← Chapters

ဘယ်သူကပိုကြောက်စရာကောင်းလဲ

Vol. 35 Ch. 487

ဘယ်သူကပိုကြောက်စရာကောင်းလဲ

Vol. 35 Ch. 487

လီလော့၏ မှတ်ချက်ကြောင့် တော်တော်များများက သူ့ကို လူထူးဆန်းသဖွယ် ကြည့်နေကြပြီးသည်။

သူ့ကိုယ်သူ ရည်ညွှန်းနေတာလား.... ဒါမှမဟုတ် ကျင်းထန်ရှုကိုလား.....?

မည်သို့ပင်ဆိုစေ ဤစိန်ခေါ်မှုတွင် ထိပ်တန်းသို့ တက်ရန် မလိုအပ်ခဲ့ပေ။ စွန်းတရှန်နှင့်လုမင်တို့သည် ဆင်ခြင်တုံတရားရှိသော ကစားကွက်ကို ရွေးချယ်ခဲ့ကြသည်။

တစ်ဖက်တွင်၊ ကျင်းထန်ရှုသည် လျင်မြန်စွာအသိစိတ်ထိန်းလိုက်ပြီး လီလော့၏ မှတ်ချက်ကို မကြားဟန်ဆောင်ကာ တုံ့ပြန်ခြင်း မရှိပေ။

ဝုန်းးးး

လီလော့နှင့်ကျင်းထန်ရှုတို့၏ရှေ့တွင် နှင်းစက်မုန်တိုင်းများဆီသို့ သွားရာတံခါးနှစ်ခုစလုံး စတင်ပွင့်လာပြီး အထဲတွင်ပိတ်လှောင်ခံထားရသော သဘာဝစွမ်းအင်များ ပွင့်ထွက်လာသည်။ဤအရာသည် ယခင်က ရန်လိုသောလှိုင်းများလို လုံးဝမဟုတ် အရသာရှိသော စွမ်းအင်တစ်ခုဖြစ်သည်။

စွမ်းအင်အချို့သည် ရေကန်ပေါ်သို့ ပျံတက်သွားပြီး ချက်ချင်းတုံ့ပြန်သည့်အနေဖြင့် ရွှေရောင်တောက်ပသွားသည်။ တောက်ပသော အဝါရောင်ကြာပန်းများသည် ရေမျက်နှာပြင်ပေါ်တွင် လှပစွာပွင့်လန်းနေကြသည်။

ထိုမြင်ကွင်းက ရူးလောက်စရာပင်......

ကျောင်းတိုင်းသည် ရွှေကြာပန်းများကို အတတ်နိုင်ဆုံး ဖမ်းယူရန် အသည်းအသန် ကြိုးစားကြသည်။ တိုက်ပွဲများ ချက်ချင်းဖြစ်

ပေါ်လာပြီး ပဲ့တင်ထပ်သံ စွမ်းအားများ ဆက်တိုက် ထွက်ပေါ်လာသည်။

ကြယ်တာယာခရီးရှည်ကောလိပ်သည်လည်း မငြိမ်မသက်ဖြစ်နေသော ကျောင်းများထဲတွင်ပါဝင်ခဲ့သည်။ ချင်ဇူလု၊ ပိုင်တုတု နှင့် အခြားသူများသည် တအံ့တသြဖြင့် အေးခဲနေဆဲဖြစ်သည်။ သူတို့သည် တောက်ပသော မျက်လုံးများဖြင့် နိုးထလာသောမုန်တိုင်း၏ ရှေ့တွင်ရပ်နေသော လီလော့ကို ကြည့်လိုက်ကြသည်။

လီလော့သည် ကျင်းထန်ရှု မတိုင်မီ တစ်စက္ကန့်အတွင်း နှင်းစက် ခေါင်းလောင်းကို တီးခတ်ခဲ့ပြီး ၎င်းတို့အတွက် လမ်းဖွင့်ပေးခဲ့သည်။

"ဟီးဟီး၊ လီလော့က ဒီတခါတော့ ကောင်းကောင်းကြီး ကစားသွားတာပဲ...."

ယုလန်သည် နဖူးမှချွေးစေးများကိုသုတ်ဖယ်ရင်း ယုံကြည်မှုရှိသည်ဟု ထင်ရသည့်လေသံဖြင့် ပြောခဲ့သော်လည်း လက်တွေ့တွင် တုန်လှုပ်နေဆဲပင် ယ...

"ဟွန့်...ကျင်းထန်ရှုလိုကောင်မျိုးက ငါတို့ရဲ့အစ်ကိုလော့ကို ရန်စရဲမှာတော့ အကျိုးဆက်ကိုလည်းခံနိုင်ရည်ရှိရမှာပေါ့....."

"ဒါက လှေကားထိပ်ကို တက်ဖို့ ပြိုင်ပွဲတစ်ခုပဲလေ..."

ပိုင်တုတု မျက်လုံးပြူးသွားသည်။

"သိပ်လည်းအပြောကြီးမနေနဲ့ လီလော့က လှည့်ကွက်အချို့သုံးနိုင်ခဲ့ပေမယ့် တကယ်တမ်း တိုက်ခိုက်ကြရင် ဘယ်လိုတွေဖြစ်လာမလဲမသိနိုင်သေးဘူး....."

ဝမ်ဟေးကျူ ခေါင်းညိတ်လိုက်သည်။

"ကျင်းထန်ရှုက အရမ်းသန်မာနေတုန်းပဲ... အခုလည်း လီလော့ကြောင့် သူတော်တော်ဒေါသထွက်နေပြီ...ငါတို့တွေသတိထားရမယ်....."

ယုလန် က သူတို့ကို ကြည့်လိုက်ပြီး....

"ကျင်းထန်ရှုကသာဉာဏ်ကောင်းတယ်ဆို အကြံဉာဏ်တွေကို နားထောင်သင့်တယ်.... အခုရှုံးသွားပြီးဆိုတော့ အမြှီးကုပ်ပြီးနေလိုက်ပေါ့...သူက ငါတို့အစ်ကိုလော့အတွက်ခြေနင်းကျောက်တုံးတခုပဲလေ...."

တခြားကျောင်းတွေ အသီးသီးအလုပ်ရှုပ်နေ၍သာတော်ပေတော့သည်။ ယုလန်၏အပြောသည် တကယ့်ကိုရိုက်ပေါက်ပင်.....

ချင်ဇူလုသည် စိတ်မရှည်စွာဖြင့် ၎င်းတို့ကို ကျော်ဖြတ်ကာ ကောင်းကင်လှေကားထစ်ပေါ်သို့ဖျတ်ခနဲ ပြေးတက်သွားလိုက်သည်။ ယခုအခါတွင် စွမ်းအင်လှိုင်းများ ရပ်တန့်သွားသဖြင့် ၎သက်တောင့်သက်သာဖြင့် တက်နိုင်သည့် သာမန်လှေကားတစ်ခုဖြစ်နေပြီဖြစ်သည်။

ကျန်ကျောင်းသုံးကျောင်းကလည်း မဝံ့မရဲဖြင့်နောက်က လိုက်လာကြသည်။

သူတို့သည် လီလော့အပေါ် သံသယဝင်မိသည့်အတွက် နည်းနည်းတော့ရှက်နေကြသည်။

ယခုမူ အောင်မြင်ရုံသာမက ထိုနေရာတွင် ကျင်းထန်ရှုကိုပင် အနိုင်ယူခဲ့သည်။

သူတို့သည် ဤလောင်းကစားတွင် တကယ်ကို ကြီးကြီးမားမား နိုင်ရခဲ့ကြသည်။

တပ်မှူးသုံးဦးသည် လီလော့အား ကျေးဇူးတင်သည့်အနေဖြင့် ယဉ်ကျေးစွာနှုတ်ဆက်လိုက်ကြသည်။

လီလော့က ဖော်ရွေသော အပြုံးဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး....

“ငါတို့အားလုံး ဒီနေရာကိုအကျိုးအမြတ်အတွက်ရောက်ရှိလာကြတာပါ... စွမ်းအင်လျှော့ချရာမှာ ငါတို့ကို ထောက်ပံ့တဲ့ ကျောင်းသုံးကျောင်းမရှိရင်တစ်ယောက်တည်း လုပ်လို့မရပါဘူး... အခု နှင်းစက်မုန်တိုင်းစဖွင့်ပြီဆိုတော့ ကိုယ်ပိုင်တဲ့နယ်မြေတွေကို သွားကြည့်လို့ရပါပြှ.... စောစောက သဘောတူထားတဲ့အတိုင်း နှင်းစက်ပမာဏကို ရေတွက်ပြီး ခွဲဝေကြတာပေါ့....ဟဲဟဲ၊ မင်းတို့ထဲက တစ်ယောက်ယောက်က ငါတို့ကို လှည့်စားဖို့ မစဉ်းစားကြဘူးလို့ မျှော်လင့်ပါတယ်"

ကျောင်းသုံးကျောင်းကို ရွေးချယ်ပြီးချိန်ကတည်းက လီလော့သည် ၎င်းတို့နှင့် စည်းကမ်းချက်များကို ဆွေးနွေးခဲ့သည်။ သဘာဝအားဖြင့်၊ သာလွန်အဆင့် နှင်းစက်တိမ်တိုက်ကို ကြယ်တာယာခရီးရှည်ကောလိပ်ကသာပိုင်ဆိုင်သည်။ အလတ်စားနှင့်သာမာန် နှင်းစက်တိမ်တိုက်များကိုကျောင်းသုံးကျောင်းသို့ လွှဲအပ်မည်ဖြစ်သည်။ သို့သော် နောက်ဆုံးရိတ်သိမ်းချိန်တွင် ၎င်းတို့သည် ကြယ်တာယာခရီးရှည်ကောလိပ်အတွက် 50 ရာခိုင်နှုန်းကို ပေးအပ်ရမည်ဖြစ်သည်။

လီလော့ကို မတရားသည်ဟု မည်သူမျှမထင်ခဲ့ကြပေ။

နှင်းစက် မုန်တိုင်းကိုဖွင့်လှစ်ခြင်းသည် အလုပ်၏ အခက်ခဲဆုံးအပိုင်းဖြစ်သည်။ တခြားကျောင်းတွေက ကူညီပေးခဲ့ပေမယ့် သူတို့ရဲ့ အခန်းကဏ္ဍက သိပ်အရေးမကြီးခဲ့ပေ။

" လီလော့ ပြောသလိုပဲ၊ ဒီအချက်ကို ကောင်းကောင်းနားလည်ပါတယ်။ မင်း ၅၀ ရာခိုင်နှုန်းပဲယူတဲ့အတွက် ငါတို့ အရမ်းကျေးဇူးတင်နေပါပြီ....ကျန်တဲ့အဖွဲ့သုံးဖွဲ့က ၆၀ ရာခိုင်နှုန်းတောင် တောင်းဆိုကြတာလေ ..."

လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူသည် ရေကန်ကို လှမ်းကြည့်ကာ အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသာ ကျောင်းများကို စာနာစိတ်ဖြင့် ကြည့်ကာ တံခါးများမှတဆင့် နှင်းစက် မုန်တိုင်းထဲသို့ လျှောက်သွားလိုက်သည်။ သာလွန်အဆင့် နှင်းစက်တိမ်တိုက်ကြီးသည် ရတနာသိုက်ကြီးတခုဖြစ်သည်။

သူသည် ကျင်းထန်ရှုတို့ဘက်ခြမ်းကို တစ်ကြိမ်မျှ မကြည့်ဖူးသော်လည်း သူ့ကို စိုက်ကြည့်နေသည်ကို ခံစားနိုင်သည်။

ဉာဏ်အလင်းကောလိပ်ဘက်တွင်၊ မျက်ခုံးဖြူ လူငယ်သည် ၎င်းတို့၏ တပ်မှူးထံသို့ သတိကြီးစွာ ချဉ်းကပ်လာသည်။

"အစ်ကိုကျင်း... အဆင်ပြေရဲ့လား လီလော့ အတွက် စိတ်မပူပါနဲ့.... သူက ဒီစိန်ခေါ်မှုကို ကောင်းကောင်းကစားနိုင်ပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ သေချာပေါက် သေချာပေါက်ရှုံးလိမ့်မယ်....."

"လူချန်း၊ သူ့ကို လျှော့မတွက်နဲ့"

"သူ့ဆီမှာ ဝှက်ဖဲတွေရှိလို့သာ အနိုင်ရတယ်လို့ မင်းတကယ်ယုံကြည်ရင် မကြာခင်မှာ မင်းကို စိတ်ပျက်စရာတွေပဲ စောင့်ကြိုနေလိမ့်မယ်။ လီလော့က ငါ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာလိမ့်မယ်လို့ ငါ မှန်းဆခဲ့တယ်..သူကစွန်တရှန်နဲ့လုမင်တို့ထက်တောင်ပိုသာတယ်...."

လူချန်းက သူ့ကို အံ့သြစွာ စိုက်ကြည့်နေသည်။ ကျင်းထန်ရှုသည် လီလော့ကို လွန်စွာအလေးနက်ထားနေသည်။

ကျင်းထန်ရှုသည် သူ့ပုံစံအတိုင်း အေးအေးဆေးဆေး ဖြေရှင်းချက်အသစ်ဖြင့် သိက္ခာထိန်းနေသည်။

"ဒါနဲ့ ငါသူ့ကို ဘယ်လောက်အလေးအနက်ထားတယ်ဆိုတာ သက်သေပြဖို့အတွက် ကြိုတင်ပြင်ဆင်ထားပြီးပြီ"

ထိုသို့ပြောပြီးသည်နှင့် ကျင်းထန်ရှုသည် သာလွန်အဆင့် တိမ်တိုက်ဆီသို့လှည့်ထွက်သွားလေသည်။

လူချန်းသည် သူ့တပ်မှူး၏ ကျောပြင်ကို ကြည့်ကာ အနည်းငယ် တုန်လှုပ်သွားသည်။

ထို့အပြင် လီလော့ကို နည်းနည်းလေး သနားမိနေသည်။ သူတို့ရဲ့ ခေါင်းဆောင် အရည်အချင်းကို သိနေသည့်အတွက် လီလော့မကြာခင် ဒုက္ခပင်လယ်ဝေပေတော့မည်။

ကျင်းထန်ရှုကို သူသိခဲ့ သည့် နှစ်များ တစ်လျှောက်လုံးတွင် ဒေါသထွက်နေသော်လည်း တည်ငြိမ်နေသည်ကိုမမြင်ခဲ့ဖူးပေ။

တစ်စုံတစ်ယောက်တွင်သာ အနာဂတ်ကိုကြိုမြင်နိုင်စွမ်းရှိလျှင် လီလော့တစ်ယောက် ကျင်းထန်ရှုထံမှ ခွင့်လွှတ်မှုတောင်းခံနေသည်ကိုမြင်ရလိမ့်မည်။

သနားစရာပဲ.....

လူချန်း ခေါင်းယမ်းလိုက်သည်။

"လီလော့၊ မင်းကပူမှာမကြောက်ဘဲ မီးနဲ့သွားကစားတာကိုး......"

All Chapters