူစေလောက်အောင် ကောင်းမွန်သော်လည်း အနိုင်ယူရန် မလုံလောက်ပေ။ထို့ကြောင့် နှစ်လိုဖွယိပြုံးလိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်သွားခဲ့သည်။

သူ့လက်က ခေါင်းလောင်းနှင့်ထိဖို့ တစ်လက်မ သာကွာဝေးတော့ချိန်တွင် ခေါင်းလောင်းမှ ပြတ်သားကြည်လင်သော အသံကို ကြားလိုက်သဖြင့် မယုံကြည်နိုင်လောက်အောင် အံ့သြနေခဲ့သည်။

သူသည် အခြား ကောင်းကင်လှေကားထစ်သို့ လှည့်ကြည့်လိုက်ရာ ခေါင်းလောင်းထဲတွင် ဓားတစ်ချောင်း တစ်ဝက်တစ်ပြတ် စိုက်ဝင်နေသည်ကိုမြင်လိုက်ရသည်။

ခဏအကြာတွင်၊ ကျင်းထန်ရှု၏လက်သည် ခေါင်းလောင်းကို ထိမှန်ကာ အသံမြည်လာသည်။သို့သော် သူ့အပြုံများပျောက်ကွယ်နေခဲ့သည်။

လူတိုင်း အံ့အားသင့်နေပြီး ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည် ။

ထိုသူများထဲတွင် စွန်းတရှန်နှင့်လုမင်တို့နှစ်ယောက်လည်း ပါသည်။

လီလော့သည် နောက်ဆုံးခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး သူ့ဓားကို ဆွဲထုတ်လိုက်သည်။

သူက အခြားသူများကို လှည့်မကြည့်ဘဲ သူ့ဓါးကို ဂရုတစိုက် သုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်က....

"ဟူးးး လွယ်လိုက်တာ..."

All Chapters