← Chapters

အားလုံးက ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသေးတယ်

Vol. 35 Ch. 515

အားလုံးက ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသေးတယ်

Vol. 35 Ch. 515

ရဲ့လင်းချန် မျက်ခုံးပင့်ကာ ကျိတ်၍ သက်ပြင်းချလိုက်ရသည်။

သူ ထင်ထားသည့်အတိုင်းပင်၊ ဝေဖန်ပြစ်တင်ခြင်း အခြေခံအဆင့်က ပြိုင်ဘက်ကင်း မဟုတ်သေးချေ။ ယင်းက လိုအပ်ချက် ရှိနေဆဲပင်။ အစက သူသည် သူတို့ကို အံ့ဩအောင် လုပ်၍ နှုတ်ဖြင့် ရှင်းလင်းရန် ကြံစည်ခဲ့သည်။ သို့သော် လက်တွေ့၌ ထင်ထားသလို ဖြစ်မလာပေ။ သူသည် သူတို့ကို နှုတ်ဖြင့် မရှင်းနိုင်သည့်အပြင် ဒေါသ ထွက်အောင်ပင် လုပ်ခဲ့မိသည်။

*ဘာပဲဖြစ်ဖြစ် ငါ မင်းတို့ကို သင်ခန်းစာပေးနေတုန်း မင်းတို့က ပြန်ပြောရဲတယ်ပေါ့လေ*

ရဲ့လင်းချန်က နှုတ်ခမ်းကို တင်းတင်းစေ့၍ အော်ဟစ်သော လူကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လေသည်။

တစ်ခဏအတွင်းမှာပင် …

“အား…”

ထိုလူက စူးခနဲ အော်ဟစ်လာ၏။ သူ့မျက်နှာက ရှုံ့မဲ့လာပြီး အသံတွင် နာကျင်မှုတို့ ပြည့်နေ၏။ ထို့နောက် သူက ဒူးထောက် လဲကျသွားလေသည်။

“ဒုန်း”

ကြမ်းပြင်က ပြင်းထန်စွာ လှုပ်ခါသွားသည်။ သူ့ဒူးနှင့် ကြမ်းပြင်တို့ ရိုက်မိသည်နှင့် အက်ရာတစ်ခု ပေါ်လာပြီး အက်ကြောင်းများက ဆက်လက် ပျံ့နှံ့လာသည်။

အရိုးကျိုးသံများနှင့်အတူ ထိုလူ၏ ဒူးများက လူတိုင်း၏ မျက်စိရှေ့၌ သွေးအလိမ်းလိမ်း ဖြစ်လာ၏။

အစောပိုင်းက ရဲ့လင်းချန်သည် နေရာ၌ ရပ်မြဲ ရပ်နေခဲ့သည်။ သူသည် ခြေထောက်ကို အသာမြှောက်၍ ထိုလူ၏ ခြေထောက်ကို ကန်ကျောက်ခဲ့လေသည်။ ထို့နောက် သူသည် ထိုလူ၏ ပခုံးပေါ် လက်တင်၍ အားဖြင့် ဖိချခဲ့သည်။

ရဲ့လင်းချန်၏ ဒေါသဖြင့် တိုက်ခိုက်မှုက မယုံနိုင်လောက်အောင် အားပါးလာသည်။ သူ ဒူးထောက်၍ မကျဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရလေသည်။ ထိုဖိနှိပ်ခြင်းမှ ထိုလူ အသက်ရှင်နေသေးသည်ကပင် ကံကောင်းနေလေပြီ။

“ဂါး”

ထိုလူ၏ သနားစရာ အသွင်အပြင်က အခြားသူများကို ထိတ်လန့်သွားစေသလို သူတို့စိတ်တွင်းမှ ကြမ်းတမ်းသော သဘာဝအား နှိုးဆွပေးလိုက်သလို ဖြစ်သွားလေသည်။ သူတို့ကို ခက်ထန်စွာ မာန်ဖီ၍ ရဲ့လင်းချန်ထံသို့ ပြေးတက် သွားသည်။

သူတို့ လက်နက်များ ဆုံးရှုံးသွားသော်လည်း သူတို့၏ လက်သည်းများ ရှိနေသေးသည်။

လက်ရှိတွင် လေတိုးသံများကိုပင် ကြားနေရသည်။ သူတို့ ဘေးပတ်လည်မှ လေထုက အက်ကွဲသွားသည့်ပုံပင်။

လူဆယ့်လေးယောက်၊ လက်သည်း ၅၆စုံနှင့် အစွယ် ဆယ့်လေးစုံ။ သူတို့ထဲမှ အချို့တွင် ကျောပေါ်၌ ဆူးချွန်များပင် ပေါက်နေသေးသည်။ အသက်ဘေးကို ခြိမ်းခြောက်နိုင်စွမ်းက နေရာတိုင်း၌ ရှိနေပြီး ဆိုးရွားသော အခြေအနေတစ်ခုကို ဖြစ်ပေါ်စေနေသည်။

ရဲ့လင်းချန်၏ မျက်လုံးများက ချက်ချင်း ဝင်းလက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ခန်း၏ လေ့ကျင့်ခန်းများကို ပြုလုပ်ပြီးကတည်းက သူ၏ ပေါ့ပါးမှုက ပြိုင်ဘက်ကင်းလာကာ သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုများကို စိတ်ကြိုက် ထိန်းညှိနိုင်လေသည်။ သူ၏ နဂါးဖမ်းလက်သိုင်းကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။ လက်သည်းချက်တိုင်းက သိုင်းပညာရှင် တစ်ယောက်၏ အဆစ်များကို လွဲစေနိုင်သဖြင့် အဆစ်လွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

“ဟမ့်”

ရဲ့လင်းချန်က နှာမှုတ်သံ ပြုကာ စိတ်မရှည်တော့ချေ။ သူသည် ကြမ်းပြင်ကို ခြေဆောင့်၍ လက်၌ အားများ စုစည်းလိုက်သည်။ သူ့ဘေးပတ်လည်မှ လေထုသည် အလွန် ဖိအားများလာသလို ခံစားလာရသည်။ ယင်းက ကြီးမားသော စွမ်းအင်တစ်ခု နိုးထလာသလိုပင်။ ၎င်း နိုးထလာသည်နှင့် ကြီးမားသော အဖျက်စွမ်းအင်ကိုလည်း ရှောင်တိမ်းမရတော့ချေ။

လူတိုင်းသည် စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခုကို ခံစားလာရသည်။ သူတို့ အလွန် နေရခက်သလို ခံစားနေရသည်။

ထို့နောက် ရဲ့လင်းချန်က လက်သီးတစ်လုံး ထိုးသွင်းလိုက်သည်။ အတွင်းအားကို မျက်လုံးဖြင့် မြင်ရရန် ခက်ခဲသော်လည်း လေထုထဲမှ အက်ကြောင်းကို မြင်နေရဆဖြစ်ကာ လေထုကို စုတ်ဖြဲနေသည်ဟု ထင်မှတ်ရသည်။

“ဝုန်း”

ဗုံးတစ်လုံး ပေါက်ကွဲသံကဲ့သို့သော ပေါက်ကွဲသံနှင့်အတူ ဒုတိယထပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူဆယ့်ငါးယောက်လုံး လွင့်ထွက်သွားပြီး တကွဲတပြား ပြန်ကျလာသည်။ တစ်ချို့ဆိုလျင် ခန္ဓာကိုယ်ပင် မပြည့်စုံတော့ဘဲ ကြမ်းပြင်ပေါ်၌ အသက်မဲ့စွာ လဲနေကြသည်။

ငါးထပ်မြောက်၌ … သုသာန်အလား တိတ်ဆိတ်နေ၏။

သခင်လေး ထာခဲရှီနှင့် အခြားသူများသည် အကြီးအကဲ ဟီရှီုရှီအား လှမ်းကြည့်လာသည်။ သူတို့၏ မျက်လုံးများတွင် မေးခွန်းများနှင့် ဝေခွဲမရမှုများ ပြည့်နှက်နေသည်။

အကြီးအကဲ ဟီရှိုရှီက ရဲ့လင်းချန်၏ အရည်အချင်းကို ယုံကြည်မှုရှိစွာ ဝေဖန်ခဲ့ပြီး နှစ်ထပ်လုံးမှ လူများ သူ့ကို ဝိုင်းတိုက်ပါက နှစ်ဦးနှစ်ဖက် ကြီးမားမှုများလိမ့်မည်ဟု သုံးသပ်ခဲ့သည် မဟုတ်ပါလော။

ထိုစကားက ယခုအထိ သူတို့နားထဲ၌ စွဲထင်နေသေးသလိုပင်။

သို့သော် လက်တွေ့တွင် ရဲ့လင်းချန်က အရာအားလုံးကို ချွေးပင်မထွက်ဘဲ ဖြေရှင်းခဲ့သည်။ သူသည် သူတို့အား လက်ချည်းသက်သက်ဖြင့် တိုက်ခိုက်နိုင်စွမ်းပင် ရှိနေလေ၏။ အထူးသဖြင့် သူ၏ နောက်ဆုံး တိုက်ကွက်က အံ့ဩစရာ ကောင်းပြီး ပေါက်ကွဲနိုင်သော စွမ်းအားနှင့် တူနေလေသည်။

တိုက်ပွဲတစ်ခုလုံးက နှစ်မိနစ်ပင် မကြာလိုက်ပါ။

*ဆုံးရှုံးမှု ကြီးမားလိမ့်မယ်တဲ့လား*

သူတို့သည် အဆင့်တူပင် မဟုတ်ချေ။ ယင်းက သားသတ်ရုံသို့ သိုးများ ပို့လိုက်သည်နှင့်ပင် ပိုတူနေ၏။

အကြီးအကဲ ဟီရှိုရှီသည် အစောပိုင်းက အလွန် ယုံကြည်မှု ရှိနေပုံပေါ်သည်။ သူ့စကားများက မယုံနိုင်စရာ ကောင်းလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

“ဟဲဟဲ ကိစ္စမရှိပါဘူး”

အကြီးအကဲ ဟီရှိုရှီက အေးအေးလူလူ ရယ်မောနေသည်။ သူသည် မယုံသင်္ကာ အကြည့်များကို လျစ်လျူရှု၍ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ဒီကောင် ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အတွင်းအားသုံးနိုင်တဲ့ သိုင်းပညာရှင်အဆင့်ကို ရောက်နေတာက အတော်လေး ကြောက်ဖို့ကောင်းတယ်၊ သူ့ရဲ့အတွင်းအားက ဒီလောက် အခြေခံ ကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ သူ အစွမ်းထက်တဲ့ သိုင်းပညာတစ်ချို့ ရထားတာ ဒါမှမဟုတ် သူ့ကို အာဟာရ ဖြစ်စေတဲ့ နှစ်တစ်ထောင် ဂျင်ဆင်းတစ်ချို့ စားထားတာမျိုး ဖြစ်မယ်၊ အားလုံးက ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပါ သေးတယ်”

သူသည် အပေါ်ယံ၌ တည်ငြိမ်နေပုံပေါ်သော်လည်း စိတ်ထဲတွင် အလွန် အရူးလုပ်ခံရသလို ခံစားနေရသည်။ သူ ရင်ထဲ၌ အမျိုးအမည်မသိသော မီးတစ်ခု တောက်လောင်နေ၏။

သူ၏ လေ့လာမှုများနှင့် ပတ်သက်၍ ယုံကြည်ချက် ရှိသော်လည်း ရဲ့လင်းချန်က လူတိုင်းရှေ့၌ သူ့အား အကြီးအကျယ် အရှက်ရစေခဲ့သည်။

တစ်ရာတစ်ဆယ့်သုံးနှစ်တိုင်တိုင် အသက်ရှင်လာပြီးနောက် သူ့အတွက် အရေးအကြီးဆုံးအရာမှာ သူ၏ ဂုဏ်သတင်း ဖြစ်သည်။

သူသည် အစက အပြည့်အဝ လေလုံးထွားထားရန် ကြံစည်ထားခဲ့သည်။ သို့သော် သခင်လေး ထာခဲရှီနှင့် အခြားသူများရှေ့၌ သူ မှတ်ချက်ချပြီးသည်နှင့် မိနစ်ပိုင်းအတွင်းမှာပင် သူ့ကို မျက်နှာ ဖြတ်ရိုက်မည့် လှည့်ကွက် တစ်ခု ပေါ်လာခဲ့သည်။

“ဖြောင်း ဖြောင်း ဖြောင်း”

သူ့မျက်နှာ ဖြတ်ရိုက်ခံရသည့် အသံကျယ်များကိုပင် ကြားရလုနီးပါး ဖြစ်လာပြီး သူ၏ အိုမင်းနေသော ပါးနှစ်ဖက်က နီရဲလာ၏။

*ယီးပဲ*

*ဒီအမှိုက်ကောင်က ငါ့ကို ဒီလို အရှက်ရအောင် လုပ်ရဲတယ်တဲ့လား*

အကြီးအကဲ ဟီရှိုရှီ၏ စိတ်ထဲ၌ ဒေါသူပုန်ထနေလေသည်။

“အကြီးအကဲ ဟီရှိုရှီ၊ ဒီအတွင်းအားက … မဟုတ်မှလွဲရော ဟိုအတွင်းအားလား၊ ဒီကောင်က ယန်ကိုးမျိုး နတ်ဘုရား သိုင်းကျမ်းကို ကျင့်ကြံထားတာများလား”

သခင်လေး ထာခဲရှီ ပင့်သက်ရှိုက်မိသွားသည်။ သူ့နှလုံးခုန်နှုန်း မြန်လာပြီး ကြောက်စိတ်ကို ခံစားမိလာသည်။ ဝူရှ ဝတ္ထုများထဲကကဲ့သို့ အတွင်းအား သုံးနိုင်သည့် ပညာရှင်ကို မြင်ရလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူ့ရင်ထဲ၌ ကြောက်စိတ်က စိုးမိုးလာလေသည်။

“ဟားဟား ဒါက အတွင်းအားလေးပါ၊ ဒီလောက်တော့ ငါလည်း လုပ်နိုင်တယ်”

အကြီးအကဲ ဟီရှိုရှီက ပခုံးတွန့်ပြသည်။ သူသည် ဤအရှက်ရမှုမှ ဂုဏ်ယူစွာ ပြန်အဖက်ဆယ်နိုင်ရန် စဉ်းစား ထားသည်။ ထို့နောက် သူက သခင်လေး ထာခဲရှီကို တစ်ချက်ကြည့်၍ ခနဲ့လိုက်သည်။

“ပြီးတော့ မင်းက ငါ့ကို သံသယ ဝင်နေတာလား၊ တကယ်တော့ ဒီကောင်က အားကုန်လုနီးပါး ဖြစ်နေပြီ”

“အားကုန်လုနီးပါး ဟုတ်လား”

သခင်လေး ထာခဲရှီ မျက်လုံးပြူးသွားပြီး အကြီးအကဲ ဟီရှိုရှီအား တအံ့တဩ ကြည့်လေသည်။

“ဟားဟား ဟုတ်တယ်”

အကြီးအကဲ ဟီရှိုရှီက ရဲ့လင်းချန်၏ ခန္ဓာကိုယ်ကို လက်ညှိုးထိုးပြသည်။

“သူ့ကိုယ်ပေါ်က ဒဏ်ရာကို ကြည့်လိုက်”

ဤသို့ အနီးကပ် တိုက်ခိုက်မှုများနှင့် ကြုံရသောအခါ ရဲ့လင်းချန်သည် ခြစ်ရာအချို့ကို မရှောင်တိမ်းနိုင်ပေ။ တိုက်ခိုက်မှုများကြောင့် သူ့ခန္ဓာကိုယ်တွင် စုတ်ပြဲရာအချို့ ရှိနေကာ သွေးများ ထွက်နေ၏။

“ဒီဒဏ်ရာက …”

သခင်လေး ထာခဲရှီသည် ဒဏ်ရာဟုပင် သတ်မှတ်ရန် ခက်ခဲသည့် ခြစ်ရာများကို ကြည့်နေသည်။ တစ်ခဏမျှ တိတ်နေပြီးမှ သူက ဆက်ပြောလေသည်။

“ထူးခြားတာပဲ”

အကြီးအကဲ ဟီရှိုရှီက သခင်လေး ထာခဲရှီကို အံ့ဩသလို တစ်ချက်ကြည့်ပြီးနောက် အသိအမှတ် ပြုသကဲ့သို့ ပြုံးလေသည်။

“မင်း မြင်ရတာလား၊ ကောင်းလိုက်တဲ့ အမြင်အာရုံ၊ ဒီဒဏ်ရာက ထူးခြားတယ် ဘာလို့လဲဆိုတော့ အဆိပ် ရှိလို့ပဲ”

*အဆိပ်လား*

သခင်လေး ထာခဲရှီ အံ့ဩသွားသည်။ ထို့နောက် သူသည် ပြုံးလာပြီး မျက်လုံးတွင် နားလည်သွားသော အရိပ်အယောင်နှင့် ပြည့်နေလေသည်။

မျိုးရိုးဗီဇ ပြောင်းလဲခြင်းက အသွင်အပြင်ကိုတင် ပြောင်းလဲစေခြင်း မဟုတ်ပါ။ ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်း များကိုလည်း ပြောင်းလဲစေသည်။ အဆိပ်ပြင်းသော မြွေများကဲ့သို့ပင် သူတို့သည် အဆိပ်ကို သိုလှောင်နိုင်၏။

ဒဏ်ရာက မကြီးသော်လည်း အဆိပ်သည် ခြစ်ရာမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့ပြီးနေလေပြီ။ ထိုအဆိပ်က သာမန်လူတစ်ယောက် ခံနိုင်သောအရာ မဟုတ်ပေ။

“သူ သေချာပေါက် သေမှာပဲ”

သခင်လေး ထာခဲရှီ၏ အသက်ရှူသံက မြန်လာပြီး ရဲ့လင်းချန် သေရတော့မည့် ကံကြမ္မာကို မြင်ယောင်ကာ သူ့အား ဝမ်းသာအားရ ကြည့်နေ၏။

“ဟဲဟဲ လေးထပ်က အရာတွေက မပြည့်စုံသေးဘူး၊ သူက သေခါနီးနေပြီဆိုတော့ ငါးထပ်ကို တန်းလာခိုင်း လိုက်တော့၊ သူ မသေခင် ဘယ်နှစ်စက္ကန့် ခံနိုင်မလဲ မှန်းကြည့်မလား”

အကြီးအကဲ ဟီရှိုရှီက စဉ်းလဲစွာ ရယ်၍ မေးလေသည်။

သခင်လေး ထာခဲရှီ မဖြေခင်မှာပင် အကြီးအကဲ ဟီရှိုရှီက လက်သုံးချောင်း ထောင်ပြပြီး ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

“စက္ကန့် သုံးဆယ်၊ သူ စက္ကန့်သုံးဆယ်ထက် ပိုခံမှာ မဟုတ်ဘူး”

လက်ရှိတွင် သူ့ကိုယ်သူ သက်သေပြရန် အသည်းအသန် လိုအပ်နေသည်။ အစောပိုင်းက သူ့ ကြွားဝါထားခြင်းက မမှန်သဖြင့် သူ ကြွားဝါးသည့် နည်းလမ်းပြောင်းရန် လိုအပ်နေလေသည်။

“သူ စက္ကန့် သုံးဆယ်အတွင်း လဲမှာလား”

သခင်လေး ထာခဲရှီ အံ့အားသင့်သွားရသည်။ အဆိပ်က ထိုမျှ‌ ကြောက်စရာ ကောင်းလိမ့်မည်ဟု သူ ထင်မထားမိပါ။

“ဟုတ်တယ်၊ စရေထားလိုက်တော့”

“ဒေါက် ဒေါက် ဒေါက်”

ရဲ့လင်းချန်၏ ခြေသံများက တဖြည်းဖြည်း ထွက်ပေါ်နေသည်။ တတိယထပ်မှ ဖန်ပြောင်းချောင်များက ဗလာကျင်း နေ၏။ သူ လျှောက်သွားမနေဘဲ လေးထပ်သို့ ဆက်လျှောက်လာလိုက်သည်။

All Chapters