← Chapters

ကျင်းထန်ရှုရဲ့အစီအစ်

Vol. 35 Ch. 488

ကျင်းထန်ရှုရဲ့အစီအစ်

Vol. 35 Ch. 488

သာလွန်အဆင့်တိမ်တိုက်ရှေ့တွင် လီလော့ သည် စိတ်အားထက်သန်စွာမှုကိုထိန်းချုပ်မရနိုင်တော့ပေ။

သူ့ရှေ့တွင် စိမ်းလန်းစိုပြေသော ဥယျာဉ်တစ်ခုရှိပြီး လေထုထဲတွင် သဘာဝစွမ်းအင်၏ ရနံ့များ ထူထပ်နေသည်။ ဥယျာဉ်အလယ်ရှိ သစ်ပင်သုံးပင်သည် ချက်ချင်းဆိုသလိုပင် သူ့အာရုံကို ဖမ်းစားလိုက်သည်။ ထိုသစ်ပင်သုံးပင်သည် ထူးဆန်းသော အပူရှိန်ဖြင့် တောက်လောင်နေပုံရသည်။

သစ်ပင်တွင် အရွက်မရှိပေ။ ယင်းအစား၊ အကိုင်းအခက်များပေါ်တွင် ချိတ်တွဲထားသော အနီရောင်အလင်းတန်းများသည် မယုံနိုင်လောက်စရာနှုန်းဖြင့် သဘာဝစွမ်းအင်ကို စုဆောင်းကာ သူ့မျက်လုံးရှေ့တွင် ဖောင်းကားလာသည်။

အစေ့တစ်ခုစီတိုင်းတွင် ငွေ့ရည်ဖွဲ့နေသော ရေငွေ့များရစ်သိုင်းနေသည်။ ၎င်းတို့သည်များမကြာမီ ဝိဉာဉ်နှင်းစက်များဖြစ်လာပေလိမ့်မည်။

အရေအတွက်က... မယုံနိုင်လောက်အောင်များပြားလွန်းလှသည်။

သူတို့တွေ့ဖူးတဲ့ အလတ်စား တိမ်တိုက်တွေတောင်မှ အများဆုံး နှင်းစက် ၂၃ စက်လောက်သာထွက်သည်။ ဤသစ်ပင်သုံးပင်တွင် နှင်းစက်ပေါင်း ၂၀၀ ကျော်ရှိသည်။

အလတ်စား တိမ်တိုက်၏ 10 ဆကျော်ပမာဏပင်.....

"ငါ ဖျော်ရည်သောက်ဖို့လာတာ၊ ဒါပေမယ့် အသီးတွေပြည့်နေတဲ့ သစ်ပင်တစ်ပင်ကို တွေ့ခဲ့တယ်၊ ဒီတစ်ပင်က အရည်ရွှမ်းလွန်းတယ်..."

လီလော့ ဝမ်းသာအားရ တွေးနေမိသည်။ ဤအတိုင်းသားဆိ ဘူးသီးခြောက်ငါးလုံးကို ဖြည့်နိုင်မည်ဖြစ်သည်။ ခရမ်းအဖွဲ့ခေါင်းဆောင်ငါးဉီးစလုံးကို လုံကူကျွန်းသို့ပို့ပေးနိုင်လိမ့်မည်။

ဒါဟာ ခန်းမအဆင့် ပြိုင်ပွဲမှာ သူတို့မျှော်လင့်ထားသည်ထက်ကျော်လွန်နေသော ရလဒ်ကောင်းတစ်ခုဖြစ်သည်။

ချင်ဇူလု၊ ပိုင်တုတုနဲ့ တခြားသူတွေက သူ့နောက်ကို လိုက်သွားပြီး သူတို့လည်း ပင့်သက်ရှိုက်လိုက်ကြသည်။ သူတို့သည် ဥယျာဉ်အလယ်တွင် အချိန်အကြာကြီး အံ့အားသင့်နေခဲ့ကြသည်။

လီလော့က သူတို့ကို ပြုံးပြလိုက်ပြီးာ

"ချင်းအာ၊ မင်း နှင်းစက်အရေအတွက်ကို တွက်ထားလိုက်.... မျန်မျန်၊ မင်း တခြားကျောင်းတွေဆီ သွားလိုက်၊ အလတ်စားနဲ့ သာမာန်အဆင့်တိမ်တိုက်က နှင်းစက်တွေကိုသွားရေလာခဲ့....."

လုချင်းအာနှင့် ပိုင်မျန်မျန်တို့သည် သူ့အမိန့်ကို အကောင်အထည်ဖော်ရန် အမြန်ထွက်သွားကြသည်။

လီလော့ သူတို့ထွက်သွားပြီးနောက် အနည်းငယ် ငြိမ်သက်သွားခဲ့သည်။ ခန်းမ အဆင့်ပြိုင်ပွဲ၏ ပထမပိုင်းတဝက် နိဂုံးချုပ်ရန် နီးကပ်လာပြီဖြစ်ပြီး ယခု ၎င်းတို့လုပ်ရမည့်အရာမှာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

...,...............................

လီလော့တို့တတွေ စည်းစိမ်ဥစ္စာများအကြောင်း ပျော်ရွှင်စွာ အိပ်မက်မက်နေချိန်၌ သူ့စိတ်ထဲတွင် ခါးသီးသော အတွေးများဖြင့် ပြည့်နှက်နေသူတဉီးလည်းရှိနေခဲ့သည်။

ကျင်းထန်ရှုက ကမ်းစပ်ကို လျှောက်လာရင်း အဆက်မပြတ် သက်ပြင်းချနေသည်။

"ဘာဖြစ်တာလဲ၊ ကောင်းကင်လှေကားထစ်မှာ လီလော့ကို ရှုံးခဲ့လို့ စိတ်ရှင်းဖို့ ဒီကိုလာခဲ့တာလား....."

ကျင်းထန်ရှုသည် အနီးနားတွင် ရပ်နေသော လုမင်ကို မြင်လိုက်ရသည်။

ကျင်းထန်ရှုက အရှိန်လျှော့လိုက်ပြီး.....

"စိတ်ညစ်နေစရာလား... ဒါပေမယ့် နောက်ထပ် အားကောင်းတဲ့ ပြိုင်ဖက်တစ်ယောက် ပေါ်လာမှာကိုပဲ စိုးရိမ်နေတာ.....ဒါနဲ့

ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့သူတွေဘယ်အချိန်ကပေါများလာတာလဲ...ပြိုင်ပွဲတခုတည်းမှာတောင် နှစ်ယောက်တွေ့နေရတယ်...."

" ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့သူတွေက နင့်လိုအဆင့်ကိုးတပိုင်းလောက်မဟုတ်ပေမယ့်ချိန်းခြောက်နိုင်စွမ်းရှိတယ်...."

ကျင်းထန်ရှု ပြုံးလိုက်သည်။

"အဲ့လိုမဟုတ်ပါဘူး.... ငါမင်းကိုလေးစားပါတယ်......"

"ဒါဆို နင် ငါ့ကို လူလွှတ်ပြီး လာရှာခိုင်းတာဘာကိစ္စရှိလို့လဲ... "

ကျင်းထန်ရှု၏ အပြုံး မှိန်သွားဖျော့သွားသည်။

"ငါ မင်းနဲ့ အလုပ်တွဲလုပ်ချင်တယ်"

တိုက်ရိုက်ဆန်သောအပြောကြောင့် လုမင်အံ့သြသွားသည်။

"နင် ငါနဲ့ အလုပ်တွဲလုပ်ဖို့ ရှာနေတာလား.... ငါသိတဲ့ ဂုဏ်ယူစရာ ကျင်းထန်ရှု မဟုတ်ဘူးပဲ.... ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ ပစ်မှတ်က ဘယ်သူလဲ.... လီလော့လား....."

ကျင်းထန်ရှု ဟန်လုပ် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ကျင်းထန်ရှု၊ ကောင်းကင်လှေကားထစ်ပေါ်က ပြိုင်ဆိုင်မှုက အဓိပ္ပါယ်မရှိဘူး.... နင်ခြေတစ်လှမ်း တစ်ဝက်လောက် နောက်ကျသွားတယ်ဆိုပေမယ့် ဒီလောက်ထိလုပ်စရာလိုလို့လား... "

သူမ နှစ်ယောက်စလုံးကို ရှင်းရှင်းလင်းလင်း အကဲဖြတ်နိုင်သည်။ ကျင်းထန်ရှုဘက်က လီလော့ကို ကြောက်နေစရာ ဘာအကြောင်းမှမရှိပေ။

ကျင်းထန်ရှု ခဏမျှ တိတ်ဆိတ်သွားသည်။

"ဒီလူက အန္တရာယ်များတယ်လို့ ပြောရင် မင်းငါ့ကို အကြောက်လွန်နေတဲ့အတွက် လှောင်ရယ်နေမှာပဲ.... ဒါပေမဲ့ ငါ့ရဲ့ဗီဇကို အမြဲယုံကြည်တယ်.... လီလော့က ဒီပြိုင်ပွဲမှာ အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ.... ဒါကို တတ်နိုင်သမျှ အမြန်ဆုံးဖယ်ရှားပစ်ချင်တယ်...."

လုမင် ခေါင်းယမ်းလိုက်သည်။ ကျင်းထန်ရှု ၏သတိပေးချက်ကို သူမ နားမလည်သလို တစ်စုံတစ်ခုကို ဆွဲထုတ်ရန်လည်း သူမကြိုးစားမည်မဟုတ်ပေ။

"ဒါ နင့်ကိစ္စလေ... ငါ နင့်ကိုဘာလို့ကူညီရမှာလဲ နင်ကသာ ဒီပြိုင်ပွဲမှာငါ့အတွက်အကြီးမားဆုံးခြိမ်းခြောက်မှုပဲ...."

"လီလော့ ငါနဲ့တိုက်ရိုက်တိုက်ခိုက်ဖို့ မင်းကို မလိုအပ်ဘူး...တကယ်တမ်းတိုက်ခိုက်ရင်လည်း ငါတို့ဉာဏ်အလင်းကောလိပ်ကလူတွေပဲတိုက်ခိုက်မှာပါ....ငါလိုအပ်တာက လုံဖု ထဲမှာ လှည့်ကွက်တခုဖန်တီးချင်ရုံပါ...နင်က ပုံရိပ်ယောင်အစီအရင်တွေနဲ့ပတ်သတ်ရင်ကျွမ်းကျင်တယ်လေ.... "

"နင် လုံဖုမှာ လှည့်ကွက်ဖန်တီးချင်နေတာလား.... အဲဒါက အရမ်းအန္တရာယ်များတယ်..အခန့်မသင့်ရင် အကုန်ဒုက္ခရောက်သွားနိုင်တယ်....."

"ကြိုတင်စဉ်းစားထားပြီးပါပြီ.....အကယ်၍အစီအစဉ်သာအလုပ်ဖြစ်ရင် ကြယ်တာယာခရီးရှည်ကောလိပ်တခုလုံးကိုပြိုင်ပွဲကနေဖယ်ထုတ်နိုင်ပြီ.....လုမင်....ဉာဏ်အလင်းကောလိပ်နဲ့ ကြယ်တာယာခရီးရှည်ကောလိပ်တို့တိုက်ခိုက်တာက မင်းအတွက်ကောင်းတဲ့အရာမဟုတ်ဘူးလား... ပြိုင်ဘက်တဖွဲ့နည်းသွားမှာကိုဘာလို့ဝမ်းမသာနိုင်ရမှာလဲ....."

"ကျင်းထန်ရှု၊ ဒီလို အဓိပ္ပါယ်မဲ့တဲ့ အတွေးမျိုးကို သုံးနှစ်သားတောင်တွေးမှာမဟုတ်ဘူး....နင် သိပ်ကြိုးစားချင်ရင် စွန်းတရှန်ဆီသွားလိုက်....."

"စွန်းတရှန်ရဲ့စရိုက်ကိုနင်လည်းသိနေတာပဲ.... ဒီကောင်က ရှူးရှူးဒိုင်းဒိုင်းသမား...."

"ကောင်းပြီ..... မင်းရဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဒါမှမဟုတ် အစီအစဉ်တွေကို ငါ စိတ်မဝင်စားဘူး"

ကျင်းထန်ရှု ခဏမျှ တိတ်ဆိတ်သွားသည်။

"လုံကူကျွန်းမှာ မင်းကိုမတိုက်ခင် စွန်းတရှန် ကို ငါတိုက်မယ်လို့ ကတိပေးတယ်... ဒါက ဘာကိုဆိုလိုတယ်ဆိုတာ မင်းသိလား.... ငါ့ရဲ့အားနည်းတဲ့အခြေအနေမှာ မင်းငါ့ကို အနိုင်ယူနိုင်တယ်.... မင်းရဲ့အရည်အချင်းတွေကို လုံးဝယုံကြည်မှုရှိတယ်ဆိုရင် ငါ့ကမ်းလှမ်းချက်ကိုလက်ခံနိုင်မှာပါ...."

လုမင် အံ့သြသွားသည်။ ကျင်းထန်ရှုက အားနည်းချက်တစ်ခုကြောင့် သူမကို တိုက်ခိုက်ဖို့ ကတိပေးနေတာလား......

ကျင်းထန်ရှုသည် ဤပြိုင်ပွဲတွင် ထိပ်တန်းအဆင့်ဖြစ်သည်။ သို့သော် ကျင်းထန်ရှုက စွန်းတရှန်ကိုတိုက်ခိုက်ပေးမည်ဟု ရဲရဲကြီးအာမခံပေးနေသည်။ဒါမှမဟုတ်သူတို့ နှစ်ယောက်လုံးကို ရှေ့ဆင့်နောက်ဆင့် အနိုင်ယူနိုင်လောက်အောင် ယုံကြည်မှုရှိနေတာလား....

"လုမင်.....မင်းလုပ်ရမှာက မင်းအတွက် လွယ်ကူတဲ့ အလုပ်တစ်ခုပါပဲ..... ပြီးတော့ မင်းအတွက် ကြီးမားတဲ့ အားသာချက်တစ်ခုတော့ ရသွားနိုင်တယ်.... အဲဒါက မင်းကို ပြိုင်ပွဲမှာ အနိုင်ရဖို့အခွင့်ရေးပိုများသွားစေနိုင်တယ်....."

လုမင် တိတ်ဆိတ်နေပြီး ကျင်းထန်ရှုက သူမနှင့်အတူ စောင့်ဆိုင်းနေခဲ့သည်။ မိနစ်အနည်းငယ်ကြာတော့ လုမင် ခေါင်းညိတ်လိုက်လေတော့သည်။

"နင့်ဘက်က အခွင့်ရေးပေးနေမှတော့ ငြင်းနေစရာလား......"

"မင်းသဘောတူမယ်ဆိုတာ ငါသိတယ်..."

နောက်ထပ်အသေးစိတ်အချက်အလက်များကို ဖလှယ်ကြပြီးနောက် ကျင်းထန်ရှုသည် တက်ကြွသောခြေလှမ်းများနှင့် ထွက်ခွာသွားခဲ့သည်။

ကျင်းထန်ရှု၏ကျောပြင်ကိုကြည့်နေသောလုမင်၏အမူရာကတော့ ခန့်မှန်းရခက်နေသည်။

All Chapters