သေရည်ဝိုင်းဖွဲ့သောက်ခြင်း (ခ)
Vol. 37 Ch. 555
“ဒါက ထူးဆန်းမိစ္ဆာမျိုးနွယ်ဆိုရင် နောက်မှလက်ဆောင်တစ်ခုပေးမယ်။ အရင်က သူတို့ထဲက တစ်ယောက်ကို သတ်ခဲ့ပြီး တစ်ခုခုတော့ ချန်ထားခဲ့တယ်”
ထိုသို့ပြောပြီးနောက် ရွှီချင်း စကားပြောတော့မည်ကို သူမြင်လိုက်ရသည်။ ထို့ကြောင့် ပြုံးလျှက် လက်ကို ဝှေ့ယမ်းလိုက်သည်။
“ညီအစ်ကိုတွေကြားမှာ ငြင်းစရာ မလိုဘူး”
ခုန်ရှန်းလုံ၏စကားကိုကြားသောအခါ ရွှီချင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရှန်ဟယ်နှင့် ဝမ်ချန်တို့ ပါဝင်ဆွေးနွေးကြသည်။ သူတို့က မည်သည့်အရာကိုမှ မဖုံးကွယ်ဘဲ သူတို့၏ကျင့်ကြံခြင်းအတတ်များအား ထုတ်ဖော်ပြသကြသည်။
၎င်းသည် ရွှီချင်းအား ပို၍ အမြင်ပွင့်စေကာ ဂိုဏ်းကြီးသုံးဂိုဏ်းက မန္တန်အတတ်များနှင့်ပတ်သက်၍လည်း ပို၍ အတွေးသစ်အမြင်သစ်များ ရလာခဲ့သည်။
“မိစ္ဆာအသွင်ပြောင်းအတတ်က ဂိုဏ်းရဲ့မူပိုင်အတတ်တစ်ခုပဲ။ ဒီအတတ်ဟာ ရှည်လျားတဲ့သမိုင်းကြောင်းတစ်ခုရှိတယ်။ ဒါပေမဲ့ ဂိုဏ်းရဲ့တင်းကြပ်တဲ့စည်းမျဉ်းကြောင့် သိပ်အများကြီးပြောလို့ မရဘူး။
ဤအတတ်နှင့် ပတ်သက်၍ ရွှီချင်း၏ စူးစမ်းလိုစိတ်ကို သတိပြုမိလိုက်ရာ ညဝိညာဉ်က ဖရုံစေ့များကို စားရင်း ဆက်ပြောသည်။
“ဒီအတတ်ကို ကျင့်ကြံဖို့က မခက်ဘူး။ ခက်ခဲတဲ့အပိုင်းက ရှင်ဟာ ဂိုဏ်းရဲ့ မိစ္ဆာအမှတ်အသားကို သုံ့သဆင်ခြင်ပြီးတော့ သိစိတ်နယ်ပယ်ထဲကို ရွေ့ပြောင်းတဲ့အပိုင်းပဲ။ အဆင့်တစ်ခုကို ရောက်တဲ့အခါ ရှင်က မိစ္ဆာအသွင်ပြောင်းအတတ်ကို အသုံးပြုနိုင်လိမ့်မယ်။”
သူမက ကိုယ်တိုင်သရုပ်ဖော်ပြသလိုက်သေးသည်။
ရွှီချင်း၏စိတ်များ တုန်ခါသွားသည်။ သူက တစေအင်ပါယာတောင်ကုန်းအား တွေးလိုက်သည်။ အခြေအနေတစ်ခု၌ တစေအင်ပါယာတောင်ကုန်းသည် မိစ္ဆာတစ်ကောင်ဟု သတ်မှတ်နိုင်၏။
အကယ်၍ သူသည် နတ်ဆိုးအသွင်ပြောင်းခြင်းအတတ်ကို ကျွမ်းကျင်ပါက၊ တစေအင်ပါယာတောင်ကုန်းအား ပြင်ပလောကသို့ ထုတ်ဖော်အသုံးချနိုင်လောက်သည်။
ထိုနည်းလမ်းသည် သူ့ဆရာပြောခဲ့သည်ထက် ပို၍ ရိုးရှင်း၏။
ရွှီချင်း ချက်ချင်း စိတ်ဝင်စားသွားသည်။
“မင်းသဘောကျရင် သွားသင်လိုက်လေ။”
ခုန်ရှန်းလုံက ပြုံးသည်။
“ဂိုဏ်းကြီးသုံးဂိုဏ်းက ဓားကိုင်ရုံးတော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်၊ ဒါကြောင့် သူတို့ အချင်းချင်း သဘောတူညီမှုတစ်ခုရှိတယ်။ ဓားကိုင်တိုင်းဟာ လုံလောက်တဲ့စစ်ရေးအကျိုးပြုမှတ်တွေ ရှိရင် သူတို့ဆီက ကျင့်ကြံခြင်းအတတ်တွေကို သွားသင်နိုင်တယ်။”
ဤအကြောင်းကို ရွှီချင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သူက စိတ်ဝင်တစားဖြင့် ခေါင်းညိတ်ပြပြီး သူပြန်ရောက်သွားပါက မိစ္ဆာအသွင်ပြောင်းအတတ်ကို သင်ယူရန် တွေးတောထားလိုက်သည်။
အချိန်မှာ မွန်းတည့်ချိန်နီးနေပြီ ဖြစ်သည်။ ခဏတဖြုတ် အနားယူပြီး သူတို့အားလုံး ပြန်လည်သက်သာလာသည်နှင့် ထရပ်ကာ မြန်ဆန်စွာ ပြေးလွှားလိုက်ကြတော့သည်။
အပြန်ခရီးသည် မထင်မှတ်ထားသော အဖြစ်အပျက်များ မရှိဘဲ ချောမွေ့နေသည်။ ခုန်ရှန်းလုံနှင့် တခြားသူများသည်လည်း လမ်းခရီး၌ ရွှီချင်းနှင့် ပိုမိုရင်းနှီးလာကြသည် ။ နောက်ဆုံးအကြိမ် တည်နေရာပြောင်းခြင်းမတိုင်မီ ခုန်ရှန်းလုံက ရွှီချင်းအား တီးတိုးပြောသည်။
“ရွှီချင်း၊ မင်းတို့အကြား သွေးခွဲတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့စီနီယာအစ်ကို,ကို သတိထားပါ။ သူက လူကောင်းတစ်ယောက်လို့ မထင်ဘူး။”
“မှန်သည်။ ချန်အားညို သည် သူ့မျက်နှာပေါ်တွင် အသွင်ပြောင်းနေသည်။ သူ့အလင်း ဆယ်ပေနဲ့ တစ်နေ့ သူ ငါတို့ကို သစ္စာဖောက်ရင် ပုံမှန်ပဲလို့ ငါထင်လိမ့်မယ်။” ရှန်ဟယ် ကိုလည်း ကြည့်ရတာ သူ လေးလေးနက်နက် သဘောတူသည်။
ရွှီချင်းသည် ထိုစကားကိုကြားသောအခါ လေးနက်စွာပြောလိုက်သည်။
“စီနီယာအစ်ကိုနဲ့ ကျွန်တော်ဟာ သေခြင်းရှင်ခြင်းအခိုက်အတန့်တွေ အများကြီးကို အတူတူကျော်ဖြတ်ဖူးတယ်။ သူက ကျွန်တော် အယုံကြည်ရဆုံးလူတွေထဲက တစ်ယောက်ပါ။”
ခုန်ရှန်းလုံက မည်သို့မျှ ဆက်မပြောတော့ဘဲ ရွှီချင်း၏ပုခုံးကို ပုတ်လိုက်သည်။ တည်နေရာပြောင်း အလင်းတန်းများ တောက်ပလာသောအခါ လူတိုင်း၏ ပုံရိပ်များ ပျောက်ကွယ်သွားခဲ့သည်။
သူတို့ ပြန်ပေါ်လာသောအခါတွင် ဓားကိုင်ရုံးတော်သို့ တိုက်ရိုက်မဟုတ်သော်လည်း ဒေသငယ်မြို့တော်နှင့် မဝေးသောချိုင့်ဝှမ်းတစ်ခု၌ ရှိနေကြသည်။
ဤသည်ကား ပုံမှန်အားဖြင့် ဖုံးကွယ်ထားသော တည်နေရာပြောင်းအစီအရင်ငယ်တစ်ခုဖြစ်သည်။ ခုန်ရှန်းလုံ၏အခြေစိုက်စခန်းငယ်လည်း ဖြစ်သည်။
၎င်းသည် ခုန်ရှန်းလုံ၏အတွေ့အကြုံနှင့် အစီအစဉ်လည်း ဖြစ်သည်။
ဓားကိုင်ရုံးတော်ရှိ တည်နေရာပြောင်းအစီအရင်မှတစ်ဆင့် သူတို့ ထွက်ပေါ်လာမည်ဆိုပါက မှတ်တမ်းများကျန်ရစ်ပေမည်။
ထို့ကြောင့် သူက ဤတောင်ကြားနေရာသို့ တည်နေရာပြောင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။ သူတို့အား ရှာဖွေတွေ့ရှိမည့်အန္တရာယ်မှာလည်း နည်းပါးသွားမည်ဖြစ်ကာ သူတို့ ယခုမှ ပြန်ရောက်ခြင်းအတွက် အခိုင်အမာ ငြင်းဆန်နိုင်ပေလိမ့်မည်။
“ငါက ဒီနေရာကို လျှို့ဝှက်စီစဉ်ထားတာ။ အခုထိ…”
တောင်ကြားထဲက အစီအရင်ထဲ၌ ခုန်ရှန်းလုံက ပြုံးလျှက် ရှင်းပြသည်။ သို့သော်လည်း သူ့စကားမဆုံးသေးခင် တည်နေရာပြောင်းအစီအရင်သည် တဖန်ပြန်လည်လင်းလက်လာကာ သူ့ဘာသာအသက်ဝင်လာတော့သည်။
ထို့နောက် သူတို့ ထိုနေရာမှ ပျောက်ကွယ်သွားသည်။ နောက်တစ်ခဏတွင် သူတို့သည် ဓားကိုင်ရုံးတော်က တည်နေရာပြောင်းအစီအရင်၌ ပေါ်လာ၏။
သူတို့ ပေါ်လာသည်နှင့် အားလုံး ထိတ်လန့်သွားကြသည်။ နန်းတော်သခင်သည် အေးစက်သော အမူအရာဖြင့် သူတို့အား စိုက်ကြည့်နေသည်ကို မြင်ကြရ၏။
ခုန်ရှန်းလုံ လျှို့ဝှက်စီမံထားသော စခန်းနေရာက အစီအရင်ကို ရုံးတော်သခင်က ပြန်လည်ပြုပြင်ထားသည်မှာ သေချာသည်။ ထို့နောက် သူတို့အား အထူးတလေ စောင့်ဆိုင်းနေခဲ့၏။
ခုန်ရှန်းလုံ၏ခန္ဓာကိုယ်သည် ဆတ်ခနဲတုန်သွားပြီး တခြားလူများကလည်း အပြစ်ရှိသလို ခေါင်းငုံ့လိုက်ကြသည်။ ရွှီချင်းသည်လည်း ကြိမ်းမောင်းခြင်း၊ ပြစ်ဒဏ်ပေးခြင်းများကို စောင့်ဆိုင်းနေသည်။
ဓားကိုင်တစ်ဦးအနေဖြင့် တာဝန်ကို ဖောက်ဖျက်ခြင်းသည် ကြီးလေးသော အပြစ်ဒဏ်ကို ကျူးလွန်ခြင်း ဖြစ်သည်။
သို့သော်လည်း အချိန်အတော်ကြာသည့်တိုင် ရုံးတော်သခင်သည် မည်သည့်စကားမှ မပြောသေးပါ။ ထို့ကြောင့် ရွှီချင်းသည် ခေါင်းငုံ့နေရာမှ အနည်းငယ်မော့ကြည့်လိုက်သည်။ ရုံးတော်သခင်ကြီးသည်ကား သူတို့၏ခန္ဓာကိုယ်ကို တစ်ယောက်ချင်း အသေးစိတ် ဆန်းစစ်ကြည့်ရှုနေသည်ကိုသာ သူ သတိထားမိ၏။
ရွှီချင်းတစ်ဦးတည်း ခေါင်းမော့ကြည့်သည်မဟုတ်ပေ၊ တခြားလူများကလည်း ခေါင်းမော့ကြည့်ကြသည်။
သူ့ရှေ့က လူငါးယောက်၏အကြည့်ကို သတိပြုမိလျှင် ရုံးတော်သခင်က အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။
“မင်းတို့ ဒီမှာ ဘာရပ်လုပ်နေတာလဲ။ တည်နေရာပြောင်းတာ မဟုတ်ဘူးလား။ မြန်မြန်ထွက်သွား။”
ရုံးတော်သခင် အေးစက်သော အမူအရာဖြင့် လှည့်ထွက်သွားသည်။
သူတို့၏ဒဏ်ရာများ ပြင်းထန်သလား လာရောက်စောင့်ကြည့်သည်နှင့် တူလှသည်။ ယခု သူတို့သည် တက်ကြွကာ ကောင်းမွန်သော အနေအထားရှိနေသည်ကို မြင်သဖြင့် သူ စိတ်သက်သာရာရသွားဟန်တူသည်။
“ထူးဆန်းတယ်”
“အပြစ်ပေးမခံရဘူးလား။”
“သူ ငါတို့ကို စိတ်ပူနေတာလား။”
အားလုံးက အံ့အားသင့်စွာ ကြည့်နေကြသည်။ ထို့နောက် သူတို့သည် ထိုနေရာမှ အမြန်ထွက်သွားပြီး လူစုခွဲလိုက်ကြသည်။
ရွှီချင်းလည်း သက်ပြင်းချလိုက်သည်။ သူက ရုံးတော်သခင်ထွက်သွားရာဘက်ကို လှမ်းကြည့်ပြီး သူသည် အလွန်တရာလက်ပေါက်ကပ်သူမဟုတ်ဟု တွေးမိသည်။ ထို့ကြောင့် သူက ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ ဓားကိုင်ရုံးတော်က ထွက်သွားတော့သည်။
ထိုအခိုက်တွင် ဓားကိုင်ရုံးတော်၌ ယောင်ယွင်ဟွေ့နှင့် ကျန်းစစ်ယွင်တို့ သွားနေကြသည်။
ယောင်ယွင်ဟွေ့သည် သူ့သား၏ရာထူးနှင့်ပတ်သက်၍ မကြေနပ်ပေ။ ထို့ကြောင့် သူမက ကျန်းစစ်ယွင်၏ဆရာဘိုးဘိုးဖြစ်သူ စီမံခန့်ခွဲရေးမှူးစစ်မာကို အကြိမ်ကြိမ် ဖိတ်ကြားခဲ့သော်လည်း တစ်ဘက်လူက ငြင်းဆန်ခဲ့သည်။
ထို့ကြောင့် သူမသည် ယနေ့တွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြောဆိုရန်မှတပါး ရွေးချယ်စရာမရှိပေ။
စကားပြောဆိုပြီးစီးသွားပြီးနောက် သူမသည် ကျန်စစ်ယွင်နှင့်အတူ ဓားကိုင်ရုံးတော်က ထွက်သွာမည်ပြုစဉ် ရွှီချင်းအား ရိပ်ခနဲ မြင်လိုက်ရသည်။
ကျန်းစစ်ယွင်လည်း ရွှီချင်းကို မြင်လိုက်ကာ မုန်းတီးဟန်များ သူ့မျက်လုံးထဲ၌ ပေါ်လာသည်။ သို့သော်လည်း သူသည် သူ့မိခင်၏အမူအရာကို သတိမထားမိပါ။ သူမက ရွှီချင်း၏နောက်ကျောကို စိုက်ကြည့်မိသောအခါ အမှန်တကယ် တွေဝေမိန်းမောမိသွားသည်။
ယောင်ယွင်ဟွေ့ သွားနေရာက ရပ်လိုက်သည်။ လတ်တလော၌ အကြောင်းအရင်းတစ်ခုကြောင့် သူမသည် ရွှီချင်းအား အကောက်ကြံရန် တွေးတောမိတိုင်း သူမအားတခြားအတွေးတစ်ခုက ဝင်ရောက်နှောင့်ယှက်ကာ ရွှီချင်း၏ကောင်းကွက်များကို တွေးတောရန် လှုံ့ဆော်နေသည်။
ထိုအတွေးသည် သူမ၏စိတ်နှလုံးကို အကြိမ်ကြိမ်ထိုးနှက်ပြီးနောက်တွင် သူမ၏မုန်းတီးစိတ်များနှင့် ရောယှက်လာခဲ့သည်။ နောက်ဆုံးတွင် စိတ်ခံစားချက်များမှာ ပိုမိုရှုပ်ထွေးသော အနေအထားသို့ ရောက်လာ၏။
သူ့မိခင် သွားနေရာက ရပ်လိုက်သည်ကို သတိထားမိလျှင် ကျန်းစစ်ယွင်လည်း လှမ်းကြည့်၏။ သူ့မိခင်၏အမူအရာက ထူးဆန်းနေသည်ကို သတိထားမိလျှင် သူ အနည်းငယ် စိုးရိမ်လာသည်။
“အမေ…”
ယနေ့ ယောင်ယွင်ဟွေ့သည် အနက်ရောင်တိမ်တိုက်ဝတ်စုံကို ဝတ်ထားသည်။ ၎င်းသည် သူမ၏မြူနှင်းရောင်အသားအရေနှင့် လွန်စွာ လိုက်ဖက်၏။
အထူးသဖြင့် သူမ၏သိသာထင်ရှားသော ရှိုက်ကြီးရှိုက်ငယ်အသွယ်သွယ်တို့ကြောင့် ဝတ်စုံမှာ သူမ၏ကောက်ကြောင်းကို ပိုမိုထင်ပေါ်စေကာ သူမ၏အေးစက်သော အသွင်အပြင်တို့ကြောင့် အားကောင်းသော ဆွဲဆောင်မှုတစ်ခုကို ဖြစ်ပေါ်စေတော့သည်။
ထိုအခိုက်တွင် သူမသည် အဝေးသို့ ထွက်ခွာသွားပြီးဖြစ်သော ရွှီချင်းအား ကြည့်ကာ စိတ်ထဲ၌ ရှုပ်ထွေးသော စိတ်ခံစားချက်များဖြစ်ပေါ်လာနေသည်။ သူမက အကြောင်းအရင်းတစ်ချို့ကြောင့် စကားလုံးတချို့ကိုလည်း ရေရွက်လိုက်သည်။
“ယွင်အာ၊ ရွှီချင်းက မင်းအဖေနဲ့ နည်းနည်းတူတယ်လို့ မင်းထင်လား”
ကျန်းစစ်ယွင်၏ခန္ဓာကိုယ်က ဆတ်ခနဲတုန်သွားသည်။
သူ့မျက်လုံးများ ပြူးကျယ်သွားကာ သူ့စိတ်ထဲ၌ ပြင်းထန်စွာ လှိုင်းထန်သွားပြီး အလိုအလျောက် ပြန်ပြောမိသည်။
“အမေ… ဘာပြောလိုက်တာလဲ”
ယောင်ယွင်ဟွေ့သည် သူမ၏စကား မှားသွားပြီကို ချက်ချင်း သိလိုက်သည်။ တဖန် သူမ၏အမူအရာက အေးစက်သွား၏။
“သူတို့နှစ်ယောက်လုံးက အမှိုက်တွေပဲ”
ထို့စကားနှင့်အတူ ယောင်ယွင်ဟွေ့သည် အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူမ၏လှပသော မျက်နှာလေးပေါ်တွင် ရွံရှာသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။
သူမ၏ ရှည်လျားသော ၀တ်စုံသည် သူမ၏ လှပသော ကျောပြင်ကို ပုံဖော်ထားသည်။ သူမခါးကို လိမ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဓားကိုင်အများအပြား၏ အကြည့်များနှင့် စိတ်ဝိညာဉ်များကို ဆွဲငင်သွားသည်။
ကျန်းစစ်ယွင်သည် ထိုစကားကိုကြားသောအခါ သက်ပြင်းချကာ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။
သူ့မိခင်က သူ့ဖခင်အား ဆူပူကြိမ်းမောင်းသည်ကို ကြားလိုက်သောအခါ သူ့ဘဝတွင် ပထမဆုံးအကြိမ် စိတ်သက်သာရာ ရသွားသည်။
တစ်ချိန်တည်းတွင် ဒေသငယ်မြို့တော်၌ တခြားလူတစ်ဦးသည်လည်း ရွှီချင်း ထွက်သွားသည်ကို တွေ့လိုက်၏။
ထိုသူသည်ကား အဖိုးကြီးတစ်ဦး ဖြစ်သည်။
သူက ရွှီချင်း ထွက်သွားရာဘက်သို့ အံ့အားသင့်စွာ ကြည့်နေပြီး မျက်လုံးများကိုလည်း ပွတ်သပ်လိုက်သည်။
“ဒီ… ဒီ…”
“ဒါက ကံဆိုးလွန်းတယ်”
“ဘာလို့ ဒီကောင်လေးကို တွေ့နေတာလဲ”
သူသည် ပန်ချွန်လမ်းမှ အဖိုးအိုဖြစ်သည်။ သူက လင်းအာ၏ အမွေအနှစ်အတွက် လိုအပ်သော ဖြည့်စွက်ပစ္စည်းများကို ဝယ်ယူရန် ဒေသငယ်သို့ ရောက်ရှိလာပြီး ပြင်ပလောကနှင့် အဆက်အဆံသိပ်မရှိပေ။ ယခု ရွှီချင်းအား ရုတ်တရက် တွေ့လိုက်ခြင်း ဖြစ်သည်။
မယုံကြည်နိုင်မှုများအပြီး အဖိုးကြီးသည် တုန်လှုပ်သွားကာ ကျေးဇူးတင်ခြင်းကိုလည်း ခံစားရသည်။
“ကံကောင်းတာပဲ… လင်းအာကို မခေါ်လာမိတာ။”
“ဒီမကောင်းဆိုးဝါးရွှီနဲ့တွေ့မယ်လို့မထင်ထားမိဘူး။”
ပန်ချွမ်လမ်းမှ အဖိုးအိုသည် အံကြိတ်လိုက်ကာ ရွှီချင်းသတိထားမိမည်ကို စိုးရိမ်သည့်အလား ကုပ်ချောင်းချောင်းဖြင့် ထွက်သွားသည်။
“ငါ ဒေသငယ်မြို့တော်ကို ထပ်မလာတော့ဘူး”