ကြယ်သုံးပွင့် ခန်းမတွင် ခြုံခိုတိုက်ခိုက်ခြင်း
Vol. 36 Ch. 501
"လုမင်ရဲ့ပုံရိပ်ယောင်အစီအရင်ထဲ လီလော့ရောက်နေပြီ......"
လီလော့၏ပုံရိပ် ပန်းခင်းထဲတွင် ပျောက်ကွယ်သွားသည်ကို ချင်ဇူလု၊ ပိုင်တုတု၊လုချင်းအာနှင့် အခြားသော ကြယ်တာယာခရီးရှည်ကောလိပ်ကျောင်းသားများက ဖန်သားပြင်ကနဆင့် မြင်နေရသည်။
"လုမင်ကိုကြည့်ရတာ ကြာကြာမထိန်းနိုင်တော့ဘူးထင်တယ်... ဒါက သူ့ရဲ့ တကယ့်ထူးခြားချက် ဖြစ်တဲ့ ပုံရိပ်ယောင် ပဲ့တင်ထပ်သံနဲ့ လျှပ်စီးကြောင်း ပဲ့တင်ထပ်သံတို့ကို ပေါင်းစပ်ပြီး သေစေနိုင်လောက်တဲ့ တုန်လှုပ်ချောက်ချားစရာ ပုံရိပ်ယောင် ဖန်တီးမှုဖြစ်နိုင်တယ်....."
ပိုင်တုတုက ခပ်တိုးတိုးရေရွတ်သည်။
အားလုံးက စိုးရိမ်တကြီးဖြင့် ဖန်သားပြင်နားသို့ တိုးကပ်လာကြသည်။ လုံဖုအတွင်း လုမင်၏ပုံရိပ်ယောင်အစီအရင်ကို နဖူးတွေ့ဒူးတွေ့ကြုံဖူးကြသောကြောင့် လက်ရှိလီလော့ရင်ဆိုင်နေရသော အစီအရင်၏စွမ်းအားကိုမှန်းဆကြည့်နိုင်သည်။
လီလော့ အဆင်ပြေပါ့မလား......
ဖန်သားပြင်ရှေ့တွင်...ကြယ်တာယာခရီးရှည်ကောလိပ် ကျောင်းသားများအပြင် အခြားသော ကောလိပ်များလည်း ရှိနေကြပြီး လုံကူကျွန်းကိုရောက်ပြီးမှ ဖယ်ထုတ်ခံရသော ကျောင်းသားများလည်း ရှိသေးသည်။
ကြယ်တာယာခရီးရှည်ကောလိပ် ကျောင်းသားများသည် ဖန်သားပြင်တစ်ခုပေါ်တွင်သာ အာရုံစိုက်ခဲ့ကြသည်မဟုတ်ပေ။ တခြား ခန်းမ သုံးခုက တိုက်ပွဲတွေကိုလည်း စောင့်ကြည့်နေကြသည်။
သို့သော် ကျန်သည့်ခန်းမသုံးခုအနက်ကြယ်သုံးပွင့်နှင့် ကြယ်လေးပွင့်ခန်းမကိုသာပို၍အာရုံစိုက်နေကြသည်။
ကြယ်နှစ်ပွင့်ခန်းမသည် လုံးလုံးလျားလျား ဖယ်ရှားခံခဲ့ရပြီးဖြစ်သည်။
ဇူရွှမ်းနှင့် ရဲချူတင်းတို့သည် လွန်ခဲ့သော တစ်မိနစ်ခန့်က ဖယ်ထုတ်ခံခဲ့ရသည်။
ကြယ်နှစ်ပွင့်ခန်းမသည် ယခုနောက်ဆုံးအချီသို့တက်ရောက်နိုင်ခဲ့သော်လည်း ၎င်းတို့နှစ်ဦးလုံး အပူဒဏ်ကို ခံနိုင်ရည်မရှိကြပေ။
ကြယ်နှစ်ပွင့်ခန်းမကို မည်သူမှအပြစ်မဆိုကြသော်လည်း ဇူရွှမ်းတို့ ခေါင်းမဖော်ဝံ့ကြပေ။
အခြားခန်းမများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ၎င်းတို့သည် ပထမဆုံး ရှုံးပွဲဖြစ်ခဲ့သည်။
ယခုနှစ်တွင်၊ ကြယ်နှစ်ပွင့်ခန်းမသည် ကြယ်တာယာခရီးရှည်ကောလိပတွင် အညံ့ဆုံးအုပ်စုဖြစ်သည်ကို ဝင်ခွင့်ပြိုင်ပွဲမှာကတည်းက အားလုံးကြိုသိထားနှင့်ပြီးဖြစ်သည်။
ကြယ်တစ်ပွင့်ခန်းမအတွက် လီလော့၊ ကြယ်သုံးပွင့်ခန်းမအတွက် ကျန်းချင်းအာ၊ ကြယ်လေးပွင့်ခန်းမအတွက် ကုန်းရှန်ကျွင်းနှင့်မင်းသမီး..... ကြယ်နှစ်ပွင့်ခန်းမတွင်မူ...သူတို့၏ချန်ပီယံများသည် သနားစရာကောင်းသော၊ ဇူရွှမ်း နှင့် ရဲချူတင်းတို့ဖြစ်သည်။
ကောလိပ်ကိုပြန်ရောက်ရင်ကျောင်းထွက်လိုက်ကြမလား....ခေါင်းမဖော်ဝံ့အောင်အရှက်ကွဲရတော့မယ်.......
သူတို့နှစ်ဦးသည် အသင်းဖော်များ၏ စိတ်ပျက်ခြင်းနှင့်အမျက်ဒေါသတို့ဖြင့် စိုက်ကြည့်နေသည်ကို ခံစားနေရသည်။
မည်သို့ပင်ဆိုစေ နှစ်ယောက်စလုံး မသိချင်ယောင်ပြီး တိုက်ပွဲများကိုသာ စောင့်ကြည့်နေလိုက်တော့သည်။
လက်ရှိတွင် လီလော့သည် ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူ လုမင်ကို တိုက်ခိုက်နေသည် မဟုတ်လော....
အကယ်၍ လီလော့ ရှုံးနိမ့်ခဲ့စေဉီးတော့ သူတို့လောက်တော့အခြေနေဆိုးနိုင်မည်မဟုတ်ပေ။
ထိုကဲ့သို့သောအတွေးမျိုးသည် တစ်ကိုယ်ကောင်းဆန်သော်လည်း အခုအချိန်မှာ သူတို့မျှော်လင့်နိုင်သမျှအကုန်ပင်....
ထိုစဉ် ကြယ်သုံးပွင့်ခန်းမ ဖန်သားပြင်ကိုကြည့်ရှုနေသူတွေဘက်ကနေ.....
"စီနီယာကျန်း ထောင်ချောက်ထဲ ဝင်သွားပြီ ..သတ္တိကြောင်လိုက်တဲ့ကောင်တွေ၊ လေစယောက် တစ်ယောက်ကိုတောင် ထောင်ချောက်ဆင်နေကြသေးတယ်....!" တခြားသူတွေက ကြယ်သုံးပွင့်ခန်းမရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ ပြေးသွားကြပြီး ထိုသူများထဲတွင် ဒုကျောင်းအုပ် စုရှင်းလည်း ပါသည်။
ကြယ်သုံးပွင့်ခန်းမ၏ ပြိုင်ပွဲသည် နောက်ဆုံးအချီကို တောအုပ်တစ်ခုတွင် ကျင်းပခဲ့သည်။
"တိုက်ကြ!"
လုဂျင်းစီက ညာသံပေးပြီး သစ်ပင်ဘေးမှာ ငြိမ်သက်စွာ ရပ်နေတဲ့ လှပတဲ့ မိန်းမပျိုလေးရှေ့သို့ပြေးထွက်လာသည်။
အခြားသော ပဲ့တင်ထပ်သံ ပေါက်ကွဲသံ သုံးခုသည် သူ့နောက်သို့ လိုက်သွားကာ ၎င်းတို့၏ စွမ်းအင်များကြောင့် လေထုပင် တုန်ခါသွားသည်။
ဝုန်းးးးးးး
လေးဦးစလုံးသည် ၎င်းတို့၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို အသုံးပြုခဲ့ကြသည်။ သူတို့ဝိုင်းထားတဲ့လူက တကယ့်နတ်ဆိုးကြီးမှန်း သူတို့သိသည်။ ထို့ကြောင့် လုဂျင်းစီ သည် နောက်ဆုံးတွင် မဟာမိတ်များကို စုစည်းရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
ကျန်းချင်းအာကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်ချက်တူနေသောကြောင့် မဟာမိတ်ဖွဲ့မှုက ထင်သလောက်မခက်ခဲခဲ့ပေ။
ကျန်းချင်းအာ ပြိုင်ပွဲမှာ ဆက်ရှိနေသရွေ့ ဘယ်သူကမှ အခွင့်မသာနိုင်ဘူးဆိုတာ လူတိုင်းသိကြသည်။
သူတို့သည် ဤထောင်ချောက်ကို လုံ့လစိုက်ထုတ်ဖန်တီးထားပြီး စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ကြသည်။ ပထမတွင် လူငါးဦးရှိသော်လည်း ၎င်းတို့၏ ပဉ္စမအဖော်သည် လက်ရှိတွင် ဒူဇီဟုန်လျန်နှင့် တိုက်ခိုက်နေသည်။
ထိုကျောင်းသားတစ်ဦးစီသည် သက်ဆိုင်ရာကျောင်းတိုင်း၏ပါရမီရှင်များဖြစ်ကြသည်။ သူတို့အားလုံးက ကျောက်ဟွေရင်းထက်သန်မာသောကြောင့် လေးယောက်ပေါင်းစွမ်းအားက အံမခမ်းလောက်စရာပင်......
ပြင်းထန်လွန်းသော စွမ်းအားလေးခုသည် လေကိုခွင်း၍ ပါးလွှာသောရုပ်သွင်ဆီသို့ ကျဆင်းသွားသည်။
ဝုန်းးးးးးးး
တောင်တွေ လှုပ်ခါပြီး သစ်ပင်တွေ၊ ကျောက်တုံးတွေ ပြိုကျကုန်ပြီ......
"ငါတို့အောင်မြင်ခဲ့ပြီလား?!"
လုဂျင်းစီသည် ဖုန်မှုန့်များကို စိတ်အားထက်သန်စွာ အကဲခတ်နေသည်။ သေချာတာကတော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ကျန်းချင်းအာ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ဖုန်မှုန့်တွေ တဖြည်းဖြည်းလွင့်ပါးသွားသောအခါ သူတို့ရဲ့ အပြုံးတွေလည်း လွင့်ပါးသွားလေသည်။
အလင်း၏အတောင်ပံများက မီးခိုးရောင်ဖုန်မှုန့်များမှတဆင့် မြေပြင်တစ်ခုလုံးကို လင်းလက်တောက်ပစေခဲ့သည်။ အတောင်ပံများ၏ ညင်သာစွာ ရိုက်ချက်တစ်ချက်နှင့်ပင် ၎င်းတို့ဆီမှသဘာဝ စွမ်းအင်များ ခုန်ထွက်လာသည်။
ကျန်းချင်းအာသည် ကောင်းကင်သို့ပျံတက်သွားပြီး သူမ၏ အတောင်ပံများက ညင်သာစွာ လှုပ်ခတ်နေသည်။ သူမသည် လေးလံသောဓားကို လက်ထဲတွင်ကိုင်လျက် သူတို့ကို ငုံ့ကြည့်နေသည်။
ထိုရွှေရောင်မျက်လုံးများသည် ယခင်ကထက် ပို၍ဆွဲဆောင်မှုရှိသည်။
သူမသည် အလင်း၏ကောင်းကင်တမန်သဖွယ် တရားစီရင်ရန် အသင့်ရှိနေသည်။
ကျောင်းသားလေးယောက်က သူမကို ကြောက်ရွံ့ရိုသေစွာ စိုက်ကြည့်နေကြသည်။
" အော်..ကြွက်လေးတွေပုန်းနေရာကထွက်လာပြီပဲ......"