← Chapters

ပုံရိပ်ယောင် အစီအရင်...

Vol. 36 Ch. 491

ပုံရိပ်ယောင် အစီအရင်...

Vol. 36 Ch. 491

လီလော့တို့အဖွဲ့ ကြက်သွေးရောင်ပင်လယ်ကိုဖြတ်၍ လျင်မြန်စွာ ရွေ့လျားသွားကြသည်။

အန္တရာယ်ကိုအဆက်မပြတ်စူးစမ်းရင်း ရုတ်တရက် ပြောင်းလဲမှုများကို ရင်ဆိုင်ရန် ပဲ့တင်ထပ်သံ စွမ်းအားများကိုလည်း အသင့်ထုတ်ဖော်ထားသည်။

တခြားသူတွေလည်း ထပ်တူထပ်မျှ သတိရှိခဲ့ကြသည်။

ပတ်ဝန်းကျင်ကိုစူးစမ်းနေရင်းကနေအခိုးအငွေ့များ၊ မီးလျှံများနှင့်ချော်ရည်များကိုလည်း သတိရှိစွာ ရှောင်ရှားနေရသည်။လုံဖုအတွင်းရှိ မီး၏ဆိုးကျိုးများကို ချေဖျက်နိုင်စွမ်းရှိသော နှင်းရည်သည် ပတ်ဝန်းကျင်၏အပူဒဏ်ကြောင့် အဆက်မပြတ် စုတ်ပြဲနေသော ရေအလွှာကိုအားဖြည့်ပေးနေသည်။

တဖြည်းဖြည်းနှင့် ဖိအားများလာပြီး လမ်းတစ်လျှောက်တွင် အခြားကျောင်းများကို ဖြတ်ကျော်လာခဲ့ကြသော်လည်း တစ်ဦးတည်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေခရီးနှင်နေသည်ကိုမြင်တွေ့ခဲ့ရသည်။ ခြောက်ယောက်သားခရီးနှင်နေသည့် လီလော့တို့ကိုမြင်သည်နှင့် ထိတ်လန့်အံ့သြစွာခပ်ဝေးကေနေ ရှောင်ရှားသွားကြသည်။

ဤသို့ဖြင့် လမ်းခရီးတစ်လျှောက်လုံး အဆင်ပြေ ချောမွေ့ခဲ့သည်။

မသိလိုက်ခင်မှာပင် အချိန်ခြောက်နာရီကျော်ကုန်ဆုံးခဲ့ပြီဖြစ်သည်။

သူတို့စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ အခုအချိန်လောက်ဆို လုံဖု၏အလယ်ပိုင်းလောက်ကိုရောက်နေသင့်ပြီ.... ၎င်းတို့သည် နောက်ထပ် 10 နာရီအတွင်း လုံဖုကိုဖြတ်ကျော်ပြီး လုံကူကျွန်းကိုရောက်အောင်သွားရမည်။

လီလော့ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဒီအချိန်မှာပဲ လုချင်းအာက ထူးခြားသည့်ရနံတမျိုးကိုသတိပြုမိလိုက်သည်။

"လီလော့ ထူးထူးခြားခြား တစ်ခုခုတော့ ရှိတယ်..."

"ထူးခြားတာ...?"

" နှင်းစက်အလွှာက အရင်ကထက် ပိုမြန်တဲ့နှုန်းနဲ့ အငွေ့ပျံနေတယ်ထင်တယ်....."

လီလော့ သူမကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

"နင်ဘယ်လိုသိတာလဲ?"

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ရေအလွှာ တဖြည်းဖြည်း အငွေ့ပျံသွားမည်ကို သိနေသဖြင့် သိပ်ဂရုမစိုက်ခဲ့မိပေ။

"တခါအငွေ့ပျံဖို့ အသက်ရှုကြိမ် ၈၀လောက်လိုတယ်...ဒါပေမယ့် လွန်ခဲ့တဲ့ဆယ်မိနစ်က အသက်ရှုကြိမ် ၄၀လောက်နဲ့အငွေ့ပျံနေတာ...."

လီလော့ အံ့သြသွားသည်။

"နင်တကယ်အာရုံခံနိုင်တယ်...?"

"ဒီမှာ ငါ အများကြီးမကူညီနိုင်ဘူး၊ ဒါကြောင့် ငါစီမံနိုင်တဲ့အသေးစိတ်အချက်အလက်တွေကို ပိုအာရုံစိုက်ထားတာ.... ဒါပေမယ့် ငါတို့ပတ်ဝန်းကျင်မှာ ဘာတစ်ခုမှ မပြောင်းလဲဘူး... ဘာကြောင့် အငွေ့ပျံနှုန်းက ရုတ်တရက် နှစ်ဆဖြစ်ရတာလဲ...."

လီလော့ ခေါင်းညိတ်လိုက်ပြီး အခြားသူများကို အချက်ပြလိုက်သည်။

အကုန်လုံး ရပ်တန့်လိုက်ကြပြီး သူ့ကို သံသယနဲ့ ကြည့်နေကြသည်။

သို့သော်လည်း လီလော့ကဘာမှမပြောသေးဘဲ အသက်ရှုကြိမ်၄၀ကို တိတ်တဆိတ် ရေတွက်ပြီးနောက် ရေအမြှေးပါးပေါ်တွင် သေးငယ်သော တောက်ပမှုကို တွေ့လိုက်ရသည်။

သူ့မျက်နှာက လေးနက်လာသည်။

" လီလော့ ဘာဖြစ်နေတာလဲ?"

ပိုင်တုတုက စိတ်မရှည်စွာ မေးလိုက်သည်။

"တစ်ခုခုတော့ မှားနေပြီ... ငါတို့ရဲ့နှင်းစက်အမြှေးပါးရဲ့ အငွေ့ပျံနှုန်းက နှစ်ဆတိုးသွားပေမယ့် ဘာမှ ပြောင်းလဲသွားပုံမပေါ်ဘူး.... ဒါက ပုံမှန်မဟုတ်ဘူး.... "

လုချင်းအာက ကျန်သူများကို သူ့တွက်ချက်မှုများကို ရှင်းပြခဲ့ပြီး အမြန်စမ်းသပ်ပြီးနောက် အခြေအနေကို အတည်ပြုခဲ့သည်။

"သွေးရိုးသားရိုးဟုတ်ပါ့မလား...?"

ဝမ်ဟေးကျူ သတိထားပြီး မေးလိုက်သည်။

"ဖြစ်နိုင်တယ်...ဒါပေမယ့် မဟုတ်ရင် ဘယ်လိုလုပ်မလဲ"

ဝမ်ဟေးကျူ၏ အမူအရာမှာ တည်ငြိမ်နေ၏။ သာမာန်ဖြစ်စဉ်မဟုတ်ရင် သူတို့ဒုက္ခရောက်လိမ့်မည်။ လီလော့၏ သမ္မာသတိသည် ကျိုးကြောင်းဆီလျော်သည်။ ဤကဲ့သို့သော အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင်၊ ထိုကဲ့သို့ ဆိုးရွားသော ခြားနားချက်သည် ၎င်းတို့အားလုံးကို ဖယ်ရှားပစ်နိုင်သည်။

သူတို့အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေအချည်းနှီးဖြစ်ကုန်မည်ကိုမလိုလားပေ။

"ဒါပေမယ့် ငါတို့ပတ်ဝန်းကျင်မှာ ထူးခြားတာ ဘာမှမရှိဘူး။ နှင်းရည်တွေက ငါတို့ကို လုံဖုရဲ့ အပူနဲ့ ခွဲထားရုံသာမကဘဲ ငါတို့ရဲ့ အာရုံတွေကို မှုန်ဝါးစေတယ်"

ပိုင်တုတု မျက်မှောင်ကြုတ်လိုက်သည်။

သို့သော်လည်း နှင်းစက်လွှာသာမရှိပါက အကုန်သေကုန်လိမ့်မည်။

"ငါလည်း စိတ်ထဲမှာမသိုးမသန့်ခံစားနေရတယ် ...ငါတို့ပတ်ဝန်းကျင်မှာ မမြင်နိုင်တဲ့ အန္တရာယ်တစ်ခုခုရှိနေတာများလား...."

ချင်ဇူလုကပါ ပြောနေပြီဖြစ်သဖြင့် လီလော့သည် ကျောရိုးတလျှောက်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

“ကြည့်ရတာ ငါတို့တွေအမှန်မမြင်နိုင်တဲ့ပုံပဲ...."

"ဒါဆို ငါတို့တွေပုံရိပ်ယောင်တွေထဲရောက်နေတာလား..."

ရိလီရှ လန့်ဖြန့်သွားသည်။

လီလော့သည် ရေပဲ့တင်ထပ်သံ စွမ်းအားဖြင့် တံဆိပ်တခုကို ဖန်တီးကာ နက်ပြာရောင် စွမ်းအင်တစ်စက်ကိုလည်း ဖန်တီးခဲ့သည်။

"ရေပဲ့တင်ထပ်သံပညာရပ်... ကြည်လင်သောမျက်လုံးများ!"

၎င်းသည် အချို့သော ထင်ယောင်ထင်မှားများကို မြင်နိုင်စွမ်းရှိသော ပညာရပ်တမျိုးဖြစ်သည်။

အေးမြသောအရည်များသည် သူ့မျက်လုံးများဆီသို့ ပျံ့နှံ့သွားပြီး ရုတ်တရက် ကမ္ဘာကြီးသည် ပိုမိုကြည်လင်လာသည်။ လီလော့ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေက သိသိသာသာကြီး ပြူးကျယ်သွားသည် ။

ပိုင်တုတု၊ချင်ဇူလုနှင့် အခြားသူများလည်း စိတ်လေးလံကုန်ကြသည်။

လီလော့က ဘာမှမပြောဘဲ တူညီသောအရည်စက်များစွာကို သူတို့၏မျက်လုံးများဆီသို့ လျင်မြန်စွာ ပစ်လွှတ်လိုက်လေသည်။

သူတို့သည်လည်း ပတ်ဝန်းကျင်က အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာကြသည်။

ပတ်ဝန်းကျင်တွင် အပူချိန်မြင့်မားနေသော်လည်း ရေခဲဲမြစ်ထဲပြုတ်ကျသွားသလို အေးစက်ကုန်ကြသည်။

သူတို့အထက်မှာ ရှိနေတဲ့ ပင်လယ်ရေဟာ အခုဆို အရူးလို ပွက်ပွက်ဆူနေပြီး မီးတောက်နေတဲ့ ပင်လယ်ကြီးထဲရောက်နေသလိုပင်.....

နှင်းမှုန်၏ အကာအကွယ်ဖြင့်ပင် ၎င်းတို့အောက်ရှိ မီးတောက်မီးလျှံများ၏အပူရှိန်ကို ပြင်းပြစွာခံစားနေရဆဲပင်......

နှင်းစက်အလွှညများမရှိလျှင် ၎င်းတို့သည် ရှေးရှေးကတည်းကပင် မွှေးကြိုင်သော အသားကင်များဖြစ်နေလောက်ပြီ.....

ယခုမူ နှင်းစက်အလွှာများသည် အဘယ်ကြောင့် ဤမျှလောက်ထိ လျင်မြန်စွာ အငွေ့ပျံသွားသည်ကိုနားလည်ကြပြီဖြစ်သည်။သူတို့သည် မသိလိုက်ဘဲ မီးတောက်နေသော ပင်လယ်ထဲသို့တည့်တည့်တိုးဝင်နေကြခြင်းပင်.....

ဒါပေမယ့် သတိမထားမိဘဲ ဘယ်လိုဝင်လာမိတာလဲ....ပုံရိပ်ယောင်တွေကရော ဘယ်သူ့ကြောင့်ဖြစ်လာတာလဲ....

"ဒါဟာ သာမန်ထင်ယောင်ထင်မှားတစ်ခုမဟုတ်ဘူး၊ ဒါဟာ အားကောင်းတဲ့ လှည့်စားမှုတစ်ခုပဲ.....ဒါကို အောင်မြင်အောင် လုပ်နိုင်သူက ခန်းမပြိုင်ပွဲမှာ တစ်ယောက်ပဲ ရှိတယ်...."

"လုမင်...?"

လုမင်ကို ပုံရိပ်ယောင်လျှပ်စီးဟု နာမည်ပြောင်ပေးထားသည်မှာ အလကားမဟုတ်ပေ။

လုချင်းအာက မျက်မှောင်ကြုတ်လိုက်သည်။

"သူ ငါတို့ကို ဘာလို့ တိုက်ခိုက်ရတာလဲ"

ထိုအခါ လီလော့က တစ်နေရာကို မော့ကြည့်လိုက်သည်။

"ကျင်းထန်ရှု ဒါမင်းလက်ချက်မလား..."

အားလုံး၏အကြည့်အောက်တွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်လာပြီး ကျင်းထန်ရှုထွက်ပေါ်လာသည်။

All Chapters