နောင်တ
Vol. 21 Ch. 311
အားလုံး၏ အကြည့်အောက်၊ ရွှေအမြုတေများ၏ လက်သီးဆုပ်နှုတ်ဆက်နေကြသောရှေ့မှာပင် ဆူဇီမိုသည် ရွှမ်ယီနှင့် လျှိုဟွေ့တို့ရှေ့သို့ လျှောက်သွားပြီး ဦးညွှတ်၍ အလေးအနက် ပြောလိုက်၏။
"ဆန်းကြယ်တောင်ထွတ်ရဲ့တပည့်၊ ဆူဇီမို.. တောင်ထွတ်သခင်တို့ကို ကြိုဆိုနှုတ်ဆက်ပါတယ်"
ရွှမ်ယီက ကပျာကယာ ရှေ့တက်၍ စိတ်ခံစားချက်မြင့်တက်နေသောပုံစံနှင့် ဆူဇီမို၏ လက်ကိုကိုင်၍ ထူမပေးလိုက်၏။
"ဒါဆို ဆရာမိုရဲ့ နာမည်အစစ်က ဆူဇီမိုပေါ့"
"ဆရာမိုက အရမ်းငယ်သေးတာပဲ.. သူက အခုမှ အခြေတည်အဆင့်ပဲ ရှိသေးတာလား"
"သူများတွေ ပြောကြတော့ ဆန်းကြယ်တောင်ထွတ်က နတ်ပန်းပဲမှာ ဘာအဆင့်မှ မရှိဘူးဆို.. အခုကျတော် ဘယ်ကဘယ်လို မွန်းစတားတစ်ကောင်က ပေါ်လာတာလဲ.. တစ်ကယ့် အံ့ဩစရာပဲဟေ့"
များစွာသော ရွှေအမြုတေများသည် တီးတိုးတီးတိုး ပြောကြရင် ဆူဇီမိုကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြ၏။
လျှို့ဟွေ့က တစ်ဖက်လှည့်၍ သူမ၏ မျက်ရည်များကိုသုတ်ပြီး ရယ်မောကာ ပြောလိုက်၏။
"ရွှမ်ယီ သူ့ကို ဆွဲမထားနဲ့တော့လေ.. သူထိုင်ခုံမှာ သူသွားထိုင်ပါစေတော့"
"ဪ အေး ဟုတ်သားပဲ"
ရွှမ်ယီသည် သတိပြန်၀င်လာ၏။
"သွားလိုက်ဦး သွားလိုက်ဦး.. ငါတို့ ပြန်ရောက်မှ စကားတွေ ပြောကြတာပေါ့.. အချိန်တွေ အများကြီး ကျန်ပါသေးတယ်"
"ဟုတ်ကဲ့"
ဆူဇီမိုက ခေါင်းညိတ်ပြပြီး ရှေ့ကို ဆက်သွားလိုက်၏။ သူ့အကြည့်က မလှမ်းမကမ်းတွင်ရှိသော ပကတိသက်ရှိကန်းကန်ဆီကို ရောက်သွား၏။
သူတို အကြည့်ချင်း ဆုံမိချိန်တွင် ဆူဇီမိုက ပြုံးပြလိုက်၏။
ပကတိသက်ရှိကန်းလန်သည် ချဉ်းကပ်လာနေသော ဆူဇီမိုကို ဖြူဖတ်ဖြူရော်မျက်နှာနှင့် စိုက်ကြည့်နေ၏။ သူသည် ဘယ်လိုမှ ပြုံးမပြနိုင်တော့ပေ။
"ဘယ်လို ဖြစ်ရတာလဲ"
ပြီးခဲ့တဲ့သုံးနှစ်.. ဆူဇီမိုသည် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီဟု သူကြားခဲ့ရစဉ်က ပကတိသက်ရှိကန်းလန်သည် မထီတရီ ရယ်မောခဲ့၏။
ဆူဇီမိုက ကျင့်ကြံရေးလောကထဲ ၀င်လာနိုင်ခဲ့လျှင်ဝောာင် သူ့ကို လိုက်မီဖိုဆိုတာ အဝေးကြီးပင်။
သူ့မျက်လုံးထဲတွင် ဆူဇီမိုသည် အချိန်မရွေး သူဖိနှိမ်နိုင်သော၊ နင်းခြေနိုင်သော၊ လုပ်ချင်သလိုလုပ်လို့ရသော အဆင့်မှာသာ ရှိနေခဲ့သေး၏။
တစ်ချိန်က ပုရွက်ဆိတ်ကလေးက နည်းနည်းပိုကြီးလာရုံမျှသာ။
သူကျင့်ကြံလာခဲ့သည် နှစ်ပေါင်းနှစ်ရာကျော်လာခဲ့လေပြီ။ အခုမှ ကျင့်ကြံရေးလောကသို့ ခြေချမည်ကြံသော လူတစ်ယောက်ကို သူ့စိတ်ထဲ ထည့်တွက်နေစရာ အကြောင်းမရှိပေ။
နှစ်ပေါင်းနှစ်ရာကျော် သူကျင်လည်ခဲ့စဉ်က သိကျွမ်းခဲ့သည့် အပေါင်းအသင်း အဆက်အသွယ်များကို စကားတစ်ချက်ပါးလိုက်လျှင်တောင် ဆူဇီမိုကို ရှင်းပစ်ဖို့ လုံလောက်လေသည်။
သို့သော် ယခု ဆူဇီမိုက ရွှေကော်ဇောပေါ်သို့ ခြေချလိုက်သည့် အချိန်မှာတော့ ပကတိသက်ရှိကန်းလန်သည် နားလည်သဘောပေါက်လိုက်ရ၏။ သူ၏ ကိုယ်ပိုင်ခွန်အားကလွဲလျှင် သူ၏ ကျန်အားသာချက်များအားလုံးက ဆက်လက်အားမသာနိုင်တော့ပေ။
အဆင့်အတန်းမှာဖြစ်စေ၊ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းမှာဖြစ်စေ၊ အပေါင်းအချိတ်အဆက်မှာဖြစ်စေ.. သူက ဆူဇီမိုကို မယှဉ်နိုင်တော့ပေ။
ထပ်ပြီး တိကျအောင် ပြောရရင်တော့ သူသည် ဆရာမိုကို မယှဉ်နိုင်တော့ပေ။
တစ်လအရင်က မိုစိတ်ဝိညာဉ်ပန်းပဲရုံတွင် ဆူဇီမိုသည် သူ့ဦးခေါင်းကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုနှင့် လဲလှယ်ပေးမည်ဟု ကတိပေးခဲ့၏။
ထိုအချိန်တွင် ရွှေအမြုတေ အတော်များများသည် လောဘတက်လာခဲ့ကြောင်း ပကတိသက်ရှိကန်းလန် ခံစားမိခဲ့၏။ အချို့ဆိုလျှင် သူတို့၏ သတ်ဖြတ်လိုစိတ်ကိုပင် ထုတ်ပြလာကြ၏။
သူသည် မြို့တော်တွင်းမှာ ရှိနေခဲ့လို့သာ ထိုသူများက အရမ်းကာရော မပြုမူရဲကြခြင်း ဖြစ်လေသည်။ မဟုတ်ပါက သူသည် အလုံးအရင်း ၀င်ရောက်တိုက်ခိုက်ခြင်းကို ခံရနိုင်လေသည်။
ထိုအရာက လောကဓံ၏ မျက်လှည့်ပြကွက် တစ်ခုပင်။
အတိတ်ကာလတစ်ခုမှာတုန်းက ပကတိသက်ရှိကန်းလန်သည် ဆူဇီမို၏ အသက်ကို လက်ချောင်းလေးတစ်ချက်လှုပ်ရုံနှင့် နုတ်ယူနိုင်စွမ်းရှိခဲ့၏။
သို့သော် ယခုအခါမှာတော့ ဆူဇီမိုထံမှ ကတိစကားလေးတစ်ခွန်းနှင့်ပင် သူ့ဦးခေါင်းက ပြတ်တော့လုမတတ်ပင်။
ဆူဇီမိုသည် ပကတိသက်ရှိကန်းလန်ရှေ့ ရောက်သောအခါ ခဏမျှရပ်လိုက်ပြီး မထီတရီဟန်နှင့် လှည့်ကြည့်လိုက်၏။
ထိုအကြည့်က ပကတိသက်ရှိကန်းလန်ကို ကျောရိုးတစ်လျှောက် ချမ်းတုန်သွားစေ၏။
အတိတ်ကာလက နုနုနယ်နယ် စာပေသမားလေးသည် အခုအခါ သူ့အသွေးအသား အနက်ပိုင်းထဲထိ နစ်ဝင်နေသော ဆူးတစ်ချောင်း ဖြစ်လာခဲ့ပြီကို သူနားလည်လိုက်လေသည်။
. . .
မြေပြင်လေးထောင့်ကွင်းတွင် အခြေတည်အဆင့်ကျင့်ကြံသူ တစ်သိန်းကျော်သည် အံ့အားသင့်ကြောင်အနေကြ၏။
တဟေးဟေး အော်ဟစ်အားပေးနေကြသော ဆန်းကြယ်တောင်ထွတ်မှ လူများကလွဲလျှင် အခြားကျင့်ကြံသူများအားလုံးသည် ဇဝေဇဝါနှင့် စိတ်များရှုပ်ထွေးနေကြ၏။
စောစောလေးကတင် သူတို့အားလုံးသည် ဆူဇီမိုကို လူပြက်တစ်ယောက်လို မြင်ခဲ့ကြ၏။ ယခုမှသာ တစ်ကယ့်လူပြက်များက သူတို့သာ ဖြစ်နေကြောင်း နားလည်လိုက်ကြ၏။
အဇူရာနှင်းမြူလွှာဂိုဏ်းမှ ကျွင်းဟောက်သည် သက်ပြင်းရှည်ကြီးချလိုက်၏။
ထိုရလဒ်ကို သူမျှော်လင့်ထားမိပြီး ဖြစ်သော်လည်း တစ်ကယ်တမ်း တိတိပပ သိလိုက်ရချိန် ထိချက်က ပြင်းလွန်းလှ၏။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ထောင်ဖုန်းသည် သုန်မှုန်နေသော မျက်နှာထားနှင့် ရှိနေ၏။ စောစောက သူပြောခဲ့သော စကားတစ်ခွန်းချင်းစီကို ပြန်တွေးလိုက်တိုင်း သူမျက်နှာက ပိုပိုပြီး ဖြူလျော့လာ၏။
"ဟေး တာအိုရောင်းရင်းထောင်ဖုန်း.. ခင်ဗျားက အဆင့်မမီဘူးလို့ ကျုပ်နောင်ကြီး ပြောခဲ့တာကို ခင်ဗျားက သိပ်မကျေနပ်ဘူးထင်တယ်" ဖက်တီးက သွားဖြဲရယ်ပြီး မေးလိုက်၏။
ထောင်ဖုန်း၏ မျက်နှာက ပုပ်သိုးသွားပြီး ဆိတ်ဆိတ်သာ နေနေ၏။
"ကျွတ် ကျွတ် ကျွတ်"
ဖက်တီးလေးက စုတ်သတ်လိုက်၏။
"အိုး ငါ့နောင်ကြီး အရမ်းတွေ ဘ၀င်ရူးနေပါတယ်၊ ငါ့နောင်ကြီးနဲ့ လက်နက်ပြိုင်သွန်းလုပ်ချင်ပါတယ်လို့ စိန်ခေါ်ခဲ့တာ ဘယ်သူပါလိမ့်.. ဘာလို့ သူက အခုမှ ငကြောက်တစ်ကောင်လို့ အမြီးကုပ်နေတာပါလိမ့်ကွာ"
ထောင်ဖုန်းသည် အံကိုကြိတ်ပြီး တစ်ကိုယ်လုံး တုန်ရင်လာ၏။ သို့သော်လည်း စကားတစ်ခွန်းမျှ သူမပြောနိုင်ပေ။
စောစောက သူစကားတွေ အများကြီး ပြောခဲ့မိ၏။ ယခုအခါမှာတော့ သူပြောခဲ့သော စကားလုံးတိုင်းက သူ့မျက်နှာကို ပြင်းထန်စွာ ရိုက်ခတ်၍ လောင်ကျွမ်းနေစေ၏။
ထောင်ဖုန်း၏ဘေးတွင် အေးစက်ရက်စက်ပုံရသော လူတစ်ယောက်သည်လည်း ပွဲကြည့်စင်ထက်ရှိ ဆူဇီမိုကို မီး၀င်း၀င်းတောက်နေသော မျက်လုံးများနှင့် စိန်းစိန်းဝါးဝါးစိုက်ကြည့်နေ၏။
သူသည် စောစောက ဆူဇီမိုကို ရန်စခဲ့သော စကားများကို ပြန်အမှတ်ရသွားပြီး စစ်ယုထန်သည် မလုံမလဲနှင့် ခြောက်ကပ်ကပ်ရယ်လိုက်၏။
"ဒီလူက ဆရာမိုပါလို့ ဘယ်သူကများ တွေးမိမှာလဲ.. ဟဟ.. ဟားဟား"
သူပြောတာကို မည်သူမှ ဂရုမစိုက်သောကြောင့် အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားရ၏။
"ဟုတ်တယ်မလား ဂျူနီယာညီမလေး" စစ်ယုထန်က လှည့်မေးလိုက်၏။
သူ့ဘေးတွင်ရှိသော ရှန်မန်းကီကလည်း သူပြောတာကို ကြားပုံမရပေ။ ပွဲကြည့်စင်ထက်သို့ တက်လှမ်း၍ မြင့်သထက်မြင့်သွားသော ပုံရိပ်ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေပြီး သူမသည် သူမ၏ ဝိညာဉ်ကို ပျောက်ဆုံးသွားသည့်ပုံပေါက်နေ၏။
ချက်ချင်းဆိုသလိုပင် သူမသည် အချက်အလက်များစွာကို ရှင်းလင်းစွာ နားလည်လာ၏။
ဆရာမိုက သူဖြစ်သောကြောင့် လွန်ခဲ့သည့်တစ်လက သူသည် သူမ၏ဆရာ ပကတိသက်ရှိကန်းလန်ကို ဒူးထောက်ပေးဖို့ သတင်းစကားပါးခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့်ပင် သူက ထောင်ဖုန်းကို အဆင့်မမီဘူးဟု ပြောခဲ့ခြင်းပင်။
ထို့ကြောင့်ပင် ဆရာမိုအကြောင်း ပြောချိန်တွင် သူက မထီတရီပုံစံ ရှိနေခြင်းပင်။
ထို့ကြောင့်ပင် သူမက ဆရာမိုအကြောင်းပြောချိန် သူက သူမကို ထူးဆန်းစွာ ကြည့်နေခြင်းပင်။
ထို့ကြောင့်ပင် မဟာကျိုး၏ တတိယမင်းသမီးကတောင် သူဆီသို့ လှမ်းလာခဲ့ရခြင်းပင်။
ဘာကြောင့်လဲဆိုသော ထိုမေးခွန်းများအားလုံး အချက်တစ်ချက်တည်းနှင့် အကုန်ဖြေရှင်းပြီးသား ဖြစ်သွား၏။
ဆူဇီမိုက ဆရာမို ဖြစ်နေသောကြောင့်ပင်။
ထိုအခိုက်အတန့်၌ သူမသည် ရုတ်တရတ် သူမကိုယ်သူမ အရူးတစ်ယောက်လို ခံစားသွားရ၏။
တတိယမင်းသမီးက အပြုအမူက မရည်ရွယ်ဘဲနှင့် ဆူဇီမိုအတွက် စွမ်းအားကြီးသော ရန်သူများစွာကို ဖန်တီးပေးလိုက်ပြီဟု သူမ ပြောဆိုခဲ့၏။
စောစောက သူမပြောခဲ့သောစကားများကို ပြန်လည်အမှတ်ရသွားပြီး ရှန်မန်းကီသည် သူမကိုယ်သူမ လှောင်ရယ်လိုက်၏။
ဆူဇီမိုအနေနှင့် ထိုကဲ့သို့သောအရာများကို သူကိုယ်တိုင်ဖြေရှင်းနေစရာပင် မလိုပေ။
သူ့ဂုဏ်ပုဒ်ကို ထုတ်ပြလိုက်ရုံနှင့် အဲ့ဒါက လုံလောက်တာထက် ပိုလေသည်။
ရှန်မန်းကီသည် ငူငိုင်နေ၏။
ဟိုးတစ်ချိန် သူမကို အင်မော်တယ်ဂိုဏ်းကနေ ရွေးချယ်လိုက်တုန်းက သူမသည် မော်တယ်များ၏အထက် မိုးမြင့်နန်းသို့ တက်လှမ်းနိုင်ခဲ့ပြီး ဆူဇီမိုနှင့် သူမသည် ကမ္ဘာခြားသွားပြီဟု တွေးထင်ခဲ့ဖူး၏။
သို့သော် အခုအခါမှာတော့ သူမသည် ရုတ်တရတ် သဘောပေါက်သွား၏။
ပြီးခဲ့သည်ကာလများအတွင်း သူမပိုင်ဆိုင်ခဲ့သော အရာများက ဆူဇီမို၏ရှေ့တွင် ဘာမှပြောပလောက်အောင် ထိုက်တန်မနေပေ။
သူမ၏ အသက်က ဆူဇီမိုထံမှ ကတိစကားတစ်ခွန်းလောက်တောင် တန်ဖိုးမရှိတော့ပေ။
ထိုအချိန်၌ ရှန်မန်းကီသည် အမှန်တစ်ကယ် နောင်တရမိလာ၏။
…
သိပ်မကြာမီ ဆူဇီမိုသည် ပွဲကြည့်စင်၏ ဒုတိယအလွှာသို့ ရောက်လာ၏။ ဒုတိယအလွှာတွင် ထိုင်ခုံတစ်လုံးတည်သာလျှင် လွတ်နေတော့လေသည်။
ထိုထိုင်ခုံနေရာက ပုဂ္ဂိုလ်တစ်ဦးတည်း၏အောက် အားလုံး၏ အထက်မှာ ဖြစ်လေသည်။ အဲ့ဒါက မင်းသားများ၊ မင်းသမီးများနှင့် ရတနာ့ကောင်းကင်လေလံအိမ်တော်မှ ဘဏ္ဍာစိုးခေါင်းဆောင်တို့နှင့် တစ်တန်းတည်း ဖြစ်လေသည်။
ဧကရာဇ်က လက်ပြ၍ ပြောလိုက်၏။
"ဆက်သွားပါ"
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
လွတ်နေသော ခုံဘေးတွင် ကျိယောင်ရွှယ်ရှိလေသည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်၏။ ဆူဇီမိုထိုင်ချလိုက်ပြီးနောက် မွှေးကြိုင်သော လေရနံ့က တိုး၀င်လာ၏။
ထို့နောက် ဆူဇီမို၏ အခြားဘေးတစ်ဖက်တွင် နောက်တစ်ယောက်က ပေါ်လာပြန်၏။
သူလှည့်ကြည့်လိုက်ပြီးနောက် အနည်းငယ် မှင်သက်သွား၏။
နတ်ဆိုးမကျိက သူမ၏ ထိုင်ခုံကို ဆူဇီမို၏ ဘယ်ဘက်ဘေးသို့ ရွှေ့ထိုင်လိုက်ပြီး သူ့အနားကို အတင်းတိုးကပ်ထိုင်လိုက်၏။
ထိုသို့ဖြင့် ဆူဇီမို၏ ထိုင်ခုံသည် မင်းသမီးနှစ်ယောက်အကြား ညှပ်သွား၏။
ဆူဇီမိုသည် ညင်သာစွာ ချောင်းဟန့်လိုက်၏။ သူ့မျက်နှာက ချက်ချင်း မအီမသာပုံပေါက်လာ၏။
"ဟင်းဟင်း.. ကျမလဲ ဒီမှာ ထိုင်မယ်နော်" နတ်ဆိုးမကျိ တခစ်ခစ်ရယ်လိုက်၏။
ကျိယောင်ရွှယ်က သူမ၏ ညီမလေးကို ချစ်မြတ်နိုးစွာ ကြည့်ပြီး မနိုင်ဘူးဆိုသည့်ပုံစံ ခေါင်းခါလိုက်၏။
နတ်ဆိုးမကျိ၏ အနိုင်ကျင့်စိုးမိုးတတ်ပုံကို တတိယမင်းသမီးက နားလည်သိရှိထားပုံရပြီး ပြုံးရုံသာပြုံး၍ ဘာမှ ပြောမနေတော့ပေ။ ထို့နောက် သူတို့သည် ဆူဇီမိုကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။
ဆူဇီမိုသည် ရင်ထိတ်သွား၏။ မည်သူမှ မသိလျှင်တောင် နတ်ဆိုးမကျိ၏ ရယ်သံက တစ်နည်းတစ်ဖုံ ထူးခြားနေကြောင်း ဆူဇီမို ဝိုးတဝါး ခန့်မှန်းမိလိုက်၏။
"ဒီနတ်ဆိုးမကျိကတော့ ဘာတွေကြိတ်နေပြန်ပြီလဲ မသိပါဘူး"
ဆူဇီမိုသည် မသိမသာ မျက်မှောင်ကြုတ်၍ ရှေ့တည့်တည့်သို့သာ ကြည့်နေလိုက်၏။
ထိုအချိန်မှာပင် ဧကရာဇ်၏ အသံက အဘက်ဘက်သို့ ဟိန်းထွက်လာ၏။
"ဂိုဏ်းပေါင်းစုံပြိုင်ပွဲ .. တရား၀င် စတင်စေ"