← Chapters

လုံဖုအတွင်းသို့ဝင်ခြင်း

Vol. 35 Ch. 490

လုံဖုအတွင်းသို့ဝင်ခြင်း

Vol. 35 Ch. 490

နှင်းစက်များရိတ်သိမ်းပြီးချိန်တွင် လူစုကြီးလည်း တစတစလူစုကွဲလာကြသည်။

ပံ့ပိုးပေးခဲ့သည့် အခြားကောလိပ်များသည် အခွင့်အလမ်းများကို လျင်မြန်စွာ ရှာဖွေခဲ့ကြပြီး၊ နောက်ထပ် အသင်းဖော်များကို လုံကူကျွန်းသို့ ပို့နိုင်မည့် နှင်းစက်အနည်းငယ်ကို ညှစ်ထုတ်ရန် မျှော်လင့်ကြသည်။

နေ့တစ်ဝက်လောက်သာကြာသည့်အချိန်အတွင်း ဧရိယာတစ်ခုလုံး သိသိသာသာ လစ်လပ်သွားခဲ့သည်။

လီလော့တို့ကတော့ နှင်းစက်များလုံလောက်စွာရိတ်သိမ်းနိူင်သဖြင့် ချက်ချင်းနေရာရွေ့ခဲ့ကြသည်။

သူတို့ ဦးတည်သွားသော လမ်းကြောင်းမှာ လုံဖု ဖြစ်သည်။ ၎င်းသည် ခန်းမအဆင့် ပြိုင်ပွဲတွင် စတင်အမှတ်နှင့် အဝေးဆုံးနေရာဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းသည် လုံကူကျွန်းတစ်ခုလုံးကို ဖုံးအုပ်ထားသောကြောင့် ကျွန်းသို့သွားလိုသူတိုင်း ထိုကျွန်းကို ဖြတ်သန်းရမည်ဖြစ်သည်။

သို့သော်၊ လီလော့တို့အဖွဲ့သည် ထိုနေရာသို့ ခရီးအမြန်ထွက်ရန် အလျင်မလိုခဲ့ပေ။ ခြောက်ယောက်မြောက်အဖွဲ့ဝင်ကိုအပါခေါ်နိုင်ရန် နှင်းစက်အနည်းငယ်လိုအပ်နေသေးသည်။

ထို့ကြောင့် နောက်နှစ်ရက်အတွင်း မျှော်လင့်ချက်ဖြင့် စူးစမ်းရှာဖွေခဲ့ကြသည်။

သာလွန်အဆင့် နှင်းစက်မုန်တိုင်းကိုအောင်မြင်စွာစုဆောင်းနိုင်သဖြင့် တိုရေရှားရေ ရှာဖွေရခြင်းမှာ အတော်ပင်ခက်ခဲခဲ့သည်။သို့သော်လည်း ကံကောင်းထောက်မ၍ လိုအပ်သောအရေအတွက်ပြည့်အောင်ရှာဖွေနိုင်ခဲ့သည်။

နောက်ဆုံးတွင် လီလော့တို့အဖွဲ့သည် လုံဖုဆီသို့ တိုက်ရိုက်ခရီးနှင်ခဲ့ကြလေသည်။

လမ်းတလျှောက်လုံး အဖွဲ့များစွာနှင့်ကြုံတွေ့ခဲ့ရပြီး အားလုံးက လီလော့ကို တလေးတစားဆက်ဆံနေကြသည်။

နေ့တစ်ဝက်အကြာတွင် လီလော့တို့သည် အပူချိန်မြင့်မားသောနေရာကို ရောက်ရှိခဲ့သည်။

တောင်ကုန်းတစ်ခုကို ဖြတ်ကျော်ပြီးသောအခါ သူတို့ရှေ့တွင် ကြီးမားသော ပြောင်းလဲမှုများကို မြင်တွေ့နိုင်သည်။ သူတို့ရှေ့က ရှုခင်းကို ကြက်သွေးရောင် တဟုန်းဟုန်း တောက်လောင်နေသည့် အရိပ်အယောင်များဖြင့် ခြယ်သထားပြီး အာရုံခံစားမှုများကို ပူပြင်းတောက်လောက်စေသည်။ မီးတောက်ပင်လယ်ကြီးသည် ကောင်းကင်ယံသို့တိုငင် အဆက်မပြတ် တောက်လောင်နေကာ ပြင်းထန်သော အပူရှိန်သည် သူတို့ရှေ့တွင် ပျက်ပြယ်သွားလေသည်။

ထို့အပြင်၊ ပူပြင်းသောအပူရှိန်ကို ဖြတ်ကျော်ရသည်မှာ ဖော်မပြနိုင်သော ဖိအားတစ်ခုဖြစ်သည်။ ၎င်းသည် ရှေးကျပြီး အကန့်အသတ်မဲ့သည်ဟု ခံစားရပြီး သေချာနားထောင်ကြည့်ပါက အတွင်းတွင် နဂါးဟိန်းသံသဲ့သဲ့ကို ကြားနိုင်မည်ဖြစ်သည်။

"ဒါက လုံဖုလား....... ကြောက်စရာကြီး"

ယုလန်သည် အနည်းငယ်ထိတ်လန့်နေသော အရိပ်အယောင်ဖြင့် ပြောလိုက်သည်။

လီလော့က လေးလေးနက်နက် သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ မီးတောက်နေသောပင်လယ်ကို ဝန်းရံထားသည့် ကြောက်မက်ဖွယ်စွမ်းအင်ကို သူခံစားနိုင်သည်။ ဤသည်မှာ ဆရာသခင်အဆင့်များ ခုခံနိုင်သည့် အရာမဟုတ်ပေ။ အကယ်၍ ဉီးတည်ရာမဲ့ လျှောက်သွားနေ

လျှင် စက္ကန့်ပိုင်းအတွင်း ပကတိပြာအဖြစ် လောင်ကျွမ်းသွားနိုင်သည်။

"ဝိဉာဉ်နှင်းစက်က ငါတို့ကို ကာကွယ်ပေးနိုင်ပါ့မလား"

ဝမ်ဟေးကျူ၏ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ မြင်နေရသည်။

".. နင်ဘာတွေ လျှောက်ပြောနေတာလဲ....ဝိဉာဉ်နှင်းစက်ကနင့်ကို မကာကွယ်နိုင်ရင်တောင် တကယ်အန္တရာယ်ကြုံခဲ့ရင် ဘူးသီးခြောက်ကိုခွဲပြီး ဒီကနေ လွှတ်လိုက်လိမ့်မယ်....."

ပိုင်တုတုက မခိုးမခန့် ရှင်းပြလိုက်သည်။

"ငါ့ဘဝ၊ငါ့အသက်ကိုသက်မဲ့ဘူးသီးခြောက်တစ်ခုအပေါ် ပုံအပ်မထားနိုင်ဘူး.... "

"ဒါဆို မသွားနဲ့......"

ပိုင်တုတု၏ ပြတ်သားသည့်အပြောကြောင့် ဝမ်ဟေးကျူပါးစပ်ပိတ်သွားလေသည်။

“ကဲ..ကဲ... ငါတို့ ကိုယ်စားလှယ်တွေက ဘယ်သူလဲဆိုတာ ဆုံးဖြတ်ထားပြီးသားမို့ ပြန်ပြင်လို့မရတော့ဘူး....”

လီလော့က လက်ခုပ်တီးကာ ရန်ပွဲကိုဖြန်ဖြေလိုက်သည်။

"ပြိုင်ပွဲရဲ့ ဒုတိယနှစ်ဝက်က ငါတို့အတွက်ပဲ

... အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲက မဝေးတော့ဘူးလို့ ယူဆရတယ်.... စိတ်ဓာတ်တက်ကြွစေတဲ့ စကားလုံးတွေအားလုံး ပြောခဲ့တာ ကြာပါပြီ....ဒါပေမယ့် နောက်ဆုံးတစ်ခု ထပ်ပြောဖို့တော့ ရှိတယ်.... ."

အားလုံးက လီလော့ကိုအာရုံစိုက်နေကြသည်။ ဤအချိန်ကာလတွင် သူ၏စွမ်းအားကို သက်သေပြခဲ့ပြီး၊ သူ၏ပြိုင်ဘက် ဝမ်ဟေးကျူနှင့်ဒူဇီပိုင်ရွှမ်းတို့ကလည်းနှလုံးသားထဲတွင် တိတ်တဆိတ်အသိအမှတ်ပြုခဲ့ကြသည်။

" ကြယ်တာယာခရီးရှည်ကောလိပ်တစ်ခုလုံးက ငါတို့ရဲ့အောင်ပွဲတွေကို စောင့်မျှော်နေကြတယ်.... ကောလိပ်ရဲ့အဖွဲ့ဝင်တစ်ဦးအနေနဲ့ ငါတို့က အောင်ပွဲခံနိုင်ဖို့ အစွမ်းကုန်ကြိုးစားရလိမ့်မည်....ဘယ်လိုစမ်းသပ်မှုတွေ ဆင်းရဲဒုက္ခတွေ စောင့်ကြိုနေပါစေ ငါတို့ကိုဘယ်သူမှရပ်တန့်အောင်လုပ်နိုင်မှာမဟုတ်ဘူး..ချီတက်ကြစို့...!"

သူ့မျက်နှာတွင် အပြုံးအနည်းငယ်ကို မြင်နိုင်သည် ။ ဆွဲဆောင်မှုရှိတဲ့ ဒီလူငယ်လေးဆီက ယုံကြည်မှုနဲ့ တည်ငြိမ်မှုတွေထွက်ပေါ်လာသည့်အတွက် အမှတ်မထင်ဘဲ၊ အချို့သော အမျိုးသမီးငယ်များ၏ ညင်သာသော အကြည့်များသည် သူ့အပေါ်တွင် ရစ်ဝဲနေလေတော့သည်။

ချင်ဇူလုနှင့် ကျန်လူများက ခေါင်းညိတ်လိုက်ကြသည်။

"ကောင်းပြီ၊ မင်းတို့ရဲ့ဘူးသီးခြောက်တွေကိုဖွင့်ပြီးအထဲမှာ နှင်းစက်တွေ လုံလောက်မှုရှိမရှိ ထပ်စစ်ဆေးပါ...ပြီးရင် လုံဖုကိုဝင်ဖို့ပြင်ဆင်ကြမယ်....."

ချင်ဇူလု၊ပိုင်တုတု၊ဝမ်ဟေးကျူ၊ရိလီရှနှင့်လုချင်းအာတို့သည် ၎င်းတို့၏ ဘူးသီးခြောက်များကို ထုတ်ယူပြီး အပြီးသတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုအချိန်တွင် လီလော့သည် ယုလန် ၊ ပိုင်မျန်မျန် ၊ ရှင်းဖူနှင့် ကျန်သူများဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။

"အခုလောလောဆယ် ငါတို့ လမ်းခွဲကြရတော့မယ်.... မင်းတို့လုပ်ခဲ့သမျှအတွက် ကျေးဇူးတင်ပါတယ်......"

ယုလန်က သက်ပြင်းချလိုက်သည်။

"မင်းက ငါတို့ရဲ့မျှော်လင့်ချက်အိပ်မက်တွေကို သယ်ဆောင်ထားသူပါ.... မင်းရဲ့သတင်းကောင်းကို ငါတို့စောင့်နေမယ်....."

ပိုင်မျန်မျန်ကတော့ ထုံးစံအတိုင်းဖြူစင်စွာပြုံးနေပြီး.....

" အကောင်းဆုံးကြိုးစားပါ...ခေါင်းဆောင်က အသန်မာဆုံးကြယ်တစ်ပွင့် ကျောင်းသားရဲ့ ဘွဲ့ကို ရလိမ့်မယ်လို့ ငါ ယုံကြည်တယ်...."

လီလော့ သူမကို ခေါင်းညိတ်ပြ

လိုက်ပြီး လုံဖုဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

သူ့အဖော်တွေက ချက်ချင်းပဲ သူနဲ့ လိုက်လာကြသည်။

သူတို့ ရှေ့ကို လျှောက်လာရင်း နောက်ကိုလှည့်ကြည့်လိုက်တော့ ယုလန်တို့တတွေကို ဖုံးအုပ်သွားတဲ့ တောက်ပတဲ့ အလင်းရောင်ကို မြင်လိုက်ရသည်။

အလားတူ မြင်ကွင်းများကို အခြားနေရာများတွင်လည်း တွေ့မြင်နိုင်သည်။

၎င်းတို့အားလုံးသည် လုံဖုထဲသို့ မ၀င်ရောက်နိုင်သော ကျောင်းသားများဖြစ်သည်။ သူတို့ရဲ့ ကိုယ်စားလှယ်တွေ ထွက်သွားပြီးနောက် စစ်မြေပြင်ကနေ ထွက်ခွာဖို့ ရွေးချယ်ခဲ့ကြသည်။

ပြိုင်ပွဲ၏နောက်အပိုင်းသည် ရွေးချယ်ခံရသူများ၏ အဆင့်ဖြစ်သည်။

လီလော့သည် သူ့ရှေ့တွင်ရှိသည့် ကြက်သွေးရောင်ပင်လယ်ပြင်ကိုကြည့်လိုက်သည်။ သူ့ရှေ့က မီးတောက်တွေက ပြင်းထန်စွာ တောက်လောင်နေပုံရပြီး မြင်သူတိုင်းကို ကြောက်စိတ်တိုးပွားစေသည်။ အထဲကို မဝင်ရသေးပေမဲ့ သူတို့ရှေ့က မီးတောက်တွေရဲ့ အော်သံကို ကြားနေရသည်။

သို့သော်လည်း နီညိုရောင် မီးတောက်ပင်လယ်ကြီးအတွင်းမှ ရွှေရောင်အလင်းတန်းများကို အရိပ်အမြွက်မျှသာ မြင်နိုင်သည်။

လုံဖု.....

"ဒါဟာ တကယ့် နဂါးသွေးနဲ့ ဖန်ဆင်းထားတဲ့နေရာလား...."

ဤအံ့ဖွယ်ကောင်းသော မြင်ကွင်း မည်သို့ဖြစ်ပေါ်လာသည်ကို တွေးတောဆင်ခြင်နေစဉ်တွင် ဘူးသီးခြောက်ကိုဖွင့်ကာ ခန္ဓာကိုယ်ပေါ်သို့နှင်းစက်များသွန်းလောင်းလိုက်သည်။

ရွှန်းလဲ့နေသော နှင်းစက်များသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပြီး ပါးလွှာသည့် အလွှာတ်ခု ဖြစ်ပေါ်လာပုံရသည်။ တစ်ချိန်တည်းမှာပင်၊ မယုံကြည်နိုင်လောက်သော အေးမြသောခံစားမှုတစ်ခုက တစ်ကိုယ်လုံးကိုပျံ့နှံ့သွားပြီး လုံဖု၏အပူကို လုံးဝကာကွယ်ပေးထားသည်။

လီလော့သည် သူ့အား ဖုံးလွှမ်းနေသော အရည်များကို စူးစူးစိုက်စိုက် ကြည့်နေသည်။ထိုအရည်များသည် ပဲ့တင်ထပ်သံစွမ်းအား အသုံးပြုနိုင်စွမ်းကို ထိခိုက်ပုံမပေါ်ပေ။

"လုံဖုရဲ့ သက်ရောက်မှုတွေကို ဒီနှင်းစက်အလွှာက တားဆီးနိုင်ပေမယ့် ဖြည်းဖြည်းချင်း ဆုတ်ယုတ်သွားပုံရတယ်..... အချိန်မလွန်ခင်မှာ လုံကူကျွန်းကို ရောက်ဖို့ လိုတယ်..... ပြီးတော့ ဒီအရည်ရဲ့ ကာကွယ်စွမ်းနိုင်စွမ်းက လုံးဝသုညပဲ.... တိုက်ခိုက်ခံရရင် ပျက်စီးသွားနိူင်တယ်...ဒါ့ကြောင့် ထိန်းသိမ်းထားချင်ရင် ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်ရှားရမယ်....."

ထိုအခါ လုချင်းအာက .......

"လုံဖုထဲမှာ ဘယ်သူကမှ တိုက်ခိုက်ဖို့ ဆန္ဒရှိမယ် မထင်ဘူး......."

"ငါတို့သတိထားသင့်တယ်....အောင်ပွဲအတွက် ငါတို့ရန်သူတွေမှာလည်းအစီအမံတွေရှိနိုင်တယ်....."

အားလုံးက ခေါင်းညိတ် သဘောတူကြသည်။

ကျန်သူများသွားနိုင်ရန် အချက်ပြရင်း၊ လီလော့တို့အဖွဲ့သည် လုံဖုအတွင်းရှိ ကြက်သွေးရောင်တောက်နေသော မီးတောက်များကြားတွင် အပြေးအလွှား ခရီးစတင်ခဲ့ကြသည်။

All Chapters