← Chapters

အန္တရယ်ရှိသော အခြေအနေ

Vol. 36 Ch. 492

အန္တရယ်ရှိသော အခြေအနေ

Vol. 36 Ch. 492

ကျင်းထန်ရှု ပေါ်လာသောအခါ၊ ကြယ်တာယာခရီးရှည်ကောလိပ်ကျောင်းသားများသည် အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်သွားကြသည်။

အုပ်စုဖွဲ့အဝိုင်းခံရပြီ.....

လီလော့က ကျင်းထန်ရှုကို အေးစက်စွာ ပြုံးပြလိုက်သည်။

"ကြည့်ရတာ မင်းက ကောင်းကင်လှေကားထစ်မှာ ခြေတစ်လှမ်းနောက်ကျခဲ့တာကို အခဲမကျေနိုင်သေးဘူးနဲ့တူတယ်.... "

"အတိအကျတော့ မဟုတ်ဘူး"

ကျင်းထန်ရှုက လေးနက်စွာပြန်ဖြေသည်။

"ပိုပြီးတိတိကျကျပြောရရင်၊ ကောင်းကင်လှေကားထစ်မှာ မင်းရဲ့စွမ်းဆောင်မှုကတကယ်ခြိမ်းခြောက်မှုတစ်ခုလို့ ငါသဘောပေါက်စေတယ်.... အဲ့ဒါကြောင့် မင်းကိုလေးစားပြီး ထောင်ချောက်ဆင်လိုက်တာ....ဒီလိုမလုပ်ရင် ခန်းမအဆင့် ပြိုင်ပွဲကစိတ်ပျက်စရာနဲ့ အဆုံးသတ်သွားလိမ့်မယ်....."

"ကောင်းပြီ၊ ဂုဏ်ယူစရာပဲပေါ့...လုမင်ဘယ်မှာလဲ "

လီလော့ကလှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။

"ချန်ပီယံနှစ်ယောက်ပေါင်းပြီး ထောင်ချောက်ဆင်တယ်ဆိုတော့ အတော်လေးကို အထင်ကြီးစရာကောင်းတဲ့ အောင်မြင်မှုတစ်ခုလို့ ခံစားရတယ်....."

"ဒီလို ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးဖို့ ငါပဲ အကူအညီတောင်းခဲ့တာ... ငါတို့နှစ်ယောက် တိုက်ခိုက်တာက သူ့အတွက်ကောင်းတဲ့အရာပဲလေ...."

"အခြားသူတွေ ငါတို့ကို ရှင်းဖို့စောင့်ရင်း တစ်စုံတစ်ယောက်ကို တိုက်ခိုက်ရတာ ပျော်လား.....မင်း ဒီလောက်မတုံးနိုင်ဘူး ကျင်းထန်ရှု...."

"ငါ့မှာ ရွေးချယ်စရာမှ မရှိတာ.......မင်းက သူမထက် အန္တရာယ်ပိုများတယ်..."

"ဒါဆို အခုလို အစောကြီး ချုံခိုတိုက်ခိုက်ပြီး ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ အစိတ်အပိုင်းတစ်ခုလုံးကို တစ်ချက်တည်းနဲ့ ရှင်းထုတ်ဖို့ ရည်မှန်းထားတာ... ဝါးနိုင်တာထက် ပိုကိုက်မိမှာကို မကြောက်ဘူးလား?"

"လီလော့..မင်း ငါ့ကိုအထင်သေးလှချည်လား...ငါ့ဘက်ကဘာမှမပြင်ဆင်ထားဖူးလို့ထင်နေတာလား....."

ကျင်းထန်ရှုသည် ကြီးမားသော သစ်ရွက် ဆွဲထုတ်လိုက်သည်။ သစ်ရွက်ပေါ်တွင် ရွှေရောင်အစက်အပျောက်များဖြင့် တောက်နေသည်။

"ဒီလောက်ရက်စက်တာကို အပြစ်မတင်နဲ့.... စစ်ပွဲမှာ အားလုံးတရားမျှတတယ်

...."

ကျင်းထန်ရှု၏ရွှေသစ်ရွက်သည် ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုဖြစ်သည်။

"လုံကူကျွန်းမှာ တရားမျှတစွာ တိုက်ခိုက်ချင်ပေမယ့် ကောလိပ်အတွက် ဘာမဆိုလုပ်ရမှာပဲ....မင်းကိုအခုလိုဖယ်ထုတ်လိုက်တဲ့အတွက် ငါ့ကိုအပြစ်လာမတင်နဲ့... မင်းကိုယ်စား ကြယ်တစ်ပွင့်ခန်းမရဲ့အသန်မာဆုံးကျောင်းသားဘွဲ့ကို ငါရအောင်ယူပေးပါ့မယ်....."

ထိုသို့ပြောပြီးသည်နှင့် ကျင်းထန်ရှုက ရွှေသစ်ရွက်ကို ပြင်းထန်စွာ လွှဲယမ်းလိုက်လေသည်။

ဝှီးးးးးဝှီးးးးးးး

ရွှေသစ်ရွက်သည် လီလော့တို့ဆီဉီးတည်နေသော မီတာဒါဇင်ပေါင်းများစွာ ကျယ်သော လေဆင်နှာမောင်းကို ဖြစ်ပေါ်စေသည်။

အရှိန်ပြင်းသောလေဆင်နှာမောင်းသည် လုံဖုအတွင်းရှိ မီးတောက်များကိုပိုမိုအားကောင်းလာစေသည်။

အပူချိန်က သိသိသာသာ မြင့်တက်လာသည်။

သူတို့ခြေဖဝါးအောက်က မီးပင်လယ်ပြင်ကြီးကလည်း ဒေါသတကြီး ပွက်ပွက်ဆူနေလေပြီ......

ထိုမြင်ကွင်းကို လီလော့နှင့် အခြားလူများက စိတ်ပျက်လက်ပျက် စိုက်ကြည့်နေကြသည်။ သူတို့၏ နှင်းစက်ရည်အလွှာသည်လည်း ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် အငွေ့ပျံလာသည်။

ဤသို့ဖြစ်ရန် ကျင်းထန်ရှုစီစဉ်ထားခြင်းပင်....

၎င်းတို့၏ အကောင်းဆုံး လှုပ်ရှားမှုမှာ ဤနယ်မြေမှ ထွက်ခွာရန်ဖြစ်သော်လည်း ပုံရိပ်ယောင်အစီအရင်က ၎င်းတို့ကို တားဆီးထားသည်။ ထိတ်လန့်ပြီး မဆင်မခြင် လှုပ်ရှားပါက၊ မီးလေဆင်နှာမောင်းသည် ၎င်းတို့ကို ဖြိုခွင်းပြီး ဖယ်ရှားရှင်းလင်းသွားလိမ့်မည်။

ဘာမှမလုပ်ရင် အကုန်ကင်ပြီးသားဖြစ်ကုန်လိမ့်မည်......

ဒါပေမယ့် ဒီမီးလေဆင်နှာမောင်းကို ဘယ်လို တိုက်ဖျက်ကြမလဲ.....

"ငါကြိုးစားကြည့်မယ်.. !"

ပိုင်တုတု ရှေ့သို့ လှမ်းတက်လာပြီး လေဆင်နှာမောင်းကို ကိုင်တွယ်ရန် ပြင်ဆင်နေချိန်တွင် သူမ၏ မျက်နှာ ညှိုးငယ်နေသည်။

ကျင်းထန်ရှုသည် လေဆင်နှာမောင်းကို ပြင်းပြင်းထန်ထန် တွန်းအားပေးနေပြီးအမြစ်ပြတ်ချေမှုန်းဖို့ပြင်ဆင်ထားကြောင်း သူမကောင်းစွာနားလည်သည်။

အကယ်၍ သူမသာ လေဆင်နှာမောင်း၏ ဦးတည်ရာကို ပြောင်းလဲနိုင်ခဲ့ပါက ဘေးကျပ်နံကျပ်အခြေနေမှလွတ်ကင်းနိုင်လိမ့်မည်။

ပိုင်တုတုသည် လီလော့၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ချက်ချင်း ခုန်ဆင်းသွားသည်။ သူမ မာန်သွင်းအော်ဟစ်လိုက်သည့်အချိန်တွင် သူမ၏ ချယ်ရီပန်းလှံတွင် လေပဲ့တင်ထပ်သံစွမ်းအားများ စုစည်းလာသည်။

"နိုးထလော့!"

သူမသည် ကျင်းထန်ရှု၏ ပြင်းထန်သော လေဆင်နှာမောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သူမ ဖန်တီးထားသော လေဆင်နှာမောင်းကို လွှတ်လိုက်သည်။

ကျင်းထန်ရှုသည် ကျင့်ကြံမှုအဆင့်တွင် အားကောင်းရုံသာမက အဆင့်ကိုးတပိုင်း ပဲ့တင်ထပ်သံကိုပါပိုင်ဆိုင်ထားသည်။ထို့အပြင် သူသုံးနေသော ရွှေသစ်ရွက်သည် သာမန်လက်နက်မဟုတ်ပေ။

ပိုင်တုတု၏ လေပဲ့တင်ထပ်သံ စွမ်းအားသည် ပိုမိုကြီးမားသော မီးလေဆင်နှာမောင်းနှင့် မတွေ့ဆုံမီအရှိန်မြှင့်တက်လာသည်။

ဘုန်းးးးးးး

လေပြင်းတိုက်ခတ်သွားသော်လည်း ထွက်ပေါ်လာသည့်အသံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည်။

အပူရှိန်ရှိသော ပတ်ဝန်းကျင်သည် လေသစ်များကို ကြိုဆိုပြီး အပိုလေများကို လောဘကြီးစွာ စုပ်ယူလိုက်သည့်အခါ အပူချိန်ပိုမိုမြင့်တက်လာပြန်သည်။

အခြေအနေက ပိုဆိုးပြီးရင်း ပိုဆိုးလာသည်။

ပိုင်တုတု၏ ခွန်အားသည် ကျင်းထန်ရှု၏ခွန်အားထက်သိသိသာသာလျော့နည်းသည့်အတွက် လေဆင်နှာမောင်းတိုက်ခတ်မှုက ကြာရှည်မခံခဲ့ပေ။ မိနစ်အနည်းငယ်အကြာတွင် သူမ၏ကိုယ်ပိုင်လေဆင်နှာမောင်း လုံးဝလွင့်စင်သွားခဲ့သည်။

နာကျင်စွာ အော်ဟစ်သံနှင့်အတူ ပိုင်တုတု နောက်ဆုတ်လိုက်ရသည်။

သို့သော်လည်း သူမ အံကြိတ်ကာ ထပ်ကြိုးစားရန် အသင့်ပြင်ထားသည်။

လီလော့က သူမကိုလှမ်းဆွဲလိုက်ပြီး....

"အတင်းအကြပ် မလုပ်ပါနဲ့၊ ဒါက ငါတို့ရဲ့ အခြေအနေကို ပိုဆိုးသွားစေလိမ့်မယ်"

လီလော့က ထိုသို့ဆိုရင်း သူတို့၏ နှင်းစက်အလွှာများကို မျက်စိပစ်ပြလိုက်သည်။ လေဆင်နှာမောင်းနှစ်ခုသည် ၎င်းတို့ကို ယခင်ကထက် ပိုမိုမြန်ဆန်စွာ အငွေ့ပျံစေခဲ့သည်။

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲဒီမှာထိုင်ပြီး သေဖို့ စောင့်နေရမှာလား"

လီလော့၏ စိတ်ဓာတ်က ပြင်းထန်လှသည်။ ဤပုံရိပ်ယောင်အစီအရင်၏ရည်ရွယ်ချက်မှာ ၎င်းတို့ကို ဤနေရာတွင် ချုပ်နှောင်ထားရန်ဖြစ်သည်။ ပုံမှန်အားဖြင့်၊ အချိန်အလုံအလောက်သာရှိလျှင် ဖြေရဎင်းဖို့လွယ်ကူလိမ့်မည်။သို့သော်လည်း သူတို့ပတ်ဝန်းကျင်မှာ အပူရှိန်ကို အရှိန်မြှင့်စွာ အဆက်မပြတ် တောက်လောင်စေသည့် မီးလေဆင်နှာမောင်းကို ကိုင်တွယ်ဖြေရှင်းရန်လိုသေးသည်။ထို့အပြင် နှင်းစက်အလွှာများ လျင်မြန်စွာ အငွေ့ပျံနေသဖြင့် အချိန်လုရမည်သာ....

"ဟုတ်ပြီ၊ ငါတို့သွားမှဖြစ်မယ်...ဒီလေဆင်နှာမောင်းက အဖျက်စွမ်းအားကြီးမားတယ်.... ဒါက ပုံရိပ်ယောင်အစီအရင်ကို ပြိုကွဲသွားစေနိုင်တယ်.... ငါတို့ ခဏလောက် ထိန်းထားနိုင်ရင် အဆင်ပြေပြီ....ငါက တပ်မှူးဆိုတော့ ငါအရင်သွားလိုက်မယ်...."

သူသည် ဆိုင်ကလုန်းမုန်တိုင်းထဲသို့ ခုန်ဝင်ရန် ပြင်ဆင်ရင်း သူ့နောက်မှ ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်လာသည်။

သူ့ပခုံးပေါ်ရှိ လက်တစ်ဖက်က သူ့ကို ရပ်တန့်လိုက်ပြီး ထိုလူက သူ့ရှေ့သို့ တိုးလာသည်။

ချင်ဇူလု....

"လီလော့...နောက်ပိုင်းမှာ မင်းလုပ်ရမယ့်အရာတွေကျန်သေးတယ်...ကျင်းထန်ရှုကိုအနိုင်ယူပြီး ကြယ်တစ်ပွင့်ခန်းမရဲ့အသန်မာဆုံးကျောင်းသားဘွဲ့ကိုယူရဉီးမယ်လေကွာ.....ဒီအခြေနေအတွက်အမြောက်အစာလိုအပ်ရင် ငါတို့ပဲအဖြစ်ခံလိုက်မယ်... "

ပိုင်တုတုသည် ချင်ဇူလုအနားသို့ လျှောက်လာပြီး သူ့ကို ပုခုံးကို ခပ်ဖွဖွထိုးလိုက်သည်။

"....ငါတို့သေတော့မသေနိုင်လောက်ပါဘူးနော်...."

ရိလီရှကလည်း ပြုံးလိုက်သည်။

"ဟေး လီလော့က ငါတို့ကို ကာကွယ်ဖို့ အားကိုးရမယ့်နေ့ ရောက်လာမယ်လို့ မထင်ခဲ့မိဘူး၊ ဟေး၊ မင်း အခု ဘယ်လိုခံစားနေရလဲ ငိုတော့မှာလား....."

လုချင်းအာက က စကားမဲ့စွာ ပြုံးပြီး သူတို့ဘေးမှာ မတ်တပ်ရပ်လိုက်သည် ။

ဝမ်ဟေးကျူကလည်း ခံစားချက်မဲ့နေသောမျက်နှာသေကြီးဖြင့်....

"လီလော့.... ငါတို့ကို စိတ်မပျက်စေနဲ့."

လီလော့သည် အပြင်ဘက်တွင် ပူလောင်သောအပူနှင့်မတူဘဲ နှလုံးသားထဲကနေ နွေးထွေးမှုတစ်ခု ခံစားရသည်။ သူက ပြုံးပြီး ခေါင်းကို ခါလိုက်ပြီးနောက် ကျင်းစဲ့ယွီ့ရှန်းဓားကိုကိုင်ကာ ချင်ဇူလုတို့နှင့် ပခုံးချင်းယှဉ်လိုက်လေသည်။

"ကဲ...အားလုံးအတူတူ ရင်ဆိုင်ကြမယ်...."

လီလော့တို့ခြောက်ယောက်သည် တရွေ့ရွေ့တိုးလာနေသော လေဆင်နှာမောင်းကိုရဲဝံစွာရင်ဆိုင်လိုက်လေတော့သည်။

All Chapters