← Chapters

မဟုတ်မှလွဲရော ဒါ ဆပ်ကပ်ရဲ့ လျှို့ဝှက် အစီအစဉ်များလား

Vol. 35 Ch. 518

မဟုတ်မှလွဲရော ဒါ ဆပ်ကပ်ရဲ့ လျှို့ဝှက် အစီအစဉ်များလား

Vol. 35 Ch. 518

ကောင်းကင်ယံမှ လေယာဉ်ကို ကြည့်ပြီး ရဲ့လင်းချန်သည် တည်ငြိမ်စွာ ခေါင်းခါ၍ ချက်ချင်း အောက်သို့ ဆင်းသွားသည်။

သူ၏ လျင်မြန်မှုနှင့်ဆိုလျင် လေယာဉ်ကို အမီလိုက်နိုင်ပါသည်။ သို့သော် ယင်းက ရဲရင့်သော်လည်း ရူးမိုက်သော လှုပ်ရှားမှု ဖြစ်ပေလိမ့်မည်။

ရဲ့လင်းချန်သည် အမြဲတမ်း ဂရုတစိုက် ရှိပြီး သူ့အသက်ကို အလွန် ဂရုစိုက်သည်။ သူ့အတွက် ဤသို့ ဝှက်ဖဲရရန် ခက်ခဲပေသည်။ ပျော်ပါးခြင်းက ကိစ္စတစ်ခု ဖြစ်သော်လည်း သူ ဘယ်သောအခါမှ အလွန်အကြူး လုပ်မည် မဟုတ်ပါ။ အံ့ဩဖွယ်ကောင်းသော အဖွင့်ကို ရရှိထားပြီး ဖြစ်သဖြင့် ဆက်လက် ရှိနေစေရန် သူ သေချာအောင် လုပ်မှ ရပေမည်။

အစောပိုင်းက လေယာဉ်ကို သူ မီလျင်တောင်မှ အကြီးအကဲ ဟီရှိုရှီနှင့် သခင်လေး ထာခဲရှီ၏ အသည်းအသန် ရုန်းကန် တိုက်ခိုက်မှုနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။ သူတို့သည် အဆုံးသတ်၌ ရောက်နေသော်လည်း သူတို့ ဘာဝှက်ဖဲတွေ ရှိနေသေးမလဲ သူ မသိပေ။ သူတို့ အသက်က အစွန်း၌ ရှိနေချိန်တွင် သေချာပေါက် သူတို့ အရူးအမူး တုံ့ပြန်ကြပေလိမ့်မည်။

လေယာဉ်ပေါ်၌ စက်သေနတ်များ သို့မဟုတ် ဖောက်ခွဲရေး ပစ္စည်းများ ရှိနေလောက်သည်။ ရဲ့လင်းချန်က သူတို့ကို အောင်အောင်မြင်မြင် ရှင်းနိုင်လျင်တောင်မှ လေယာဉ်က လေထဲ ရောက်နေပြီးသား ဖြစ်သည်။ ၎င်း ပျက်ကျလျင် ရဲ့လင်းချန်၌ မည်မျှ ခွန်အား ရှိနေပါစေ အသက်ရှင်နိုင်မည့် နည်းလမ်း မရှိပါ။ လက်ရှိတွင် သူ ပျံသန်းနိုင်သည့် အစွမ်း မရှိသေးချေ။

အကြီးအကဲ ဟီရှိုရှီနှင့် သခင်လေး ထာခဲရှီ၏ အသက်ကို သူ့အသက်နှင့် လောင်းကြေး ထပ်ခြင်းက ကောင်းမွန်သော အပေးအယူ မဟုတ်ချေ။

ထို့အပြင် အကြီးအကဲ ဟီရှိုရှီနှင့် သခင်လေး ထာခဲရှီကို အသက်ရှင်ခွင့် ပေးလိုက်ခြင်းက သူ့အတွက် ပိုအကျိုး ရှိပေသည်။

သူတို့ အသက်ရှင်လျင်တောင်မှ ဒုက္ခိတ ဖြစ်သွားလောက်သည်။ ထိုသို့သော အခြေအနေ၌ သူတို့သည် သူတို့ ဒဏ်ရာ ပြန်ကောင်းလာရေးကိုသာလျင် အာရုံစိုက်နေမည် ဖြစ်သည်။ ထို့ကြောင့် သူတို့ နောက်ထပ် ပြဿနာ မရှာရန် တားဆီးပြီးသား ဖြစ်သွားလေပြီ။

ထို့အပြင် ရဲ့လင်းချန်သည် သူတို့ကို လွှတ်ပေးလိုက်ခြင်းဖြင့် အမာတဲရာစု မျိုးရိုးဗီဇအား တရုတ်နိုင်ငံ၌ သန်မာသော လူတစ်ယောက် ရှိသည်ကို သတိထားမိသွားပြီး စိုးရိမ်ပူပန်အောင် လုပ်လိုက်သလို ဖြစ်သွားပေမည်။ ယင်းက သူတို့ကို တရုတ်နိုင်ငံ၌ ထိုသို့ စမ်းသပ်မှုများ ဆက်လုပ်ခြင်းမှ ဟန့်တားနိုင် လောက်သည်။ သူတို့ အခြားနိုင်ငံများ၌ ဤသို့သော စမ်းသပ်မှုများ လုပ်နိုင်သည့် အလားအလာမှာမူ ရဲ့လင်းချန် ထိန်းချုပ်နိုင်သည့် အရာ မဟုတ်ချေ။

အကယ်၍ သူသာ အကြီးအကဲ ဟီရှိုရှီနှင့် သခင်လေး ထာခဲရှီကို သတ်လိုက်ပါက သူ ယာယီ အောင်ပွဲခံရ လောက်သည်။ သို့သော် အမာတဲရာစု မျိုးရိုးဗီဇက ဆက်ရှိနေပေလိမ့်ဦးမည်။ ၎င်းက အမာတဲရာစု မျိုးရိုးဗီဇကို အမျက်ထွက်အောင် လုပ်မိပြီး တရုတ်နိုင်ငံတွင်း၌ အကြီးအကျယ် ဒုက္ခပေးအောင် ဆွပေးမိသွားလောက်သည်။ ရဲ့လင်းချန်၌ သူတို့နှင့် ကစားရန် ထိုမျှ အချိန်မရှိပါ။

အနည်းဆုံးတော့ ယခုအဖြစ်က တရုတ်နိုင်ငံကို ယာယီ အေးချမ်းမှုရရှိရန် အကူအညီ ဖြစ်စေလောက်သည်။ ယင်းက သူ အလုပ်သင့်ဆုံးပင်။

ရဲ့လင်းချန် စဉ်းစားနေဆဲမှာပင် ပထမထပ်သို့ ရောက်သွားလေသည်။ သူ ပထမထပ်သို့ ခြေချလိုက်သည်နှင့် အချို့သားရဲများက မာန်ဖီ၍ သူ့ထံ ကဆုန်စိုင်း ပြေးလာ၏။ သို့သော် ရဲ့လင်းချန် လက်လှုပ်လိုက်သည်နှင့် လွင့်ထွက် သွားကြသည်။

ပထမတစ်ထပ်လုံးတွင် ဒါဇင်ချီသော သားရဲများက လှည့်ပတ်သွားလာနေ၏။ အချို့က အပြင်သို့ ပြေးထွက် သွားသည်။

ထိုသားရဲများသည် အလွန်အမင်း ပုံပျက်နေသည်။ ကျောချမ်းစရာကောင်းပြီး ထူးဆန်းသော ပေါင်းစပ်မှုက လူအများအား အနေရခက်စေသည်။ ထိုထဲတွင် ခြင်္သေ့တစ်ကောင်၏ ခြေထောက်များ ရှိသော မြွေတစ်ကောင် ရှိနေပြီး ကျောပေါ်တွင် တောင်ပံပေါက်နေသော ကျားတစ်ကောင် ရှိနေသည်။

လက်ရှိ၌ ပထမထပ်မှ သားရဲများသည် ရဲ့လင်းချန် သတ်ခဲ့သောသူများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို စားသောက်နေ၏။

ရဲ့လင်းချန်သည် တစ်ချက် ကြည့်လိုက်ပြီးနောက် အချိန်ဖြုန်းမနေဘဲ အပြင်သို့ ထွက်လာလိုက်သည်။ လမ်းတစ်လျှောက်တွင် သူသည် နယ်စပ်များ၌ သွားလာသည့် တင့်ကားတစ်စီးကဲ့သို့ မာန်ဖီနေသော သားရဲများ တစ်ကောင်ပြီး တစ်ကောင်ကို လွင့်ထွက်သွားအောင် ပြုလုပ်လေသည်။

မကြာခင်မှာပင် ဂိုထောင်သို့ ဦးတည်နေသော သားရဲတစ်အုပ်ကို သူ တွေ့လိုက်ရသည်။ ထိုဂိုထောင်တွင်း၌ မွေးကင်းစ ကလေးများ၏ အော်သံများကို ကြားနေရသည်။

“အဲ့ဒီ လင်းအောင်က တကယ် နှေးတာပဲ”

ရဲ့လင်းချန် မျက်ခုံး အသာပင့်လိုက်ပြီးနောက် ခြေကိုကွေး၍ အားကုန် ပြေးတက်သွားသည်။

သူသည် အရိပ်သဖွယ် ပျောက်ကွယ်သွားပြီး ဂိုထောင်ရှေ့၌ ပြန်ပေါ်လာကာ ထိုသားရဲများရှေ့၌ ပိတ်ရပ်လေသည်။

“ဝူး ဝူး”

တစ်ချိန်တည်းမှာပင် အဝေးမှ အင်ဂျင်သံများနှင့်အတူ အလင်းရောင်များကိုပါ မြင်လိုက်ရသည်။ ဂျစ်ကား သုံးစီးက အလျင်အမြန် မောင်းလာနေပြီး ၎င်း၏လမ်းမှ အရာအားလုံးကို နင်းချေနေသည်။

သူတို့က သားရဲအုပ်ထံသို့ တန်း၍ မောင်းနှင်လာကာ စက်သေနတ်များဖြင့် ပစ်ခတ်ကာ သူတို့ကို ချက်ချင်း သတ်ဖြတ်လေသည်။

“ညီလေးရဲ့”

လင်းအောင်၏အသံက ဂျစ်ကားတစ်စီထံမှ ထွက်ပေါ်လာသည်။

မကြာခင်မှာပင် ရဲ့လင်းချန်ရှေ့၌ ကားများ ရပ်လာသည်။ ကားတစ်စီးချင်းစီမှ လက်နက်အပြည့်အစုံနှင့် သိုင်းပညာရှင် လေးယောက် ဆင်းလာ၏။

“မင်း သတင်းပို့တာကို ရတာန့ ငါ အနီးဆုံး စစ်သည်တော်ဌာနခွဲက လူတွေကို ခေါ်ပြိး အပြေးလာတာ၊ ဒါတွေက ဘာတွေလဲ၊ ရွံဖို့ ကောင်းလိုက်တာ”

လင်းအောင်သည် ရဲ့လင်းချန်ဆီသို့ လျှောက်လာပြီး ဘေးပတ်လည်မှ အလောင်းများကို မျက်မှောင်ကြုတ် ကြည့်၍ လေ့လာလေသည်။

“လိုရင်းပဲ ပြောရအောင်၊ တချို့သားရဲတွေ ထွက်ပြေးသွားတယ်၊ ငါတို့ သူတို့ကို တားမှဖြစ်မယ်”

ရဲ့လင်းချန်က ပြောသည်။

“နှစ်ယောက်ကို ဒီမှာ စောင့်ခိုင်းထားပြီးတော့ ကျန်တဲ့သူတွေက ထွက်ပြေးသွားတဲ့ သားရဲတွေကို လိုက်ဖမ်းရမယ်”

“သေချာတာပေါ့”

လင်းအောင်သည် အခြေအနေ၏ ပြင်းထန်ပုံကို နားလည်ပြီး ခေါင်းညိတ်သည်။ ထို့နောက် သူက ချက်ချင်း အမိန့် ပေးလိုက်သည်။

နှစ်ယောက်က ဤနေရာကို စောင့်ကြပ်ရန် နေခဲ့ပြီး အခြားသူများက ကားပေါ်တက်၍ လိုက်ဖမ်းကြသည်။

ထိုစဉ် ရဲ့လင်းချန်သည် တစ်နေရာကို လှမ်းမြင်ပြီး လိုက်ဖမ်းလေသည်။

ထိုအရပ်၌ သားရဲ အများစု ရှိနေသည်ကို သူ သိသည်။ အကယ်၍ သာမန် သိုင်းပညာရှင်များကိုသာ သူ အားကိုးနေပါက အချို့ကောင်များ လွတ်သွားမည်မှာ အသေအချာပင်။

ဤနေရာက လူသူကင်းမဲ့၍ တော်ပါသေးသည်။ ယင်းက ရဲ့လင်းချန်ကို ပို၍ လှုပ်ရှားခွင့် ရစေသည်။ လမ်းတစ်လျှောက်၌ ရဲ့လင်းချန်သည် သားရဲ ငါးကောင်ကို သတ်ပြီးသွားလေပြီ။

“ဂျွတ်”

သူသည် ကြောင်ခန္ဓာကိုယ်နှင့် ခွေးဦးခေါင်းရှိသော သားရဲတစ်ကောင်ကို သတ်ပစ်လိုက်သည်။ ရဲ့လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး သူ့အရှေ့မှ မီးအလင်းရောင်များကို ကြည့်လိုက်သည်။ သူ မတတ်သာပဲ ပင့်သက်ရှိုက် လိုက်မိသည်။

တစ်ချိန်တည်းမှာပင် မြို့တော်၏ အဆင့်မြင့် စက်မှုဖွံ့ဖြိုးရေးနယ်မြေ၌ …

၎င်းသည် မြို့တော်က မကြာသေးခင်က တည်ထားသော ဖွံ့ဖြိုးရေးနယ်မြေ ဖြစ်ပြီး ဖွံ့ဖြိုးဆဲအဆင့်သာ ရှိသေးသည်။ ပြင်ဆင်ဆဲအဆင့်သာ ရှိသေးသော်လည်း လူများစွာက မြေနေရာများ ဝယ်ယူပြီးဖြစ်ကာ အိမ်များ ငှားရမ်းခြင်း၊ လုပ်ငန်းစတင်ခြင်း စသဖြင့် လုပ်ဆောင်လျက် ရှိသည်။ ယင်းက လျင်မြန်စွာ ဖွံ့ဖြိုးနေလေသည်။

အထူးသဖြင့် ညဘက်တွင် လူအများသည် နေ့ခင်းဘက် အလုပ်များနှင့် ဖိအားများမှ ကင်းဝေးနေပြီ ဖြစ်သည်။ သူတို့သည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကြီးကို သယ်၍ အိမ်ပြန်နေကြသည်။ သူတို့ မကျေနပ်သမျှကို ဖောက်ထုတ်ချင်နေ၏။ လူငယ်များက ညဈေးသို့ လည်ပတ်ကြပြီး သက်ကြီးပိုင်းများက ပလာဇာတွင် စုဝေးကာ ကကြသည်။ ပတ်ဝန်းကျင်က လှုပ်ရှားမှုများနှင့် ဆူညံနေ၏။

အဆင့်မြင့် စက်မှုဖွံ့ဖြိုးရေးနယ်မြေ၏ အလယ်ဗဟိုသည် ဘယ်သောအခါမှ မတိတ်ဆိတ်သော ညရှုခင်းနေရာ ဖြစ်သည်။

“အားလုံးပဲ မင်္ဂလာပါ”

ပန်းခြံ၏ အမိုးဖွင့် အားကစားရုံ၏ အလယ်၌ ကောင်းဘွိုင်ဦးထုပ် ဆောင်းထားသည့် မုတ်ဆိတ်မွေးနှင့် လူတစ်ယောက်က လူအုပ်ကြီးကို အပြုံးနှင့် စကားပြောလေသည်။

“အားလုံးကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ အခု ကျုပ်တို့ မင်းတို့ကို အစီအစဉ်သစ်တစ်ခု တင်ဆက်ချင်ပါတယ်၊ မြင်းစီးရင်းနဲ့ မီးကွင်းကို ခုန်ဖြတ်ပြမှာပါ”

သူ့စကားနှင့်အတူ စင်မြင့်နောက်မှနေ၍ လူသုံးယောက်က မြင်းစီး၍ ပေါ်လာသည်။ သူတို့အားလုံးသည် ကောင်းဘွိုင်ဦးထုပ်နှင့် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။

“ဝှီး”

တစ်ခဏအတွင်းမှာပင် ဧရာမ ကွင်းကြီးခြောက်ခုကို မီးညှိလိုက်သဖြင့် စင်အောက်ရှိ ပွဲကြည့် ပရိသတ်များ၏ မျက်နှာသို့ အနီရောင် မီးများ ဟပ်လာသည်။ ယင်းက သူတို့စိတ်ထဲမှ ထက်သန်မှုကို လှုံ့ဆော်သွားသည်။

“အား … တအား ချောတာပဲ၊ လူတွေ မြင်းစီးပြီး မီးကွင်းကို ဖြတ်ပြတာကို ငါ အခုမှ မြင်ဖူးတာ”

“အရမ်း အန္တရာယ်များတဲ့ပုံပဲ၊ မီးကွင်းကနေ အပူက ဒီအထိ လာနေတာကို ငါ ခံစားမိတယ်၊ အရမ်း ကြောက်ဖို့ ကောင်းတာပဲ”

“ခုနက ဘဲလေး ကသွားတဲ့ ကျားက ပိုစိတ်ဝင်စားဖို့ ကောင်းတာ၊ ဒီဆပ်ကပ်အဖွဲ့က လူတွေက တကယ် အံ့ဩဖို့ ကောင်းတယ်၊ သူတို့က ကျားကိုတောင်မှ ယဉ်ပါးအောင် လုပ်နိုင်တယ်”

“တန်လိုက်တဲ့ခရီး၊ ဒီပန်းခြံက ဒီလို အံ့ဩစရာကောင်းတဲ့ ဆပ်ကပ်ကို ငှားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

“ဟုတ်တယ်၊ ဒီတိရစ္ဆာန်တွေကို ကြည့်ရတာနဲ့တင် တန်နေပြီ၊ ငါတို့ တိရစ္ဆာန်ရုံကို သွားရင် ဝင်ကြေးပေးရဦးမယ်၊ ဒီမှာက ခြင်္သေ့တွေ၊ ကျားတွေနဲ့ ဝက်ဝံညိုတွေပါ ရှိတယ်၊ မရှိတာဆိုလို့ ပန်ဒါပဲ ရှိတယ်”

…

စကားသံ အများစုမှာ ကလေးများထဲမှ ဝမ်းသာအားရ အော်ဟစ်သံများ ဖြစ်သည်။ ပန်းခြံတွင် စိတ်ဝင်စားစရာ ကောင်းသော အစီအစဉ်များဖြင့် ပြည့်နေပြီး ကလေးများအတွက် ဦးစားပေး နေရာဖြစ်သည်။ ဆပ်ကပ်အဖွဲ့ ရောက်လာခြင်းက လူအုပ်ကြီးထံမှ စိတ်ဝင်စားမှုကို ပို၍ ရရှိသွားစေပြီး ပန်းခြံ၏ လူစိတ်ဝင်စားမှုကို အမြင့်တစ်နေရာသို့ ထပ်ရောက်သွားစေသည်။

မကြာခင်မှာပင် အစီအစဉ် စတင်လာသည်။ ထိုလူများသည် မြင်းစီး၍ မီးကွင်းကို ဖြတ်ရုံတင် မဟုတ်ချေ။ သူတို့က စိတ်ဝင်စားစရာကောင်းသော ပုံစံအမျိုးမျိုးကို လုပ်နိုင်စွမ်း ရှိသည်။ တစ်ခေါက်ဆိုလျင် မီးကွင်း တစ်ခုတည်းကို လူနှစ်ယောက်က တစ်ပြိုင်တည်း ဖြတ်ပြသည်။ ယင်းက ပရိသတ်၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှု များနှင့် ပြည့်နှက်လာစေပြီး အားပေးသံများ ထွက်ပေါ်လာစေသည်။

“ဝှစ်”

အမှောင်ထဲ၌ မည်းနက်သော အရိပ်တစ်ခု ပေါ်လာသည်။ ၎င်းက အနက်ရောင် လျှပ်စီး ဖြတ်ပြေးသကဲ့သို့ ဖြစ်နေပြီး ပရိသတ်ကြားထဲမှ ဖြတ်ပေးကာ ဆပ်ကပ်စင်ပေါ်၌ ပေါ်လာသည်။

ထိုပုံသဏ္ဌာန်က ကြမ်းကြုတ်သဖြင့် လူအများက ရင်တုန်သွားစေသည်။

*ဒါက … မဟုတ်မှလွဲရော ဆပ်ကပ်ရဲ့ လျှို့ဝှက်အစီအစဉ်များလား*

All Chapters