ခြောက်ယောက်မြောက်
Vol. 35 Ch. 489
ကောင်းကင်ကနေအသားပိုင်းများ ပြုတ်ကျလာသည်မှာ ဘဝရဲ့ ပျော်ရွှင်စရာတွေထဲက တစ်ခုပင်.....
တောက်ပသည့်နေ့သစ်စတင်ချိန်တွင် တောက်ပတဲ့ သက်တန့်အလင်းရောင်က နှင်းစက်မုန်တိုင်းလေးခုလုံးရဲ့ ကောင်းကင်ကို လင်းထိန်စေပြီး အရသာရှိပြီး မှည့်ဝင်းနေသည့်စွမ်းအင်ရဲ့ အနံ့အသက်က ကျောင်းသားတွေကို ချက်ချင်း နိုးကြားစေခဲ့သည်။
နှင်းစက်တိမ်တိုက်များအတွင်း နှင်းစက်များ စုပ်ယူမှု ပြီးဆုံးသွားသည်ကို သိလိုက်ကြသည်။
စွမ်းအင်များသည် တစ်ညတာလုံး နှင်းစက် မုန်တိုင်းများမှ လျှံထွက်လာပြီး ရေကန်တစ်လျှောက် ကွဲပြားသောနှင်းမှုန်များကို ဖန်တီးပေးသည်။ သို့သော်၊ ယင်းတို့သည် မုန်တိုင်းအတွင်းတွေ့ရှိနိုင်သောနှင်းစက်များနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးလွန်းလှသည်။
"လီလော့၊ သာလွန်အဆင့်တိမ်တိုက်ကနေ စုစုပေါင်း နှင်းစက် 295 စက်ရထားတယ်
...."
လုချင်းအာနှင့် အခြားသူများသည် သတင်းကောင်းကို သတင်းပို့ရန် စိတ်လှုပ်ရှားစွာ ပြေးလွှားနေကြသည်။နှင်းစက်များကို ဘူးသီးခြောက်တွေထဲ ဂရုတစိုက် သိမ်းဆည်းခဲ့ပြီးနောက်ရေတွက်မှု ပြီးသွားခဲ့ပြီဖြစ်သည်။
ယင်းမတိုင်မီကပင် ၎င်းတို့သည် ကိန်းဂဏန်းတစ်ခုကို ခန့်မှန်းခဲ့ကြသော်လည်း ရလဒ်များသည် သာလွန်ကောင်းမွန်နေဆဲပင်......
"295စက်... ဒါက အလတ်စားတိမ်တိုက်ထက် ဆယ်ဆ ပိုတယ်....သာလွန်အဆင့်တိမ်တိုက် တွေက ရတနာသိုက်လိုပဲ...."
ယုလန်၏ မျက်လုံးများသည် ပန်းကန်ပြားများကဲ့သို့ ဝိုင်းစက်နေသည်။
လီလော့ကလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ အလတ်စားနှင့်သာလွန်အဆင့်တိမ်တိုက်ကြားက ခြားနားချက်မှာ လွန်စွာကြီးမားလှသည်။
"ငါတို့ ဘူးသီးခြောက်ငါးခုစလုံးဖြည့်နိုင်ရင် လုံကူကျွန်းကို ဆက်သွားပြီး ဒီပြိုင်ပွဲရဲ့ ဒုတိယပိုင်းအတွက် ပြင်ဆင်နိုင်ပြီ.... မဟုတ်ရင် နောက်ထပ် ရက်အနည်းငယ် စောင့်ရလိမ့်မယ်....ငါ့ ရည်မှန်းချက်က လူငါးဦးကို လုံကူကျွန်းကို လူငါးယောက်ပို့ဖို့ပဲ.... "
ပြိုင်ပွဲအစတွင် လီလော့သည် လူသုံးဦးစေလွှတ်ရန် ကနဦးရည်မှန်းချက်ကို ချမှတ်ခဲ့သည်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ လှေကားထစ်နဲ့အတူ နည်းနည်း ပိုမြင့်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
လူငါးဦး.....သူသည် ခရမ်းအဆင့်အဖွဲ့ခေါင်းဆောင်အားလုံးကို ခေါ်သွားနိုင်သည်။ ကြံ့ခိုင်မှုအရ၊ သူတို့သည် အဆင့်အမြင့်ဆုံးဖြစ်သည်။
"ကျင်းထန်ရှု၊စွန်းတရှန်နဲ့လုမင်တို့ရဲ့ ကျောင်းတွေအပြင် တခြားသူတွေက ပြိုင်ဖက်တစ်ဦး သို့မဟုတ် အများဆုံး နှစ်ယောက်လောက်ထိ
စေလွှတ်နိုင်ကြလိမ့်မယ်..... ငါးယောက်လောက် ပို့နိုင်ရင် ငါတို့အတွက်အရေးသာပြီ....."
ချင်ဇူလု၊ ဝမ်ဟေးကျူ နဲ့ တခြားသူတွေ ခေါင်းညိတ်လိုက်ကြသည်။ ဒီအားသာချက်ကြောင့် သူတို့အနိုင်ရဖို့ ရာခိုင်နှုန်းများလာနိုင်သည်။
လီလော့သည် နှင်းစက်မုန်တိုင်းကို ရဲရဲဝံ့ဝံ့ အသက်သွင်းနိုင်ခဲ့ခြင်းကြောင့်သာ ဤအရာအားလုံးဖြစ်လာခဲ့ခြင်းဖြစ်သည်။
သူ၏ခါးသီးသောပြိုင်ဘက် ဝမ်ဟေးကျူ သည် ယခု လီလော့ အပေါ် အလွန်ယဉ်ကျေးနေသည်။ လီလော့၏ ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ အထွန့်တက်ခြင်းလည်းမရှိတော့ပေ။
ထိုအချိန်တွင် ပိုင်တုတုနဲ့ပိုင်မျန်မျန်တို့အပြေးအလွှားရောက်လာကြသည်။
"လီလော့၊ သာမာန်အဆင့်နဲ့ အလတ်စားအဆင့်တိမ်တိုက်ကနေ နှင်းစက် အစက် 180 ရခဲ့တယ်...."
ညီအစ်မနှစ်ယောက်စလုံး များပြားလွန်းလှသော နှင်းစက်များကြောင့် တုန်လှုပ်နေကြဆဲပင်....
"အစက် 180 ...."
လီလော့ ဝမ်းသာအားရ ထပ်ခါတလဲလဲရေရွတ်နေသည်။
သူတို့သည် ဤတစ်ပွဲတည်းဖြင့် နှင်းစက် 400 ကျော်ကို စုဆောင်းနိုင်ခဲ့သည်။ ပြီးခဲ့သောရက်သတ္တပတ်တွင် အစက် 100 ကျော်သာ စုဆောင်းနိုင်ခဲ့ကြသည်။
ကျင်းထန်ရှု ရဲ့ ကမ်းလှမ်းချက်ကို လက်မခံတဲ့အတွက် စိတ်ထဲက ကျေးဇူးအထပ်ထပ်တင်နေမိတော့သည်။
"ကဲ..ငါတို့ရဲ့ရည်မှန်းချက် ပြည့်မီကြောင်း ကြေငြာလိုက်ရလို့ ဝမ်းသာပါတယ်....လုံဖုကနေတဆင့် လူငါးယောက်ကို လုံကူကျွန်းဆီပို့ပေးနိုင်ပြီ....."
"ဒါပေမယ့် ငါ့ရဲ့ တွက်ချက်မှုတွေ မှန်ကန်ရင်၊ ငါတို့မှာ လူငါးယောက်ကိုလုံကုကျွန်းကိုပိက့ဖို့လုံလောက်တဲ့အပြင် နှင်းစက် အစက် 80 ပိုနေသေးတယ်.... ကံကောင်းလို့လမ်းမှာထပ်တွေ့ရင် နောက်ထပ်တစ်ယောက်ထပ်ပို့နိုင်လိမ့်မယ်....."
"ကောင်းတယ်.....!"
လီလော့ကို မုန်းတီးနေသူ ဒူဇီပိုင်ရွှမ်းကညပထမဆုံးထောက်ခံလိုက်ခြင်းဖြစ်သည်။
ကျောင်းသားများထဲတွင် ခရမ်းအဆင့်အဖွဲ့မှ ခေါင်းဆောင်ငါးဦးသည် အသန်မာဆုံးဖြစ်သည်။ထိုငါးဉီးကလွဲရင် သူသာအသင့်တော်ဆုံးဖြစ်လိမ့်မည်။
အခြားသူများကလည်း လီလော့၏ အကြံပြုချက်ကို လက်ခံကြသည်။
"အင်း ဒါဆို နောက်မေးခွန်းက နောက်တစ်ယောက်က ဘယ်သူဖြစ်သင့်လဲ"
"ငါ့ကလွဲရင်ဘယ်သူဖြစ်နိုင်မှာလဲ...."
ဒူဇီပိုင်ရွှမ်းက ချက်ချင်းအော်လိုက်သည်။
ကြံ့ခိုင်မှုအရ၊ သူသည် အခြားခရမ်းအဆင့် အဖွဲ့ခေါင်းဆောင်များထက် အနည်းငယ် အားနည်းသော်လည်း ကျန်ခရမ်းအဆင့် ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက အသန်မာဆုံးဖြစ်သည်။
"သေချာပြောလို့ မရဘူး.... ခွန်အားရှိရုံနဲ့တင်မလုံလောက်ဘူး...အခြေနေအချိန်အခါကြည့်ပြီးလှုပ်ရှားတတ်ဖို့လည်းလိုသေးတယ်...."
ယုလန်သည် ထိုနေရာကိုမက်မောခြင်းမရှိသော်လည်း ဒူဇီပိုင်ရွှမ်းကိုကြည့်မရသောကြောင့် ကန့်လန့်တိုက်လိုက်ခြင်းဖြစ်သည်။
"မင်း ငါ့ကို ဦးနှောက်မရှိဘူးလို့ပြောချင်တာလား.... "
ဒူဇီပိုင်ရွှမ်း ဒေါသပုန်ထနေပြီ.....
"ငါကတော့နင့်ကို ဇမရှိဘူးလို့ပဲထင်တယ်...."
လုချင်းအာ၏ အေးမြသော အသံသည်စကားများ ရန်ဖြစ်ခြင်းကို ဖြတ်တောက်လိုက်သည်။
ကျန်သည့်သူများက သူမဘက်လှည့်သွားကြသည်။ သူမ၏ရေခဲပဲ့တင်ထပ်သံသည် အဆင့်ရှစ်ဖြစ်ပြီး ရွှေနဂါးဘဏ်တိုက်၏သခင်မလေးဟူသော နောက်ခံအင်အားကြောင့် သူမသည် အခြားသူများထက် သာလွန်ကောင်းမွန်သော အရင်းအမြစ်များ ရှိနေနိုင်သည်။ သူမသည် ထည့်သွင်းစဉ်းစားထိုက်သူဖြစ်သည်။
လီလော့က သူတို့ကို ပြုံးပြလိုက်ပြီး....
" စိတ်ဝင်စားတဲ့သူများရှိသေးလား...."
ပိုင်မျန်မျန်၊ ရှင်းဖူ၊ချိုးလော့နဲ့ တခြားသူတွေ အားလုံး ခေါင်းခါလိုက်ကြသည်။
"အင်း ဒါဆို မဲနှိုက်ရအောင်... အဲဒါ အမျှတဆုံးပဲ"
အားလုံးကထောက်ခံကြသဖြင့် ဒူဇီပိုင်ရွှမ်း အထွန့်တက်ချင်စိတ်ကိုမြိုသိပ်လိုက်ရသည်။
လီလော့သည် အနီးနားရှိ သစ်ကိုင်းတစ်ကိုင်းကို ယူကာ သုံးပိုင်းပိုင်းပြီးဆုပ်ကိုင်လိုက်သည်။
"အရှည်ဆုံးတုတ်ကို ရွေးမိတဲ့သူကာခြောက်ယောင်မြောက်နေရာကိုရမယ်...ကဲ သဘောတူလား..."
သုံးယောက်သား ခေါင်းညိတ်လက်ခံပြီးနောက် လီလော့၏လက်သီးဆုပ်ထဲမှ တုတ်များကို အမြန်ဆွဲထုတ်လိုက်ကြပြီး အရွယ်အစားတိုင်းတာနေကြသည်။
"ငါမဲပေါက်ပြီ...."
လုချင်းအာက အရှည်ဆုံးတုတ်ကို ကိုင်ထားပြီး လှပသောမျက်နှာပေါ်တွင် အပြုံးဖြင့် အောင်ပွဲခံကာ ပြောလိုက်သည်။
တကယ်တော့ သူမသည် လုံကူကျွန်းကို ရောက်ဖို့ သိပ်စိတ်မ၀င်စားခဲ့ပေ။ သူမ၏ ခွန်အားလောက်နှင့်အကူအညီမဖြစ်နိုင်မှန်းသိသော်လည်း လီလော့ နှင့် အချိန်အနည်းငယ်ပိုပေးနေချင်မိခဲ့သည်။
ဒူဇီပိုင်ရွှမ်း၏ မျက်နှာသည် ယင်ကောင်မျိုချထားသလိုရှုံ့မဲ့နေသော်လည်း ရလဒ်ကို လက်ခံရလေသည်။
ယုလန်းကတော့ အေးရာအေးကြောင်းပင်.... သူအနိုင်ရခဲ့ရင်တောင် လုချင်းအာကို ပေးဖို့ ရည်ရွယ်ထားပြီးသားပင်...
လုံကူကျွန်းကို မသွားချင်ဘူး... ဟိုမှာ သူ့ဖင်ကို ကန်ဖို့စောင့်နေတဲ့သူတွေအများကြီးပဲ....
ထို့အပြင် သူသည် ယခုပြိုင်ပွဲတွင် အကုန်လုံးကို နှုတ်ဖြင့်စော်ကားထားခဲ့ဖူးသည်မဟုတ်လော........
" ကဲ...အားလုံးအဆင်ပြေပြီဆို လှုပ်ရှားလိုက်ကြစို့....."
ကျောင်းသားများသည် ပြင်ဆင်မှုများပြုလုပ်ရန် ပြန့်ကျဲသွားသော်လည်း လူတစ်ဦးမှာ တုံ့ဆိုင်းနေဆဲပင်...
လုချင်းအာသည်လက်နှစ်ဖက်ကိုမခို့တရို့ဆုပ်ကိုင်ထားပြီး လီလော့ကို ရှက်ရွံ့စွာ ကြည့်နေသည်။
"ဘာလဲ?"
လီလော့ကအနည်းငယ် စိတ်မသက်မသာဖြစ်နေဟန်နှင့်မေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်" လို့ တိုးတိုးလေးပြောပြီး မဲနှိုက်ဖို့ရွေးထားသည့် သစ်ကိုင်းကိုဝှေ့ယမ်းပြလိုက်သည်။
"နင် ဘာတွေပြောနေတာလဲ?"
"ငါ့သစ်ကိုင်းရဲ့အဆုံးက နည်းနည်း ထူးဆန်းနေတယ်...နင့် သစ်သားပဲ့တင်ထပ်သံစွမ်းအားကြောင့် ရှည်ထွက်လာတာမဟုတ်လား....."
"ကျောင်းသူ လုချင်းအာ....နင်ဘာတွေပြောနေမှန်း ငါမသိဘူး... ငါက သမာသမတ်ကျတဲ့ မင်းငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေရင် ဒုကျောင်းအုပ်စုရှင်းဆီ သတင်းပို့ရလိမ့်မယ်....."
ထို့နောက် လီလော့လှည့်ထွက်သွားသည်။
လုချင်းအာသည် ပျော်ရွှင်မှုဖြင့် တောက်ပနေသောအကြည့်များဖြင့် လီလော့၏ကျောပြင်ကိုငေးကြည့်နေလေ၏။