← Chapters

နဂါး၏ သွေးပုလဲ. . . .

Vol. 36 Ch. 496

နဂါး၏ သွေးပုလဲ. . . .

Vol. 36 Ch. 496

" ဘာဖြစ်တာလဲ..."

လီလော့ အံ့အားသင့်စွာဖြင့်

သူ့လက်ထဲက အေးမြသော အနက်ရောင် ကမ္ပည်းပြားကိုစိုက်ကြည့်နေသည်။

ဤကမ္ပည်းပြားသည် သူ့မိဘနှစ်ပါးချန်ထားပေးသောအရာဖြစ်ပြီး ကောင်းကင်ဘုရင်လီ၏သွေးမျိုးဆက်နှင့် ဆက်နွယ်နေသောအရာဖြစ်သည်။ယခုမူ အနက်ရောင် ကမ္ပည်းပြားသည် သူ့အတွက် နဂါးမီးတောက်ကို စုပ်ယူသွားခဲ့သည်။

ကမ္ပည်းပြားကို အနီးကပ်စစ်ဆေးခဲ့သော်လည်း ဘာမှပြောင်းလဲသွားပုံမရပေ။

.. မဟုတ်သေးဘူး...လီဆိုတဲ့စာလုံးရဲ့အောက်ခြေမှာတခုခုရှိနေတယ်....

ထိုနေရာတွင် နဂါးပုံသဏ္ဍာန် အရိပ်တစ်ခုရှိသည်။ ၎င်းသည် ဝိုးတဝါးမြင်ရရုံမျှသာရှိသသော်လည်း ထိုနဂါးရုပ်မှ ထွက်ပေါ်လာသော ရှေးကျသောစွမ်းအားကို ခံစားနေရသည်။

ဘာရည်ရွယ်ချက်ဖြင့် ထွင်းထုထားမှန်းမသိသော်လည်း ထိုနဂါးရုပ်မှ ထွက်ပေါ်နေသောအော်ရာသည် သာမာန်မဟုတ်ပေ။

နဂါး၏ ပါးစပ်နားတံင် နီရဲသောအစက်လေးတစ်စက် ရှိနေသည်။

၎င်းသည် အလွန်သေးငယ်သောကြောင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းမပြုပါက သတိပြုမိမည်မဟုတ်ပေ။

သို့တိုင်၊ သူသည် ကမ္ပည်းပြားကို ပထမဆုံးလက်ခံရရှိသည့်အချိန်၌နဂါး၏ပါးစပ်တွင် ထိုကဲ့သို့ အနီစက်များ မရှိကြောင်း သေချာမှတ်မိနေသည်။

ဒါဆိုအခုမှပေါ်လာတာလား?နဂါးမီးတောက်ကို ကမ္ပည်းပြားက စုပ်ယူသွားတာလား....ဘာတွေဖြစ်နေတာလဲ?

ရင်သပ်ရှုမောဖွယ် ထိတွေ့မှုမှ ရုန်းထွက်နေချိန်၌ မီးတောက်များသည် အရပ်ရပ်မှ သူ့ထံ ရောက်လာသည်။ လီလော့ ကြောက်ရွံ့ထိတ်လန့်သွားပြီး နှင်းစက်အလွှာ ချက်ချင်း အငွေ့ပျံခြင်းမှ ကာကွယ်ရန် ပြေးလွှားနေရသည်။

သို့သော်လည်း မကြာမီ ထိတ်လန့်နေခြင်းအစားအံအားသင့်မှုများသာကြီးစိုးလာသည်။

မီးတောက်များသည် အသိုက်ဆီသို့သွားနေသော ငှက်များကဲ့သို့ ပျံသန်းနေမှန်း သဘောပေါက်လိုက်သည်။မီးတောက်များက သူ့လက်ထဲက အနက်ရောင်ကမ္ပည်းပြားဆီသို့ တည့်တည့်တိုးဝင်သွားသည်။

လီလော့ ထိုနေရာ၍ပင် အေးခဲသွားပြီး လှုပ်မရလောက်အောင် အံသြသွားသည်။

မှော်ဆန်သော လေဟာနယ်ကဲ့သို့ အနက်ရောင်အလွှာထဲသို့ မီးတောက်များ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ မှိန်ဖျော့နေသော အနီစက်သည်စက္ကန့်ပိုင်းအတွင်း ပိုမိုရှင်းလင်းလာသည်။

ဤသည်မှာ ဒဏ္ဍာရီထဲမှ နဂါးများကောင်းကင်ပေါ်ပျံတက်နိုင်ရန် ပုလဲငုံထားသကဲ့သို့ပင်....

လီလော့၏ မျက်လုံးများသည် လေးလေးနက်နက် စိတ်ဝင်စားမှုကြောင့် တောက်ပနေသည်။ လုံဖုအတွင်းမှ သွေးမီးတောက်သည် အနက်ရောင်ကမ္ပည်းပြားပေါ်ရှိ နဂါးရုပ်ကို အသက်သွင်းနိုင်မည်လော.......

ပြီးတော့ အနီစက်က ဘာအသုံးဝင်လဲ.....

လီလော့ အသေအချာစဉ်းစားနေမိသည်။ လုံကူကျွန်းသို့ အမြန်ဆုံးသွားသင့်သလား၊ သို့မဟုတ် သွေးမီးတောက်ကို ဆက်လက်စုပ်ယူသင့်သလား......

နဂါးပါးစပ်ထဲမှအနီစက်သည် သူ့အတွက်ကံကောင်းမှုများဆောင်ကျဉ်းလာမည်ဟု မငိစိတ်ကနေအလိုလိုခံစားမိနေသည်။

ထို့ကြောင့် ဆုံးဖြတ်ချက်ကို မြန်မြန်ချလိုက်သည်။

အခုချိန် လုံကူကျွန်းမှာ ပါရမီရှင်တွေစုဝေးနေပြီဖြစ်တာကြောင့် အခြေနေတွေ ပရမ်းပတာဖြစ်နေလောက်ပြီ...ထို့ကြောင့် သွေးမီးတောက်များကိုရသလောက်စုပ်ယူပြီး လုံကူကျွန်းကိုနောက်မှသွားမည်။

သွေးမီးတောက်များကို စုပ်ယူပြီးချိန်တွင် လုံကူကျွန်းပေါ်တွင် တော်တော်များများ ထုတ်ပယ်ခံရပြီး လူနည်းစုသာကျန်လိမ့်မည်။ဤအတိုင်းသာဆို အားစိုက်ထုတ်စရာမလိုလဲ ဆုလာဘ်များဆွတ်ခူးလိုက်ရုံသာ.....

တစ်ချက်ခုတ် နှစ်ချက်ပြတ်မည့်အစီအစဉ်ပင်......

သို့သော်လည်း အရေးကြီးသောအချက်တချက်ကျန်နေသေးသည်။ လုချင်အာဖန်နီးပေးထားသောရေခဲချပ်ဝတ်က အချိန်မည်မျှလောက်ထိ ခံနိုင်ရည်ရှိဉီးမည်နည်း....

ဤသည်မှာ ဖြေရခက်သည့် မေးခွန်းဖြစ်နေသည်။ ရေခဲချပ်ဝတ်သည် ထူးခြားသော်လည်း လုချင်းအာ၏စွမ်းအားကြောင့် ကန့်သတ်ချက်ရှိနေသည်။၎င်းသည် လုံဖု၏ အလွန်အမင်း ပျက်စီးစေသော အပူဒဏ်ကို လုံးလုံးလျားလျား မခံနိုင်ပေ။

ယခုချိန်တွင် ရေခဲချပ်ဝတ်၏ အရည်ပျော်နှုန်း တဖြည်းဖြည်းနှေးကွေးလာသောကြောင့် နောက်တဖန်အံ့သင့်နေရပြန်သည်။

ဤသည်မှာ အမြင်မှားနေခြင်းမဟုတ်ခဲ့ပေ။တကယ်ဆို မီးတောက်များဝန်းရံနေခြင်းသည် ရေခဲချပ်ဝတ်ကို သိသိသာသာ အရည်ပျော်စေသင့်သည်။ ၎င်း၏ကုန်ခမ်းမှုနှုန်းကို နှေးကွေးစေမည်မဟုတ်ပေ။

"စုပ်ယူမှုကြောင့်လား"

လီလော့ ရယ်မောလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါက သူ့အတွက် သတင်းကောင်းပင်ဖြစ်သည်။ ရေခဲချပ်ဝတ်သာအရည်ပျော်မှာကိုထိန်းထားနိုင်ရင် သူ့အစီအစဉ်တွေပိုမိုချောမွေ့လာမည်သာ.....

"ချင်းအာ ကောင်းကောင်းကြိုးစားပေးခဲ့တာပဲ...."

လီလော့ ရွှင်မြူးစွာ တွေးလိုက်မိသည်။ သူမ၏ အကာအကွယ်မပါဘဲ၊ သွေးမီးတောက်ကို စုပ်ယူရန် အနက်ရောင် ကမ္ဗည်းပြားရှိနေသည့်တိုင် နှင်းစက်လွှာပါးလွှာလာမှုကြောင့် ဒီပြိုင်ပွဲကို စွန့်လွှတ်ရလိမ့်မည်။

"ဒါပေမယ့် ဘေးကင်းဖို့၊ လုံကူကျွန်းနဲ့ နည်းနည်း နီးနေသင့်တယ်၊ ဒါဆို ငါ ဒီမှာ ပြီးပြီးတဲ့ အချိန် ချက်ချင်း သွားနိုင်မှာ....."

လီလော့ နောက်တစ်ကြိမ် ထွက်ခွာသွားသော်လည်း ယခုတစ်ကြိမ်တွင် ပို၍ အရှိန်ရလာခဲ့သည်။

လမ်းတစ်လျှောက်တွင် သူသည် မီးတောက်များကို သံလိုက်တခုသဖွယ် အနက်ရောင်အလွှာထဲသို့ စုပ်ယူလိုက်ရာ အနီစက်သည် ယခင်ကထက် ပိုမိုတောက်ပလာခဲ့သည်။

လုံကူကျွန်း၏ ပုံသဏ္ဌန်ကို ယခုအကွာအဝေးတွင် ပုံဖော်နိုင်သော်လည်း အနက်ရောင်ကမ္ပည်းပြားသည် အကန့်အသတ်မရျိ မီးတောက်များကိုစုပ်ယူနေဆဲပင်.....

လီလော့ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ရေခဲချပ်သည် ယခုအခါ အလွန်ပါးလွှာနေပြီး ကျိုးပျက်သွားရန် ဆယ်မိနစ်ခန့်သာ ကျန်တော့သည် ။

"နောက်ထပ်ငါးမိနစ်!"

ငါးမိနစ်အတွင်း ကမ္ပည်းပြားကို ပြည့်အောင်

မဖြည့်နိုင်ရင် အချည်းနှီးဖြစ်ကုန်လိမ့်မည်။

ဖိတ်စင်သွားသည့်ရေပုံးကို ဖြည့်ရန် နည်းလမ်းမရှိနိုင်တော့ပေ။

စက္ကန့် 300 သည် မျက်စိတစ်မှိတ်အတွင်းမှာတင် ကုန်ဆုံးသွားခဲ့သည်။

သို့သော်အနက်ရောင် ကမ္ပည်းပြားသည် ကျေနပ်အားရမှု မရှိပေ။

လီလော့ သက်ပြင်းချလိုက်သော်လည်း လုံကုူကျွန်းဆီသို့ သွားရန် မတွန့်ဆုတ်ခဲ့ပေ။

ယခုချိန်တွင် ရေခဲချပ်ဝတ် အပြည့်အ၀ အရည်ပျော်သွားခဲ့ပြီး နှင်းစက်အလွှာသည် အပူဒဏ်ကို တစ်ဖန်ပြန်လည် စုပ်ယူသွားတော့သည်။

မသက်မသာဖြစ်ပြီး သူ့အရေပြားပေါ်ရှိ အပူဒဏ်ကို ခံစားလိုက်ရသည်။

မြင့်တက်လာသော ထိတ်လန့်မှုကို အတတ်နိုင်ဆုံးဖိနှိပ်ထားပြီးရှေ့ဆက်ခဲ့သည်။

မိနစ်အနည်းငယ်ကြာတော့ သူ့ခြေဖဝါးအောက်က ရေနီတွေဟာ ပိုတိမ်လာပြီး လုံကူကျွန်းရဲ့ မြေပြင်ပေါ် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။

လီလော့ သူ့လက်ထဲက ကမ္မည်းပြားကို ကြည့်ရင်း သက်ပြင်းချလိုက်ပြန်သည်။

"မင်းငါ့ကိုစိတ်ပျက်စေတယ်"

သိမ်းခါနီးမှာ ကမ္မည်းပြားက ရုတ်တရက် တုန်ခါလာသည်။

ယခုအခါ အနီရောင်အစက်သည် အလွန်တောက်ပနေပြီး၊ ၎င်းထဲမှ မီးလုံးကြီးတစ်ခု ထွက်ပေါ်လာကာ နေအသေးစားကဲ့သို့ ကမ္ပည်းပြားပေါ်တွင် ပျံဝဲနေသည်။

"ပြီးသွားပြီလား?"

ဘာတွေဖြစ်ကုန်တာလဲ... ဒီအနီစက်က ဘာအတွက်အသုံးဝင်နိုင်လဲ....

သူ့မေးခွန်းကို ကြားလိုက်သည့်နှယ် ကမ္ဗည်းပြားပေါ်ရှိ “လီ” စာလုံးသည် မီးဘောလုံးပေါ်တွင် တလက်လက်တောက်ပနေ၏။

တစ်ဖန် သူ့ပတ်ဝန်းကျင်တွင် ရှေးကျသော စွမ်းအားများကို ခံစားမိပြန်သည်။

ထို့နောက် အနက်ရောင် ကမ္ဗည်းပြားပေါ်မှနေ၍ အတွင်း၌ မီးတောက်နေသောအမှတ်အသားများရှိသည့် နီမြန်းသော ပုလဲတစ်လုံး ရုတ်တရက်ထွက်ပေါ်လာလေ၏။

နဂါးပုံရိပ်၏ ပါးစပ်ထဲမှ အနီရောင်အလင်းသည်လည်း မှိန်ဖျော့သွားသည်။

"ဒါက နဂါးရဲ့သွေးမီးတောက်အားလုံးကို စုပ်ယူလိုက်တဲ့ ရလဒ်လား?"

ဒါဟာ မှော်ဆန်တယ်လို့ ထင်ရပေမယ့် ဒီအရာက ဘာအတွက်လဲ...

လီလော့သည် ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် အနီရောင်စက်လုံးကို သူ့လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ နဂါးကြီး၏ဟိန်းဟောက်သံကိုပါ ထင်ထင်ရှားရှားကြားနေရသည်။

သူ့မျက်လုံးများ ပြူးကျယ်သွားသည်။

ဘာအတွက်လဲဆိုတာ သိသွားပြီ......

၎င်းသည် သူ၏တတိယမြောက် ပဲ့တင်ထပ်သံအတွက် အဓိကဇာတ်လိုက်ဖြစ်နိုင်သည်မဟုတ်လေ.....

ဒါ… ဒါက နဂါးပဲ့တင်ထပ်သံလား......

All Chapters