← Chapters

ကမ္ဗည်းပြား၏ ပဲ့တင်ထပ်သံ. . . .

Vol. 36 Ch. 495

ကမ္ဗည်းပြား၏ ပဲ့တင်ထပ်သံ. . . .

Vol. 36 Ch. 495

လုချင်းအာ၏ နူးညံ့သော ရွတ်ဆိုသံအဆုံးတွင် အေးခဲနေသောအပြာရောင် သွေးများသည် တောက်ပသော အလင်းရောင်ဖြင့် ဖြာထွက်နေသော တံဆိပ်တစ်ခုအဖြစ်သို့ ပေါင်းစပ်သွားပြီး ကြည်လင်ပြတ်သားသော အပြာရောင်အလင်းတန်းများ ထွက်လာသည်ကို မြင်နိုင်သည်။

အလင်းတန်းများသည် သူ့ခန္ဓာကိုယ်ကို ချပ်ဝတ်တစ်ခုကဲ့သို့လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။

ချပ်ဝတ်တန်ဆာ ဝတ်စုံတစ်ခုလုံးတွင် ရောထွေးနေသော အနုစိတ်သည့် အနက်ရောင်နှင်းပွင့်သဏ္ဍန်များရေးထွင်းထားသည်။ ထိုချပ်ဝတ်သည် ပြင်ပအပူရှိန်ကိုအတိုင်းအတာတခုအထိလျှော့ချပေးထားသည်။

သို့သော်လည်း ဤချပ်ဝတ်သည် ယာယီကယ်ဆယ်အကာအကွယ်မျှသာဖြစ်သည်။ ယခုချိန်တည်းကပင် ချပ်ဝတ်ပေါ်ကနှင်းပွင့်အချို့စတင်အရည်ပျော်နေပြီဖြစ်သည်။

သို့သော်လည်း ၎င်းသည် နှင်းစက်အလွှာကို ဖုံးအုပ်ပြီး ၎အငွေ့ပျံမှုအရှိန်ကို အလွန်လျှော့ချလိုက်ခြင်းဖြင့် လူတိုင်းကို အထင်ကြီးစေခဲ့သည်။

ထိုမြင်ကွင်းသည် အားလုံးကို အံ့အားသင့်စေခဲ့သည်။

ဒါဘယ်လိုပညာရပ်မျိုးလဲ....တကယ်အလုပ်ဖြစ်တယ်ပေါ့....

လုချင်းအာ၏ ချပ်ဝတ်သည် လုံဖုအတွင်းရှိ အပူရှိန်ကို ခံနိုင်ရည်ရှိသည်အထိ အစွမ်းထက်လှသည်။

ထိတ်လန့်သောအကြည့်များကြားတွင်၊ လုချင်းအာ၏အသားအရေ သိသိသာသာ ဖြူဖျော့လာပြီး သူမ အားနည်းသွားသည်။ ကံကောင်းစွာဖြင့် ပိုင်တုတုက သူမကို အချိန်တိုအတွင်း ဖမ်းထိန်းထားနိုင်သည်။

"လီလော့၊ ဒါက နင့်အတွက် ငါ့ရဲ့ နောက်ဆုံးလက်ဆောင်ပဲ....ထာဝရညရေခဲချပ်ဝတ်ကနင့်ကို အချိန်ဆွဲထားပေးနိုင်လိမ့်မယ်....လုံကူကျွန်းကိုရောက်မရောက်ကတော့ နင့်အပေါ်မူတည်သွားပြီ....."

လီလော့သည် အံဖွယ်ချပ်ဝတ်ကို သတိထားပြီး စစ်ဆေးကြည့်သည်။ ဒါဟာ လက်တလောရင်ဆိုင်နေရသည့် အကျပ်အတည်းအတွက် မမျှော်လင့်ထားသည့် အဖြေတစ်ခုပင်

ထာဝရညရေခဲချပ်ဝတ်သည် သာမန်ပညာရပ်မဟုတ်ကြောင်း သူရှင်းလင်းစွာခံစားနိုင်သည်။

ထိတ်လန့်သွားသော်လည်း၊ အလျင်အမြန်စိတ်ထိန်းလိုက်ပြီး လုချင်းအာကိုပြုံးပြလိုက်သည်။

"နင့်ရဲ့နည်းလမ်းတွေကိုလိုက်လို့မမှီတော့ဘူး...."

လုချင်းအာကြောင့် သူ၏ဝှက်ဖဲကို ဆွဲထုတ်ရန် မလိုအပ်တော့ဘဲ အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေကို နောင်အခါအရေးကြုံမှသာထုတ်သုံးရတော့မည်။

ပီတိဖြစ်နေသော လီလော့ကိုကြည့်ရင်း လုချင်းအာသည်လည်း ထပ်တူထပ်မျှပျော်ရွှင်နေပါသည်။ ဤထူးခြားသော ပညာရပ်ကိုကျွမ်းကျင်ရန် ခက်ခဲကြမ်းတမ်းစွာ အချိန်ပေး လေ့ကျင့်ခဲ့ရသည်။ တကယ်တော့...သူမ ဒီပညာရပ်ကိုလေ့ကျင့်ဖို့ဆုံးဖြတ်သည်ကို ယုဟုန်ရှီလုံးဝသဘောမတူခဲ့ပေ။ အဆုံးတွင်၊ လုချင်းအာ၏ခေါင်းမာမှုကို ယုဟုန်ရှီ မလွန်ဆန်နိုင်ခဲ့ပေ။

လီလော့ကို ကူညီနိုင်ခဲ့ကြောင်း သိလိုက်ရသဖြင့် သူ့ကိုယ်သူ အလွန်ကျေနပ်အားရနေမိသည်။

"ငါ့ရဲ့လက်ရှိခွန်အားနဲ့ ချပ်ဝတ်တစ်ခုပဲဖန်တီးနိုင်သေးတယ်....အားလုံးကိုတောင်းပန်ပါတယ်....."

ချင်ဇူလု ခေါင်းယမ်းလိုက်သည်။

"ဒီလိုဆိုးရွားတဲ့အခြေအနေမှာ လီလော့ကိုပို့ပေးနိုင်တာနဲ့တင် အတော်အခြေနေကောင်းနေပြီ....."

" နောက်ထပ်အချိန်မဖြုန်းနဲ့...မြန်မြန်သွားတော့....”

ပိုင်တုတုက အော်ဟစ်သတိပေးလိုက်သည်။ ထာဝရညရေခဲချပ်ဝတ်သည် ယာယီအတွက်သာဖြစ်သောကြောင့် အခွင့်ရေးကိုကောင်းကောင်းအသုံးမချနိုင်လျှင်အားလုံး သဲထဲရေသွန်ဖြစ်ကုန်လိမ့်မည်။

ဝမ်ဟေးကျူလည်း တုန်လှုပ်ခြောက်ခြားသွားသည်။ သူသည် နှင်းစက်များရရှိရန် ရုန်းကန်ခဲ့ရပြီး နောက်ဆုံးတွင် လုံကျွန်းရှိ ပာရမီရှင်များကြားတွင် ရုန်းကန်ရန် အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ယခုမူ ရှောင်လွှဲ၍မရသော ဖယ်ရှားမှုကို တွန်းလှန်ရန် ရုန်းကန်နေရသော လီလော့ သည် နောက်ထပ်ခြေလှမ်းသစ်လှမ်းနိုင်တော့မည်။

"လီလော့...အကောင်းဆုံးကြိုးစားခဲ့..... ဟိုခွေးမသားကျင်းထန်ရှုကို သမခဲ့ဖို့လည်း မမေ့နဲ့....."

လက်ရှိအချိန်သည် စက္ကန့်တိုင်းအဖိုးတန်သောကြောင့် လူတိုင်း၏မျှော်လင့်ထားသော အကြည့်များကို မြင်လိုက်ရသည်နှင့် သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်လိုက်သည်။

"ငါအကောင်းဆုံး ကြိုးစားမယ်...."

လေးနက်သော စကားလုံးများနှင့်အတူ သူ့ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်လာပြီး တောက်လောင်နေသော အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်သွားလေသည်။ သူ့ခြေဖဝါးက မီးပင်လယ်နဲ့ ထိတွေ့လိုက်တဲ့အခါ ရေစွမ်းအားများ ရုတ်တရက်ထွက်ပေါ်လာပြီး စပရိန်တခုလိုအရှိန်မျိုးဖြင့် အတော်ဝေးဝေးရောက်အောင်ခုန်နိုခဲ့သည်။

တချက်တည်းဖြင့် မီတာတရာကျော်ခုန်ပျံနိုင်ခြင်းသည် ကျင်းထန်ရှု၏အရှိန်ကိုမမှီနိုင်သော်လည်း ဟာသတော့မဟုတ်ပေ။

လှည့်ကြည့်လိုက်သည့်အခါ ချင်ဇူလုတို့ကိုအစက်အပျောက်မျှသာမြင်ရတော့သည်။တခဏအကြာတွင် ထုတ်ပယ်ခြင်းအလင်းတန်းများအစီအရီလင်းလက်လာတော့သည်။

ထိုမြင်ကွင်းကြောင့် သူ့ခြေလှမ်းများ စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွားသည်။ အပေါ်ယံတွင်အမူအရာမပြောင်းသော်လည်း စိတ်ထဲတွင်ဒေါသများဆူဝေနေပြီဖြစ်သည်။

"ကျင်းထန်ရှု.....မဟုတ်ဘူး လုမင်လည်း ပါတယ်...."

ကျင်းထန်ရှုသည် အဓိကရန်သူဖြစ်သည်ဆိုသော်လည်း လုမင်ကလည်း သိသာထင်ရှားသောကူညီပံ့ပိုးမှုပေးထားသည်။ ရည်ရွယ်ချက်က ဘယ်လိုပဲ ဖြစ်ဖြစ် သူမ ပါဝင်ခဲ့သည့်အတွက် ကိုယ်စိုက်ပျိုးသည့်အရာကို ကိုယ်ပြန်ရိတ်သိမ်းရမည်သာ.....

ဒီလိုမှမဟုတ်ရင် သူ့အဖွဲ့သားတွေကိုဘယ်လိုမျက်နှာချင်းဆိုင်ရမည်နည်း.....

လီလော့ ရှေ့သို့ တဟုန်ထိုး ပြေးလာနေစဉ် ရေခဲချပ်ဝတ်ကလည်း တဖြည်းဖြည်း အရည်ပျော်လာသည်။ ကံကောင်းစွာဖြင့်၊ ချပ်ဝတ်ရှိနေသရွေ့ နှင်းစက်အလွှာသည် ဖြစ်နိုင်ချေအနည်းဆုံးနှုန်းဖြင့်သာ ကွယ်ပျောက်သွားမည်ဖြစ်သည်။

“အရည်ပျော်နှုန်းနဲ့ တွက်ကြည့်တော့ ငါ့မှာ နောက်ထပ် အချိန် ရှစ်နာရီကျန်သေးတယ်.....”.

ရှစ်နာရီထက်ကျော်လွန်သွားပါက လုံကူကျွန်းသို့ ရောက်ရှိရန် မဖြစ်နိုင်တော့ဘဲ လုံဖု၏ ပြင်းထန်သော မီးတောက်များက သူ့ကို ပြိုင်ပွဲမှ ထွက်ခွာရန် တွန်းအားပေးလိမ့်မည်။

“ငါလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်....”

လီလော့က အရှိန်မြှင့်ရန် သူ၏ အားထုတ်မှုကို နှစ်ဆတိုးပြီး ညည်းညူလိုက်သည်။

လမ်းတစ်လျှောက်တွင် အခြားသောကောလိပ်များမှ ပြိုင်ဘက်များနှင့်ပင် ထိပ်တိုက်တွေ့ခဲ့သည်။ သူ၏ စိုးရိမ်ပူပန်ဖွယ် အခြေအနေကို မြင်လိုက်ရတော့ အနည်းငယ် ထိတ်လန့်သွားကြသည်။

လီလော့ ဒေါသထွက်နေရခြင်းကို မည်သူမျှမအံသြတော့ပေ။ မကြာမီပျောက်ကွယ်သွားတော့မတတ်မှိန်ဖျော့နေသော နှင်းစက်လွှာဖြင့် လုံကျွန်းသို့အရောက်သွားဖို့ကြိုးစားနေရခြင်းကို အားလုံး နားလည်ပေးနိုင်သည်။

ထို့ကြောင့် အခြားပြိုင်ဖက်များ၏မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။ လီလော့သည် အလားအလာရှိသော ချန်ပီယံတစ်ဦးအဖြစ် သတ်မှတ်ခံထားရဖြင့် အဓိကပြိုင်ပွဲမတိုင်မီ ဖယ်ထုတ်ခံရခြင်းသည် တောင်ပေါ်တွင် ကျားတစ်ကောင်လျော့နည်းသွားခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။

မည်သူတွေ မည်သို့တွေးနေပါစေ လီလော့ကတော့ ရှေ့သို့သာတစိုက်မတ်မတ်ဉီးတည်ရွေ့လျားနေဆဲပင်.....

တဖြည်းဖြည်းနှင့် အချိန်နှစ်နာရီခန့်သာကျန်တော့သည်။

ရေခဲချပ်ဝတ်သည် ဤအချိန်တွင် အပါးလွှာဆုံးအခြေအနေသို့ ကျုံ့သွားခဲ့သည်။

ဤသည်မှာ ကြိုတင်မျှော်လင့်ထားသည့်အတိုင်းပင်..... သူသည် ပဲ့တင်ထပ်သံနန်းတော်နှစ်ခုမှ စွမ်းအားများကို ထုတ်လွှင့်ခဲ့ပြီး သူ၏အရှိန်ကို ပိုမိုအားကောင်းစေသည်။

"ငါလုပ်နိုင်ရမယ်! လီလော့ ....အရှုံးမပေးလိုက်နဲ့!"

ထိုသို့ ကိုယ့်ကိုကိုယ်အားပေးနေချိန်တွင် နှလုံးသားတခုခုံးတဆတ်ဆတ်တုန်ရီနေသည်။

ဘုန်းးးးးး

မဆုတ်မနစ် ရှေ့ကို ဆက်လျှောက်လာရင်း သူ့ခြေဖဝါးအောက်ကနေ ရုတ်တရက်မီးတောက်များ ထွက်လာသည်။ ပေါ့ပေါ့ပါးပါး ရှောင်တိမ်းရင်း ရုတ်တရက်ဖြစ်ပေါ်လာသည့် အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့သည်။ သို့သော်၊ မီးတောက်များသည် စွဲဆောင်နေသကဲ့သို့ သူ့ဆီသို့ အပြေးအလွှားရောက်လာသည်။

ထိုစဉ် လီလော့၏ အိတ်ဆောင်စက်လုံးသည်လည်း သိသိသာသာတုန်ခါနေသည်။

ပိုင်ဆိုင်သမျှအကုန်ရှိနေသော အိတ်ဆောင်စက်လုံးကိုတော့ အပျက်အစီးမခံနိုင်ပေ။

သူ အကောင်းဆုံး ကြိုးစားနေသော်လည်း အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ဘဲ မီးတောက်စီစီးကြောင်းသည် သူ၏ တန်ဖိုးကြီးသော အိတ်ဆောင်စက်လုံးနှင့် တိုက်ရိုက် တိုက်မိနေသည်ကိုသာ ဒီအတိုင်းကြည့်နေခဲ့ရသည်။

အိတ်ဆောင်စက်လုံး ပျက်စီးတာကို စောင့်ကြည့်ဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ကို အံ့သြစေခဲ့သည်။

အိတ်ဆောင်စက်လုံး မပျက်စီးဘဲ၊ မီးတောက်စီးကြောင်း လုံးဝပျောက်ကွယ်သွားပုံရသည်။

လီလော့သည် အတားအဆီးမရှိဘဲ ရှေ့ကို ဆက်လျှောက်နေသော်လည်း သူ့အမူအရာမှာ ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

အိတ်ဆောင်စက်လုံးအတွင်းတွင် တစ်ခုခုဖြစ်နေသည်ကို သူခံစားနိုင်သည်။

နဂါးမီးတောက်ကို အဘယ်အရာက စုပ်ယူနိုင်မည်နည်း။

လီလော့ တစ်ခဏမျှ ရပ်တန့်လိုက်ပြီး သူ့လက်ထဲသို့ အရာဝတ္ထုတစ်ခုရောက်လာသည်။

အနက်ရောင်ကမ္ပည်းပြားပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော တောက်ပမှုကို ဖြစ်ပေါ်စေသည့် “လီ” ဟူသော စကားလုံးဖြင့် ရေးထွင်းထားသည်။

All Chapters