← Chapters

လုမင်နှင့် ထပ်တွေ့ပြန်ပြီ

Vol. 36 Ch. 498

လုမင်နှင့် ထပ်တွေ့ပြန်ပြီ

Vol. 36 Ch. 498

လီလော့ တောင်တက်လမ်းအတိုင်း တက်လာခဲ့သည်။ မှိုင်းပျပျနေရောင်ခြည်သည် သူ၏ဦးခေါင်းအထက်ရှိ သစ်ကိုင်းအခက်များမှတဆင့် ဖြာကျနေသဖြင့် လမ်းခရီးကိုခပ်ပြပြမြင်နေရသေးသည်။

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် သူ့ခြေသံတခုကိုသာကြားနေရသည်။

တိုက်ပွဲခြေရာလက်ရာအချို့ကလွဲရင် လမ်းခရီးတလျှောက်လုံးအေးချမ်းနေခဲ့ပါသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တိုက်ပွဲများ မည်မျှ ပြင်းထန်လာမည်ကို တိုက်ပွဲကြောင့်ပျက်စီးနေသောနေရာများကိုကြည့်ရုံဖြင့် မှန်းဆနိုင်သည်။

ထိုအချိန်တွင် လီလော့ တောင်ပေါ်သို့ခပ်အေးအေးတက်လာစဉ် လမ်းတစ်ဝက်တွင် လျှပ်စီးပဲ့တင်ထပ်သံ အသုံးပြုသူတစ်ဦးကြောင့်ဖြစ်ပေါ်နေသော မီးခိုးရောင်အစင်းကြောင်းများကို သူ စတင်တွေ့မြင်ခဲ့ရသည်။

ထို့အပြင် မြေပြင်ပေါ်တွင် လူသုံးယောက် မလှုပ်မယှက် လဲကျနေသည်။

သူတို့တစ်ကိုယ်လုံး ဆိုးဆိုးရွားရွား လောင်ကျွမ်းထားပြီး အသားတွေ ကွဲအက်ကာ ညည်းတွားနေကြသည်။

လီလော့ ခေတ္တရပ်ပြီး သူတို့ကို ငုံ့ကြည့်လိုက်သည့်အခါ....

"လီ..လီလော့....?"

လူတစ်ယောက် အံ့သြလွန်းသဖြင့် စကားထစ်နေရှာသည်။

လီလော့ ထိုလူကို မှတ်မိလိုက်သဖြင့်ရယ်မောလိုက်သည်။ ကျောက်ရှင်ယင်းသည် ပထမဆုံး အလတ်စားနှင်းစက်တိမ်တိုက်ကို တွေ့ရှိစဉ်က သူနဲ့ တိုက်ပွဲဝင်ခဲ့သူပင်....

"မင်းတို့အတော်စုတ်ပြတ်နေတာပဲ.. "

"မင်း ဒီကို ဘယ်တုန်းက ရောက်နေတာလဲ ငါမသိဘူး....မင်းအတွက်အဆင်ပြေပါ့မလား...."

လီလော့က ရှေ့မှ တောအုပ်ကို မျှော်ကြည့်လိုက်သည်။

"လုမင်လား...?"

လျှပ်စီးသံ ပဲ့တင်ထပ်သံကြောင့် ဆိုးရွားစွာ ဒဏ်ရာရထားသော ဤသုံးဦးကို မြင်လိုက်ရသောအခါ၊ လုမင်မှလွဲ၍အခြားသူမဖြစ်နိုင်ပေ။

ကျောက်ရှင်ယင်းက ခေါင်းညိတ်၍သာပြန်ဖြေလိုက်သည်။

"ဒါဆို...ကျင်းထန်ရှု ဒီလမ်းကိုမရွေးဘူးပေါ့..."

"ကျင်းထန်ရှုနဲ့ စွန်းတရှန်တို့ တခြားလမ်းကသွားတယ်လို့ ကြားထားတယ်..."

"ဟမ်...."

လီလော့ မေးစေ့ကို ပွတ်သပ်ရင်းစဉ်းစားနေ၏။ စွန်းတရှန်၏မြို့စားအဆင့်ပညာရပ်နှင့် ကျင်းထန်ရှု၏ အဆင့်ကိုးတပိုင်း ပဲ့တင်ထပ်သံ...ဘယ်သူပိုအားကောင်းမလဲ....

သူသည်လည်း ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူချင်း တိုက်ပွဲဝင်ရမည်သာ....

လိုချင်သည့်သတင်းရပြီဖြစ်တာကြောင့် ကျောက်ရှင်ယင်းတို့ကိုထားခဲ့ပြီး ခရီးဆက်ခဲ့ပြန်သည်။

လုံဖုတွင်ဖြစ်ခဲ့သောကိစ္စ၏အဓိကလက်သည်မှာ ကျင်းထန်ရှုဖြစ်သော်လည်း ပါဝင်ကူညီခဲ့သည့် လုမင်ကိုလည်း တန်ကာတန်ကြေးပေးဆပ်ခိုင်းရမည်။

လုမင်၏ လျှပ်စီးကြောင့် အားလုံး ဒုက္ခရောက်မလိုဖြစ်ခဲ့ရသည်မဟုတ်လော...

လုချင်းအာ၏ ထာဝရညရေခဲချပ်ဝတ်ကြောင့်သာမဟုတ်ရင် လုံကူကျွန်းဆီရောက်လာနိုင်မည်မဟုတ်ပေ။

နှင်းစက်များလုံလောက်အောင်စုဆောင်းနိုင်ဖို့ ပင်ပန်းခဲ့ရသမျှကိုပြန်တွေမိတိုင်း လီလော့၏ သတ်ဖြတ်ချင်စိတ်များ ပိုမိုပြင်းထန်လာသည်။

လုမင်ကို ရိုက်ရမှသာ မကျေနပ်မှုများကို ပြေပျောက်စေနိုင်လိမ့်မည်။

လီလော့ အရှိန်လျှော့၍ ပတ်ဝန်းကျင်ကို သေချာအကဲခတ်ကြည့်သည့်အခါ ကောင်မလေးတစ်ယောက်သည် မြင့်မားသော သစ်ပင်တစ်ပင်ပေါ်တွင် တွယ်ကပ်နေပြီး လှပသော မျက်လုံးများဖြင့် သူ့ကို ငုံ့ကြည့်နေသည်။

လုမင်.....

"လီလော့....လုံဖုမှာနင့်ကိုထုတ်ပယ်ဖို့ငါတကယ်မရည်ရွယ်ခဲ့မိပါဘူး...."

လုမင်က အံ့အားသင့်နေသည့် အသံကို မထိန်းနိုင်ဘဲ ပြောလိုက်သည်။

"ငါ့ရဲ့ အန္တရာယ်ကင်းတဲ့ ခရီးအတွက် မင်းရဲ့ ပံ့ပိုးကူညီမှုတွေကို ကျေးဇူးပါတယ်...ဒါပေမယ့် ငါ့သူငယ်ချင်းတွေက နင့်ကိုရိုက်ပေးဖို့သေချမှာလိုက်တယ်...."

"ဒါဆို သူတို့စိတ်ပျက်သွားမှာကိုပဲစိုးရိမ်မိတယ်.... "

လုမင်သည် ရုပ်ရည်နှင့်မလိုက်အောင် အေးစက်ပြီး မာနကြီးသည်။

လီလော့က ကျင်းစဲ့ယွီရှန်းဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး စွမ်းအားများဖြည့်သွင်းလိုက်သည့်အခါ ဓားသွားပေါ်တွင်သိသာထင်ရှားသောရေလှိုင်းများဖြစ်ပေါ်လာသည်။

ထိုမြင်ကွင်းကြောင့် လုမင် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။လုံဖုထဲတွင်

သူမ၏ထောင်ချောက်သည် ပြီးပြည့်စုံလုနီးပါးဖြစ်နေပြီဖြစ်သည်။ အားအကောင်းဆုံးဖြစ်သည့် ဉာဏ်အလင်းကောလိပ်နှင့် ကြယ်တာယာခရီးရှည်ကောလိပ်တို့ကိုသယဖယ်ထုတ်နိုင်ခဲ့လျှင် သူမအတွက် အခက်အခဲသိပ်ရှိတော့မည်မဟုတ်ပေ။

သို့သော်လည်းကံဇာတာနတ်သမ်ီးက သူမ၏အစီအစဉ်များကို သဘောတူခဲ့သည့်ပုံမရပေ။

လုံကူကျွန်းကိုရောက်ပြီး သိပ်မကြာခင်မှာပဲ သူမဟာ စွန်းတရှန်တို့ အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီးတိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

နှစ်ဖက်စလုံးအထိနာပြီး ဆိုးဆိုးရွားရွား ဆုတ်ခွာသွားကြခြင်းဖြင့် တိုက်ပွဲကိုအဆုံးသတ်ခဲ့ရသည်။

သူမတို့တဖွဲ့လုံး အဓိကပြိုင်ပွဲကွင်းကိုသွားရာလမ်းတွင် အခြားအဖွဲ့ပေါင်းများစွာ၏တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး လူစုကွဲသွားသောကြောင့် အခုလိုတစ်ယောက်တည်းဖြး်နေရခြင်းဖြစ်သည်။

သို့သော် သူမ၏ ရည်ရွယ်ချက်က အနည်းနှင့်အများ အောင်နိုင်ခဲ့သည်။

စွန်းတရှန်နှင့်ကျင်းထန်ရှုတို့တိုက်ခိုက်ပြီးချိန်တွင် အနိုင်ရသူမှာလည်း အတော်လေးအထိနာနေလောက်ပြီ...ထိုအခါ သူမအတွက် အန္တာရာယ်ပေးနိုင်သူရှိတော့မည်မဟုတ်ပေ။

ဤသည်မှာ လီလော့ကို မတွေ့ခင်အထိတွေးထားသောအတွေးများသာပင်....

ဆိုလိုသည်မှာ လုံဖုတွင်းရှိ သူမ၏ထောင်ချောက်သည် သူမရည်ရွယ်ထားသည့် ငါးကြီးများကို ဖမ်းမိခဲ့ခြင်းမဟုတ်ပေ။

သူမသည် စိတ်အခြေအနေကို လျင်မြန်စွာ ချိန်ညှိကာ အဖြစ်မှန်များကို စီစစ်ပြီး အခြေအနေကို ပြန်လည်အကဲဖြတ်နေသည်။

အဓိက ပြိုင်ဘက် သုံးယောက်ထဲက တစ်ယောက်နှင့်သာတိုက်ခိုက်ရမည်ဆို လီလော့နှင့်တိုက်ခိုက်ဖို့ကိုသာရွေးချယ်မည်။ အဘယ်ကြောင့်ဆိုသော် လီလော့ထံတွင် သူမလိုပဲ့တင်ထပ်သံနှစ်ခုရှိသော်လည်း သူမ၏ပဲ့တင်ထပ်သံများထက် အဆင့်နိမ့်သည့်အပြင် ကျင့်ကြံမှုအဆင့်ကလည်း ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်တွင်သာရှိသောကြောင့်ပင်......

လီလော့ထက် သူမက အဘက်ဘက်က အားသာနေသည်။ ထို့ကြောင့်ဒီတိုက်ပွဲကို သူမ ရှုံးစရာဘာအကြောင်းမှရှိမည်မထင်.....

တစ်နည်းဆိုရသော် လီလော့နှင့်တိုက်ခိုက်ခြင်းသည် သူမအတွက်သွေးပူလေ့ကျင့်ခန်းမျှသာဖြစ်လိမ့်မည်။

ထို့အပြင်၊ အခြား ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူ၏ စွမ်းအားကိုလည်း အကဒခတ်ကြည့်ချင်သေးသည်။

သူမအနောက်သို့ လှည့်လိုက်ပြီး ရွှေဆံထိုးတစ်ချောင်းကို ဆွဲထုတ်လိုက်ရာ ၎င်းပေါ်တွင် လျှပ်စီးတန်းအချို့လင်းလက်နေသည်။ဆရွှဆံထိုးထဲသို့ စွမ်းအားအချို့ ဖြည့်သွင်းလိုက်သည့်အခါ ပါးလွှာသော ရွှေဓားတစ်လက်ဖြစ်လာသည်။

၎င်းသည် ဘရိတ်ဓားထက်ပင်ပိုပါးလွှာပြီး တကယ်ကို ရှည်လျားတဲ့ ရွှေအပ်နှင့်ပင်ပိုတူနေသည်။

စည်းနှောင်ထားခြင်းမရှိတာကြောင့် သူမ၏ပျော့ပြောင်းသော ဆံနွယ်များကာလေအဝှေ့တွင် လှပစွာမျောလွင့်နေကြသည်။

လုမင်သည် သစ်ပေါ်ကနေ မြေခွေးကဲ့သို့ တင့်တယ်စွာ ခုန်ဆင်းသွားသည်။ သူမ၏ ပဲ့တင်ထပ်သံ စွမ်းအားကြောင့် တောက်ပနေသော ငွေရောင် လျှပ်စီးကြောင်းသည် သူမ၏ အရေပြားပေါ်တွင် တဖျတ်ဖျတ်ကူးခတ်နေသည်မှာ သူမအား ဒဏ္ဍာရီလာ နတ်ဘုရားတပါးကဲ့သို့ ထင်မှတ်စေသည်။

နာမည်ကြီး ပုံရိပ်ယောင်လျှပ်စီးကို ရင်ဆိုင်ဖို့ အချိန်တန်ခဲ့ပြီ......

လုမင်က ကရုဏာမထားဘဲ ငွေရောင်လျှပ်စီးစွမ်းအားများကို သူမ၏ဆံထိုးဓားပေါ်သို့ လျှပ်စီးကြောင်းကဲ့သို့ တောက်ပသွားသည်အထိ လောင်းထည့်လိုက်သည်။

တသားတည်းဖြစ်အောင်ပေါင်းစည်းနိုင်ခြင်းအဆင့်.......

"လာပါ...နင့်ရဲ့တသားတည်းပေါင်းစည်းနိုင်ခြင်းစွမ်းအားတွေ ထုတ်ပြလိုက်စမ်းပါ...." ပဏာမအဆင့်တွေနဲ့ ဖြုန်းဖို့ ငါ့မှာ အချိန်မရှိဘူး"

လီလော့ စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုယ်ပိုင် ပဲ့တင်ထပ်သံ နှစ်ခုကို ထုတ်ပြခဲ့ပြီး ပဲ့တင်ထပ်သံ နှစ်ခု၏ အမှတ်အသားမှာ သူ၏ လက်ကောက်ဝတ်တွင် ရှိနေသည်။

သူက ခေါင်းမော့ပြီး လုမင်၏ အနောက်ကို ကြည့်လိုက်တယ်။

"ကျင်းထန်ရှု ....လုပ်လိုက်တော့...!"

ထိုအသံကြောင့် လုမင်ကြောက်လန့်တကြား လှည့်ပတ်ကာ သူမ၏ ဓားဖြင့် ခုခံကာကွယ်လိုက်သည်။

သူမ၏နောက်ကွယ်တွင် မည်သည့်အရာမျှရှိမနေပေ။ သူမ၏ကြောက်မက်ဖွယ်ပြိုင်ဘက်၏ အရိပ်တစ်ခုပင်မရှိခဲ့ပေ။

ဝုန်းးးးး

သေမင်းတမန် လှိုင်းလုံးကြီး၏ အသံသည် အနောက်ဘက်မှ သူမဆီသို့ ပြိုကျလာသည်။

လီလော့သည် ရုပ်ရည် ချောမောသော်လည်း မိန်းကလေးများကိုလေးစားရကောင်းမှန်း မသိသူပင်.....

ထိုစဉ်....ကျင်းစဲ့ယွီ့ရှန်းဓားသည် လုမင်၏

လည်ပင်းပေါ်သို့ အကြင်နာမဲ့စွာ ကျဆင်းလာလေတော့သည်။

All Chapters