← Chapters

ဂိုဏ်းပေါင်းစုံပြိုင်ပွဲ

Vol. 21 Ch. 303

ဂိုဏ်းပေါင်းစုံပြိုင်ပွဲ

Vol. 21 Ch. 303

မဟာကျိုးမြို့တော်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတော့ အသက်၀င်စည်ကားလာ၏။

မဟာကျိုးအင်ပါယာအတွင်းရှိ ဂိုဏ်းအများစုသည် နောက်ဆုံးရက်အနည်းငယ်အတွင်း တဖွဲ့ဖွဲ့ရောက်ရှိလာခဲ့ကြ၏။

အစီအရင်တောင်ထွတ်သခင်ရွှမ်ယီနှင့် အဆောင်လက်ဖွဲ့တောင်ထွတ်သခင်လျှိုဟွေ့တို့ ဦးဆောင်၍ ဆန်းကြယ်တောင်ထွတ်မှ လူတစ်အုပ်စုသည်လည်း မြို့တော်ထဲသို့ ရောက်ရှိလာခဲ့ကြ၏။

ရွှေအမြုတေနှစ်ယောက်ပြီးလျှင် ဆန်းကြယ်တောင်ထွတ်မှ လွှတ်လိုက်သောတပည့်မှာ ဆယ်ယောက်တောင် မပြည့်ပေ။

"ကြည့်ကြည့်.. အဲ့ဒါဆန်းကြယ်တောင်ထွတ်က တပည့်တွေမလား.. အဲ့လောက်လေးပဲလား နည်းလိုက်တာ!"

"အဲ့လောက်ရောက်လာနိုင်သေးတာပဲ တော်လှပြီ.. တန်လင်းတောင်ကကြားက တိုက်ပွဲမှာ ဆန်းကြယ်တောင်ထွတ်က တော်ဝောာ်အထိနာသွားတာလေ.. သူတို့ရဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေ အကုန်လုံးလိုလို အဲ့မှာ သေကုန်ကြတာ!"

"ဟုတ်သားပဲ ငါသိပြီ သူတို့က ဒီကိုသက်သက် ပွဲလာကြည့်ရုံပဲဖြစ်မယ်.. အဆင့်သတ်မှတ်စာရင်းလေးခုမှာ သူတို့က ဘယ်လိုလုပ်ပြီး ပါနိုင်ပါတော့မလဲ"

ရွှမ်ယီနှင့် လျှို့ဟွေ့တို့သည် သူတို့ဘေးပတ်လည်မှ ဝေဖန်လေကန်သံများကို ကြားသော်လည်း မသိကျိုးနွံပြုကာ မင်သေသေမျက်နှာထားနှင့်ပင် လမ်းဆက်လျှောက်လာခဲ့ကြ၏။

သို့သော်လည်း သူတို့နောက်မှ တပည့်များကတော့ မချင့်မရဲနှင့် မကျေမနပ် ဖြစ်နေကြ၏။

"အဲ့လူတွေက ထင်ရာမြင်ရာ လျှောက်ပြောနေကြတာပဲ.. စီနီယာအစ်ကိုကျိက မရီးဒါန်ငါးခုကျင့်ကြံသူလေ.. သူက စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းထဲ၀င်မှာ သေချာတယ်" ဤစကားကို ပြောလိုက်သောသူက ဘောလုံးတစ်လုံးလို လုံးဝိုင်းသောခန္ဓာကိုယ်ရှိလေသည်။ သူကတော့ ဆန်းကြယ်တောင်ထွတ်မှ ဖက်တီးလေးပင် ဖြစ်လေသည်။

ဖက်တီးလေးပြောသော စီနီယာအစ်ကိုကျိဆိုသူက မီးခိုးရောင်၀တ်စုံ၊ ခြေလက်သွယ်သွယ်နှင့် ကျိချန်းရှန်ပင် ဖြစ်လေသည်။

ကျိချန်းရှန်သည် အစကတည်းက ဆန်းကြယ်တောင်ထွတ်၏ အမွေခံတပည့်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် သူသည် တန်လင်းတောင်ကြားတိုက်ပွဲအပြီး အသက်ရှင်လျှက် ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသော အမွေခံတပည့် ဖြစ်လေသည်။

လွန်ခဲ့သည့်သုံးနှစ်တုန်းက ကျိချန်းရှန်သည် မရီးဒါန်လေးခုအခြေတည်အဆင့်မှာသာ ရှိသေးလေသည်။

ယခုအခါမှာတော့ သူ၏ ကျင့်ကြံမှုက မရီးဒါန်ငါးခုအခြေတည်အဆင့်သို့ ရောက်လာခဲ့ပြီး အတွင်းစည်းတပည့်များထဲတွင် အသန်မာဆုံး ဖြစ်လာခဲ့လေသည်။

ကျိချန်းရှန်သည် ဖက်တီးလေး၏ စကားကိုကြားသောအခါ သူသည် ခါးသက်သက်တစ်ချက် ပြုံးလိုက်ပြီးနောက် သူ့အကြည့်က မှောင်ရိပ်သန်း၏။

မူလက အတွင်းစည်းတပည့်များထဲမှာ နံပါတ်တစ်ဟု သတ်ခြင်း ခံထားရသူ၊ ဂိုဏ်းပေါင်းစုံပြိုင်ပွဲမတိုင်မီ မရီးဒါန်ခြောက်ခုအခြေတည်အဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်မည်ဟု မျှော်လင့်ထားခဲ့ရသူ ချင်ယုသည် တန်လင်းတောင်ကြား၌ ကျဆုံးခဲ့ရလေသည်။

ယခုအခါ ကျိချန်းရှန်ပြီးလျှင် ဆန်းကြယ်တောင်ထွတ်မှ အသန်မာဆုံးသူမှာ မရီးဒါန်သုံးခုအခြေတည်အဆင့်သာ ဖြစ်လေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌ သူကလွဲရင် အဆင့်သတ်မှတ်စာရင်း၌ မျှော်လင့်ချက်ထားနိုင်သူမှာ မရှိသလောက်ပင်။

ဆန်းကြယ်တောင်ထွတ်က အဆောင်လက်ဖွဲ့အဆင့်သတ်မှတ်စာရင်းအတွက်တော့ မျှော်လင့်ချက်အချို့ရှိ၏။

လမ့်ရိုသည် အဆောင်လက်ဖွဲ့များ စီရင်ပြုလုပ်ခြင်းတွင် အတော်လေးပါရမီပါပြီး အတွင်းစည်းတပည့်များထဲတွင် အတော်ဆုံး ဖြစ်လေသည်။

နတ်ဆေးနှင့် နတ်ပန်းပဲမှာတော့က.....

ထိုပြိုင်ပွဲတစ်ခုစီအတွက် ဂိုဏ်းက တပည့်တစ်ယောက်စီ စေလွှတ်ခဲ့သော်လည်း သူတို့ကို အတွေ့အကြုံယူဖို့မျှအတွက်သာဖြစ်ပြီး ဘာမျှော်ချက်မျှ ထားမထားပေ။

ရွှယ်ယိက ခပ်တိုးတိုး ရေရွတ်လိုက်၏။

"တစ်ကယ်လို့များ ဂျူနီယာညီလေးဆူသာ ရှိသေးလို့ကတော့ သူ့အစွမ်းအစနဲ့ဆို နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းမှာ တစ်နေရာရမယ်ဆိုတာ ငါအာမခံရဲတယ်"

ဂျူနီယာညီလေးဆူဟူသော စကားကိုကြားရချိန်တွင် ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် တိတ်ဆိတ်ငြိမ်သက်သွားကြပြီး သက်ပြင်းချလိုက်ကြ၏။

ရွှေအမြုတေအဆင့်နှစ်ယောက်ဖြစ်သော ရွှမ်ယီနှင့် လျှိုဟွေ့တို့သည် နောင်တရနှမြောတမ်းတဟန်နှင့် ခေါင်းခါလိုက်ကြ၏။

ကျိချန်းရှန်နှင့် အခြားသူများသည်လည်း ဆူဇီမိုအပေါ် ဝေခွဲမရသော ခံစားချက်များ ရှိနေကြ၏။

ပြီးခဲ့သည့်သုံးနှစ်တုန်းက တိုက်ပွဲတွင် ဆူဇီမိုသည် သွေးကျီးကန်းနန်းတော်က သခင်လေးကို သတ်ဖြတ်ပြီး သူ့ကိုယ်သူ စတေးခံကာ ရန်သူ့ဘက်မှ ကျင့်ကြံသူထက်၀က်ကျော်ကို မျှားခေါ်သွားခဲ့၏။ ထိုသို့ပြုလုပ်၍ သူသည် တစ်ဖက်ရန်သူများကို ၀ရုန်းသုန်းကားနှင့် တကွဲတပြား ဖရိုဖရဲ ဖြစ်သွားစေခဲ့၏။ ထိုကြောင့်သာ မဟုတ်လျှင် သူတို့အားလုံးသည် တန်လင်းတောင်ကြားမှာ အကုန်မျိုးပြုတ်သွားကြပေမည်။

လမ့်ရိုသည် ခေါင်းကိုငုံ့ထားပြီး သူမ၏ အကြည့်က အေးစက်နေ၏။ သို့သော်လည်း သူမ၏ မျက်လုံးထဲတွင် ၀မ်းနည်းမှု အရိပ်အယောင်များ ရှိနေလေသည်။

"မင်းတို့ စိတ်ဓါတ်တွေကို မြင့်မြင့်ထားကြစမ်းပါ!"

ရွှမ်ယီက ငေါက်ငမ်းလိုက်၏။

"ရွှယ်ယိ.. မင်းကို ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာ ၀င်ပြိုင်ခိုင်းတာက တစ်ကြောင်းသက်သက်! ပိုပြီးတော့ အရေးကြီးတာက မဟာကျိုးအင်ပါယာက နံပါတ်တစ်နတ်ပန်းဆရာရဲ့ အံ့မခန်းပညာကို မြင်တွေ့ခွင့်ရဖို့ဆိုတာ မမေ့ပါနဲ့!"

"ဟုတ်တယ်"

အဆောင်လက်ဖွဲ့တောင်ထွတ်သခင် လျှို့ဟွေ့ကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။

"ပြောကြတာတော့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျရင် ဆရာမိုက အကဲဖြတ်ဒိုင် ၀င်လုပ်ပေးမှာတဲ့.. မင်းသာ ဆရာမိုရဲ့ သွန်သင်ပြသမှု တစ်စွန်းတစ်စလောက် လက်ခံရရှိမယ်ဆိုရင်.. အဲ့ဒါက မင်းဘာသာ လေ့လာတာရဲ့ ဆယ်နှစ်စာလောက် ခရီးပိုရောက်သွားလိမ့်မယ်!"

"ဟုတ်ကဲ့ပါဗျ"

ရွှယ်ယိက လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။

မဟာကျိုးအင်ပါယာအတွင်းရှိ နတ်ပန်းပဲဆရာများစွာက မိုလင်းကို သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ် မျက်စိမှိတ်လက်ခံထားကြလေည်။ ရွှယ်ယိအတွက်လည်း အတူတူပင်။

မိုလင်း၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းက အံ့မခန်းပင်။

မိုလင်းကဲ့သို့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များကို စိတ်ရှိသလို သွန်းလုပ်နိုင်သော နတ်ပန်းဆရာမျိုးက သမိုင်းတစ်လျှောက်မှာတောင် သူတို့မကြားဖူးပေ။

နတ်ပန်းဆရာတိုင်းသည် ဒဏ္ဍာရီဆန်ဆန် မိုကလန်၏ စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းစနစ်က ဘယ်လိုမျိုးလဲဆိုတာ သိချင်၊ မြင်ချင်မိကြလေသည်။

...

ဤနေ့ နေထွက်လာသောအခါ မြို့တော်က ကျင့်ကြံသူများနှင့် စည်ကားသိုက်မြိုက်နေလေပြီ။

အဲ့မှာ ဂိုဏ်းတစ်ဂိုဏ်းချင်းစီက ကျင့်ကြံသူအရေအတွက်ကို အသာထား.. ဂိုဏ်းပေါင်းချည်းပဲ တစ်ထောင်ကျော် ရှိလေသည်။

လမ်းကြိုလမ်းကြားများပါမကျန် လူများဖြင့် ပြည့်ကြပ်နေပြီး သူတို့အားလုံးသည် မြို့တော်၏ အနောက်တောင်ဘက်သို့ ချီတက်နေကြ၏။

ယနေ့က ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျင်းပမည့်နေ့ပင်။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲတိုင်းကို မြို့တော်၏ အနောက်တောင်ဘက်ထောင့်တွင်သာ ကျင်းပလေ့ရှိလေသည်။ ထိုနေရာတွင် ပြိုင်ပွဲကျင်းပရာ ကွင်းပြင်ကြီးတစ်ခုရှိပြီး လူပေါင်းသိန်းချီ၍ ၀င်ဆံ့လေသည်။

သွေးလင်းတ၊ အဇူရာလင်းယုန်နှင့် သိမ်းဖြူအဖွဲ့တို့သည် စနစ်တကျအုပ်စုများခွဲ၍ သူတို့၏ သက်ဆိုင်ရာ စိတ်ဝိညာဉ်တောကောင်များကိုစီးနင်းကာ လေထဲမှာနေပြီး လမ်းများတွင် လူများပြည့်ကြပ်ပိတ်ဆို့မှုမရှိစေရန် အမိန့်ပေးညွှန်ကြားနေကြ၏။

တစ်ကိုယ်တော်ကျင့်ကြံသူများကလွဲလျှင် ဂိုဏ်းအများစုသည် သူတို့၏ တပည့်များကို ရွှေအမြုတေအဆင့်များက ဦးဆောင်လာကြ၏။

ပွဲကြည့်စင်များ၏ အလယ်တွင် မြေပြင်ကွင်းကျယ်ကြီးတစ်ခုရှိပြီး ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်မည့်သူများသည် ထိုနေရာတွင် လက်နက်သွန်းလုပ်ခြင်း၊ ဆေးလုံးဖော်စပ်ခြင်း သို့မဟုတ် အဆောင်လက်ဖွဲ့ဖန်တီးခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်ပြီး နောက်ဆုံးအနိုင်ရရှိသူများကို ရွေးချယ်ဆုံးဖြတ်ရမည် ဖြစ်လေသည်။

မြေပြင်ကွင်း၏ ထောင့်လေးထောင့်တွင် အလွန်ကြီးမားသည့် ကျောက်စိမ်းတိုင်ကြီးလေးတိုင်ကို စိုက်ထူထား၏။ သူတို့က ဆန်းကြယ်သော ရွှန်းရွှန်းစိုနေသည့် အရောင်အဆင်းနှင့် တောက်ပနေ၏။

ထိုကျောက်စိမ်းတိုင်ကြီးလေးတိုင်က စိတ်ဝိညာဉ်၊ အဆောင်လက်ဖွဲ့၊ နတ်ဆေးနှင့် နတ်ပန်းပဲပြိုင်ပွဲများအတွက် အဆင့်သတ်မှတ်စာရင်းလေးခုကို ကိုယ်စားပြုဖော်ပြပေးမည် ဖြစ်လေသည်။

ကျောက်စိမ်းတိုင်တစ်ခုစီတွင် နာမည်ဆယ်နေရာစာ ပါရှိလေသည်။

တစ်နည်းအားဖြင့် ဂိုဏ်းပေါင်းစုံပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့် ထိုကျောက်စိမ်းတိုင်ကြီးလေးခုတွင် နာမည်လေးဆယ် ကျန်ရစ်ခဲ့မည်ဖြစ်ပြီး ထိုနာမည်ပိုင်ရှင်များက ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၏ နောက်ဆုံးအနိုင်ရရှိသူများပင် ဖြစ်လေသည်။

မြေပြင်ကွင်းနေရာသည် မျက်နှာ၀လေးဖက်နှင့် လေးထောင့်ဆန်ဆန်ဖြစ်ပြီး ထိုအထဲမှသုံးဖက်သည် ဂိုဏ်းပေါင်းစုံပြိုင်ပွဲကို စောင့်ကြည့်ကြမည့် အခြေတည်အဆင့်ကျင့်ကြံသူများ နေရာယူဖို့အတွက် ဖြစ်လေသည်။

နောက်ဆုံးတစ်ဖက်မှာတော့ အပေါ်သို့ အဆင့်ဆင့် မြင့်တက်သွားသော ပွဲကြည့်စင်ကြီး ဆောက်လုပ်ထားပြီး ရွှေကော်ဇောများနှင့် ခင်းကျင်းထားသော အပေါ်သို့ တက်လှမ်းရာ လှေကားထစ်လမ်းတစ်ခုပါရှိလေသည်။ အောက်ကနေ အပေါ်သို့ ခြေလှမ်းတစ်ရာ တက်သွားလျှင် ထိပ်ဆုံး၌ လွန်စွာခမ်းနားတင့်တယ်ကြော့ရှင်းသော ရာဇပလ္လင်တစ်ခု ရှိလေသည်။

အဲ့ဒါကတော့ မဟာကျိုးဧကရာဇ်ထိုင်မည့်နေရာပင်!

ရွှေကော်ဇော၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်ခုံများနှင့် စားပွဲများကို အတန်းလိုက်ချထားပြီး စားပွဲများပေါ်တွင် စိတ်ဝိညာဉ်သစ်သီးများ၊ အင်မော်တယ်မက်မွန်သီးနှင့် ကျောက်စိမ်းဖျော်ရည်တို့ကို တည်ခင်းထားပြီး မွှေးကြိုင်ထုံသင်းနေလေသည်။

ထိုထိုင်ခုံနေရာများက အမျိုးမျိုးသောဂိုဏ်းများမှ ရွှေအမြုတေအဆင့်များအတွက် ဖြစ်လေသည်။

ပုံမှန်အားဖြင့် ဧကရာဇ်၏ ပလ္လင်နှင့် အနီးအဝေးအပေါ် မူတည်၍ ထိုရွှေအမြုတေများ၏ ဂုဏ်အဆင့်အတန်း၊ ခွန်အားနှင့် နောက်ခံကို ကောက်ချက်ချနိုင်လေသည်။

အဝေးဆုံး ထိုင်ခုံနေရာများက တစ်ကိုယ်တော်၊ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများနှင့် ပြည့်နေလေသည်။

သူတို့သည် ရွှေအမြုတေများပင် ဖြစ်သော်လည်း အများအားဖြင့် ခွန်အားနည်း၊ နောက်ခံမရှိ ဖြစ်ကြပြီး အမြင်ကျယ်စေရန် အပျော်သက်သက် လာရောက်ကြည့်ရှုကြခြင်းသာ ဖြစ်လေသည်။

မြို့တော်အစောင့်အရှောက်သုံးဖွဲ့၏ တပ်မှူးများဖြစ်ကြသော လင်းတကတုံး၊ ပိုင်ယုဟန်နှင့် မုတ်ဆိတ်နှင့်လူတို့သည် ရွှေကော်ဇောလမ်း၏ အစပ်တွင် စောင့်ကြပ်နေကြပြီး ရောက်လာသော ရွှေအမြုတေများကို နေရာချပေးနေကြ၏။

သူတို့သုံးယောက်သည် ရွှေအမြုတေများကို အကဲခတ်စစ်ဆေးပြီး သင့်လျော်အောင် စီစဉ်နေရာချပေးမည် ဖြစ်လေသည်။

ဆန်းကြယ်တောင်ထွတ်အုပ်စုသည် မြေပြင်ကွင်းနေရာသို့ ရောက်လာကြ၏။ ရွှမ်ယီက ဘေးဘက်သို့လှည့်၍ အသံနှိမ့်ပြီး ပြောလိုက်၏။

"ပြိုင်ပွဲအတွက် ဘာမှဖိအား၀င်မနေကြနဲ့.. ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံးလုပ်ကြ!"

"နားလည်ပါပြီ"

ဖက်တီးလေးနှင့် အခြားသူများသည် တုံ့ပြန်ခေါင်းညိတ်လိုက်ကြ၏။

သူတို့သည် လွယ်လင့်တကူ ပြန်ဖြေလိုက်ကြသော်လည်း အနယ်းငယ်တော့ ကြောက်ရွံ့နေကြ၏။

သူတို့ရှေ့မှမြင်ကွင်းသည် အရမ်းကို ခမ်းနားကြီးကျယ်နေပြီး မြေပြင်ကွင်းတွင် ကျင့်ကြံသူများသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြကာ အရေအတွက်က တရိပ်ရိပ် တိုးလာနေ၏။

ရွှမ်ယီနှင့် လျှိုဟွေ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့တပည့်များ၏ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့မှုနှင့် စိုးရိမ်ပူပန်မှုများကို သူတို့မြင်နေရ၏။

တိုက်ပွဲက မစရသေးခင်မှာပင် သူတို့က ကြောက်စိတ်၀င်နေကြလေပြီ။

သူတို့မှာ လိုနေတာက ခေါင်းဆောင်ဖြစ်လေသည်။

တန်လင်းတောင်ကြားတိုက်ပွဲက ဆန်းကြယ်တောင်ထွတ်အတွက် အတော်လေးထိချက် ပြင်း၏။

သူတို့မှာ ကျိချန်းရှန်လိုမျိုး မရီးဒါန်ငါးခု အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိသော်လည်း သူက မာရေကျောရေနှင့် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ကင်းမဲ့နေ၏။ သူ့မှာ ဘယ်လိုလူမျိုးကိုမဆို ဖိနှိမ်နိုင်သော အကြောက်အလန့်ကင်းမဲ့သည့် ယုံကြည်မှုမျိုး ရှိမနေပေ။

"အင်း သူသာ ရှိနေသေးရင်တော့.. အခြေအနေက တစ်မျိူးတစ်မည် ပြောင်းလဲသွားနိုင်ကောင်းပါရဲ့!"

ရွှမ်ယီ၏ စိတ်အာရုံထဲ မြင်ကွင်းတချို့က ၀င်ရောက်လာ၏။

ကြော့ရှင်းသည့် မာန်ဟန်နှင့် အစိမ်းရောင်၀တ်ကျင့်ကြံသူတစ်ယောက်.. သူက ငယ်ရွယ်သော်လည်း အမြဲတမ်း ရင့်ကျက်တည်ငြိမ်၏.. တောင်ထွတ်လေးခုစလုံး၏ နံပါတ်တစ်ပုဂ္ဂိုလ်!

All Chapters