← Chapters

မုဆိုးလား. . . .သားကောင်လား . . . .

Vol. 36 Ch. 493

မုဆိုးလား. . . .သားကောင်လား . . . .

Vol. 36 Ch. 493

"စည်းစည်းလုံးလုံးရှိလိုက်တဲ့ အသင်းပါလား...ငါတောင်ရင်ထဲထိရှသွားတယ်...."

ကျင်းထန်ရှု ခပ်ရွဲ့ရွဲ့ပြုံးပြီး လှောင်ပြောင်နေသည်။ သူ့ရဲ့ နှင်းစက်အလွာလည်း စုတ်ပြဲနေသဖြင့် သူ ဒီမှာ နေဖို့ ရည်ရွယ်ချက် မရှိပေ။

"သွားဖို့အချိန်တန်ပြီ...ငါ့နောက်ကို လိုက်ခဲ့ပါ....တချက်မှမှားလို့မဖြစ်ဘူး..."

ကျင်းထန်ရှုက သူ့အဖွဲ့သားများကိုထိုသို့ပြောပြီးသည်နှင့် လုမင်ပြောခဲ့သော လမ်းအတိုင်း ခြေလှမ်းတိုင်းကို သတိနဲ့သေချာလျှောက်လှမ်းနေလေ၏။

သူ့အဖွဲ့ကလည်း သူ့နောက်ကနေ အနီးကပ် လိုက်လာခဲ့ကြသည်။ ဤပုံရိပ်ယောင်အစီအရင်တွင် ခြေလှမ်းတလှမ်းမှားလိုက်ပါက ၎င်းတို့သည်သည် လီလော့တို့လို မီးတောက်နေသောပင်လယ်ထဲသို့သက်ဆင်းရပေလိမ့်မည်။

လီလော့တို့ထံတွင် ကျင်းထန်ရှုတို ထွက်ခွာခြင်းကို တားဆီးရန် စွမ်းအင်မကျန်တော့ပေ။ ကျင်းထန်ရှုကို အခုချက်ချင်း ရင်ဆိုင်ချင်သော်လည်း လက်ရှိအခြေနေကိုရင်ဆိုင်ဖို့ကပိုအရေးကြီးနေသည်။

သူတို့အားလုံး မီးလေဆင်နှာမောင်းကို ကိုယ်စီကိုယ်စီ ခွန်အားသုံး၍ တွန်းလှန်ခဲ့ကြသည်။

လေဆင်နှာမောင်းသည် ထိန်းချုပ်မည့်သူမရှိတော့သည်တိုင် ကြီးမားသောအရွယ်အစားရှိပြီး ထိန်းချုပ်လို့မရနိုင်သော စွမ်းအားတစ်ခုဖြစ်နေဆဲပင်......

သို့သော်လည်း လီလော့တို့အရှုံးမပေးခဲ့ပေ။ မည်သို့ပင်ဆိုစေ နောက်ပြန်မဆုတ်ဘဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တွန်းလှန်ရတော့မည်သာ.....

ပုံရိပ်ယောင်အစီအရင်သည် လေဆင်နှာမောင်းကြောင့်စတင်ပျက်စီး နေပြီဖြစ်သည်။ခဏလောက်သာ ထိန်းထားနိုင်လွတ်မြောက်နိုင်တော့မည်။

"ညာဘက်ကိုသုံးလှမ်းတိုး...ပြီးရင်တလှမ်းပြန်ဆုတ်...."

ပုံရိပ်ယောင်အစီအရင်အတွင်း ကျင်းထန်ရှုသည် သူ၏အဖွဲ့အား မရေရာသောလမ်းကြောင်းအတိုင်း ဦးဆောင်ခဲ့သည်။ ခြေလှမ်းတစ်ခုစီတိုင်းတွင်၊ သူတို့ပတ်ဝန်းကျင်မှ ပုံရိပ်ယောင်များ အနည်းငယ်ပို၍ မှိန်ဖျော့သွားကာ တဖြည်းဖြည်းနှင့် သေချာပေါက် ထွက်ပေါက်ဆီဉီးတည်နေပြီဖြစ်သည်။

မိနစ်အနည်းငယ်ကြာတွင် ကျင်းထန်ရှု ရုတ်တရက် ရပ်တန့်သွားသည်။

သူသည် ယခုနောက်ဆုံးအဆင့်သို့ရောက်နေပြီဖြစ်ပြီး ခြေလှမ်းဖို့ကိုတုံ့ဆိုင်းနေသည်။

လုမင်၏ အဆိုအရ နောက်ဆုံး ညွှန်ကြားချက်မှာ ဘယ်ဘက်သို့ ခြေတစ်လှမ်း လှမ်းပြီးပါက ပုံရိပ်ယောင်အစီအရင်ထဲမှလွတ်မြောက်နိူင်ပြီဖြစ်သည်။

အခုချိန်ထိ ညွှန်ကြားချက်တွေ မှန်ကန်နေသဖြင့် သံသယဝင်စရာအကြောင်းမရှိပေ။. ဒါပေမယ့် သူသာလုမင်နေရာမှာဆို ပုံရိပ်ယောင်အစီအရင်ကနေလွတ်မြောက်ဖို့ တကယ်ပဲ မှန်ကန်တဲ့ ညွှန်ကြားချက်တွေ ပေးခဲ့မှာလား.......

အကယ်၍သူသာ လွတ်မြောက်သွားမည်ဆို လုမင်၏ အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်လာမည်ဖြစ်သည်။

အခုချိန်သည် လုမင်ဘက်က သူ့ကို ကောင်းကောင်းထောင်ချောက်ဆင်ရန် ပြီးပြည့်စုံသော အခွင့်အရေးဖြစ်သည်။ သူမ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာလား.....

ခြိမ်းခြောက်နိုင်စွမ်းမြင့်မားသော ပြိုင်ဘက်ကို တကယ်ပဲ လမ်းမှန် ပြပေးမှာလား....

နောက်ဆုံးအဆင့်က လုံးဝကို သံသယရှိစရာပင်.....

တချိန်လုံး မှန်ကန်နေပြီးမှ နောက်ဆုံးတလှမ်းမှားယွင်းနေရင်ရော.......

ထို့ကြောင့် ယခုအချိန်အထိ ချောမွေ့သော လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်သည် ကျင်းထန်ရှုအတွက် သံသယဖြစ်စရာ ဖြစ်နေသည်။

သူ့အတွက် ရွေးချယ်စရာ နှစ်ခုရှိသည်။

ဘယ်ဘက်လား.. ညာဘက်လာစ....?

သူ တုံ့ဆိုင်းနေချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျင်းထန်ရှု... နင်ဘာတွေတုံ့ဆိုင်းနေတာလဲ"

ကျင်းထန်ရှုသည်ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

"လုမင်လား....? နောက်ဆုံးအဆင့်အတွက် ဘယ်ဘက်ကိုလှမ်းရမှာသေချာလား....."

"ဘာလဲ.. ငါ နင့်ကို ညွှန်ကြားချက်အမှညးတွေ ပေးလိုက်တယ်လို့ ထင်နေတာလား..."

"မဟုတ်ဘူးလား?" ကျင်းထန်ရှုက အေးစက်စွာ ပြန်ဖြေသည်။

"ယုံတာ မယုံတာ နင့်အပိုင်းပဲ"

လုမင်၏အသံပျောက်ကွယ်သွားသည်။

"အရမ်းမြန်လွန်းတယ်"

ကျင်းထန်ရှု သူ့ကိုယ်သူ အောင်ပွဲခံရင်း တိုးတိုးလေးပြောလိုက်သည်။

"လုမင်.... မင်းသာ နည်းနည်းစိတ်ရှည်ခဲ့မယ်ဆို ငါနင့်ကိုယုံမိမှာပါ...."

ထို့နောက် ကျင်းထန်ရှု အားရကျေနပ်သည့်အပြုံးမျိုး ပြုံးလိုက်သည်။ သူသည် အယုံလွယ်သူမဟုတ်ပေ။လုမင်ကိုသံသယဝက်နေပြီဖြစ်သောကြောင့် လုမင်၏ညွှန်ကြားချက်ကိုယုံကြညနေစရာမလို့တော့ပေ။

ဤသို့ဖြင့် ညာဖက်သို့ လျှောက်သွားလိုက်လေသည်။

ဝုန်းးးးးး

ပြင်းထန်သော လျှပ်စီးကြောင်းတစ်ခုသည် သူ့ခြေထောက်ကို လှုပ်ခတ်သွားစေပြီး သူ့ခန္ဓာကိုယ်သည် တုန်ယင်နေပြီး အာကာသထဲသို့ ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။

မီးတောက်တစ်ခုကိုလည်း ကွက်ကွက်ကွင်းကွင်းမြင်နေရသည့်အတွက် ကျင်းထန်ရှု ဖြူဖျော့နေလေပြီ။

မီးလေဆင်နှာမောင်းသည် သူ့ရှေ့တွင် အော်ဟစ်နေသည်။

အလွန်ရင်းနှီးသော မီးလေဆင်နှာမောင်း...

ဒါ...သူကိုယ်တိုင်ဖန်တီးထားတာ......

ကျင်းထန်ရှုသည် လီလော့တို့အဖွဲ့ သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျန်တဲ့ ဉာဏ်အလင်းကောလိပ်က ကျောင်းသားတွေက သူ့နောက်မှာ ရှိနေသည်။

မီးလေဆင်နှာမောင်းကို မြင်လိုက်ရတော့ အားလုံး လန့်သွားပြီး အခြေနေကို ချက်ချင်းသဘောပေါက်လိုက်ကြသည်။

"လုမင်!"

ကျင်းထန်ရှု ကောင်းကင်ကို မော့ကြည့်ပြီးစိတ်ပျက်လက်ပျက်အော်ဟစ်နေလေ၏။

လုမင် သူ့ကိုတကယ်ပဲ လမ်းမှန်ကိုပြောပြပေးခဲ့တယ်.....

ကောက်ကျစ်လိုက်တဲ့မိန်းမ......

"ကျင်းထန်ရှု...နင့်ကိုနင် လည်လှပြီထင်နေတာမလား...အခုကြည့်စမ်း နည်းနည်းလေးပဲဆွပေးရသေးတယ် ချက်ချင်းကို ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်ပစ်လိုက်တယ်......"

"နင်...နင်သရုပ်ဆောင်ခဲ့တာပေါ့." J

ကျင်းထန်ရှု တုန်လှုပ်သွားသည်။ သူမသည် သူ၏ သံသယကြီးမှုကိုကောင်းကောင်းကြီးအသုံးချသွားခဲ့သည်။

ဒီမိန်းမက ငါ့ကိုရော လီလော့ကိုပါဖြုတ်ချချင်နေတာလား.....

သို့သော် ကျင်းထန်ရှု ဒေါသကို အမြန်ထိန်းလိုက်သည်။ ပိတ်မိနေသည့်တိုင် ကူကယ်ရာမဲ့လောက်သည်အထိ အခြေနေမဆိုးသေးပေ။

သို့သော်...ကျင်းထန်ရှုက လီလော့ကို လှည့်ကြည့်လိုက်သည်။

"လီလော့..... ငါ့မှာ ဒီကထွက်ဖို့နည်းလမ်းရှိတယ်....မင်း ငါ့ကိုယုံလား....."

လီလော့က သူ့ကို ထူးဆန်းစွာ ကြည့်နေသည်။

" ကျင်းထန်ရှု....ငါမင်းကိုဆဲမိတော့မယ်...."

ကျင်းထန်ရှု ရှုံ့မဲ့သွားသည်။ သူ့ကိုယ်သူလည်း အပြစ်နေမိသည်။ ဒါပေမယ့်လည်း ရွေးချယ်စရာမရှိခဲ့ပေ။ လုမင်၏ထောင်ချောက်သည် အန္တရာယ်ရှိသောအခြေအနေသို့ ရောက်စေခဲ့သည်မဟုတ်လော......

"မင်းအရင်သွား..."

လီလော့က တိုးတိုးလေးပြောလိုက်သည်။

အချိန်ဆွဲနေလို့မဖြစ်ဘူး....ကြာရင်အကုန်လုံး ကောင်လုံးကင်တွေဖြစ်ကုန်တော့မယ်......ဒီကနေ အရင်ထွက်ရမယ်...နောက်မှ မင်းနဲ့စာရင်းရှင်းမယ်......

ကျင်းထန်ရှု သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။လီလော့ဘက်က အခုချက်ချင်းတိုက်ခိုက်ရလောက်အောင်တုံးအသူမဟုတ်မှန်း ကောင်းကောင်းနားလည်ထား၍သာတော်ပေတော့သည်။

ကျင်းထန်ရှုက သူ့အသင်းဖော်တွေကို လက်ပြလိုက်သည့်အခါ အားလုံးကခေါင်းတညိတ်ညိတ်နဲ့ လက်ဖဝါးတွေကို ပူးကပ်လိုက်ကြသည်။ ထို့နောက် လင်းလက်နေသောအလင်းလုံးများကို ဖန်တီးလိုက်ကြသည်။

ဝုန်းးးးး

ကျင်းထန်ရှုတို့ ဖန်တီးထားသော အလင်းလုံးများသည် ငှက်များ ပျံသန်းသကဲ့သို့ လွင့်ထွက်ကာ ပုံရိပ်ယောင်အစီအရင်၏ ဘေးဘက်ရှိ အပေါက်တစ်ခုကို ထိုးဖောက်လိုက်ကြသည်။

၎င်းတို့သည် ပုံရိပ်ယောင်အစီအရင်၏နံရံကို စတင်ဖျက်စီးနေပြီဖြစ်သည်။

"ကြည့်ရတာ အစကတည်းက နင့် ငါ့ကို မယုံခဲ့ဘူးမလား...."

လုမင်ရဲ့ အသံကို ထပ်ကြားရပြန်သည်။

"ဒါသဘာဝပဲလေ...."

ကျင်းထန်ရှုက အေးဆေးစွာ ပြန်ပြောသည်။ လက်ရှိအချိန်တွင် သူရောလီလော့ပါလွတ်မြောက်နိုင်ပြီဖြစ်သည်။

"ကျင်းထန်ရှု....နင် ငါ့ကိုလာရှာကတည်းက ငါလည်းကြိုတင်ပြင်ဆင်ထားပြီးပြီ....."

ဝုန်းးးးးး

လျှပ်တပြက် တဖျပ်ဖျပ်ဖျပ်လက်နေသော လျှပ်စီးကြောင်းတစ်ခုသည် လီလော့နှင့်ကျင်းထန်ရှုတို့ကိုကျော်ဖြတ်ကာ မီးလေဆင်နှာမောင်းဆီသို့တည့်တည့်တိုးဝင်သွားသည်။

"ထွက်သွားတော့....သူ အကုန်လုံးကို ပြာချပစ်တော့မှာ..!!!!"

ကျင်းထန်ရှု ထအော်လိုက်သည့်အခါ လီလော့တို့တဖွဲ့လုံး အသက်လုပြီးပြေးခဲ့ကြသည်။

ဝုန်းးးးးးးးးး

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ မီးလေဆင်နှာမောင်း ပေါက်ကွဲသွားပြီး မီးတောက်များက မိုးစက်များသဖွယ်ကျဆင်းလာလေသည်။

All Chapters