← Chapters

မင်းက သန္ဓေပြောင်းလဲခြင်းကို အားကိုးပင်မယ့် ငါက ကျင့်ကြံခြင်းကို အားထားတယ်

Vol. 35 Ch. 517

မင်းက သန္ဓေပြောင်းလဲခြင်းကို အားကိုးပင်မယ့် ငါက ကျင့်ကြံခြင်းကို အားထားတယ်

Vol. 35 Ch. 517

“ဝုန်း”

အကြီးအကဲ ဟီရှီုရှီ၏ ခန္ဓာကိုယ်က လွင့်ထွက်သွားလေသည်။ သူသည် လေထဲ၌ လွင့်သွားပြီးနောက် ခပ်လှမ်းလှမ်းမှ နံရံနှင့် ဝင်တိုက်သဖြင့် မာကျောလှသော နံရံတွင် လူပုံစံ ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်လာလေသည်။

ဖုန်များ တထောင်းထောင်း ထလာ၏။

ထို့နောက် သူတို့သည် တစ်လက်မလေးမှ မရွေ့သည့် ရဲ့လင်းချန်အား လှမ်းကြည့်မိလိုက်ကြသည်။

သူသည် လက်သီးဖြင့် ထိုးလိုက်သည့် ပုံစံကို ထိန်းထားပြီး နေရာ၌ မယိမ်းယိုင်သော ထင်းရှူးပင်ကဲ့သို့ မတ်မတ် ရပ်နေသည်။

“ဂလု”

အခန်းထဲ၌ လူတိုင်း တံတွေးကို မနည်းမျိချုလိုက်မိသည်။ သူတို့၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်လာပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။

“သူ တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး”

အကြီးအကဲ ဟီရှိုရှီ၏ စကားက သူတို့နားထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်သော်လည်း ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေက အတော်လေး ဆိုးရွားလှသည်။

သခင်လေး ထာခဲရှီ၏ မျက်လုံးများက ကျွတ်ကျမတတ် ဖြစ်နေကာ ပါးစပ် အဟောင်းသား ဖြစ်နေ၏။ အကြီးအကဲ ဟီရှိုရှီ၏ ကြီးကျယ် ခမ်းနားပုံနှင့် မာနကြီးပုံတို့က သူ့စိတ်ထဲ စွဲထင်နေဆဲ ဖြစ်သည်။ မသင့်တော်သော အခြေအနေသာ မဟုတ်ပါက သူ “ဝမရှိဘဲ ဝိမလုပ်ချင်နဲ့” ဟု ပြန်ပြောမိလောက်သည်။

“အဟွတ် အဟွတ်”

ဖုန်များ ငြိမ်သွားပြီးနောက် အကြီးအကဲ ဟီရှိုရှီ၏ ချောင်းဆိုးသံကို ကြားလိုက်ရသဖြင့် သူတို့ လှမ်းကြည့် လိုက်ကြသည်။

သူ၏ ဆံပင်ဖြူများက ပုံပျက်နေပြီး ပါးစပ်ထောင့်၌ သွေးများ ကပ်ညိနေသည်ကို သူတို့ မြင်လိုက်ရသည်။ သူ့လက်သီးက ညွတ်ကျနေသည်။ သူ့ပခုံးမှ ကြွက်သားများတောင်မှ စုတ်ပြဲနေလေသည်။ သူ၏ ခန္ဓာကိုယ်က တုန်ခါနေပြီး ရဲ့လင်းချန်အား မယုံနိုင်ဟန်တို့ ပြည့်နေသော အကြည့်ဖြင့် ကြည့်နေသည်။

သို့သော် ဤသို့သော စွမ်းအားအောက်၌ သူသည် အသက်ရှင်နိုင်နေသေး၏။

“ဟားဟား … အံ့ဩစရာပဲ၊ အံ့ဩဖို့ကောင်းတယ်”

အကြီးအကဲ ဟီရှိုရှီ၏အသံက အက်ကွဲနေသည်။ သူ့မျက်လုံးများက စွေးစွေးနီနေသည်။ သူ့ပုံစံသည် သနားစရာ ကောင်းနေသော်လည်း ဆန်းကြယ်သော စွမ်းအင်တစ်ခု ထွက်ပေါ်နေပုံ ပေါ်သည်။

“မင်း သိုင်းပညာကို ဒီလောက်အဆင့်ထိ တတ်နေမယ်လို့ ငါ ထင်မထားဘူး၊ အဲ့အပိုင်းမှာ မင်းက အသန်မာဆုံးပဲ ဆိုတာကို ငါ ဝန်ခံတယ်”

ပုံမှန်အတိုင်း လေလုံးထွားနေပြီးနောက် သူ၏ ခန္ဓာကိုယ်က ထူးဆန်းသော ပြောင်းလဲမှု လက္ခဏာများ ပြလာသည်။

“ဒါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သခင်လေး ထာခဲရှီ အပါအဝင် အားလုံးက သူ့ကို မယုံနိုင်ဟန်ဖြင့် မျက်လုံး အပြူးသား ကြည့်နေကြသည်။ သူ၏ ခန္ဓာကိုယ်က ဆိုးရွားသော ဒဏ်ရာများမှ ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာသည်။

နှေးသည်ဟု ထင်ရသော်လည်း ၎င်းသည် မျက်လုံးဖြင့် သိသိသာသာ မြင်နိုင်သော နှုန်းဖြစ်သည်။ ယင်းက အလွန် အံ့ဩစရာ ကောင်းလှပေသည်။

စက္ကန့် နှစ်ဆယ်အတွင်း သူ့ခန္ဓာကိုယ်မှ ဆိုးရွားသော ဒဏ်ရာများက အပြည့်အဝ ပြန်ကောင်းသွားပြီး မသိလျင် လုံးဝ ဒဏ်ရာမရထားသလိုပင်။ သွေးထွက်ခြင်းကလည်း ရပ်တန့်သွားသည်။ သို့သော် ထိုအစား သူ၏ ခန္ဓာကိုယ်တွင် အစိမ်းရောင် ကြေးခွံများ ပေါက်လာပြီး အရေပြားက ကြမ်းတမ်းလာ၏။

“ငါ့ရဲ့ လူသား မဟုတ်တဲ့ပုံစံကို ပြောင်းလာအောင် ဖိအားပေးနိုင်တဲ့အတွက် မင်း ဂုဏ်ယူသင့်တယ်”

အကြီးအကဲ ဟီရှိုရှီ၏ အသံက ဆိုးရွားလာသည်။ သူသည် လူသား ဘာသာစကားကို ပြောရန် ကြိုးစားနေသည့် သားရဲတစ်ကောင်နှင့် တူနေသည်။ သူ့အသံက လူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။

“ဗြိ”

ရုတ်တရက် သူ့အရေပြားက စုတ်ပြဲလာ၏။ မူလက ပိန်လှီနေသော လက်မောင်းက ပျောက်ကွယ်သွားပြီး ချွန်ထက်သော လက်သည်းများ ရှိသည့် ကျစ်လျစ်သော အစိမ်းရင့်ရောင် လက်မောင်းအဖြစ်သို့ ပြောင်းလဲ သွားလေသည်။

*ကင်းလိပ်ချောလား၊ ဖွတ်လား*

ရဲ့လင်းချန် မျက်ခုံးလှုပ်သွားသည်။

အကြီးအကဲ ဟီရှီုရှီသည် လူသားနှင့် ဖွတ်တို့ မျိုးစပ်ထားသည့်သူ ဖြစ်သည်မှာ သိသာလှသည်။ သူ့မျက်လုံး များကတောင်မှ ကင်းလိပ်ချော၏ မျက်လုံးပုံစံသို့ ပြောင်းလဲသွားသည်။

“ဒုန်း”

ထို့နောက် အကြီးအကဲ ဟီရှိုရှီသည် အမီလိုက်ရန် ခက်ခဲသည့် အရှိန်ဖြင့် ရုတ်တရက် ပြေးတက် လာ၏။ ယင်းက သားကောင်ကို လိုက်နေသည့် ဖွတ်တစ်ကောင်နှင့် တူနေသည်။ တစ်ခဏကြာသော် သူသည် ရဲ့လင်းချန်ရှေ့၌ ပေါ်လာလေသည်။

သူ၏ ကြီးမားသော ဖွတ်ကဲ့သို့ လက်သည်းများက လူ့ဦးခေါင်းထက်ပင် ပိုကြီးနေသည်။ ၎င်း၏ ချွန်ထက်သော လက်သည်းများက လက်သီးသဖွယ် ကွေး၍ ရဲ့လင်းချန်အား ထိုးနှက်လာသည်။

*ဒီကောင် … သေဖို့လိုတယ်*

လေလုံးကြီးထားသမျှ အကြိမ်ကြိမ် မအောင်မြင်သဖြင့် အကြီးအကဲ ဟီရှိုရှီ၏ ဒေါသက ပွက်ပွက်ဆူနေလေပြီ။ ရဲ့လင်းချန်ကို အပြီးတိုင် နင်းချေပြီးမှသာလျင် ကြွားလုံးဘုရင်အဖြစ် သူ့ပုလ္လင်ပေါ် ပြန်တက်နိုင်ပေလိမ့်မည်။

ဖွတ်တစ်ကောင်၏ ကြောက်စရာကောင်းသော သဘာဝအား ရှင်းပြစရာပင် မလိုအပ်ပါ။ ယင်းကို လူသားနှင့် ပေါင်းစပ်လိုက်သောအခါ တိုးလာသော ခွန်အားက ပြင်းထန်လှသည်ဟု ဆိုရပေမည်။

အစောပိုင်းက လူများကို သားရဲတစ်ကောင်၏ ခွန်အားနှင့် မျိုးစပ်ထားသော်လည်း သူတို့သည် အကြီးအကဲ ဟီရှိုရှီနှင့် အဆင့်ချင်း မတူပါ။

ထိုလက်သည်းများ၌ ပူပြင်းသော စွမ်းအင်လှိုင်းတစ်ခု စီးဆင်းနေသည်ကို သိသိသာသာ မြင်နေရသည်။ ယင်းကား … အတွင်းအားပင်တည်း။

သားရဲတစ်ကောင်၏ ခွန်အားနှင့် အရှိန်တို့ကို သိုင်းပညာရှင်၏ အတွင်းအားနှင့် ယှဉ်တွဲလိုက်သည့်အပြင် လူသား တစ်ယောက်၏ အသိဉာဏ်နှင့် ပေါင်းစပ်လိုက်သောအခါ ခွန်အားက ကြောက်စရာကောင်းသည်ထက် ပိုသည်ဟုသာ ဆိုရပေတော့မည်။

“ဟားဟားဟား မင်းမျက်လုံးကို ဖွင့်ပြီး သေချာ ကြည့်ထား၊ ငါ ကြွားပြောရတာကို ကြိုက်လို့တော့ မဟုတ်ဘူး၊ ဒါပေမဲ့ ငါက တကယ်ကို အံ့ဩဖို့ ကောင်းတာ”

အကြီးအကဲ ဟီရှီုရှီက မာန်အပြည့်နှင့် ကြုံးဝါးလေသည်။ လက်ရှိအချိန်၌ သူသည် ကြမ်းပြင်တစ်ခုလုံးကို လက်သီး တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သည်ဟုပင် ခံစားနေရသည်။

“စိတ်ဝင်စားစရာပဲ”

ရဲ့လင်းချန်၏ အမူအရာက လေးနက်လာပြီး အကြည့်များက အေးစက်လာသည်။ သူသည်လည်း လက်ကိုဝင့်၍ အကြီးအကဲ ဟီရှိုရှီအား ပြန်လည် ထိုးနှက်လိုက်သည်။

သူ၏ လက်သီးက အကြီးအကဲ ဟီရှိုရှီနှင့် ယှဉ်လိုက်လျင် သေးငယ်နေ၏။ ယင်းက မိန်းမလှလေးနှင့် သားရဲအား နှိုင်းယှဉ်ထားသလိုပင်။ ဤမြင်ကွင်းကိုသာ မှတ်တမ်း တင်ထားမည်ဆိုပါက ဘာအထူးပြုလုပ်ချက်မှ မလိုသည့် ထိပ်တန်းအဆင့် သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ကားတစ်ကား ဖြစ်လာမည်မှာ အသေအချာပင်။

“ဝုန်း”

ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာသည်။ အခန်းတွင်းမှ တည်ငြိမ်နေသော လေထုသည် ချက်ချင်း ဟာရီကိန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်အား သင်တုန်းဓားသွားကဲ့သို့ ဖြတ်တောက် နေ၏။

“ဒ…ဒ…ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အကြီးအက ဟီရှိုရှီ၊ သခင်လေး ထာခဲရှီနှင့် အခြားသူများအားလုံး ကြက်သေ သေသွားကြသည်.

ရဲ့လင်းချန်က တုပ်တုပ်ပင် မလှုပ်ချေ။

ဤသို့ ကြောက်စရာကောင်းသော စွမ်းအင်က သူတို့ကို အရိုးထဲအထိ တုန်လှုပ်အောင် လုပ်နိုင်နေလေပြီ။ ထို့အပြင် ရဲ့လင်းချန်က လူသားတစ်ယောက်သာ ဖြစ်သည်။ သူက ဘယ်လိုလုပ် ထိုသို့သော ခွန်အားမျိုး ထုတ်ဖော်နိုင် ရသနည်း။

“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”

အကြီးအကဲ ဟီရှိုရှီသည် ရူးသွပ်နေသော အမူအရာသို့ ချက်ချင်း ပြောင်းလဲသွားသည်။

“ငါ အသေးစိတ်နီးပါး တွက်ချက်ခဲ့ပြီးသား၊ လူသားတွေက မွေးကတည်းက အားနည်းပြီးသား၊ သူတို့ ခန္ဓာကိုယ် ခွန်အားနဲ့ အကန့်အသတ်တွေက သားရဲရှိုင်းတွေကို လုံးဝ မယှဉ်နိုင်ဘူး၊ မင်းက ဘယ်လိုလုပ် ဒီလောက် ခွန်အားတွေ ရနေတာလဲ”

“ဝုန်း ဝုန်း ဝုန်း”

သူတို့သည် ဆက်လက်၍ ထိုးနှက် တိုက်ခိုက်နေ၏။ အစ၌ သူတို့သည် ဘက်ညီနေသည်ဟု ထင်ရလေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အကြီးအကဲ ဟီရှိုရှီ၏ ခန္ဓာကိုယ်က ပြန်လည် တွန်းပို့ခံနေရသည်။

အကြီးအကဲ ဟီရှိုရှီသည် နောက်သို့ ပြန်တွန်းခံနေရသဖြင့် လက်ဖက်ရည် စားပွဲဝိုင်း၊ ဆိုဖာနှင့် အခြားသော ပရိဘောဂများနှင့် တိုက်မိနေသည်။ သူနှင့် ထိမိသော အရာအားလုံးက တစ်စစီ ဖြစ်ကာ လွင့်ထွက်သွားသည်။

ဆက်လက် တိုက်ခိုက်လေလေ သူ၏ ထိတ်လန့်မှုက ကြီးထွားလာလေပင်။ အကြီးအကဲ ဟီရှိုရှိသည် သူ၏ လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ နံရံနှင့် ထပ်မံ၍ တိုက်မိကာ အက်ကြောင်း ပေါ်လာလေသည်။

“ဝေါ့”

သူ သွေးတစ်လုပ် အန်လာပြီး ရရှိခဲ့သည့် ပြင်းထန်သော ဒဏ်ရာကြောင့် တုန်ယင်လာလေသည်။

သူ့ဒဏ်ရာများ ပြန်ကောင်းလာစေရန် ဖွတ်အသွင်ကို မှီခို၍ ရသော်လည်း ၎င်းအရည်အချင်းက အကန့်အသတ် ရှိသည်။ ယင်းက ဤသို့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို မခံနိုင်ပါ။

အကြီးအကဲ ဟီရှိုရှီ၏ မျက်လုံးတွင် ပြောမပြနိုင်လောက်သည့်‌ ကြောက်စိတ်တို့ စိုးမိုးနေသည်။

သူ့စိတ်ထဲတွင် ရဲ့လင်းချန်အား လူသားတစ်ယောက်ဟုပင် မသတ်မှတ်နိုင်ပါ။ သူ့ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေသော မိစ္ဆာတစ်ကောင်ပင်။

“မင်းက ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်နေရတာလဲ”

အကြီးအကဲ ဟီရှိုရှီသည် လက်တွေ့ကို လက်ခံနိုင်စွမ်းမရှိ ဖြစ်နေသည်။

သူသည် ဖွတ်၏ ခွန်အားကို အငှားယူထားသည့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ ယင်းက သူ့ကို နှစ်ဖက်လုံး၏ အားနည်းချက်များကို ဖုံးပေးပြီး ပြိုင်ဘက်ကင်းသော တည်ရှိမှုအဖြစ်သို့ ပြောင်းလဲပေးသည်။ သူ့ကိုယ်သူ နတ်ဘုရားဟုပင် ကြေညာချင်စေသည်။ ဘယ်လိုလုပ် သူက ဘာမဟုတ်သော လူသားထံ၌ ရှုံးနိမ့်ရသနည်း။

“ခင်ဗျားက သန္ဓေပြောင်းလဲခြင်းကို အားကိုးတယ်၊ ကျုပ်ကတော့ … ကျင့်ကြံခြင်းကို အားထားတယ်”

ရဲ့လင်းချန် ပြုံး၍ တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် အကြီးအကဲ ဟီရှိုရှီ၏ ဖွတ်လက်မောင်းကို ဖမ်းဆွဲ၍ လိမ်လိုက်သောကြောင့် ကျိုးပဲ့သံ ထွက်ပေါ်လာလေသည်။

“မြတ်စွာဘုရား၊ ဒါ … ဒါ … ဒါက ရူးချင်စရာ ကောင်းလိုက်တာ”

သခင်လေး ထာခဲရှီ နားဝေတိမ်တောင် ဖြစ်သွားပြီး တအံ့တဩ ထအော်လေသည်။ ထို့နောက် သူသည် ခြောက်ထပ်သို့ ပြေးတက်သွားသည်။ အခြားသူများသည်လည်း မနှေးပေ။ လက်ရှိ အခြေအနေကို ကြည့်ပြီး သူတို့ လျင်မြန်စွာ နောက်ဆုတ်ကြလေသည်။

“အကြီးအကဲ ဟီရှိုရှီက ငါ့အတွက် အတော်လေး ဒုက္ခများစေတာပဲ၊ သူ မယှဉ်နိုင်ဘူးဆိုတာကို ဝန်ခံလိုက် သင့်တယ်၊ သူက လောကမှာ အတော်ဆုံးလို့ ဘာလို့ ပြုမူနေရတာလဲ၊ သူက ငါ့ကို သေအောင် လုပ်နေတာပဲ”

သခင်လေး ထာခဲရှီ ကြောက်ရွံ့နေသည်။ လက်ရှိတွင် သူ့အတွက် အရေးကြီးသည်က တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ ထွက်ပြေးခြင်းပင်။

*ထွက်ပြေးဖို့ ကြိုးစားတာလား*

ရဲ့လင်းချန် မျက်ခုံးပင့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်မှ ပျက်စီးနေသော ကြွေပြားကို ကန်ထုတ်လိုက်သည်။ သူ၏ ခွန်အားကြောင့် ထိုအပိုင်းအစသည် အချွန်ထက်ဆုံး လျှို့ဝှက်လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး စူးရှသော အသံဖြင့် ပျံသန်းသွားလေသည်။

“ရွှီး”

အပိုင်းအစများက အလုပ်သများထဲမှ တစ်ယောက်၏ လည်ပင်းသို့ ထိုးစိုက်သွားသည်။ ငါးစက္ကန့်အတွင်း အလုပ်သမား ခြောက်ယောက်လုံး သေဆုံးသွားလေသည်။

ထိုအခိုက်တွင် သခင်လေး ထာခဲရှီသည် လှေကားထိပ်သို့ ရောက်နေလေပြီ။

“မင်း ငါ့ကို သတ်လို့မရဘူး၊ ငါ သေရင် အမာတဲရာစု မျိုးရိုးဗီဇက လောကကြီးကို အေးချမ်းအောင် ထားမှာ မဟုတ်ဘူး”

သခင်လေး ထာခဲရှီ၏အသံက စူးရှပြီး ကြောက်စိတ်တို့ ပြည့်နေသည်။

ရဲ့လင်းချန်၏ အကြည့်က လေးနက်သွားသည်။ သူသည် အပိုစကားပြော၍ အချိန်ဖြုန်းမနေဘဲ သူ့အနားမှ သစ်သားပြား အပိုင်းအစကို အသာအယာ ကန်ကျောက်လိုက်သဖြင့် ယင်းက သခင်လေး ထာခဲရှီထံသို့ ဓားသွား သဖွယ် ပျံသန်းသွားလေသည်။

သခင်လေး ထာခဲရှီ မျက်နှာ ဖြူရော်သွားပြီး ဘေးသို့ ရှောင်တိမ်းလိုက်သည်။ ထိုသစ်သားပြားသည် သူ၏ လက်မောင်းနားမှ ဖြတ်သန်းသွားပြီး လက်မောင်းတစ်ခုလုံးကို ဖြတ်တောက်သွားလေသည်။

“အား…”

သူ ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ ပြင်းထန်လှသော နာကျင်မှုက သူ့ကို သတိလစ်လုနီးပါး ဖြစ်စေသည်။ သို့သော် သူ နည်းနည်းလေးမှ မရပ်ရဲချေ။ သူသည် နောက်ပြန်လှည့်မကြည့်ဘဲ အပေါ်သို့ ဆက်၍ တက်ကာ ထွက်ပြေးလေသည်။

“ဝုန်း”

တစ်ချိန်တည်းမှာပင် အကြီးအကဲ ဟီရှီုရှီသည် သူ၏ စိုးရိမ်မှုများကို ပစ်ပယ်၍ ရဲ့လင်းချန်အား ထပ်မံ၍ ထိုးနှက်လေသည်။ ထို့နောက် သူသည် ဒဏ်ရာ အပြင်းအထန် ရနေသော သူ့ခန္ဓာကိုယ်နှင့် ခြောက်ထပ်သို့ လေးဘက်ထောက်၍ တက်သွားသည်။ သူ့ကို အနောက်မှ ကြည့်လျင် ကြီးမားသော ဖွတ်တစ်ကောင်နှင့် တကယ် တူနေသည်။

အကြီးအကဲ ဟီရှိုရှီသည် အံကြိတ်ထားပြီး အသက်ကို အပြင်းအထန် ရှူနေကာ သေခါနီးနေသော သားရဲ တစ်ကောင်နှင့် ဆင်နေ၏။

သူ့စိတ်ထဲတွင် ကြောက်စိတ်၊ မလိုလားစိတ်နှင့် မယုံကြည်နိုင်မှုတို့နှင့် ပြည့်နှက်နေလေသည်။

သူသည် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ပြီး သူ့တစ်သက်လုံး ယုံကြည်မှုနှင့် မာနအပြည့်ဖြင့် အခြားသူများကို ခြယ်လှယ်ခဲ့သည်။ ယင်းက သူသည် တိမ်စိုင်အစွန်း၌ ရပ်ကာ အခြားအရာအားလုံးကို အထက်စီးဖြင့် ကြည့်နေရသလိုပင်။ လက်ရှိတွင် သူသည် ငရဲသို့ ပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်နေ၏။

အစောပိုင်းက သူ ရဲ့လင်းချန်ကို ပုရွက်ဆိတ် တစ်ကောင်ဟု သတ်မှတ်ကာ လှောင်ရယ်ခဲ့ပြီး အလွယ်တကူ ညှစ်သတ်နိုင်သည်ဟု ထင်ခဲ့သည်က မည်မျှ ရယ်စရာ ကောင်းလိုက်သနည်း။ သူကသာ တကယ့် ပုရွက်ဆိတ် ဖြစ်နေလေသည်။ သူသည် အစကတည်းက လူရယ်စရာ ဖြစ်နေခဲ့သည်။

ရဲ့လင်းချန်သည် သစ်သားတုတ်ကို လှမ်းပစ်ကာ ခြောက်ထပ်သို့ လိုက်လေသည်။

ထိုတုတ်က အကြီးအကဲ ဟီရှိုရှီ၏ ခန္ဓာကိုယ်ကို အနောက်မှ ထုတ်ချင်းဖောက်သွားသည်။ သို့သော် သူသည် ယင်းကို သည်းခံနိုင်ပြီး အသက်ပြင်းပြင်းနှင့် ဆက်၍ ထွက်ပြေးလေသည်။ လေးဘက်ထောက် တွားသွားနေရာ၌ သူ၏ အရှိန်က အလွန်အမင်း လျင်မြန်လှသည်။

ခြောက်ထပ်သည် အမြင့်ဆုံးအထပ် ဖြစ်သည်။ လက်ရှိအချိန်၌ ထိုအဆောက်အဦး၏ ခေါင်မိုးထပ်က ပွင့်နေသည်။ ထိုနေရာ၌ လေယာဉ်တစ်စီး ရှိနေသည်။

အကြီးအကဲ ဟီရှိုရှီနှင့် သခင်လေး ထာခဲရှီတို့ နှစ်ယောက်လုံး လေယာဉ်ထဲသို့ ရောက်နေကာ အပေါ်သို့ တက်လုဆဲဆဲ ရှိနေ၏။

“ရဲ့လင်းချန်၊ မင်း ငါတို့ကို အတင်းသတ်မယ်ဆိုရင် ငါတို့နဲ့အတူ လူတွေ အများကြီး သေရလိမ့်မယ်”

သခင်လေး ထာခဲရှီက သူ့အသက်အတွက် အော်ဟစ် ပြောဆိုလေသည်။ သူ့ပါးစပ်တွင် သွေးများ ပြည့်နေသည်။ သွေးထွက်များခြင်းကြောင့် သူ့မျက်နှာက စက္ကူစသဖွယ် ဖြူရော်နေသည်။

ထို့နောက် သူက အနီရောင် ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

“ဝုန်း”

အဆောက်အဦး တစ်ခုလုံးက လှောင်အိမ်တစ်လုံး ပွင့်သွားသကဲ့သို့ တုန်ခါလာသည်။

“ဂါး”

တိတ်ဆိတ် ငြိမ်သက်သော ကောင်းကင်ယံ၌ သားရဲများ၏ အော်ဟစ်သံများဖြင့် ပြည့်နေကာ ညတာ၏ တိတ်ဆိတ်မှုကို သေမင်းတမန်၏အသံကဲ့သို့ ထိုးခွင်းနေ၏။

“ရဲ့လင်းချန် ဒီအဆောက်အဦးက အခြေစိုက်စခန်းပဲ၊ သူတို့အားလုံးက ငါတို့ စမ်းသပ်မှုတွေမှာ အသက်ရှင်ခဲ့တဲ့ သားရဲတွေပဲ၊ သူတို့ကို မပြည့်စုံတဲ့ ပရောဂျက် ဒါမှမဟုတ် ကျဆုံးမှုတွေလို့ ပြောလို့ရပင်မယ့် သူတို့ခွန်အားက သာမန် သားရဲတွေထက် အများကြီး ပိုသာတယ်၊ ပြီးတော့ သူတို့က ဘာအသိဉာဏ်မှ မရှိဘူး၊ ဘယ်လို သတ်ရမလဲ ဆိုတာပဲ သိတယ်၊ ငါတို့ အခုပဲ သူတို့အားလုံးကို လွှတ်လိုက်ပြီ”

အကြီးအကဲ ဟီရှိုရှီက အော်ဟစ်၍ ဝင်ပြောသည်။

ထိုအခိုက်တွင် လေယာဉ်သည် လေပေါ် တက်သွားပြီ ဖြစ်သည်။

ရဲ့လင်းချန်သည် လေယာဉ်ပေါ် တက်နိုင်မလား မသေချာသော်လည်း တတ်နိုင်လျင်တောင်မှ သူ့အတွက် အခြေအနေကို ထိန်းချုပ်ရ ခက်ပေလိမ့်မည်။ ထိုအချိန် အတောအတွင်း ထိုသားရဲများကြောင့် ဖြစ်လာမည့် ပျက်စီးမှုက မတွေးဝံ့စရာပင်။

အထူးသဖြင့် ဘေးနားမှ ဂိုထောင်ထဲတွင် မွေးကင်းစ ကလေးငယ်များစွာ ရှိနေသေး၏။

တစ်ခဏမျှ တုံ့ဆိုင်းနေစဉ်မှာပင် လေယာဉ်က အဝေးသို့ ပျံသန်းသွားလေပြီ။ အကြီးအကဲ ဟီရှိုရှီ၏ မုန်းတီး ရန်လိုသော အသံကိုသာ ကြားလိုက်ရသည်။

“မင်း စောင့်နေလိုက်၊ ငါ ပြန်လာခဲ့မယ် …”

All Chapters