← Chapters

သွေးမျိုးဆက် ပညာရပ်

Vol. 36 Ch. 494

သွေးမျိုးဆက် ပညာရပ်

Vol. 36 Ch. 494

လုံဖုအတွင်းရှိ လမ်းကြောင်းအရပ်ရပ်တွင် ကြီးကျယ်ခမ်းနားသော ကြက်သွေးရောင်လှိုင်းလုံးကြီးသည် ကျယ်လောင်သောမြည်သံနှင့်အတူအောက်ဘက်မှတရိပ်ရိပ်လှိုက်တက်လာသည်။

လီလော့ ကြောက်လန့်တကြားဖြင့် ရေစွမ်းအားသုံးပြီး ကာကွယ်ခဲ့သော်လည်း ပေါက်ကွဲမှုအရှိန်ကြောင့် မီတာတစ်ရာအထိ လွင့်ထွက်သွားသည်။ လျှပ်စီးကြောင်းနှင့် ချော်ရည်များ ပေါက်ကွဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ရုံသာမက ကိုယ်တွင်းအင်ဂါများကိုလည်း လုံးလုံးလျားလျားထိခိုက်စေခဲ့သည်။တကိိုယ်လုံး နာကျင်ကိုက်ခဲနေသည့်တိုင် နှင်းစက်အလွှာကိုစစ်ဆေးရန်သာ စိတ်စောနေခဲ့သည်။

သူ့နှလုံးသား နစ်မြုပ်သွားသလိုခံစားလိုက်ရသည်။

တစ်ချိန်က တောက်ပနေသော နှင်းစက်အလွှာသည် ယခုအခါ အလွန်မှိန်ဖျော့နေပြီး အရင်ကထက် အများကြီးပိုပါးသွားပုံရသည်။

ပေါက်ကွဲမှုသည် ၎င်းတို့၏ နှင်းစက်အလွှာကို ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။

လီလော့ စိတ်ထဲကနေ ကျိန်ဆဲပြီး တခြားသူတွေကို လှည့်ကြည့်လိုက်သည်။ ချင်ဇူလု၊ ပိုင်တုတု၊လုချင်းအာ၊ရိလီရှနှင့်ဝမ်ဟေးကျူတို့ အားလုံးက လွတ်အောင် တတ်နိုင်သမျှ ဝေးဝေးကို ပြေးနိုင်ခဲ့ကြသဖြင့် ယခု သူတို့သည် လီလော့ ဆီသို့ တတ်နိုင်သမျှ အမြန်ပြေးလာနေကြသည်။

သူတို့အားလုံးလည်း နှင်းစက်အလွာများကို အသီးသီး စစ်ဆေးပြီးနောက် ဆိုးရွားစွာကြည့်နေကြသည်။ သူတို့ထဲက တချို့က လီလော့ ထက်တောင် အခြေအနေပိုဆိုးနေသေးသည်။

“ငါတို့တော့သွားပြီ....လုံကူကျွန်းကိုရောက်နိုင်မှာမဟုတ်တော့ဘူး....."

ရိလီရှက မချိပြုံးပြုံးပြီး ပြောလိုက်သည်။

"သေစမ်းကွာ...သေစမ်း...သေစမ်း...!!"

ချင်ဇူလု၏ မချိတင်ကဲအော်သံကြောင့် အားလုံး စိတ်မကောင်းဖြစ်ကုန်ကြသည်။

ပိုင်တုတုသည်လည် အံတင်းတင်းကြိတ်ထားသည်။ မယုံနိုင်လောက်အောင် စိတ်ပျက်စရာကောင်းသည်။လုံကူကျွန်းတွင် တိုက်ပွဲဝင်ရန်ဆုံးဖြတ်ထားသောလည်း ပထမခြေလှမ်းမှာတင်ရှုံးနိမ့်ခဲ့ရပြီ.....

ဒါ ကျင်းထျန်ရှုကြောင့်....ဒီကောင်စောက်ရူးထလို့အခုလိုဖြစ်ရတာ.....

လီလော့ကို ခြိမ်းခြောက်မှုလို့ သူထင်တဲ့အတွက် ဖြုတ်ချနိုင်ဖို့ စွန့်စားခဲ့သည်။ယခုလည်း ကျင်းထန်ရှု ကိုယ်တိုင်လည်း ကိုယ်ဖော်တဲ့ဆေးကိုယ်ပြန်စားနေရပြီ......

မလှမ်းမကမ်းတွင် ဉာဏ်အလင်းကောလိပ်မှ

ကျောင်းသားများသည် သနားစရာကောင်းလောက်အောင် ငြီးတွားနေကြသည်။

သူတို့သည်လည်း လီလော့တို့နှင့် မထူးမခြားနားပေ။

အနိုင်ရနိုင်ခြေအရှိဆုံး ကျောင်းနှစ်ကျောင်းသည် လုံကူကျွန်းသို့ပင် မရောက်ရှိနိုင်ဘဲ နှုတ်ထွက်ရတော့မည်။

လီလော့တစ်ယာက် ကျင်းထန်ရှကို ရွံရှာစွာ စိုက်ကြည့်နေပြီး နုတ်နုတ်စင်းပစ်ချင်နေသည်။

" လီလော့...ငါ့တွက်ကိန်းလွဲသွားတယ်...."

"မင်းက အရူးတစ်ယောက်ပဲ"

"ဟုတ်တယ်"

ကျင်းထန်ရှုက ပခုံးတွန့်ကာ သဘောတူလိုက်သည်။

"ဒါပေမယ့် အကုန်လုံး ပျောက်သွားတာမှမဟုတ်တာ...."

"ဟဲ့...နင်တို့ရော ငါတို့ရော နှင်းစက်အလွှာတွေဒီလောက်ပျက်စီးနေတာ ဘယ်လိုလုပ်လုံကူကျွန်းကိုရောက်နိုင်မှာလဲ....."

“နင်တို့အတွက်ဟုတ်တယ်...ငါ့အတွက်က ဖြစ်နိုင်သေးတယ်....”

ချင်ဇူလုနှင့် အခြားသူများ မျက်မှောင်ကြုတ်သွားကြသည်။ ဒီကောင့်မှာ ဝှက်ဖဲတွေရှိသေးတာလား....

“ လုံလောက်တဲ့အရှိန်နဲ့ဆို လုံကူကျွန်းကိုရောက်နိုင်သေးတယ်...ငါ့မှာအဲ့လိုအရှိန်မျိုးရှိတယ်....."

ကျင်းထန်ရှု ခပ်တိုးတိုး ရယ်မောလိုက်သည်။

"တောင်းပန်ပါတယ်.....အခြေအနေက ဆိုးပေမယ့် ငါ့အတွက် မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားတာတော့ မဟုတ်ဘူး.... ကြည့်ရတာ နင်းနဲ့မျှမျှတတယှဉ်ပြိုင်ဖို့အခွင့်ရေးမရှိတော့ဘူးနဲ့တူတယ်...."

ကျင်းထန်ရှုက လီလော့ကိုပြောပြီးသည်နှင့်သူ့အသင်းဖော်တွေဆီ လှည့်ကြည့်လိုက်သည်။

"လူချန်း ငါအရင်သွားနှင့်မယ်.... "

သူတို့ကျောင်းရဲ့ ဒုတိယတပ်မှူးတောင်မှ တခြားရွေးချယ်စရာမရှိဘူးဆိုတာ နားလည်နေသည်။

"ငါတို့မှာ မင်းလိုအမြန်နှုန်းမရှိတဲ့အတွက် လုံကူကျွန်းကိုမရောက်နိုင်ဘူး....ငါတို့ကောလိပ်အတွက်ဂုဏ်ယူစရာတွေဆောင်ကျဉ်းလာခဲ့ပါ......"

"စိတ်မပူပါနဲ့....လုမင်ကိုလည်း မှတ်လောက်အောင်သင်ခန်းစာပေးခဲ့မယ်...."

သူသည် အချိန်မဖြုန်းတော့ဘဲ လေတ စွမ်းအင်များဖြင့် ပြည့်နေသော အစိမ်းရောင်တောင်ပံတစ်စုံကိုတဖျတ်ဖျတ်ခတ်ကာပျံသန်းထွက်ခွာသွားလေတော့သည်။

ကြယ်တာယာခရီးရှည်ကောလိပ်မှ ကျောင်းသားများ ထိုမြင်ကွင်းကိုအားကျစွာစိုက်ကြည့်နေရုံမလွဲ၍ မတတ်နိုင်ရှာတော့ပေ။

ထိုအရှိန်ဖြင့်၊ သူသည် နှင်းစက်အလွှာ လုံးဝအငွေ့ပျံမသွားမီ လုံကူကျွန်းသို့ ရောက်အောင်သွားနိုင်မည်မှာ သေချာနေသည်။

"ဘယ်လို လုပ်ကြမလဲ...!"

ပိုင်တုတုက စိတ်ပျက်လက်ပျက် ထအော်သည်။

ကျင်းထန်ရှုသည် ၎င်းတို့အားလုံးကို ရွှံ့ထဲသို့ဆွဲနစ်ပြီး သူကိုယ်တိုင်ကတော့ ကိုယ်လွတ်ရုန်းသွားခဲ့ပြီ....

လီလော့က ကျင်းထန်ရှု ထွက်သွားသည်ကို ဗလာကျင်းနေသည့်အကြည့်များနှင့်သာစိုက်ကြည့်နေသည်။

"လီလော့... နင်လည်း သွားသင့်ပြီ.....ငါတို့ရဲ့နှင်းစက်အလွှာတွေက အရမ်းပါးလွှာပေမယ့် နင်က အခြေနေကောင်းသေးတယ်.... မြန်မြန်သွားရင်မှီနိုင်လောက်တယ်....” ဟု ပိုင်တုတုက ခပ်တိုးတိုးပြောသည်။

ချင်ဇူလနှင့် ရိလီရှတို့လည်း ခေါင်းညိတ်လိုက်သည်။

"ဘယ်သူမှမရှိတာထက်စာရင် တစ်ယောက်လောက်ရောက်သွားနိုင်တာလည်း ကောင်းတာပဲလေ.... "

“ အသုံးမဝင်ဘူး..လီလော့မှာ ကျင်းထန်ရှုလိုအမြန်နှုန်း မရှိဘူး....."

ဤအချိန်တွင် ဝမ်ဟေးကျူကို ဘယ်သူမှ မချေပနိုင်တော့ပေ။ ကျင်းထန်ရှုသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းတတိယအဆင့်ရောက်နေရုံသာမက အဆင့်ကိုးတပိုင်း လေပဲ့တင်ထပ်သံကိုလည်းပိုင်ဆိုင်ထားသည်။

"ငါတို့ဒီလောက်နဲ့အရှုံးမပေးနိုင်ဘူး!"

ပိုင်တုတု တုန်လှုပ်သွားသည်။

လီလော့သည် စကားများရန်ဖြစ်ခြင်းကို ရပ်တန့်ရန် မောပန်းစွာ လက်ကိုဝှေ့ယမ်းလိုက်သည်။ ဝမ်ဟေးကျူ၏စကားများသည် စိတ်ပျက်စရာကောင်းသော်လည်း မှန်ကန်နေသည်။ ပုံမှန်အားဖြင့် လီလော့သည် ကျင်းထန်ရှုနှင့် မယှဉ်နိုင်ပေ။သို့သော်လည်း နည်းလမ်းတခုတော့ရှိနေသေးသည်။

သူ့လက်က အနီရောင်လက်ကောက်ဆီသို့ ရွေ့လျားသွားသည်။ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားဖြင့်၊ သူ၏ အမြန်နှုန်းနှင့် ပဲ့တင်ထပ်သံ စွမ်းအားတို့ကို တခဏတာမျှ မြှင့်တင်နိုင်ပေလိမ့်မည်။

ဒါပေမယ့်…ဖြုန်းတီးသလိုဖြစ်နေလိမ့်မည်...

၎င်းသည် သူ၏ အဆုံးစွန်သော အမိုက်စားဝှက်ဖဲဖြစ်သည်။ခန်းမအဆင့်ပြိုင်ပွဲလောက်တွင် ထုတ်မသုံးချင်သေးပေ။

ဒီလိုအခြေအနေမျိုးမှာ သူ့မှာ တခြားရွေးချယ်စရာမရှိသလို ဖြစ်နေပြီ.... မဟုတ်ရင် လုံကူကျွန်းကို ရောက်မယ်လို့ သူ့မှာ အာမခံချက်ရှိနိုင်မည်မဟုတ်တော့ပေ။

ဝူးးးး

သူ ဆုံးဖြတ်ချက် ချလိုက်လေပြီ.....

သူသည် ဝံပုလွေ၏ စွမ်းအားကိုနိုးဆွနိုင်ဖို့ ကောင်းကင်ဓမ္မတေးသံကို စတင်ရွတ်ဆိုခဲ့သည်။

“နည်းလမ်းရှိပါသေးတယ်....”

လီလော့ အံ့အားသင့်စွာ လှည့်ကြည့်လိုက်တော့ ထိုသို့ပြောသူမှာ လုချင်းအာဖြစ်နေသည်။

" လီလော့....နင်ငါ့ကိုယုံလား....."

" ယုံတာပေါ့....."

"ဒါဆို နင့်ကို ရေခဲချပ်ဝတ်နဲ့ ဖုံးအုပ်ပေးနိုင်တဲ့ ပဲ့တင်ထပ်သံပညာရပ်တစ်ခု ရှိတယ်....ဒါက နှင်းစက်အလွှာ လောင်ကျွမ်းမှုကို နှေးကွေးစေနိုင်တယ်...."

အားလုံးက သူမကို အံ့သြစွာ စိုက်ကြည့်နေကြသည်။

"ချင်းအာ... နင် နောက်နေတာလား...လုံဖုအတွင်းပိုင်းက မီးဘယ်လောက်တောင် ပြင်းတယ်ဆိုတာ နင်သိသင့်တယ်..ငါတို့ရဲ့စွမ်းအားနဲ့ဘယ်လိုခုခံနိုင်မှာလဲ...."

လုချင်းအာက သူတို့အားလုံးထဲမှာ အားအနည်းဆုံးဖြစ်ပြီး သူမ၏ရေခဲပဲ့တင်ထပ်ကလည်း အဆင့်ရှစ်လောက်သာရှိသည်။

"ကြိုးစားကြည့်လို့ အရှုံးမရှိဘူး...."

ရွှေနဂါးတာအိုနယ်မြေတွင် သူမနှင့်အတူအလုပ်လုပ်ပြီးနောက်တွင် သူမအား ကျောထောက်နောက်ခံပေးထားသော စည်းစိမ်နှင့် စွမ်းအားများကို လီလော့ကောင်းစွာသိထားသည်။

" နင့်လက်ပေး....."

သူမ၏ရေခဲပိုးထည်လက်အိတ်ကို ချွတ်ကာ နီရဲနေသောလက်ကို ဆုပ်ကိုင်ထားရင်း ခဏတာမျှ တုံ့ဆိုင်းသွားသည်။

ချက်ခြင်းပင် လီလော့၏လက်ထဲသို့ အေးမြသောစွမ်းအင်များ စိမ့်ဝင်လာသည်။ ပူပြင်းသော အပူရှိန်တွင်၊ ဤလက်ပိုင်ရှင်ကဲ့သို့သော အေးမြသောအရာကို ပွေ့ဖက်ထားရလျှင် အလွန်ကောင်းမည်ဟုပင်တွေးလိုက်မိသည်။

သူမသည် သူမ၏ လက်ချောင်းများကို ကိုက်ကာ ထိပ်ဖျားမှ သွေးများကိုလီလော့ ၏ လက်ဖဝါးထဲသို့ ဖိသွင်းလိုက်သည်။

ရွတ်ဆိုသံက သူမ၏သွေးများကို အပြာရောင်ပြောင်းသွားစေပြီးအေးခဲသွားစေသည်။

လုချင်းအာက မျက်လုံးများကို မှိတ်ထားပြီး တစ်စုံတစ်ခု ရွတ်ဆိုလိုက်သည်။

"သွေးမျိုးဆက်ပညာရပ်.... ထာဝရညရေခဲချပ်ဝတ်......."

All Chapters