← Chapters

လုံကူကျွန်းသို့ သွားရာလမ်း. . .

Vol. 36 Ch. 497

လုံကူကျွန်းသို့ သွားရာလမ်း. . .

Vol. 36 Ch. 497

နဂါးမျိုးနွယ်သည် အလွန်အားကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်စုဖြစ်သည်။

၎င်းတို့သည် ဝိညာဉ်သားရဲများကြား၏ အထွတ်အထိပ်တွင်ရပ်တည်နေသော ရှေးကျသည့် သားရဲမျိုးနွယ်စုဆိုလည်း မမှားနိူင်ပေ။

ဟုတ်ပေသည်။ နဂါးပဲ့တင်ထပ်သံကို သားရဲပဲ့တင်ထပ်သံအဖြစ် ယူဆနိုင်သည်။

နဂါးပဲ့တင်ထပ်သံကို ပိုင်ဆိုင်ထားသူများသည် နဂါးဖိနှိပ်ခြင်းဟုခေါ်သော အထူးစွမ်းရည်ရှိကြပြီး ၎င်းသည် အခြားသော သားရဲပဲ့တင်ထပ်သံအသုံးပြုသူများ၏ အကျိုးသက်ရောက်မှုကို သိသိသာသာ အားနည်းသွားစေသည်ဟု ဆိုသည်။ သို့သော်လည်း သန့်စင်သောဒြပ်စင် ပဲ့တင်ထပ်သံအသုံးပြုသူများအပေါ် အကျိုးသက်ရောက်မှုကတော့ အနည်းငယ် အားနည်းသည်။

သို့တိုင်၊ ဤထူးခြားသောစွမ်းရည်သည် နဂါးပဲ့တင်ထပ်သံသည် အခြားသောသားရဲပဲ့တင်ထပ်သံများထက် အခြေခံအဆင့်အချို့တွင်သာလွန်ကြောင်း သက်သေပြခဲ့သည်။

သူ၏တတိယမြောက် ပဲ့တင်ထပ်သံအကြောင်းတွေးတောနေစဉ် ဤကဲ့သို့ထူးခြား၍ တန်ခိုးကြီးသော သားရဲပဲ့တင်ထပ်သံကို ရရှိနိုင်မည်ဟု ယောင်လို့ပင်စိတ်မကူးမိခဲ့ပေ။

နဂါးအနှစ်သာရရှိသော အရာဝတ္ထုများသည် အလွန်ရှားပါးသည်။ ရွှေနဂါးဘဏ်တိုက်၌ပင်ရှာတွေ့ဖို့မလွယ်ပေ။

သို့သော်လည်း ကြပ်တည်းသောအခြေနေ၌ နဂါးအနှစ်အသာရပါသော နဂါးပဲ့တင်ထပ်သံကိုပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်။

သူ့လက်ထဲမှာ အခုကိုင်ထားတဲ့ နဂါးသွေးပုလဲ အတွင်းမှ နဂါးမီး၏ အရှိန်ကိုရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့ပြီး ရရှိလာသော နဂါးပဲ့တင်ထပ်သံကိုအသုံးပြုရန် ထိုက်တန်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သူသာ အောင်မြင်ခဲ့မယ်ဆိုရင် ဒါဟာ သူ့ရဲ့ တတိယမြောက် ပဲ့တင်ထပ်သံ ဖြစ်လာနိုင်မည်။

နဂါးပဲ့တင်ထပ်သံများတွင် ကွဲပြားသော အမျိုးအစားများရှိကြပြီး တစ်ခုနှင့်တစ်ခု မတူညီသော အားသာချက်များရှိသည်။ ၎င်းကို မသန့်စင်မီတွင် သိရှိရန် နည်းလမ်းမရှိပေ။

သူ့လက်ချောင်းတွေက ပုလဲကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သူ့အလိုကျ ငုပ်လျှိုးနေတဲ့ စွမ်းအင်များနှင့်အတူ အောင်မြင်နိုင်တဲ့ အလားအလာတွေကိုပါ တပေါင်းတည်းခံစားနေရသည်။

သူ့လက်ထဲက အနက်ရောင်ကမ္ပည်းပြားကို ငုံ့ကြည့်လိုက်မိသည်။ နဂါးအနှစ်သာရပါသော ပစ္စည်းများသည် ရှားပါးပြီး ၎င်းတို့တွင် တင်းကျပ်ပြီး ရှုပ်ထွေးသော အခြေအနေများနှင့် ဖန်တီးမှုလုပ်ငန်းစဉ်များရှိသည်။ နဂါးသွေးမီးတောက်ကို စုဆောင်းရသည်လောက် မရိုးရှင်းနိုင်ပေ။

ထိုအရာက အနက်ရောင် ကမ္ပည်းပြားကို ပို၍ နက်နဲပြီး အစွမ်းထက်စေသည်။

"ကောင်းကင်ဘုရင်လီရဲ့သွေးသား... "

သူ့တွင် အဖြေမရှိသောကြောင့် အတွေးကို စွန့်လွှတ်လိုက်ပြီး နဂါးပုလဲနှင့် အနက်ရောင်ကမ္ပည်းပြားကို ဂရုတစိုက် သိမ်းဆည်းထားသည်။

ဒါဟာ တကယ်ကို မမျှော်လင့်ထားတဲ့ ကံကောင်းခြင်းတစ်ခုပင်.... နဂါးအနှစ်သာရအရာဝတ္ထုသည် အထူးသဖြင့် သူ့လို ပဲ့တင်ထပ်သံတုပခြင်းပညာရပ် အသုံးပြုသူအတွက် အလွန်တန်ဖိုးရှိသည်။

ရှန့်ပိန်းတွေ့ဆုံပွဲတွင်ပါဝင်ခဲ့ခြင်းသည် ဤတခုတည်းနှင့်ပင် လုံလောက်နေပြီဖြစ်သည်။

လီလော့သည် နောက်ဆုံးတွင် လုံကူကျွန်းကိုမျှော်ကြည့်ကာ အလေးအနက်စဉ်းစားနေခဲ့သည်။

ကျွန်းပေါ်တွင် နီညိုရောင်သစ်ပင်ကြီးများက ကောင်းကင်ယံအထိ ဖြန့်ကျက်ထားသည်။ ဤသစ်ပင်များသည် အရွက်တရွက်မျှမရှိဘဲ အနီရောင်အကိုင်းအခက်များကသာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးထွားနေသည်။ ၎င်းတို့အပြင် တောင်ထိပ်တွင် ကြမ်းတမ်းပြီး အေးမြသောမြေအနေအထားရှိသည်။

"ဒါဆို ဒါက နောက်ဆုံးတိုက်ပွဲအတွက်ပေါ့ "

ကျွန်းတကျွန်းလုံး တိတ်ဆိတ်နေသော်လည်း သိပ်စိတ်မ၀င်စားခဲ့ပေ။ မည်သို့ပင်ဆိုစေ လုံဖုကို ဘေးကင်းစွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

တိတ်ဆိတ်နေခြင်းက လူဉီးရေနည်းပါးခြင်း၏လက္ခဏာပင်.....

လီလော့၏ ခန့်မှန်းချက်အရ ကျွန်းသို့ရောက်ရှိသော ကျောင်းသားများသည် ပြိုင်ပွဲဝင်ကျောင်းသားဉီးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ ကျန်ရှိတော့သည် ။

ကောင်းတယ်....သူ့ကို အချိန်ကုန်သက်သာစေတယ်။း.....

"ငါက ဒီကို အလွယ်ဆုံးခရီး သွားဖူးတဲ့သူပဲ ဖြစ်ရမယ်.."

လီလော့ ရယ်မောလိုက်မိသည်။ လုချင်းအာ၏ ရေခဲချပ်ဝတ်နှင့် သူ့အတွက် နဂါးသွေးမီးတောက်အများစုကို စုပ်ယူပေးခဲ့သော အနက်ရောင် ကမ္ဗည်းပြားကြောင့် လုံဖုကို အေးအေးလူလူဖြတ်ကျော်နိုင်ခဲ့သည်။ တခြားသူတွေကတော့ ဒီမှာလုပ်ဖို့အတွက် မီးခဲပူပေါ်ကနေ အော်ဟစ်ကြရမည်သာ.....

ကျင်းထန်ရှုလို သန်မာသူတစ်ယောက်ပင်လျှင် သူ၏ နှင်းစက်အလွှာ အားနည်းသွားသည်နှင့် တပြိုင်နက် ထွက်ပြေးဖို့ကလွဲ၍ရွေးချယ်စရာမရှိခဲ့ပေ။

ခဏအနားယူပြီးနောက် လုံကူကျွန်းအလယ်သို့ ထွက်ခဲ့သည်။

သူသည် ခပ်သွက်သွက် လှုပ်ရှားသော်လည်း အလျင်မလိုဘဲ ပတ်ဝန်းကျင်ကိုလေ့လာကာ တိုက်ပွဲ၏ အရိပ်အယောင်များကို မှတ်သားထားသည်။

သူသည် စစ်မြေပြင်ကို တွေ့ကြုံရတိုင်း၊ ဆက်လက်မရွေ့မီ ကျန်ရှိသော လူဉီးရေနှင့် ခွန်အားကို မှန်းဆရန်ကြိုးပမ်းခဲ့သည်။

ကျွန်းလယ်နားသို့ရောက်သောအခါ ဒဏ်ရာပြင်းထန်စွာရသော ကျောင်းသားအနည်းငယ်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် ဖယ်ထုတ်ခံရတော့မည့်အခြေနေရောက်နေသော်လည်း ဘူးသီးခြောက်များကို မခွဲသေးဘဲ ဤကျွန်းပေါ်တွင် အချိန်ကြာကြာ နေထိုင်ဖို့သာရွေးချယ်ခဲ့ကြသည်။ လီလော့ သူတို့ရှေ့တွင် တစ္ဆေတစ်ကောင်လိုပေါ်လာတော့ အားလုံးလန့်ဖြန့်ကုန်ကြသည်။

ဤအချိန်ဤနေရာတွင် သူဘာကြောင့်ပေါ်လာသည်ကို သူတို့နားမလည်ခဲ့ကြပေ။

သူ ပုန်းနေခဲ့တာလား.....

သို့သော် လုံကူကျွန်းသည် ကြီးမားသောကျွန်းမဟုတ်ပေ။ လူများစုဝေးနေသဖြင့် ပုန်းခိုရန် နေရာများစွာမရှိပေ။ သို့သော်လည်း လီလော့ကိုကြည့်ရသည်မှာ တိုက်ပွဲများနှင့်တွေ့ကြုံထားသည့်ပုံမပေါ်ဘဲ လန်းဆန်းတက်ကြွနေသည်။

လီလော့က သူတို့ကို သဘောကျစွာ ပြုံးပြပြီး ရိုးရှင်းသော မေးခွန်းအချို့ကို မေးခဲ့သည်။

ကျင်းထန်ရှုနဲ့ လုမင်တို့ကိုတွေ့မိသလား.....

သို့သော် ဘယ်သူမျှပြန်မဖြေကြဘဲ တစ်ချို့က သူတို့ရဲ့ ဘူးသီးခြောက်တွေကိုတောင် ချိုးဖျက်ပြီး ထွက်သွားကြလေသည်။ သူတို့သည် ဤနေရာတွင် အခွင့်အရေးတစ်ခုအတွက် ကြိုးစားအားတင်းနေကြသော်လည်း လီလော့ကိုမြင်လိုက်ရသည်မှာ နှစ်ဆစိတ်ပျက်စရာပင်။

လီလော့ ထိုသူများကိုထားခဲ့ပြီး သူသည် ကျွန်း၏ အနက်ပိုင်းသို့ ဆက်သွားခဲ့သည်။

နှစ်နာရီခန့်ကြာသော်.....

လီလော့သည် ယခုအခါ အဓိကပြိုင်ပွဲကွင်းနှင့် နီးကပ်လာပြီဖြစ်သည်။

သူသည် လုံကူကျွန်းပေါ် ရောက်ကတည်းက တိုက်ပွဲတစ်ခုမျှ မတိုက်ရသေးဘဲ နောက်ဆုံးအဆင့်အထိ တက်နိုင်ခဲ့သူဖြစ်ပေလိမ့်မည်။

အဓိကပြိုင်ပွဲကွင်းသည် အလွန်မြင့်မားပြီး မတ်စောက်သောတောင်ကြီးဖြစ်ပြီး တိမ်များကိုပင်ဖောက်ထွင်းသွားသည်အထိမြင့်မားသည်။

တောင်ခြေတွင် လမ်းနှစ်သွယ်ရှိပြီး တောင်ထိပ်တွင် နဂါးပုလ္လင်ရှိသည်။

အကယ်၍ မည်သူမဆို နောက်ဆုံးအချိန်ထိ ထုတ်ပယ်မခံရလျှင် ခန်းမအဆင့် ပြိုင်ပွဲ၏ အသန်မာဆုံး ကျောင်းသားဘွဲ့ကိုဆွတ်ခူးနိုင်လိမ့်မည်။

စင်စစ် ကျင်းထန်ရှု ထိုနေရာတွင် ရှိနေပေလိမ့်မည်။

ဉာဏ်အလင်းကောလိပ်တဖွဲ့လုံး ထုတ်ပတ်ခံခဲ့ရသော်လည်း ကျင်းထန်ရှုတစ်ယောက်တည်းနှင့်ပင် အဓိကပြိုင်ပွဲကွင်ထိရောက်အောင်သွားနိုင်မည်သာ....

ဘယ်လမ်းကို သူရွေးချယ်မှာလဲ.....

လီလော့ လမ်းကြောင်းနှစ်ခုကို ကြည့်ပြီး ခေါင်းကုတ်လိုက်သည်။ ထို့နောက် ကောင်းကင်ရွှေပြားတပြားကိုပစ်မြှောက်ပြီး ခေါင်းပန်းလှန်ကာဆုံးဖြတ်လိုက်လေသည်။

ထို့နောက် ဘယ်ဘက်လမ်းကို လျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။

လျှောက်လှမ်းလာရင်း တခဏအကြာတွင်ရှေ့နားဆီမှ မိုးခြိမ်းသံသဲ့သဲ့ကိုကြားလိုက်ရလေသည်။

All Chapters